Incircle

Incircle

Share

Let's find peace at every little moment. 🌿🌻🖤

25/09/2025

" လက်ဖက်နဲ့ ဆေးရွက် ဓာတ်ပြုခြင်းဆီက
တိတ်ဆိတ်စွာ သူပုန်ထနိုင်ဖို့
နေရောင်ခြည်နဲ့ အတူ
စွမ်းအင်တစ်ချို့ လက်ခံရရှိခဲ့တယ်။ "

_ incircle

05/11/2024

သိမ်းစွန်ငှက် အပြန်လမ်း

ကဗျာ - ပိုင်စိုးဝေ
ကဗျာရွတ်သူ - Incircle

#သိမ်းစွန်ငှက်အပြန်လမ်း #ပိုင်စိုးဝေ

19/10/2024

" ဖွာနေကြ ခပေါင်းဆေးလိပ်လေးခဲကာ ငါ မင်းနဲ့ တွဲ
ခိုင်မာတဲ့ တို့နှစ်ယောက် အချစ်ရက်များလည်း ဖြောင့်ဖြူးဖို့ မဖြစ်ခဲ့ ..... "

#ဆေးလိပ်

04/10/2024

“သင်နှင့် သူ၏ လှပလွန်းသော” (နိဒါန်း)

မိုးနွေ

လွန်စွာ ဆင်းရဲ ဝဋ်ဒုက္ခ ကြီးမားလွန်းသော ဆံသားဖြူ ချည်မျှင်ဘဝ များစွာ ဖြစ်၏။ သို့သော် ပင်လယ် သဲပန်းဖြူများ ဖြင့် လှပလွန်းစေသည်။ ကျယ်ပြန့် ကွာဝေးလွန်းလှသော အသံပေါင်းများစွာဖြင့် ဘဝပေါင်း ထောင်ချီစွာ အရွေ့၊အဖြတ်၊အငို။

ဖယောင်းပန်းပွင့်ပေါင်းများစွာဖြင့်ထုတ်ယူချည်/နှင် ခဲ့ရသော သင်၏ လှပလွန်းသော မျက်ရည်စက် တစ်ပွင့် ဖြစ်ပြန်သည်။

အသက်စဉ်ဟာ အဆုံးမဲ့ ကြေသုဉ်းခြင်းကို ထိတွေ့ခဲ့ပြီး ဖဝါးနာ ကမ်းများဖြင့် ဆုံခဲ့နိုင်ကောင်း၊ ဆုံနိုင်ခဲ့ရဲ့။ အိမ်မက်ဝေး အသက်ဟာ ဖန်ချက်ခင်း အလင်း၏ အဆုံး၌ ဖြစ်တည်နိုင်ပြန်လေပြီ။

“ သင် နှင့် သူ ၏ လှပလွန်းသော ” များစွာ ဖြစ်လေသည်။

ရုန်းထိုး ရှင်သန်လာရသော
ပန်းများပွင့်ရာ၊
အိမ်၏ အခြားတစ်ဖက်၌
ငိုသော အသက်များ။
ရစ်တွယ် ချည်ငင်လွန်းသော
‘ သင် နှင့် သူ၏ လှပလွန်းသော ’

ငါ့အတွက် သီချင်းသံတစ်ခုရှိဖူးတယ်၊ လွင့်ရာ လေထဲ ဝဲလာတဲ့ ရနံ့ဟာ ငါ့ကို အခုထိ မာကြော ခက်ထန်နေဆဲ၊ ပျင်းရိ ပျက်ကြွေမှု အသက်စဉ်တစ်ခုရဲ့ နောက်မှာ ဘာမျှ မကျန်ရှိ၊ ငါဟာ အရာအားလုံး၊ ဖြစ်စဉ် အားလုံးနဲ့ အပြည့်အဝ အသားကျခဲ့ပြီ။

ငါနှင့် သင်၏ လှပလွန်းစွာသော သေခြင်းတရားဖြစ်၏။

တစ်ရက်တာ ရက်များစွာ ဖြစ်လင့်ကစား ၊ ယာဖက် သူငယ်အိမ် ပျောက်ရှရာ ဒဏ်ချက်ပေါင်းများစွာ ပြန်ဖြစ်၏။ လှပစေ၏၊ သာယာ ကြည်နူးစွာ ဖန်ခွဲအက်ချက်ကလေး များဖြင့် ဘဝအား တည်ဆောက်စေသည်။ ဤ အသက်တရား အား ဤနေရာ၌ အဆုံးသတ် ကုန်ဆုံးစေပြီ။

ငိုခြင်းဖြင့် ဖွဲ့တည် တိမ် ၊ အငွေ့ဓာတ်ဖြင့် အိပ်စက်ရာ၊ ဖူးတံချီ ယိမ်းနွဲ့လွန်းနေသော သိမ်ငယ် အိမ် တို့၊ ရမ္မက်ရာပေါင်းချီစွာ နှင်ခဲ့သော အခွံ သဏ္ဍန် ဆန်လှခြင်း၏၊ သူ၏၊ သူမ၏၊ ၎င်း၏၊ မြူ နှင်းရည်ငွေ့များစွာ၏။

သင်နှင့် သူ၏ ရာထောင်သောင်းချီခဲ့သော မျက်ရည်များစွာ၏၊
သင်နင့် သူ၏ လှပလွန်းစွာ ခဲ့ သောဝ်၏။

ပြုံးရွှင်စွာ သေဆုံးကြလေသည်၏ နောက်ကွယ်၌ကား အလှ ၏ ဒဏ် ဖြစ် လေသည်။ သုံးစွဲ၍ မကုန်ခမ်းနိုင်သော အသက်တရားများ အဖြစ်အလျောက် လူသားတို့၏ ကျော၌ ပေါက်၍ ပွင့်သော ပန်းများ၊ ပူမြိုက် တောက်လောင်သော ရမ္မက်တရား၏ ချစ်ခြင်း၊ လေဝှေ့ရာ ပန်းပွင့်များ၏ အဆုံးမဲ့ လှပလွန်းသော သေခြင်းတရားနှင့် အစမဲ့ လှပလွန်းသော ချစ်ခြင်းမေတ္တာ ဖြစ်၏။

အနက်တရားပြည့်ဝစွာဖြင့်
သင်နှင့် သူ၏ လှပလွန်းသော.......

တစ်ခါက ညများစွာရှိဖူးသည်။ ငိုသံများဖြင့် မဖြည့်စွက်ခဲ့ရသော ညနေများစွာလည်း ရှိဖူး၏။ ခရမ်းပြာရောင် ပန်းများသက်သက် ပွင့်ရုံဖြင့်၊ လက်ဖမိုးပေါ် လေးတင် မှေးယှက် တင်ထားရုံဖြင့် မိုးဥတုတစ်ခု ပြီးစီး တိတ်ဆိတ်ခဲ့ကြောင်း။ ကြိမ်ဖန်များစွာ သောက်သုံး မျိုသိပ်ထားရသည့် ဉာဉ်အား ဤ သစ်ခက်ပွင့်၏ အစွန်း၌ ပြန်လည် ဆုံမြင်ရ၊ ရှိုက်မက်ရ၊ နမ်းကြွေခွင့် ရ။

သင်နှင့်သူ၏ လှပလွန်းသော ၊
သင်နှင့် သူ၏ လှပစွာသော ၊
သင်နှင့်သူ၏ လှပလွန်းစွာသော .. မည်သည့်အရာ ဖြစ်မည်နည်း။

ဆိတ်ငြိမ် လှပလွန်းစွာသော အနက်တရား၏ နောက်ဆုံး ကားချပ် အဖွဲ့၌ ကျန်ရစ်ချန်ခဲ့ကြခြင်း၊ အသားချပ်ပြား တစ်ခုမဟုတ် နောက်တစ်ခု အဖြစ်ပေါင်းများစွာအတွက်။ ဤ ဘဝပေါင်းသောင်းချီခဲ့ရသော လူယောကျာ်း တစ်ဦး အဖြစ် လည်းကောင်း၊ ဘဝတစ်ခု၏ နှစ်ပေါင်းများစွာ အမျိုးသမီး တစ်ဦး အဖြစ် လည်းကောင်း၊ အခွံ သဏ္ဍာန် ဆန်လှခြင်း၏ လှပ ကင်းမဲ့ခြင်းများ အဖြစ် လည်းကောင်း ၊ အရာရာအား ထင်ရှား ပျောက်ကွယ်စေခဲ့ပြီး၊ တဖန် အရာရာအား မှေးမှိန် တည်ရှိစေပြီး။ မည်သည့်အရာ၏ အစ နှင့် အဆုံးများ ၊ မည်သည့်ကမ္ဘာ၏ ဆက်စပ်အထုံးများ၊ အလင်းစက်၏ ဒုက္ခ ဝဋ်တရားများ ဤ သေခြင်းတရား၏ အစ၌ အဆုံးသတ်ရစေ။ ဒဏ်ရာချက်ပေါင်းများစွာ၏ ဖယောင်းပန်းပွင့်များနှင့်အတူတကွ ဤ မြူနှင်းရည်တို့၏ အငွေ့ပျံ့လွယ် သေခြင်းတရားများ၊ သင်နှင့်သူ၏ လှပလွန်းသော ရနံ့များ၊ မီးခိုးများ၊ နှစ်ကာလပေါင်းများစွာများ၊ အသက်စဉ်များ၊ သေခြင်းတရား အား။ အိပ်စက်ခြင်းဖြင့် ရှာဖွေစွာ၏။ စိတ်ပန်းနှင်းဆီ၏ မေ့လျော့ခံရမှုဖြင့် အရာရာအား ထင်ရှား ပြတ်သားစေသည်။ ဤ တဖန် ပြန်လည် သေခြင်းတရား၏ အစ၌ ဤ တဖန် ပြန်လည် ရှင်သန်မှု၏ လှပလွန်းသော ထပ်ဖန်တလဲလဲ အရွေ့၊ အဖြတ်၊ အငို ၊အဆမတန် ပေါင်းများစွာ။ ယမုံနာ မြစ်ကမ်းဘေးဝယ် ဂီတ ၏ လျှော့ကြိုးကုန် မိုးမှုန်များ နှင့် ကာလ ဖြစ်သည်။
ဒြပ်မဲ့ဝတ္တု တို့ မြေသားနု စိုင်ခဲမှုကို တိုးဖောက်ဝင်ရောက် ပျောက်ကွယ်ကုန်လျက်ရှိကြပြီ။ ရုန်းရင်းဆန်ခတ် အသက်တရား၏ အစနှင့် အဆုံးပျယ်သော ၊သို့ဖြစ်သောကြောင့် ဤ “အ- ကာလ” အား တည်စေသည်။

အိမ်၏ အခြားတစ်ဖက်၌
ပြိုသော ၊
ငိုသော ၊ အသက်များ။
ငွေမှင်ရည်ဒဏ်၏ ရမ္မက်ဖြင့်
ခိုသော ၊
စိုသော ၊ မျက်ရည်များ။

အဖန်ဖန် ဝဋ်ဒုက္ခ ဆင်းရဲ ကြီးမားလွန်းရသော ဆံသားဖြူ ချည်မျှင် ဘဝပေါင်းများစွာ၏
“ သင်နှင့် သူ၏ လှပလွန်းသော......”. ။

14/09/2024

// မပျော်ရတာတွေ မဝေမျှချင်ပေမယ့်လည်း //

// မည်သူမျှ မပျော် //

Photos from Incircle's post 24/07/2024

တောင်ရိုးတစ်လျှောက်မှ ဝံပုလွေများ ဆီသို့
____________________________________

မိုးနွေ

Disorder ဖြစ်နေတုန်းက အချင်းချင်း ပြန်ပြောမိတဲ့စကားရှိတယ်။ မင်း စောက်ကြောက်ပဲ။ အသေမခံပေးဘူးလား၊ အသေမခံရဲဘူးလားဆိုပြီး။ အဲဒီ့နောက်တစ်ယောက်ကဝောာ့ သေစေချင်နေဖို့ပဲ အာသီသရှိနေတဲ့ ကောင်။

အဲဒီမှာ မိုကီ လို့ ခေါ်ခံရတဲ့ ကျီးကန်းက ဘာထပြောလည်းဆိုတော့ ငါတို့အသေခံလိုက်လို့ သိုးတွေက ဝံပုလွေ ပြောင်းလာမှာ မဟုတ်ဘူး။ သိုးတွေက သိုးတွေရဲ့ အကျင့်တိုင်း ငါတို့သေဆုံးတဲ့ ရက်သတ္တပတ်မှာတော့ လှည့်ပတ်ပူဆွေး ဝမ်းနည်းငိုကြွေးကြပြီးရင်တော့ ကာလတစ်ခုအပြီးမှာ သူတို့ရဲ့ ဆယ့်တစ်မိနစ်စာ ရှင်သန်မှုထဲပဲ ပြန်ခုန်ဝင်ကုန်ကြမှာ။

အဲဒီတော့ ကျီးကန်းကော၊ ဝံပုလွေ‌ကောသေသွားရင် ဒီဟာတွေကို ဆက်လုပ်ဆောင်မယ့် ကျန်းမာတဲ့သားရဲတွေ မရှိတော့ဘူး။ လုံးဝကိုမရှိတော့ဘူး၊ ခွေးအ အုပ်ကို ယှဉ်ကိုက်မယ့် ညစ်ပတ်တဲ့အလုပ်ကို ဘယ်သိုးမှ လာလုပ်မှာ မဟုတ်ဘူး။ ဘယ်သိုးမှ ဆင့်ကဲတိုးတက်ပြောင်းလဲလာပြီး ဝံပုလွေ ဖြစ်လာမှာ မဟုတ်ဝောာ့ဘူး။

သိုးတွေက သိုးတွေလိုပဲ ပျော်ရွှင်စွာ စားသုံးခံကြမှာ။ အဲဒါကြောင့် ဒီ အမဲလိုက်ရာသီမှာ ကျန်နေတဲ့ ဝံပုလွေတွေဟာ အသေမခံပဲ တောင့်ခံထားရမယ်။ နောက်ဆုံး အဆုံးအဖြတ်ပွဲကြီးရောက်မှ ခွေးအ အုပ်ထဲ ပြေးဝင်ပြီး ဖောက်ခွဲသေပစ်လိုက်လို့ရတယ်။ အခုတော့မဟုတ်သေးဘူး။

အခု ဝံပုလွေတွေ ကုန်ရင် ဒီ အမဲလိုက်ရာသီကြီး လုံးဝ ရပ်တန့်သွားရလိမ့်မယ်။ ဝံပုလွေတွေ ဆက်ရှိနေဖို့ လိုတယ်။ ဘာလို့ဆို ဒီဝံပုလွေတွေဟာ ဒီတောင်ကြောရဲ့ နောက်ဆုံးခံတပ်ပဲ။ ဒီအမဲလိုက်ရာသီတစ်ခုလူံး မကျရှူံးချင်ရင် ဒီ ဝံပုလွေတွေ ထပ်မသေဖို့ လိုတယ်။ ဒီဝံပုလွေတွေ ကျဆုံးသွားရင် နှစ်ရက်စာ မျက်ရည်တွေနဲ့ အမဲလိုက်ရာသီရဲ့ အရှူံးကိုပဲရမှာ။ ဆက်ပြီး တောင့်ခံထားဖို့လိုတယ်။

#မိုးနွေ

23/07/2024

အမြဲတမ်းပဲ တွေ့နေချင်တယ် အချစ်ရယ်
အချစ်စကားလေး ကြားနေချင်တယ် အချစ်ရယ်
ချစ်လွန်းလို့ ရူးရမလောက်အထိအောင်ကွယ် 🖤

#စိုင်းခမ်းလိတ် #စိုင်းထီးစိုင် #သိပ်သိပ်ချစ်ရတယ်နွဲ့တင်ရယ်

19/07/2024

လာခဲ့ကြရတုန်းကတော့
စစ်တပ်ကြီး
အမိန့်တွေ စည်းကမ်းတွေ အထပ်ထပ်
ပြန်တဲ့အခါကျတော့
မသက်ဆိုင်တော့ပါ
သင် သွားလိုရာ သွားနိုင်ပြီတဲ့လား
ဒီထက်ပိုသွားချင်ခဲ့တဲ့
ပန်းတိုင်ဆီ
ကြယ်တွေနဲ့အတူ အရောက်သွားကြပေါ့ ....

05/07/2024

စစ်ကြီးအတွင်းမှာ
ဝမ်းနည်းရမှာက
တစ်ယောက်က တစ်ယောက်ကို
မစောင့်ရှောက်နိုင်တော့မှာမျိုးပဲ။

မရယ်ရတဲ့ အရသာကို
မင်းက ရယ်ရသလိုမျိုးပြောပြီး
ငါက ရယ်​နေရသလိုလုပ်ပြီး
နားထောင်နေရတာမျိုးပေါ့။

ပြီးတော့
တစ်ယောက်ကို တစ်ယောက်
ပြန်ကောက်ဖို့ မရနိုင်တော့တာမျိုး
ခရီးမှာ။

မြတ်ဝေ

#မြတ်ဝေ

12/06/2024

ကမ္ဘာမြေကြီးဟာ သတ္တဝါမျိုးစိတ်တွေရဲ့ စစ်မှန်တဲ့ အိမ်ပဲ မဟုတ်လား။ ဖြတ်သန်းခဲ့ရတဲ့ ဒီတောင် ဒီတောတွေနဲ့ ဆက်သွားဦးမယ့် မြို့ပြတောတောင်တွေ အားလုံးဟာ ရင်ခုန်စရာ၊ ကြည်နူးစရာ၊ အမှတ်ရလွမ်းမောစရာတွေချည်းပါပဲ။

18/05/2024

လက်ဖက်ရည်ဆိုင် ထိုင်
သူငယ်ချင်းတွေနဲ့ အာလူးဖုတ်တဲ့ ငါတို့ Culture နဲ့
ဖုန်ထူထူ လက်ဖက်ရည်ဆိုင်လေးတွေ သတိရလို့ 🖤

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11091