Coffee Knowledge

Coffee Knowledge

Share

Coffee knowledge sharing page

09/12/2022

Machine - WPM KD-310 (3 thermoblock system)
Grinder - LingDong LD-022
Coffee bean - Catimol (Arabica)
Roast - Full city

Photos from Coffee Knowledge's post 06/12/2022

ကော်ဖီဖျော်နည်းများစွာထဲကမှ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများတဲ့ဖျော်နည်းကို တင်ပြပေးပါမယ်။
1. Turkish Coffee
2. French press
3. filter pour over coffee/ Drip coffee
4. Moka pot
5. Vaccum pot (syphon)
6. Cold drip
7. Espresso စတဲ့ဖျော်နည်းတွေဖြစ်ပါတယ်။
Turkish Coffee
ကော်ဖီဖျော်နည်းများစွာထဲကမှ ရှေးအကျဆုံးမှာ Turkish Coffee (Ibrik / တနည်းအားဖြင့် Greek နည်းလို့ခေါ်ကြပါတယ်)ဖြစ်ပါတယ်။ ဒီဖျော်နည်းကတော့ လက်တံရှည်တပ်ဆင်ထားတဲ့ကြေးရေနွေးကရားထဲမှာ အသေးဆုံးသောကော်ဖီမှုန့်ကိုထည့်ပြီး ရေနွေးဆူပွက်လုနီးပါး အဆင့်သို့ အကြိမ်​ကြိမ်အပူပေးကာကော်ဖီအမြှပ်လေးများအပေါ်ယံမှ ထွက်ပေါ်လာအောင် အလယ်အလတ်အပူချိန်ထား၍ ဖျော်သောနည်းလမ်းပဲဖြစ်ပါတယ်။
ဒီဖျော်နည်းမှာတော့ roasting level ကိုdark roast ကိုအသုံးပြုပြီး coffee grind size ကတော့ very fine ကိုအသုံးပြုကြပါတယ်။ သူ့ရဲ့အရသာကတော့
Very sharp, thick ဘက်ကိုသွားပါတယ်။
2. French Press
French press ကော်ဖီဖျော်နည်းကို press pot, coffee plunger, Cafeteria စသဖြင့်လည်းခေါ်ကြပါတယ်။ ဖျော်နည်းကတော့ မသေးလွန်း မညက်လွန်းသော ကော်ဖီမှုန့်ကို french press ရဲ့ဖန်ခွက်ထဲထည့်ပြီး ဇွန်းဖြင့်အနည်းငယ်မွှေပြွး ၄မိနစ်ခန့် ထားပေးရပါတယ်။ အဲ့ဒီနောက်ဇကာစစ်ပါသောအဖုံးကို အပေါ်က ဖြည်းညင်းစွာ တည့်တည့်ဖိချပေးရပါတယ်။ ပြီးနောက် မိမိနှစ်သက်ရာ သကြား, နို့ဆီ,နွားနို့ စသဖြင့်ရောစပ်၍ ဖျော်သောက်နိုင်ပါတယ်။ French press ရဲ့ထူးခြားချက်က ဖျော်ရတာလွယ်ကူပြီး စက္ကူစစ်ကိုအသုံးမပြုထားတဲ့အတွက် ကော်ဖီထဲမှ အဆီများနဲ့အနံ့အရသာများ ရေနွေးထဲပျော်ဝင်သွားတဲ့အတွက် coffee bodyကိုအပြည့်ခံစားရပြီးသောက်ရတာ လေးလေးပင်ပင်ရှိလှပါတယ်။
3. Filter Pour-over Coffee / Drip Coffee
ဒီနည်းမှာတော့ စက်ကိုအသုံးပြုပြီးဖျော်တဲ့နည်းနဲ့ လက်သုံးဖျော်တဲ့နည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့ဒီဖျော်နည်း နှစ်မျိုးလုံးကတော့ စက္ကူစစ်လို့ခေါ်တဲ့ filter paper ကိုအသုံးပြုခြင်းနည်းဖြစ်ပါတယ်။ Drip coffee ဖျော်နည်းကတော့ စက္ကူဇကာစစ်ထဲ ကော်ဖီမှုန့်ထည့်ပြီး ရေအပူချိန် ၂၀၀ ဒီဂရီဖာရင်ဟိုက်နဲ့မိမိလိုအပ်သလောက် ကော်ဖီမှုန့်ပေါ် ဖြည်းဖြည်းချင်းလောင်းချ၍ဖျော်သောနည်းပဲဖြစ်ပါတယ်။ သူ့ရဲ့အရသာကတော့ စက္ကူဇကာစစ်နဲ့ စစ်ထားတဲ့အတွက် body လျော့ပြီး ကော်ဖီမှုန့်များ ပါစပ်ထဲမရောက်၍ clean ဖြစ်တဲ့အရသာမျိုးကိုခံစားရပါတယ်။ သို့သော်လည်း ကော်ဖီဟာ မည်သည့်နည်းလမ်းနဲ့ဖျော်နည်းက ပိုကောင်းသည်မရှိပဲ မိမိကြိုက်နှစ်သက်သောနည်းကသာလျှင်အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။
4. Moka pot
mokapot ဖျော်နည်းကတော့ မီးဖိုနှင့်ထိတွေ့တဲ့အိုး (အောက်အိုး), အလယ်အိုး, အပေါ်အိုး ဆိုပြီးမြင်​
ယောင်ကြည့်ပါ။ အလယ်အိုးတွင့် ကော်ဖီမှုန့်ကိုထည့်ပါ ။ပြီးနောက်အောက်အိုးတွင် ရေနွေးထည့်ပါ ပီးလျှင် ၃အိုးလုံးကိုလုံနေအောင်ပိတ်ပြီး မီးဖိုပေါ်တင်ထားရပါမယ်။ အောက်အိုးမှာထည့်ထားတဲ့ရေနွေးက ဆူလာပြီးထွက်စရာအပေါက်မရှိတဲ့အတွက်ကြောင့် ရေငွေ့ဖိအားအသွင်နဲ့ ရေပူကိုဖိပြီး ကော်ဖီမှုန့်ကိုဖြတ်စေပါတယ်။ ကော်ဖီမှုန့်ကိုဖြတ်ပြီးနောက် အပေါ်အိုးကိုကော်ဖီရည်များတက်လာအောက်လုပ်ရတဲ့နည်းပဲဖြစ်ပါတယ်။ သူ့ရဲ့အရသာကတော့ espresso လောက်နီးနီးပြင်းလေ့ရှိ​​​ ပြီး Sharpဖြစ်ပါတယ်။
espresso လောက်တော့ cream မရနိုင်ပါဘူး။
5. Vaccum pot (Syphon)
ဒီဖျော်နည်းကတော့ ဂျပန်နိုင်ငံမှာ ခေါတ်အစားဆုံးဖြစ်ပြီး အမြင်အားဖြင့်စိတ်ဝင်စားစရာအကောင်းဆုံးနည်းလဲဖြစ်ပါတယ်။ Syphon ကော်ဖီကိရိယာကိုအတွင်းသို့ ဖောက်ထွင်းမြင်နိုင်သော အပေါ်ဖန်အိုးနှင့် အောက်ဖန်အိုး ပေါင်း ၂လုံးဖြင့် တည်ဆောက်ထားပါတယ်။ ဖျော်နည်းကတော့ အောက်အိုးတွင်ရေနွေးထည့်ကာဖန်အိုးရဲ့အောက်မှ မီးအပူပေးကာ ရေနွေးဆူအောင်ပြုလုပ်ရပါတယ်။ အောက်ဖန်အိုးအပေါ်ပိုင်းလည်ပင်းအဝမှာ အပေါ်ဖန်အိုးစိုက်ထားပြီး ေကာ်ဖီမှုန့်ကို ဇကာစစ်ခံပြီးထည့်ထားပါတယ်။ ဆူလာသောရေနွေးသည်ပူလျှင်ပေါ့လာကာ syphon သဘောတရားအရ ရေနွေးများအပေါ်ဖန်အိုးသို့ တက်ချိန်မှာ ပူနေသောရေနွေးနှင့် ကော်ဖီမှုန့်တို့ထိတွေ့ပြီး အချိန်အနည်းငယ်ကြာပြီးလျှင် မီးအပူပေးခြင်းကို ရပ်လိုက်ခြင်းဖြင့် အပူချိန်လျော့လာသည်နှင်တပြိုင်နက် ကော်ဖီအရည်များသည် အောက်ဖန်အိုးအတွင်းသို့ ဇကာကိုဖြတ်ကာပြန်ကျသွားမှာဖြစ်ပါတယ်။ ဤနည်းဖြင့်အောက်ဖန်အိုးမှကော်ဖီကို ငှဲ့ယူသောက်သုံးကြပါတယ်။
ဤဖျော်နည်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပုံမှာ အမြင်ဆန်းပြီး ကော်ဖီမှုန့်ကိုဇကာစစ်ဖြင့်ဖြတ်သန်းစေသောကြောင့် သန့်ရှင်းလတ်ဆတ်တဲ့အရသာကိုပေးပါတယ်။အပူချိန်မြင့်မားသောကြောင့် ဖျော်ပြီးပြီးခြင်းမသောက်ပဲ တစ်မိနစ်ခန့် စောင့်ပြီးမှ သောက်လျှင် သင့်တော်ပါတယ်။ သူ့ရဲ့အရသာကတော့ Clean & full of flavor ကိုရရှိပါတယ်။
6. Cold Drip
သည်နည်းလမ်းကလည်းအမြင်ဆန်းပြီး ထူးခြားချက်မှာ တခြားသော ကော်ဖီဖျော်နည်းများဖြင့် လုံးဝဆန့်ကျင်ကာ ရေအေးသုံးပြီး ဖျော်ရသောနည်းလမ်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့်အချဥ်ဓာတ်နည်းသောကော်ဖီကိုသုံးလေ့ရှိပြီး ရေအေးကိုကော်ဖီမှုန့်အတွင်းသို့ အချိန်ကြာမြင့်စွာ ဖြည်းဖြည်းချင်း တစက်ချင်းစီဖြတ်သန်းကာ ရရှိလာသောကော်ဖီအရည်ကိုဖန်အိုးဖြင့်သိမ်းရပါတယ်။တစ်ခါဖျော်လျှင် ၅နာရီ ၆နာရီမှ ၂၄နာရီထိကြာမြင့်တတ်ပါတယ်။Cold drip ကိရိယာတွင်အပေါ်ဆုံးရေအေးထည့်သည့်ဖန်အိုး အလယ်တွင်ကော်ဖီဇကာစစ်နှင့်အတူ ကော်ဖီမှုန့်ထည့်သည့် ဖန်အိုးနှင့် အောက်တွင်ကော်ဖီအရည်ခံရန်ဖန်အိုးဟူ၍ ၃ပိုင်းပါဝင်ပါတယ်။ ဦးစွာ ကော်ဖီမှုန့်ကို အလယ်ဖန်အိုးထဲထည့်ပြီး အပေါ်မှရေအေးထည့်ထားသောဖန်အိုးမှ ရေကို တစ်စက္ကန့်လျှင် တစက်ခန့်နှုန်းဖြင့် ဖွင့်ထားပြီး ၆နာရီခန့် ခံထားပါက cold drip ကော်ဖီရည်ကိုရရှိမှာဖြစ်ပါတယ်။ Cold drip ရဲ့အရသာကတော့ နူးညံ့တဲ့အရသာကိုခံစားရစေမှာပါ။
7. Espresso
Espresso ဆိုတာ ကော်ဖီစေ့ရဲ့အရသာကိုအချိန်တိုတိုအတွင်းမှာ အမြန်ဆုံး ဖျော်တဲ့နည်းပဲ ဖြစ်ပါတယ်။ (တချို့ကလဲ Express နဲ့ pressureကနေဆင်းသက်လာတယ်လို့ဆိုတယ် ဖိအားသုံးပြီးမြန်မြန်ဖျော်လို့ရတဲ့နည်းပေါ့)။ Espresso နည်းမပေါ်ခင်က ကော်ဖီတခွက်ရဖို့ အနည်းဆုံး အချိန်၅မိနစ်လောက်ကြာမြင့်ပါတယ်။ Espresso လို့ပြောရင် အခေါ်အဝေါ်နဲ့ပတ်သတ်ပြီး လူအများစုက နားလည်မှုအနည်းငယ် ရောထွေးနေတတ်ကြတယ်။ အကြောင်းကတော့ ကော်ဖီစေ့ရောင်းတဲ့နေရာမှာ Espresso Roast ဆိုပြီး ရေးလေ့ရှိတာကြောင့် လူအများစိတ်ထဲမှာ Espresso ကော်ဖီဆိုတာ လှော်နည်းတမျိုးလို့ ထင်းမှားတတ်ကြတယ်။ အမှန်စင်စစ် Espresso ဆိုသည်မှာ လှော်နည်းကိုဆိုလိုခြင်းမဟုတ်သကဲ့သို့ ကော်ဖီစေ့တမျိုး (သို့) ကော်ဖီစေ့မျိုးစုံ ရောထား blend ထားခြင်းလဲမဟုတ်ပါ။ Espresso ဆိုသည်မှာ ရေနွေးပူပူကို သိပ်ထည့်ထားသော ကော်ဖီမှုန့်ပေါ်
ဖိအားတခုနဲ့ဖြတ်သန်းစေပြီး ကော်ဖီရဲ့ ကောင်းသောအရသာ ( အချို၊ကောင်းသောအချဥ်၊အခါး) ကို အရသာပြင်းပြင်း ပမာဏနည်းနည်းသာရှိသည့်အရ ည်အနှစ်ကိုသာဆွဲထုတ်ရယူတဲ့နည်းပဲဖြစ်ပါတယ်။
ဒါကြောင့်သူရဲ့အရသာကတော့ Strong & Sharp ဖြစ်တာကိုခံစားရမှာဖြစ်ပါတယ်။

Photos from Coffee Knowledge's post 03/12/2022

CoffeeCoffee Brewing Method
Brewing Method အများကြီးထဲကမှ အုပ်စုကြီး ၄စု ခွဲခြားလိုက်ကြရအောင်။
1. Brewing using Pressure
2. Brewing VIA steeping
3. Filtration or Dripping
4. VIA boiling
ဆိုပြီး ၄မျိုးခွဲထားပါတယ်။
1. Brewing using pressure မှာတော့ အဓိက ဖိအားကိုအသုံးပြုကြပါတယ်။ ဥပမာ. Espresso Machine, Moka Pot, Aeropress, 9barista စသဖြင့် ဖိအားပါဝင်တဲ့ ဖျော်နည်းကို ဖိအားသုံးကော်ဖီဖျော်နည်းလို့ခေါ်ပါတယ်။ ဖိအားနဲ့ ကော်ဖီအရသာကိုဆွဲထုတ်ရယူခြင်းဖြစ်ပါတယ်။
2. Brewing VIA Steeping
ဒီနည်းကတော့ ကော်ဖီမှုန့်ကို water temperature တခုနဲ့ အချိန်တခုကြာအောင်ထားပြီးကော်ဖီရဲ့အရသာကို ဆွဲထုတ်ရယူတဲ့နည်းပဲဖြစ်ပါတယ်။ ဥပမာ. French press, Soft Brew, coffee bag, Syphon( Vaccum pot)
3. Filtration or Dripping
ဒီဖျော်နည်းကတော့ ရိုးရှင်းပါတယ်။ ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုအသုံးချပြီး ဇကာ သို့မဟုတ် filter paper နဲ့စစ်ထုတ်ပြီး
ကော်ဖီရဲ့အရသာကိုဆွဲထုတ်ယူ​​​ခြင်းနည်းပဲဖြစ်ပါတယ်။ ဥပမာ. V 60(Hario), Chemex, vietmese phin, cold drip
4. VIA Boiling
ဒီဖျော်နည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ကော်ဖီမှုန့်ကို အမှုန့်ဆုံးကြိတ်ပြီးရေနွေးဆူဆူထဲ ထည့်ဖျော်ရတဲနည်းဖြစ်ပါတယ်။ ဥပမာ. cowboy method, Turkish Coffee
1. Brewing using pressure
* Espresso Machine
* Moka Pot
* Aeropress
2. Brewing VIA Steeping
* French Press
* Soft Brew
* Coffee bag
* Vaccum Pot (Syphon)
3. Filtration or Dripping
* Electric percolator
* Clever Dripper
* Chemex
* V-60 (Hario)
* Kalita wave dripper
* Vietnamese phin
* Melitta Ready set Joe dripper
* Bee House dripper
* Cold drip
* Nitrous Coffee
4. VIA Boiling
* Cowboy Method
* Turkish coffee
ဒီလို ကော်ဖီဖျော်နည်းများစွာထဲကမှ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများတဲ့ဖျော်နည်းကို တင်ပြပေးပါမယ်။
1. Turkish Coffee
2. French press
3. filter pour over coffee/ Drip coffee
4. Moka pot
5. Vaccum pot (syphon)
6. Cold drip
7. Espresso စတဲ့ဖျော်နည်းတွေကတော့လူသိများတဲ့ဖျော်နည်းတွေပဲဖြစ်ပါတယ်။
ကော်ဖီဗဟုသုတနဲ့ပြည့်စုံကြပါစေ။

Photos from Coffee Knowledge's post 01/12/2022

RoastingRoasting
Roasting နဲ့ပတ်သတ်ရင် ကျနော်တို့အများစုသိကြတာက Light. Medium. Dark ဆိုပီးသိကြပါတယ်။
အ့ဒီကမှ Light နဲ့ medium ကြားကို light medium ပေါ့။ medium နဲ့ dark ကြားကို medium darkပေါ့။
အဲ့ဒီကမှအသေးစိတ်ပြန်​လေ့လာတဲ့အခါ roasting level ကို 9ဆင့်ပြန် ခွဲခြားလိုက်တယ်။
1. Drying coffee
2. Cinnamon Roast
3. City Roast
4. City plus Roast
5. Full city roast
6. full city plus roast
7. Vienna Roast
8. French Roast
9. Italian Roast
1. Drying coffee
Drying coffee ကိုတော့ 320°F, 160°C အပူချိန်အတွင်းမှာ Coffee green bean ရဲ့ moisture တွေကို အငွေ့ပျံစေပါတယ်။ ဒီအချိန်မှာတော့ စိမ်းရွှင်ရွှင်အနံ့ ဒါမှမဟုတ် မြက်စိမ်းအနံ့ကိုရရှိမှာဖြစ်ပြီး No Cracking (Cracking ဆိုတာ အပူရှိန်ကြောင့် ကော်ဖီစေ့အစိမ်းအတွင်းမှ ရေဓာတ်အငွေ့ပျံလာပီး အက်စစ်ဓာတ်ပေါင်းများစွာပြိုကွဲခြင်းကိုဆိုလိုပါတယ်)
2.Cinnamon Roast ( 385°C, 196°C)
Cinnamon Roast ကတော့ စိမ်းရွှင်ရွှင်အနဲ့တွေပျောက်စပြုလာပြီး တဖြည်းဖြည်း နဲ့အညိုအဖျော့ရောင်သန်းလာပါတယ်။ သူကတော့ first crack စရုံအဆင့်ပါ။ သူ့ရဲ့အနံ့ကတော့ ပေါင်မုန့်မီးကင်နံ့ သို့မဟုတ် ပေါက်ပေါက်ဆုပ်ကဲ့သို အနံ့ကိုစတင်ရရှိမှာဖြစ်ပါတယ်။ သူ့ကိုတော့ အိမ်သုံး ၊ဆိုင်သုံးအနေနဲ့
အသုံးမပြုကြသေးပါဘူး ။ စျေးကွက်ထဲမှာလဲ ဒီ roast levelကို လှော်မရောင်းကြပါဘူး။
3. City Roast ( 400°F, 205°C)
City Roast ကို new england roast လို့လဲခေါ်ကြပါတယ်။ သူကတော့ first crack ရဲ့အလယ်လောက်မှာရှိနေမှာပါ။ coffeeရဲ့အနံ့အရသာတွေ စတင်ရရှိလာပါပြီ။ City Roast မှာတော့ Cupping လုပ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ city roast level မှာ ကော်ဖီစေ့ရဲ့ origin ကိုအရသာခံလို့ရလို့ပါပဲ။ ပြီးရင် region မတူတဲ့ ကော်ဖီကိုခွဲခြားဖို့အတွက် ဒီ roast level ကခွဲခြားလို့အကောင်းဆုံးပဲဖြစ်ပါတယ်။
4. City plus roast (405-410°F, 207-210°C)
City plus roast ကတော့ first crack ရဲ့နောက်ဆုံးအဆင့်ပါ။ဒီမှာတော့ ကော်ဖီရဲ့ ဝိသေသလက္ခဏာတွေစတင်ပေါ်ပေါက်လာပါပြီ။ ဒါကြောင့် region တူပြီး ခြံမတူတဲ့ကော်ဖီတွေကို တောင်ခွဲခြားလို့ရတဲ့ roast level လို့သတ်မှတ်ကြပါတယ်။ coffee body ပေါ်ထွက်လာပြီး acidity လဲကောင်းကောင်းပေါ်လွင်လာပါပြီ။
5. Full city roast (410-430°F, 210-221°C)
ပုံမှန်တော့ full medium လို့ခေါ်ကြပါတယ်။ သူကတော့ first crack ပြီးဆုံးသွားပြီး second crack မစတင်ခင်အခြေအနေပါ။ ကော်ဖီမျက်နှာပြင်မှာ ဆီလေးတွေဝင်းမနေသေးပါဘူး။ဒါပေမယ့် အနည်းငယ် (အစက်အပြောက်) တော့စတင်ပေါ်လာပါပြီ။ ဒီအချိန်မှာ လှော်စက်ကနေ အငွေ့ (smoke) လေးတွေစတင်ထွက်ရှိလာပါပြီ။ ဒီအဆင့်မှာတော့ Coffee origin နဲ့ roasting process ပေါ်မူတည်ပြီး အနံ့အရသာတွေက မျှတနေပါပြီ။ ဒီ roast level မှာတော့ coffee body နဲ့ ကောင်းမွန်တဲ့ acidity ကိုအပြည့်အဝခံစားရမှာပါ။
6. Full city plus Roast (425-435°F, 218-224°C)
Second crack စတင်လာတာကို full city plus roast လို့ခေါ်ကြပါတယ်။ ကော်ဖီစေ့လေးတွေမှာ ဆီးလေးတွေဝင်းလာပါပြီ။ဒီ roast level မှာတော့ coffee origin နဲ့ roasty flavors အတင့်အသင့် ကျန်ရှိနေပါသေးတယ်။ body လဲပဲပိုလာပါတယ်။ ဒါပေမယ့် acidity ကတော့တဖြည်းဖြည်းလျော့လာပါတယ်။
7. Vienna Roast (430-440°F, 221-227°C)
သူကတော့ Dark roast ကိုစတင်ရောက်ရှိလာပါပြီ။ second crack ရဲ့အလယ်မှာ စတင်ပါတယ်။ ကော်ဖီစေ့လေးတွေမှာ ဆီးလေးတွေဝင်းလာပါပြီ။ လှော်စက်ကနေတဖြည်းဖြည်းအငွေထွက်တာများလာပါမယ်။ ကော်ဖီရဲ့ origin flavor ကိုအနည်းငယ်ခံစားရအုံးမှာပါ။
8. French Roast (440-455°F, 227-235°C)
သူကတော့ second crack ပြီးဆုံးတဲ့အချိန်ကိုခေါ်ပါတယ်။ cracking တဖြည်းဖြည်းလျော့လာမယ်။ ကော်ဖီစေ့မှာအဆီလေးတွေပိုပိုဝင်းလာမယ်။ လှော်စက်ကနေလဲအငွေ့တွေပိုပိုထွက်လာပါမယ်။ သူအရောင်ကတော့အညိုရင့်ရင့်အရောင်ထွက်လာပါမယ်။ ဒီ level မှာတော့ ကော်ဖီကိုဘယ် origin ကဆိုပြီး ခွဲခြားလို့မရတော့ပါဘူး။ ဒီ french roast ထိရောက်သွားရင် coffee တွေရဲ့အရသာကအားလုံး တူတူပဲဖြစ်သွားပါပြီ။ ကော်ဖီရဲ့ texture ကလဲ ပါးသွားပြီး acidityကလဲတော်တော်လေးကိုနည်းသွားပါပြီ။
9. Italian Roast ( over 455°F,235°C)
ဒီ levelကိုတော့ဖျော်မသောက်သင့်တော့ပါဘူး။ Roasterထဲကနေ တန်နဲ့ချီတဲ့မီးခိုးငွေ့တွေထွက်လာပါတယ်။ သူ့ရဲ့အနံ့ကတော့ ကားတာယာကိုမီးရှို့တဲ့အနံ့နဲ့သွားတူပါတယ်။ ဒါကြောင့် မီးသွေးခဲကိုတော့ ဖျော်သောက်ဖို့မသင့်တော့ပါဘူး။ဒီအဆင့်ထိရောက်အောင်လဲ ဘယ်သူကမှ မလှော်ကြပါဘူး။ မတော်တဆကြောင့်သာလျှင် ဒီအဆင့်ကိုရောက်သွားကြရတာပါ။
အားလုံပဲ ကော်ဖီဗဟုသုနဲ့နဲ့ ပြည့်စုံကြပါစေ။
မှတ်ချက်။ ။ လွှဲမှားတာရှိလျှင်လဲ ပြုပြင်ပေးပါ ဆရာများခင်ဗျ။

Photos from Coffee Knowledge's post 30/11/2022

14 Different type of Coffee

1. Espresso
Espresso ဆိုတာကော်ဖီတမျိုးပဲဖြစ်ပါတယ်။
ကော်ဖီစက်ကနေ ကော်ဖီမှုန့်ကို
လိုအပ်တဲ့ အပူချိန် နဲ့ ဖိအားကိုသုံးပြီး ရလာတဲ့
ကော်ဖီအနှစ်ကို Espresso လို့ခေါ်ပါတယ်။
Espresso လို့ခေါ်ရတာလွယ်ပေမယ့် Espresso ကောင်းတခွက်ရဖို့ barista ရဲကျွမ်းကျင်မှု နဲ့ ဗဟုသုတတွေအများကြီးလိုအပ်ပါတယ်။
Espresso ကောင်းတခွက်ရမှသာလျှင် တခြားသော
ကော်ဖီကောင်းကိုထပ်ဆင့် တီထွင်ဖန်တီးနိုင်မှာပါ။
သူ့ရဲ့ မူလရင်းမြစ်ကတော့ အီတလီက စတင်ခဲ့ပါတယ်။

2. Doppio (Double Espresso)
Doppio ဆိုတာကတော့ Espresso double shot ကိုခေါ်ခြင်းဖြစ်ပါတယ်။
သူ့ရဲ့ မူလရင်းမြစ်ကတော့ အီတလီကပဲစတင်ခဲ့တာပါ။

3. Ristretto
Ristretto ကတော့ espresso ပါပဲ။ espresso နဲ့မတူတာကတော့ ရေပါဝင်မှုက espresso ထက်နည်းခြင်းပါ။
သူ့ရဲ့ မူလရင်းမြစ်ကတော့ အီတလီကပဲစတင်ခဲ့တာပါ။

4. Lungo
Lungo ကလဲ espresso ပါပဲ။ espresso ထက် ရေပါဝင်မှုက အများကြီးပိုပါတယ်။ Lungo ကတော့ Americano နဲ့ဆင်တူပေမယ့် Americano ထက် ပိုပြင်းပါတယ်။
သူကလဲ အီတလီကစတင်ခဲ့ပါတယ်။

5. Americano
Americano ကတော့ Espresso ကို ရေပူရောလိုက်ခြင်းဖြစ်ပါတယ်။
Espresso + hot water= Americano

6. Macchiato
Macchiato ကလဲ espresso ပေါ်အခြေခံရတာပါပဲ။ သူကတော့ espresso ပေါ်ကို နွားနို့အမြှပ်အနည်းငယ်ထည့်ထားခြင်းပါ။ သူ့ကိုမှာသောက်မယ်ဆို single or double shot ရွေးလို့ရပါတယ်။
သူ့ကို အီတလီလို * Stained * or * Spotted* လို့လို့ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် Stained ဒါမှမဟုတ် အမှတ်သားပါတဲ့ espresso လို့ခေါ်လို့ရပါတယ်။

7. Latte
Latte ဆိုတာကတော့ espresso ကို နွားနို့များများနဲ့ရောသောက်ခြင်းလို့ပြောလို့ရပါတယ်။
နောက်ပိုင်း တဖြည်းဖြည်း တီထွင်လာရင်း
Latte art ဆွဲလာကြပါတယ်။ ဥပမာ. အသည်းပုံ၊ ပန်းပုံ၊ သစ်ရွက်ပုံစသဖြင့်ပေါ့

8. Cappuccino
Cappuccino ကတော့espresso, နွားနို့ နဲ့ နွားနို့အမြှပ်တို့ အတူတူပါဝင်နေခြင်းပါပဲ။

9. Flat White
Flat White ကတော့ espresso 2shot နဲ့ နွားနို့ပါဝင်နေခြင်းပါ။သူကတော့ latte နဲ့အတူတူနှိုင်းယှဥ်လို့ရပါတယ်။ မတူတာကတော့ သူက latteထက် volume နည်းပါတယ်။
Flat White ကတော့ သြစတေလျ နဲ့ နယူးဇီလန် နိုင်ငံကစတင်ခဲ့ပါတယ်။

10. Mocha
Mocha ကတော့ espresso,နွားနို့,ချောကလက်တို့ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဆိုင်တွေပေါ်မူတည်ပြီး တချို့က whipping cream အပေါ်ကထည့်ပေးကြပါတယ်။
သူ့ကို Mochaccino လို့လဲ ခေါ်ကြပါသေးတယ်
သူ့ကို ရီမင်နိုင်ငံမှာရှိတဲ့ Mocha (Al Mokha)ဆိပ်ကမ်းကိုအစွဲပြုပေးခဲ့တယ်လို့လဲ ဆိုကြပါတယ်။

11. Espresso Con panna
သူ့အဓိပ္ပါယ်ကတော့ espresso ကို whipping cream ထည့်ပေးလိုက်တာပါပဲ။
Espresso + whipped cream = Espresso con panna

12. Romano
Romano ကတော့ espresso ကို lemon တစိတ်လောက်ထည့်ပေးခြင်းပါ။
Espresso + lemon = Romano

13. Affogato
Affogato ကတော့ espresso နဲ့ ဗီနီလာရေခဲမုန့်ပါဝင်နေခြင်းပါ။
Espresso + vanilla ice cream = Affogato

14. Dalgona Coffee
Dalgona Coffee ကတော့ ၂၀၂၀မှာ တောင်ကိုရီးယားကမွေးဖွားပေးလိုက်ပါတယ်။ သူကတော့ instant ကော်ဖီမှုန့်ကို သကြား ရေပူအနည်းငယ်ထည့်ပီး cream ပုံစံဖြစ်လာတဲ့အထိ မွှေးပေးရပါတယ်။ ပီးနောက် နွားနို့ပေါ်လောင်းထည့်ပီး သောက်ကြပါတယ်။

Photos from Coffee Knowledge's post 29/11/2022

ကော်ဖီအမျိုးအစားအုပ်စုများ
ကမ္ဘာပေါ်မှာ ကော်ဖီအမျိုးအစားထောင်ပေါင်းများစွာရှိပါတယ်။ ထိုအမျိုးအစားပေါင်းများစွာကို အုပ်စုကြီး ၄စု ခွဲထားပါတယ်
(၁) အာရဗေိးကား [Arabica (Coffee Arabica) ]
(၂) ရိုဘတ်စတား [ Robusta (Coffee Canephora)]
(၃) လစ်ဘရီကာ (Liberica)
(၄) အိတ်ဆဲလ်ဆာ (Exceisa)
ထိုကော်ဖီအမျိုးအစားအုပ်စုလေးစုအနက် Arabica နဲ့ Robusta ကတော့ လူသိအများဆုံးနဲ့ကမ္ဘာတစ်ဝန်းမှာ စီးပွားဖြစ်အထွက်နှုန်းအများဆုံး ကော်ဖီအုပ်စုကြီး ၂စုဖြစ်ပြီး တစ်ကမ္ဘာလုံးကော်ဖီထုတ်လုပ်မှု ပမာဏရဲ့ ၉၉% ရှိပါတယ်။ ကျန်အုပ်စု ၂စုကိုတော့ စီးပွားဖြစ်ထုတ်လုပ်မှုမရှိတော့ပဲ ဒေသခံသောက်သုံးခြင်းအတွက် အသုံးပြုကြပါတယ်။
Arabica ကော်ဖီအမျိုးအစား
Arabica ကော်ဖီအမျိုးအစားကို အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ Arabica ကော်ဖီဟာ တစ်ကမ္ဘာလုံးကော်ဖီထုတ်လုပ်မှုရဲ့ ၇၅% မှ ၈၀% အထိရှိပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း Arabica ကော်ဖီစေ့က ဘဲဥပုံရှည်ရှည်လေးရှိပြီး အစေ့အလယ်လမ်းကြောင်းကကွေးကွေးလေးဖြစ်ပါတယ်။ ဒီကော်ဖီအမျိုးအစားမှာ Robusta ထက် ကဖိန်းဓာတ်ပါဝင်မှု ပိုနည်းသော်လည်း အနဲ့အရသာကောင်းများကိုပိုင်ဆိုင်ပါတယ်။ Arabica ကော်ဖီအပင်များဟာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၃၀၀၀) မှ (၆၀၀၀) ခန့်အတွင်းမှာစိုက်ပျိုးဖြစ်ထွန်းကြပြီး အီကွေတာ တလျှောက်မှာ ပေါက်ကြပါတယ်။
Robusta အမျိုးအစား
ဒုတိယကမ္ဘာ့အထွက်အများဆုံး ကော်ဖီအမျိုးအစားကတော့ Robusta ပါ။ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုရဲ့ ၃၀%နီးပါးက Robusta ပါပဲ။ Robusta ကတော့ ကုန်းနိမ့်ပိုင်း ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ သုည မှ ၆၀၀၀ထိပေါက်နိုင်ပီး လေဒဏ်မိုးဒဏ်ခံနိုင်တာကြောင့် အလွယ်တကူ နေရာမရွေးပဲပေါက်နိုင်ပါတယ်။
Ref: ကော်ဖီကိုလေ့လာစူးစမ်းခြင်း စာအုပ်

29/11/2022
Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11211