Icon Computer Training Center
Learning is creating your own icon
Happy new year မှာ စိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေကြောင်း icon team မှဆုမွန်ကောင်းတောင်ေးလိုက်ပါတယ်
အားလံုးပဲ happy new year ပါ
11/07/2023
Sumif Function အသုံးပြုနည်း
=======================
Advanced Excel ရဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ "Sumif Function" သုံးနည်းလေးကို Icon Computer Training Center မှ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်..
Sumif ကို Data အမျိုးမျိုးထည့်ထားတဲ့ Cell Range ထဲကနေ ကိုယ်လိုချင်တဲ့ Data ရဲ့ Total Amount ကို သိချင်ရင်သုံးတဲ့ Formula ပဲဖြစ်ပါတယ်..
ဒီ function လေးကို လူတစ်ဦးချင်းစီရဲ့အရောင်းအားတွေ တွက်လို့ရတဲ့အပြင် စာရင်းပိုင်းမှာဆိုရင်လည်း Income & Expense မှာ Expense (eg.Fixed Asset, Office supplies, General Expense,…)
တခုချင်းစီရဲ့ တန်ဖိုးကို တွက်တဲ့အခါမျိုးမှာ အသုံး၀င်တဲ့ formula လေးပဲဖြစ်ပါတယ်။
နားလည်လွယ်အောင် ပုံအောက်မှာ စာလေးတွေထည့်ပေးထားပြီးရှင်းပြပေးထားတာကြောင့် ဆုံးအောင်ကြည့်ပေးကြပါနော်....🤩🤩
10/07/2023
Email & Gmail ကတူတူပဲလား ????
*****************************************
Email ဆိုတာ
*************
Email ဆိုတာက Electric Mail လို့ခေါ်ပါတယ် Internet ပေါ်မှာအသုံးပြုနေသော Mail အားလုံးက Email တွေပါပဲ
ဥပမာအနေနဲ့ က [email protected] ဟာ Email ပဲဖြစ်ပါတယ်.
Email သင်္ကေတအနေနဲ့ကတော့ @ ပဲဖြစ်ပါတယ် At sign လို့ခေါ်ပါတယ်
Gmail ဆိုတာ
*************
Gmail ကိုတော့ အပြည့်အစုံ Google Webmail လို့ခေါ်ပါတယ် Google ကထုတ်လုပ်တဲ့ Product တစ်မျိုးပဲဖြစ်ပါတယ်
Google Account ဖွင့်တဲ့ အခါမှာ ဥပမာအနေနဲ့ [email protected] ဆိုပြီးဖွင့်ခဲ့တယ်ဆိုရင် [email protected] ဟာ Google Account ပဲဖြစ်ပါတယ်.
Google Account ဖွင့်ပြီးသွားရင်တော့ သင်ဟာ Gmail Account လည်းရပြီပဲဖြစ်ပါတယ် [email protected] ဟာလည်း Gmail Address ပဲဖြစ်ပါတယ်
Google Account ထဲမှာ Gmail ဟာ Google Service တစ်ခုအနေနဲ့ ပါဝင်နေတယ်ဆိုတာ ပါပဲ
Google Account
*************
Google Account ဖွင့်ထားခဲ့မယ်ဆိုရင် သင်ဟာ Google Services တွေကို အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်
ဥပမာ Gmail, YouTube , Google Drive, Google Photo, Google Map စသဖြင့် အများကြီးရှိပါတယ်
Google Services တွေအကုန်လုံးကို Google Account ရှိတာနဲ့ အသုံးပြုလို့ရတာပဲဖြစ်ပါတယ်..
Google Account တစ်ခုကို Phone number တစ်ခုရှိယုံနဲ့ဖွင့်လို့ရတာဖြစ်ပြီး
15Gb အထိအလကားပေးသုံးထားပါတယ် အာ့ထက်ပိုတဲ့ Storage ကိုလိုချင်ရင်တော့ ထပ်ဝယ်သုံးရမှာပဲဖြစ်ပါတယ်.
Email နဲ့ Gmail ဟာတူလားဆိုရင်တော့
*************
Google ကထုတ်တဲ့ mail ကို Gmail လို့ခေါ်ကြပါတယ်
Email လို့ဆိုလိုက်တာနဲ့ Mail အားလုံးကို ဆိုလိုခြင်းပဲဖြစ်ပါတယ်..
Gmail ဟာလည်း Mail အမျိုးအစားထဲပါဝင်တာကြောင့် Email ပဲဖြစ်ပါတယ်...
ဒါကြောင့် သင့်မှာ Email ရှိလားလို့ မေးလာခဲ့ရင် သင်ဟာ Email တော့ မရှိဘူး Gmail ပဲရှိတယ်လို့ ဖြေမဲ့အစား
သင့်မှာရှိတဲ့ Mail Address ကိုပြောပြပေးလိုက်ပါ.....
25/06/2023
Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် ဘယ်အရာက အရေးပါဆုံးလဲ??????
💻Computer တွေဖြစ်တဲ့ Laptop တွေမှာလည်း ရုံးသုံး | ကျောင်းသုံး| လုပ်ငန်းသုံး| Designသုံး| Gaming သုံး စတဲ့ ပုံစံအမျိုးမျိုး Brand
အမျိူးမျိူးနဲ့ လူတွေဆီကို ရောင်းချပေးနေတာပဲဖြစ်ပါတယ်
ဒါကြောင့် Laptop တစ်လုံးစဝယ်တော့မယ်ဆိုရင် ??
💻ပထမဆုံးအနေနဲ့ သိရမှာက ၀ယ်ပြိးရင် ဘာတွေကို သုံးမလဲဆိုတာ အရင် သိဖို့ လိုပါတယ်
**ဥပမာ - Office သုံးတွေဖြစ်တဲ့ word, excel, power point, internet & email စတဲ့ Daily Use လောက်ကိုပဲသုံးမယ် Youtube, Chrome တို့ကိုပဲသုံးမယ်ဆိုရင်
CPU (i3 or i5), Memory/ RAM(4 Gb or 8 Gb), Storage ကို လည်းနဲနဲလား များများလား ကိုသုံးချင်တဲ့ အပေါ်မူတည်ပြီးတော့ တွက်ချက်ဝယ်ယူသင့်ပါတယ်..
**💻တကယ်လို့ Design တွေဆွဲမယ် Gaming တွေဘက်သုံးမယ် ဆိုရင် သူတို့အတွက် ထုတ်ထားတဲ့ Gameing Laptop တွေဆိုပြီး Performance ကောင်းကောင်းနဲ့ လာတဲ့ စက်တွေကို ရွေးချယ်သင့်ပါတယ်
အကြမ်းဖျင်းအနေနဲ့ CPU (i5, i7), Memory/ RAM(8 Gb or more), Storage ကိုတော့ HDD/ SSD M2 နှစ်ခုလုံးတွဲသုံးတာမျိုးလုပ်သင့်ပါတယ်..
💻အပေါ်က ပြောပြခဲ့တဲ့ CPU, Memory/ RAM, Storage တွေဟာ Laptop တစ်လုံးမှာ အရေးကြီးဆုံး အနေနဲ့ ပါဝင်တဲ့ Specifications တွေပဲဖြစ်ပါတယ်
💻Brand တွေဖြစ်တဲ့ Lenovo, HP, Dell, Asus စတာတွေကို တစ်ခုနဲ့ တစ်ခု နှိုင်းယှဥ်နေမဲ့ အစား Brand တွေထဲမှာပါတဲ့ Specifications ဘာတွေသုံးထားလဲဆိုတာကို
နှိုင်းယှဥ်တာက ပိုမှန်ကန်တဲ့ အဖြေတစ်ခုပဲဖြစ်ပါတယ်
💻ဒီလို တွက်ချက်ဝယ်ယူခြင်းအားဖြင့် သင့် ရဲ့ ငွေပမာဏ ကိုလည်း သက်သာစေတာပဲဖြစ်ပါတယ်..
🥰🥰ကဲ.. ဒါဆို.....Laptop တစ်လုံးဝယ်မယ်ဆိုရင် ကိုနဲ့ ကိုက်ညီမဲ့ Specifications အကြမ်းဖျင်းကို ဘယ်လိုတွက်ရမလဲ နားလည်လာပြီဆိုရင်တော့
(No.1) Brand ကို အရင်ရွေးသင့်လား
(No.2) Specifications ကို အရင်တွက်ချက်သင့်လား ဆိုတာကိုတော့ အောက်မှာဖြေသွားပေးခဲ့ပါဦးနော်
Icon Computer Training Center
19/06/2023
computer စက်လေးနေခြင်း စက်နှေးနေခြင်းများဖြစ်နေပါက အောက်ကနည်းအတိုင်းလုပ်ဆောင်ပေးပါ
💻1(recent) - ပထမဦးဆုံးအနေနဲ့ Keyboard မှာ Windows + R ကိုတွဲပြီး နှိပ်ပါ
run box လေးပေါလာပါလိမ့်မယ် ပေါ်လာတဲ့ Run Box ထဲမှာ recent ဆိုပြီး ရိုက်လိုက်ပြီးရင် ok ဆိုတာလေးကို နှိပ်ပေးပါ
ပေါ်လာတဲ့ file တွေအားလုံးကို ctrl + A ဆိုပြီး အားလုံးကို select မှတ်ပြီး shift + delete ကိုနှိပ်ပေးပါ
💻2 (temp) ဒုတိယတစ်ခုအနေနဲ့ windows + R ကိုပဲထပ်နှိပ်ပြီး run box ထပ်ခေါ်ပါမယ်
အထဲမှာတော့ temp ဆိုပြီး စာလေးရိုက်ပြီးရင် ok သို့မဟုတ် enter ကြိုက်တာနှိပ်ပါ ပေါလာတဲ့ file တွေအားလုံးကို ခုနကလိုမျိူးပဲ
ctrl + A ကိုပေါင်းနှိပ်ပြီး select မှတ်ပါ
အားလုံးကို မှတ်ပြီးရင်တော့ shift + delete နဲ့ အကုန်သာလုပ်လိုက်ပါ
💻3 (prefetch) နောက်တစ်ဆင့်အနေနဲ့ ခုနကလိုပဲ Run Box ထပ်ခေါ်ပါမယ် ဒိတစ်ခါကျရင် အထဲမှာ prefetch ဆိုပြီးနှိပ်ပေးရပါမယ်
ပြိးရင် ခုနကလိုပဲ အကုန်လုံးကို select လုပ်ပြီး delete လုပ်ပေးဖို့လိုပါတယ်
💻4 (Optimize) နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ Windows C ဆိုတဲ့ Partition လေးလို ပုံမှာပြထားသလိုမျိုး right click နှိပ်လိုက်ပါ ပြိးသွားရင် properties ကိုဆက်သွားပါ
နှိပ်ပြီးရင် Tools ဆိုတာလေးကိုရွေးပြီး အောက်က Optimize ကိုနှိပ်ပေးလိုက်ပါက နော်ထပ် Box တစ်ခု ကျလာပြီးရင် Optimize ကိုပဲ ထပ်ရွေးပေးလိုက်ပါ
*note - recent/temp/prefetch/ နဲ့ file တွေဖျက်တဲ့အခါမှာ တချို့ file တွေက မပျက်ပဲ ကျန်နေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ် အာ့လိုမျိုးပေါ်လာရင်တော့ skip နဲ့ ကျော်သွားလို့ရပါတယ်
optimizeလုပ်တဲ့အခါမှာ သတိထားရမှာက SSD သုံးထားတဲ့ computer တွေဆိုရင် Optimize ကို တစ်လနေမှ တစ်ခါလောက်သုံး လုပ်သင့်ပါတယ်
Hard Disk ပေါ်မှာ windows တင်သုံးတဲ့ စက်တွေကတော့ တစ်ပတ်တစ်ခါသို့မဟုတ် နှစ်ပတ်တစ်ခါလောက် အဆင်ပြေသလို လုပ်ပေးနိုင်ပါတယ်
Icon Computer Training Center
13/06/2023
💻💻Icon Computer Training Center မှ Computer Basic + iOffice အတန်းပြီးဆုံးသွားသော
သင်တန်းသူ/သား များကို ပေးအပ်တဲ့ Certificate နမူနာလေးဖြစ်ပါတယ်..🥰
💻💻Computer Basic + iOffice အတန်းများကိုလည်း သင်တန်းတွင် လူကိုယ်တိုင်လာရောက်၍စုံစမ်းနိုင်သလို
Page Messenger/ phone call များကိုလည်း ဆက်သွယ်နိုင်ပါတယ်နော်..
💻💻Call Now - 09 783318894, 09 967641145
05/06/2023
windows ဆိုတာဘာလဲ????
+++++++++++++++++++++++++++
Computer အသုံးပြုသူတိုင်း (သို့) Computer စလေ့လာမည့်သူများပဲဖြစ်စေ Windows ဆိုတဲ့ စကားလုံးတွေကို ရင်းနှီးကြပါတယ်
Windows ဆိုတာ Operating System တစ်ခုပါ (OS) လို့လဲအတိုကောက် သုံးကြပါတယ်
Operating System တွေကတော့ အမျိုးမျိူးရှိကြပါတယ်
ဥပမာ - andriod os, mac os , linux os, windows os စတဲ့ OS တွေအများကြီးရှိကြပါတယ်...
windows OS နဲ့ MAC OS ကိုတော့ Computer တွေမှာ အများဆုံးအသုံးပြုကြတာများပါတယ်
MAC OS (Computer) ကိုတော့ Apple Company ကပိုင်တာပဲဖြစ်ပါတယ် Apple ထုတ်တဲ့ iphone တွေကတော့ ios ပဲဖြစ်ပါတယ်
windows OS ကိုတော့ Microsoft company ကပိုင်တာဖြစ်တဲ့ တိတိကျကျ သုံးနှုန်းရမယ်ဆိုရင် Microsoft Windows OS ပဲဖြစ်ပါတယ်
Computer Basic စသင်မည့်သူအနေနဲ့ကတော့ Windows OS ပဲဖြစ်စေ MAC OS ပဲဖြစ်ဖြစ် စတင်သင်ကြားလို့ရတာပဲဖြစ်ပါတယ်
ရုံးသုံး software တွေဖြစ်တဲ့ word, excel, power point, outlook စတာတွေကတော့ Microsoft ကထုတ်တာဖြစ်လို့ သူတို့ကိုတော့ Microsoft Office လို့ခေါ်ပါတယ်
ဒါဆိုရင် Microsoft ကထုတ်တဲ့ Windows OS နှင့် Microsoft Office တို့ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးများတဲ့ product တွေပဲဖြစ်တယ်ဆိုတာ နားလည်မယ်လို့ထင်ပါတယ်
ဒါကြောင့် computer basic ကို စတင်လေ့လာရာမှာ Microsoft ကထုတ်တဲ့ Microsoft Windows နဲ့ Microsoft Office တို့ကို ပေါင်းပြီး သင်ကြားရတာပဲဖြစ်ပါတယ်
Icon Computer Training Center
04/06/2023
computer basic + iOffice ဆိုတာဘာလဲ
++++++++++++++++++++++++++++++++
အခုမှ စလေ့လာမည့်သူတွေအတွက် Computer Basic ဆိုတာကတော့ Computer တစ်လုံးမှာ အလုပ်လုပ်တဲ့ သဘောတရားတွေကို လေ့လာတဲ့ သင်ခန်းစာများဖြစ်ပါတယ်
**ပထမဆုံးအချက်အနေနဲ့ computer မှာ တပ်ဆင်ထားတဲ့ hardware အပိုင်း တွေအလုပ်လုပ်ပုံကို သင်ကြားတဲ့ အပိုင်းပဲဖြစ်ပါတယ်
**ဒုတိယအချက်အနေနဲ့ကတော့ computer မှာ ရှိတဲ့ software အကြောင်းနဲ့ windows system အကြောင်းတွေကို သင်ကြားပို့ချပေးတာဖြစ်ပါတယ်
ဒီနှစ်ခုကို နားလည်သွားတာနဲ့ နောက်တစ်ဆင့်အနေနဲ့ Office အပိုင်းဖြစ်တဲ့ ရုံးတွင်းအသုံးပြုသော word, excel, power point တွေကိုစနစ်တကျ သင်ကြားပေးတာပဲဖြစ်ပါတယ်
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ Internet & Email အသုံးပြုနည်းကို လုပ်ငန်းခွင်ပြန်လည်အသုံးချစေရန် သို့မဟုတ် computer ကို ကျွမ်းကျင်စွာအသုံးပြုနိုင်လေ့ကျင့်သင်ကြားပေးတာပဲဖြစ်ပါတယ်
computer basic + ioffice သင်ခန်းစာများကို Icon Computer Training Center တွင် သင်ကြားနိုင်ပြီပဲဖြစ်ပါတယ်
05/01/2023
Computer လက်ကွက်တွေကို မြန်အောင်ဘယ်လိုရိုက်မလဲ
=====================================
English, Myanmar လက်ကွက်တွေကိုကတော့ ဒိနေ့လိုခေတ်မျိုးမှာက မြန်နေတာဟာ အကောင်းဆုံးပါပဲ ဘာလို့လဲဆိုတော့ လက်ကွက်မြန်တယ်ဆိုရင်တောင်မှ COMPUTER မှာ BASIC အဆင့်ပဲရှိသေးတယ်ဆိုတာအားလုံးအသိပဲ မဟုတ်လား
ဒါကြောင့်ဘယ်လို မြန်အောင်ရိုက်ရမလဲပြောပြပေးမယ်နော်
SOFTWARE သုံးပါ
ENGLISH, Myanmar လက်ကွက်အတွက်က SOFTWARE ပေါင်းများစွာရှိပါတယ် SOFTWARE နဲ့ခနခန လေ့ကျင့်တာမျိုးလုပ်ပေးပါ
ကို့ရဲ့ typing speed ကို အမြဲမှတ်ထားပါ ဒါမှသာကို့ရဲ့လက်ကွက်တိုးတက်လာတာကို သိရမှာဖြစ်ပါတယ်
INTERNET AND SOCIAL ကို ဖုန်းအစား COMPUTER မှာသုံးပါ
သူငယ်ချင်းတွေနဲ့ စာပို့တာ ပဲဖြစ်ဖြစ် social မှာ တစ်ခုခု သိချင်လို့ပဲဖြစ်ဖြစ် computer ကိုဖုန်းလိုမျိုး စာရိုက်ကြည့်ပါ (software နဲ့ ရိုက်ရတာပျင်းလာနိုင်ပါတယ် အာ့လိုဖြစ်လာပြီဆိုရင် viber, messenger, တို့လို လူသုံးများတဲ့ app တွေမှာ စာပို့ကြည့်ပါ ပြောပါများရင် Myanmar , English typing မြန်လာပါလိမ့်မယ်)
နည်းစနစ်တကျ ရိုက်တတ်ဖို့ ကို ဦးစားပေးပြီးလေ့ကျင်ပါ
တော်တော်များများက သူများတွေ လက်ကွက်မြန်သလို လိုက်ရိုက်ကြပြီး စနစ်တကျမဖြစ်တာမျိုးတွေအများကြီးရှိကြပါတယ် ဒိလိုမျိုးဖြစ်သွားရင်တော့ ပြန်လေ့ကျင့်ဖို့ အချိန်ထပ်ပေးနေရမှာပဲဖြစ်ပါတယ် ဒါကြောင့် စလေ့ကျင့်မဲ့သူတွေအတွက်တော့ မလောပဲ ဖြည်းဖြည်းချင်းသာ လေ့ကျင့်ဖို့ အကြံပေးလိုပါတယ်နော်
25/12/2022
Merry Christmas ညချမ်းလေးမှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ Icon Computer Training Center မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်
အားလုံးပဲ Merry Christmas ပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (74/82), HteeTan Housing, Kyee Myindaing Kanner Road
Yangon
11181