HTOO Real Estate Agent
Real Estate Agent
05/06/2023
#သိထားသင့်တယ်_မိမိအကောင့်ထဲ_ထားတချိန်ကျအသုံးဝင်လာမှာပါ။
- ဂရံ
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
နမူနာပုံတွေပါ
Credit Photo
23/05/2023
အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် သတိထားဖို့ ⚠⚠⚠
အိမ်ခြံမြေလောကမှာ မကြာခဏကြုံတွေ့ရတဲ့ ပြသနာလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဒီအချက်တွေ သေချာစစ်ဖို့ လိုပါတယ်။
✅စာရွက်စာတမ်းစစ်မှန်ဖို့
✅အရှုပ်အရှင်းကင်းဖို့
✅စာချုပ်စာတမ်းပြည့်စုံဖို့
✅လက်ရောက်ရဖို....လိုအပ်ပါတယ်
၁။ အတုအရမ်းပေါတဲ့ကာလကြီးမှာ အစစ်အမှန်ရဖို့ အရေးကြီးဆုံး💯
❓ ဘယ်လိုစစ်ရမလဲ ❓
❓ ဘယ်သူတွေကအတုအစစ်ခွဲနိုင်သလဲ ❓
⚖👧 အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေကျွမ်းကျင်သူ၊ ရှေ့နေ တို့က စစ်ဆေးပေးနိုင်ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ သက်ဆိုင်ရာရုံးမှာ အချက်အလက်မှန်မမှန်၊ ကန့်ကွက်ထားတာရှိမရှိ ကို မဖြစ်မနေ သေချာစစ်ဆေးပါ။☑
၂။ 📰လူမှုရေးအရှုပ်အရှင်းကို သတင်းစာကြော်ငြာထည့်ခြင်းဖြင့် ရှာဖွေပါ📰
ဒီခေတ်မှာ အများစုက သတင်းစာမဖတ်ပေမယ့် ပြဿနာဖြစ်ခဲ့ရင် လူသိရှင်ကြား ကြော်ငြာထည့်ပြီး ဝယ်တာကို သက်သေပြတာပါ။ ဒါ့အပြင် အနီးပတ်ဝန်းကျင်ကိုလည်းကောင်း ၊ဆယ်အိမ်ခေါင်းကိုလည်းကောင်း ဆက်လက် စုံစမ်းနိုင်ပါတယ်။
၃။ ရောင်းသူလက်ထဲက စာချုပ်စာတမ်းတွေ ဆက်စပ်မှု ပြည့်စုံသလား ဆိုတာ အရေးပါပါတယ်🟢
ထိုနည်းတူ ကိုယ့်ဖက်က စပြီးချုပ်ရမဲ့ စရံပေးစာချုပ်မှသည် နောက်ဆုံးငွေချေ စာချုပ်အထိ လိုအပ်တာတွေအားလုံး ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဉပမာ ဂရန်မြေကိုဝယ်ပြီဆိုရင် ဝယ်သူအမည်ပေါက်သည့်အထိ အချိန် တနှစ်ဝန်းကျင် ကြာသလို လုပ်ရမဲ့ လုပ်ဆောင်မှုတွေက များတာကြောင့် ငွေမကြေခင်မှာ လိုအပ်တာတွေကို စာချုပ်မှာ ထည့်ရေးရပါတယ်။ ငွေကြေပြီးမှ လိုတာပြောရင်၊ လုပ်ပေးခိုင်းရင် ခက်ခဲပါတယ်။🤗🤗
၄။ ငွေကြေတာနဲ့ ဝယ်ယူထားတဲ့အိမ်ခြံမြေကိုပါ လက်ရောက်ယူထားဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီနောက်မှာ 👇
♻️ မြေလွတ်ဆိုရင် ခြံခတ်ထားမယ်🏡
♻️ ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးဖို့ အပ်ထားမယ်🙏
♻️ ရပ်ကွက်ရုံးမှာ အရောင်းအဝယ်မှတ်တမ်းတင်မယ်📑
စသည်ဖြင့် လုပ်နိုင်တာအားလုံးကို လုပ်ထားဖို့ လိုပါတယ်။ ငွေကြေးကုန်ကျမှာ အနည်းအကျဥ်းရှိပေမဲ့ လုပ်ကို လုပ်ဆောင်ရမှာပါ။
♻️ နောက်တခုက ဥပဒေအရ ပိုင်ဆိုင်ဖို့ အမည်ပြောင်းထားပါ။👍
မိမိမြေကို သူတပါးကျုးကျော်ပြီးမှ ဖြေရှင်းရင် အဲဒီစရိတ်ထက် ပိုကုန်ပြီး အဆင့်မသင့်ရင် လက်လွတ်ဆုံးရှုံးရနိုင်ပါတယ်🤦♂️😭................................................
Credit
HTOO Real Estate
09 426355543
09/05/2023
မင်္ဂလာပါရှင်👩
👉👉👉 12ရပ်ကွက် ပုဂံမိန်းလမ်းမကြီးကျောကပ်တွင် မြေကွက်အရောင်းလေးရှိပါတယ်
အောင်သိဒွီလမ်း ပေါ် ခြံရှေ့ကွန်ကရစ်လမ်းခင်းပြီး
ခြံပတ်လည် အုတ်တံတိုင်းအပါ ခြံရှေ့အုတ်မြောင်း/အဖုံးခင်းပြီး မြေဖို့အပြီး ပတ်ဝန်းကျင်သန့် နေရာကောင်းမြေသီးသန့်လေးပါရှင်
🍀🍀🍀ရောင်းစျေး ---သိန်း750
🍀🍀🍀မြေကွက်အကျယ် --- ပေ20×60
🍀🍀🍀ပိုင်ဆိုင်မှု --- ပါမစ်မြေ
😊😊😊 အိုးအိမ်စည်ပင်စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
📞📞📞09426355543
“၁၀ ပေ x ပေ ၆၀ မြေကွက် တွေ အဝယ်လိုက်နေတယ် ဆရာ၊ အဲဒါ တရားဝင်ပိုင်ဆိုင်မှုရှိပါသလား”
“မြေကွက်ကတော့ ခွဲစိတ်လို့ မရဘူး။ ဒါပေမယ့် တရားဝင်ပိုင်ဆိုင် ခွင့်ရအောင်တော့ ဆောင်ရွက်လို့ရပါ တယ်”
“မြေကွက် ခွဲစိတ်လို့ မရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ”
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ထုံးလုပ် နည်းဆိုင်ရာ နည်းဥပဒေအရ ၁၂၀၀ စတုရန်းပေရှိတဲ့ မြေကွက်အဖြစ်သာ မြေကို ခွဲစိတ်ပေးနိုင်မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေကို ခွဲစိတ်ပေးနိုင် မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေ ကို ခွဲစိတ်ပေးခွင့်မရှိဘူး။ ဒါကြောင့် ၁၀ ပေ x ပေ ၆၀ မြေကွက်ဟာ ဧရိယာစတုရန်း ပေ (၆၀၀) သာရှိတဲ့ အတွက် မြေခွဲဝေပြီး မြေပုံမထွက်ပါဘူး။ ဂရန်လည်း မထွက်ပါဘူး””
ဒါကြောင့် မူလ ဂရန်မြေ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို ပေ ၂၀ x ပေ ၆၀အဖြစ် နှစ်ကွက်ခွဲစိတ်ပြီး ရောင်းချကြပါတယ်။ ဥပဒေနဲ့ ညီညွတ်တဲ့အတွက် ဂရန်ကိုလည်း နှစ်ကွက်ခွဲပြီး မြေ ကွက်နံပါတ်တစ်ခုစီအဖြစ် ခွဲထွက်ထုတ်ပေးပါတယ်” ပေ ၂၀ x ပေ ၆၀ မြေကွက် ကို တရားဝင် ခွဲစိတ်လို့မရရင် ခွဲစိတ် ပြီး ရောင်းချတဲ့ မြေကွက် ၁၀ ပေ x ပေ ၆၀ ဟာ ပေ ၂၀ x ပေ ၆၀ ဂရန်မြေကွက်ထဲမှာပဲ ရှိနေမှာပေါ့”
“ဟုတ်ပါတယ်။ မြေကို ခွဲစိတ် လို့ မရတဲ့အတွက် ဝယ်သူရဲ့ အမည်လည်း ပေါက်မှာ မဟုတ်ပါဘူး”
“ပေ ၂၀ x ပေ ၆၀ ဂရန် အမည်ပေါက်အနေနဲ့ပဲ ရှိနေမှာလား ဆရာ””
“မှန်ပါတယ်။ မူလဂရန် အမည်ပေါက်ဆီက ဝယ်ထားပေမယ့် ဂရန်အမည်မပြောင်းထားတဲ့ မြေကွက်တွေဆိုရင် အခက်အခဲတွေ့နိုင်တာပေါ့”
ဆရာပြောတာက ဂရန်အမည် ပေါက်ဆီမှတစ်ဆင့် ဝယ်ထားတဲ့ကိစ္စမျိုးလား ဆရာ၊ ဘယ်လိုပါလဲ”
“ဥပမာပြောရရင် ပေ ၂၀ x ပေ ၆၀ မြေကွက်ကို မူလဂရန်အမည် ပေါက်ဆီမှ တစ်ဦးတစ်ယောက်က ဝယ်ထားမယ်။ ဒါပေမယ့် ပိုင်ရှင် အမည်ပေါက် ပြောင်းမထားဘူး”
“အရပ် စာချုပ်နဲ့ ဝယ်တဲ့ သဘောပေါ့”
“ဟုတ်ပါတယ်။ အဲဒီ ပုဂ္ဂ်ိုလ်က နောက်တစ်ဦးကို ထပ်ရောင်းမယ်။ ဒုတိယအကြိမ်ဝယ်သူကလည်း မြေ အမည်ပေါက်မပြောင်းဘူး။ ဒါပေမယ့် သူက ငွေလိုတယ်ဆိုပြီး ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ၁၀ ပေ x ပေ ၆၀ မြေခွဲရောင်းတယ်။ အဲဒီမှာတော့ ၁၀ ပေ x ပေ ၆၀ မြေကွက် ဝယ်သူအနေနဲ့ တရားဝင်ပိုင်ဆိုင်မှု အတွက် အခက်အခဲရှိလာနိုင်တာပေါ့”
“ရောင်းသူကိုယ်တိုင်ကလည်း ဂရန်အမည်မပေါက်ဘူးမို့လား။ အရပ်စာချုပ် အဆင့်ဆင့်နဲ့ပဲ ဝယ်ခဲ့ကြတာမဟုတ်လား”
“လက်ရောက်ရယူ နေထိုင်ကြတာဖြစ်တဲ့အတွက် အချင်းချင်းပြေလည်နေကြမယ်။ အမွေဆက်ခံခွင့်တွေ အငြင်းပွားမှုမရှိကြဘဲ ပြဿနာတစ်စုံတစ်ရာမဖြစ်ရင်တော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့်အကြောင်း တစ်ခုခုကြောင့် မြေပိုင်ဆိုင်မှုတစ်စုံ တစ်ရာ အငြင်းပွားမှုဖြစ်လာရင်တော့ ဥပဒေနဲ့အညီ မှတ်ပုံတင်အရောင်း အဝယ် စာချုပ် ချုပ်ဆိုထားတာ မဟုတ်လို့ အရှုပ်အထွေးကို ဖြေရှင်း ရမှာ ဖြစ်ပါတယ်”
“အစောကပြောသလို ဂရန်မြေလား၊ ပါမစ်မြေလား ပထမဆုံး စိစစ်ဖို့ လိုတယ်”
“ဂရန်မြေတော့ ဟုတ်တယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်မူရင်း ဂရန်စာရွက်ကိုကြည့်ခဲ့တယ်။ ပြီးတော့ ဂရန်မူရင်းလည်း ပေးထားမယ် ပြောတယ်”
“ဒါဆိုရင် အခြားကပ်လျက် ၁၀ ပေ x ပေ ၆၀ မြေကွက်က ဘယ်လို ရောင်းထားတယ်လို့ ပြောသလဲ”
“ရောင်းထားတာ မဟုတ်ဘူး ဆရာ။ အဲဒီ အိမ်ဘက်မှာ သူတို့က နေမှာ၊ အခုရောင်းတဲ့ မြေကွက်မှာ တိုက်အသစ်ဆောက်ပြီး ရောင်းတဲ့ သဘောဆရာ”
“ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းတဲ့ သဘောပေါ့””
“ဟုတ်ပါတယ် ဆရာ”
“ဒါဆိုရင်တော့ တရားဝင် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ် ထားရင်ပိုပြီး ခိုင်မာပါလိမ့်မယ်”
“၁၀ ပေ x ၆၀ ပေ မြေကွက်နဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုလို့ရပါသလား ဆရာ”
“ရပါတယ်။ ချုပ်ထားသင့်တယ် ထင်တယ်”
“ဂရန်မူရင်း ပေးထားမယ်ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ လိုအပ်ပါသေးလား ဆရာ။ အရပ်စာချုပ် ချုပ်ဆိုပြီး လက်ရောက်ရယူထားရင် ဖြစ်တယ် မဟုတ်လား”
ကျနော့်အနေနဲ့ကတော့ ဥပဒေနဲ့အညီ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာပဲ အကြံပေးနိုင်တယ်။ ကျန်တဲ့ အပိုင်းကတော့ ဝယ်သူရဲ့ အပိုင်းဖြစ်သွားပြီ။ တချို့ကလည်း တိုက်ခန်းက မြေမပိုင်ဘူး၊ နေပိုင်ခွင့်သာရတာ။ ပေ ၁၀ x ပေ ၆၀ မြေဖြစ်ပေမယ့် မြေနဲ့ အိမ်ကပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆို ပြီး ဝယ်နေကြတာ ဖြစ်တယ်”
တချို့က ဂရန် စာချုပ် မိတ္တူပဲ ပေးထားတာ မျိုး ရှိတတ်တယ်။ အဲဒါမျိုးဆိုရင် တော့ စာချုပ်စာတမ်းရုံးမှာ ပေ ၂၀ x ပေ ၆၀ မြေကွက်ထဲမှ မခွဲစိတ်ရသေးသော မြေ ၁၀ ပေ x ပေ ၆၀ ကို ဝယ်ယူကြောင်း မှတ်ပုံတင်အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုထားသင့်တယ်”
“ခွဲစိတ်လို့ မရဘူးဆိုတော့ မြေ ပုံက ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”
“မြေကွက်ကို ရောင်းသူက ဂရန်အမည်ပေါက်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ ဂရန်အမည်ပေါက် ပေ ၂၀ x ပေ ၆၀ မြေကွက်မြေပုံကို အရောင်းမြေပုံထုတ်ပေးရန် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြေယာဌာနမှာ ဂရန်အမည်ပေါက်ကိုယ်တိုင် လျှောက်ထားရမယ်”
“အရောင်းမြေပုံက ပေ ၂၀ x ပေ ၆၀ မြေကွက်နဲ့ ထွက်လာမှာပေါ့ ဆရာ”
“မှန်ပါတယ်။ အဲဒီ ပေ ၂၀ x ပေ ၆၀ မြေကွက် မြေပုံမှာ ၁၀ ပေ x ပေ ၆၀ မြေကွက်ပုံစံအလယ်မှ မျဉ်းသားပြီး အရောင်ခြယ်ကာ၊ ယင်း အရောင်ခြယ်ထားသော မခွဲစိတ်ရသေးသည့် မြေကွက် ၁၀ ပေ x ပေ ၆၀ ကို ရောင်းကြောင်းမှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရပါတယ်”လို့ အသိပေးချင်ပါ တယ်။
Credit Original Writer
ပြန်လည်ကူးယူဖော်ပြပါသည်🙏🙏🙏
မင်္ဂလာပါရှင်👩
👉👉👉 ရွှေပေါက်ကံ 11ရပ်ကွက် 11စျေးအနီး ပုဂံမိန်းလမ်းမကြီးကျောကပ် အေးသုခ(1)လမ်းပေါ်တွင်မြေကွက်ရောင်းရန်ရှိပါသည်
🌳🌳🌳 စျေးနှုန်း --- သိန်း610(ညှိနှိုင်း)
🌳🌳🌳မြေကွက်အကျယ် --- ပေ20×60
🌳🌳🌳ပိုင်ဆိုင်မှု --- ပါမစ်မြေ
😊😊😊အိုးအိမ် စည်ပင် စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
📞📞📞09426355543
မင်္ဂလာပါရှင်👩
👉👉👉 ရွှေပေါက်ကံ(12)ရပ်ကွက် အောင်ရွှေစင်လမ်းပေါ်တွင် အိမ်အရောင်းလေးရှိပါတယ်
🌳🌳🌳ရောင်းစျေး --- သိန်း550
🌳🌳🌳မြေကွက်အကျယ် --- ပေ(20×60)မြေအပို5ပေပါ
🌳🌳🌳ပိုင်ဆိုင်မှု --- ပါမစ်မြေ(အိမ်ပါ ရေမီးအပါ)
😊😊😊 စာရွက်စာတမ်းများ အိုးအိမ် စည်ပင် စိတ်တိုင်းကျစစ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
☎☎☎ 09426355543
မင်္ဂလာပါရှင်👩
👉👉👉12ရပ်ကွက် ပုဂံမိန်းလမ်းမကြီးအနီး စျေးအနီး အောင်သစွာလမ်းမကျောကပ်တွင် မြေသီးသန့်ရောင်းရန်ရှိပါသည်
🍀🍀🍀စျေးနှုန်း --- သိန်း490(ညှိနှိုင်း)
🍀🍀🍀မြေကွက်အကျယ် --- ပေ20×60
🍀🍀🍀ပိုင်ဆိုင်မှု --- ပါမစ်မြေ
😊😊😊အိုးအိမ် စည်ပင်စိတ်ကြိုက် ဧ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
09426355543
မင်္ဂလာပါရှင်👩
👉👉👉12ရပ်ကွက် ပုဂံမိန်းလမ်းမကြီးအနီး ကားဂိတ်အနီးမြေကွက်သီးသန့်ရောင်းပါမည် ခြံထဲရေတွင်းအပါ အောင်ရာဇာစျေးလမ်းမကြီးကျောကပ် နေရာကောင်းစျေးတန်လေးပါရှင်
🌲🌲🌲ရောင်းစျေး --- သိန်း460(ညှိနှိုင်း)
🌲🌲🌲မြေကွက်အကျယ် --- ပေ 20×60
🌲🌲🌲ပိုင်ဆိုင်မှု --- ဂရံမူရင်း
😊😊😊အိုးအိမ် စည်ပင် စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
📞📞📞 09426355543
မြေကွက် ပေ 40 x 60 မှ ပေ 20 မြေကို ဂရမ်ရအောင် ဘယ်လိုလျှောက်ရမလဲ?
ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ
ကျွန်မတို့က ရပ်ကွက်ထဲက ဂရန်ရထားတဲ့
ပေ (၄၀*၆၀) မြေကွက်မှာ ပေ ၂၀ ကို
လွန်ခဲ့တဲ့(၂) နှစ်လောက်ကတည်းက ဝယ်ပြီး နေထိုင်တာပါ။
ဂရန်ကိုတော့ မူလ ပိုင်ရှင်ကယူထားပါတယ်
ဝယ်ထားတဲ့ ကိုယ့်မြေကို ဂရန်အမည်ပေါက်အောင်
ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သိလိုပါတယ်။
မြေဆိုတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစွည်းကို အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူရပါတယ်
မှတ်ပုံတင်ထားတဲ့စာချုပ်ရှိထားရင်တော့ သက်ဆိုင်တဲ့
ဂရန်ထုတ်ပေးတဲ့ ဌာန မှာဆောင်ရွက်လို့ရပါတယ်
အကယ်၍များ အရပ်စာချုပ်ဖြင့်ဝယ်ယူထားတယ်ဆိုရင်တော့ ဒီစာချုပ်ကို မှတ်ပုံတင်စာချုပ် ဖြစ်ဖို့ ပြန်လည်ချုပ်ဆိုရပါမယ်
ဝယ်ထားတာကလည်း လွန်ခဲ့တဲ့ (၂ )နှစ်လောက် ကတည်းကဖြစ်တဲ့အတွက် စာချုပ်စာတမ်း ဥပဒေ မှာတော့ စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထားရပါတယ်
အခုဟာက (၂ )နှစ်လောက်ရှိနေပြီဆိူတော့ မှတ်ပုံတင်စာချုပ် ချုပ်ပေးဖို့ လျှောက်ထားတဲ့အခါမှာစာချုပ်စာတမ်းရုံးက ငြင်းပယ်တာတို့ ၊ ဒဏ်ကြေးတိူ့ သတ်မှတ်မှာပါ.
အကယ်၍ ကိုယ့်ကိုရောင်းသူ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် ရောင်းသူကိုပြန်လည်ခေါ်ယူပြီး
မှတ်ပုံတင်စာချုပ် ချုပ်ဆိူခိုင်းရပါမယ်
မှတ်ပုံတင်စာချုပ်ရှိလာတဲ့အခါကျမှသာ စည်ပင်သာယာရေးကော်မတီကို မှတ်ပုံတင်စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ်ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ်ထုတ်ပေးဖို့ လျှောက်ထားရပါမယ်
ဌာန ရဲ့လုပ်ထုံး လုပ်နည်း များအရ လုပ်ပေးပိုင်ခွင့်ရှိသလို လျှောက်ထားသူအနေနဲ့လည်း ရပိုင်ခွင့်ရှိပါတယ်.
ဌာနရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ပေ (၂၀.)/
စတုရန်းပေ ၁၂၀၀ ထက်လျော့နည်းရင်တော့လုပ်ပေးပိုင်ခွင့်မရှိပါဘူး
အခုဟာက ပေ ၂၀ ကွက်တိရှိနေတာဖြစ်တဲ့အတွက်
လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင်တော့
ကိုယ့်အမည်ပေါက်ဖြစ်ဖို့ရာ လွယ်ကူပါလိမ့်မယ်။
ပြန်လည်ကူးယူဖော်ပြပါသည်။
Crd
မင်္ဂလာပါရှင်👩
👉👉👉12ရပ်ကွက် ပုဂံမိန်းလမ်းမကြီးအနီး ကားဂိတ်အနီးမြေကွက်သီးသန့်ရောင်းပါမည် ခြံထဲရေတွင်းအပါ အောင်ရာဇာစျေးလမ်းမကြီးကျောကပ် နေရာကောင်းစျေးတန်လေးပါရှင်
🌲🌲🌲ရောင်းစျေး --- သိန်း450(ညှိနှိုင်း)
🌲🌲🌲မြေကွက်အကျယ် --- ပေ 20×60
🌲🌲🌲ပိုင်ဆိုင်မှု --- ပါမစ်မြေ
😊😊😊အိုးအိမ် စည်ပင် စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်
ဆက်သွယ်ရန်
Ma Htoo
📞📞📞 09426355543
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon