ABC Car Rental & Transportation

ABC Car Rental & Transportation

Share

☎️ 09 - 4 4000 95 45...🙏

Photos from ABC Car Rental & Transportation's post 28/09/2021

🚘 ကား တင်သွင်းခွင့်​​တွေပိတ်​ပြီ​လေ...

Photos from ABC Car Rental & Transportation's post 28/09/2021

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
သွားရောက် ဖူးမြော် ကြည်ညိုလိုသူများအတွက်...
လမ်းညွှန်ပါရှင့်​...🙏

ရန်ကုန် မှ မနက်အစော ၄ နာရီခွဲခန့်
စထွက်လာသင့်ပါတယ်​...

မန္တလေးသို့ မရောက်မီ
စစ်ကိုင်းအမရပူရ အဝိုင်းလမ်းခွဲ မှ
စစ်ကိုင်းဘက်သို့ သွားရပါမယ်​...

စစ်ကိုင်းတံတားကျော်ပြီး
မြို့ဝင်ကြေး လမ်းကြေးပေးဆောင်ပြီး
အဝိုင်းပတ်လမ်းအတိုင်းလာရင်
စစ်ကိုင်း မုံရွာ ရွှေဘိုကားလမ်းသို့အရောက်...
" မနောဖြူ "မြန်မာထမင်းဆိုင်"
(ရွာထောင်တွင်) ထမင်း
ဝင်စားသင့်​ပါတယ်​...
(လမ်းတလျှောက်ထမင်းဆိုင်များ
မဖွင့်ကြပါ)

စစ်ကိုင်းတိုင်း ၏
ညမထွက်ရအမိန့် 6:00 နာရီ ဖြစ်၍...
ညအိပ်တည်းခိုမည့်
နတ်တလူတောရစခန်းသို့
6:00 မထိုးခင် စောစီးစွာ
ရောက်ဖို့လိုပါတယ်​...

စစ်ကိုင်းမှတဆင့် ရွှေဘိုသို့
(72) မိုင်ခရီးရှိပါတယ်​...

ရွှေဘိုမြို့အဝင်မုဒ်ဦး လှမ်းမြင်ရချိန်... ရွှေဘိုမြို့တွင်းသို့မဝင်ဘဲ
ညာဘက် ရွှေဘိုမြို့ရှောင်လမ်းအတိုင်း မောင်းလာပြီး လမ်းဆုံးရင်
ညာဘက် ရွှေဘို ကျောက်မြောင်းလမ်းအတိုင်း အနည်းငယ်မောင်းလာလျှင်
ရွှေဘို~မြစ်ကြီးနားလမ်းဆုံသို့
ရောက်ပါမယ်​...

ရွှေဘို~မြစ်ကြီးနား လမ်းအတိုင်း
(25) မိုင်ခန့် မောင်းရပါတယ်​...

မိုးအရမ်းရွာလျှင် ဤလမ်းတလျှောက်
လမ်းရေကျော် သုံးနေရာခန့်ရှိနေ၍
အောက်ပိုင်းနိမ့် စလွန်းကားသေးများ
အဆင်မပြေနိုင်​ပါ...

ရေကြည်ဦး ရွာရောက်လျှင်
ထမင်းဆိုင်တန်းကလေးများအနီး
နတ်တလူသာသနာပြုစခမ်း
မုခ်ဦးကြီးဆီသို့ ရောက်ပါပြီ...

မန္တလေး~စစ်ကိုင်း~ရွှေဘို၂ နာရီ

ရွှေဘို~မြစ်ကြီးနားလမ်းအတိုင်း မိနစ် ၄၀ ခန့်

လမ်းဘယ်ဘက် မုဉ်ဦးကြီးမြင်ရင်
မြေလမ်း ၇ မိနစ်ခန့်ဝင်ရင်
မင်းဘိသိတ်ခံဘုရား
နတ်တလူတရားစခန်းသို့
ဦးတိုက်ရောက်ပါမယ်...

ရုံးကလူကြီးတွေ ခွင့်တိုင်ပါ
အဲဒီ မှာ ညအိပ်ရပါမယ်...
(အိပ်​ယာ ​စောင်​ ခြင်​​ထောင်​ ယူသွားသင့်​ပါတယ်​)

မုခ်ဦးအတိုင်း အတွင်းသို့ ဝင်ရာလမ်းသည်
မိုးသည်းထန်စွာရွာလျှင်
လမ်းအနိမ့်ပိုင်း သုံးနေရာခန့်
ရေကျော်နေသဖြင့် အောက်ပိုင်းနိမ့်သော
စလွန်းကားသေးများအဆင်မပြေနိုင်ပါ...

ဆရာတော်ဘုရားကြီး
တည်ထားကိုးကွယ်သော
မင်းဘိတ်သိတ်ခံဘုရားစေတီ လည်း ကျောင်းပရဝဏ်အတွင်းတည်ရှိပါတယ်​...

ဆရာတော်ဖူးဧည့်သည်များကို
ညစာထမင်း ဟင်းများဖြင့်
ကျွေးမွေးလှူဒါန်းပါတယ်​...

နံနက်စောစော
ဆရာတော်ဘုရားကြီး သီတင်းသုံးရာ
ဉေယျဓာမ်တောရသို့
နံနက် ၄ နာရီ လောက် ထပြီးသွားကြရပါမည်...

ညအိပ်တည်းခိုရာ
နတ်တလူတောရစခမ်းမှ
ဉေယျဓာမ်တောရ သို့
၄၅ မိနစ်လောက် ကားနဲ့
သွားရပါတယ်​...

နတ်တလူတောရမုခ်ဦးမှအထွက်
ဘယ်ဘက်သို့ (မြစ်ကြီးနားဘက်)
ရွှေဘို~မြစ်ကြီးနား လမ်းအတိုင်း
(၇) မိနစ်ခန့် ကားမောင်းလာရင်း
ဇီးကုန်း~မလယ်လမ်းဆုံ အထိ ရောက်ရင်​...

သကြားစက် (ဘယ်သို့) မလည်(ညာသို့) လမ်းဆုံ
ရောက်ပါမယ်...

မလည်လမ်းအတိုင်း...၂၀ မိနစ်ခန့် သွားပြီး
မြေမွန်
စကျင်ရွာတွေ ကျော်ပြီးရင်
ဈေးဆိုင်လေးတွေရှိတဲ့နေရာ
ညာဘက်ကို မြေလမ်းအကျယ်ကြီး
၇ မိနစ်ခန့် ချိုးဝင်လိုက်ရင်
ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသော... ဉေယျဓမ်တောရကျောင်းသို့ ရောက်ပါတယ်...ရှင့်

ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူ​သော
ဉေယျဓာမ်တောရကျောင်းတိုက်၏
ကျောင်းဝင်းတံခါးသည်
နံနက် (5/6)နာရီ မှဖွင့်ပါတယ်​...

ဆရာတော်ဘုရားကြီး
ကျောင်းဝင်းတံခါးဖွင့်ပြီး
ဆရာတော်ဖူးမည့်ဓမ္မမိတ်ဆွေများ
အမျိုးသား/အမျိုးသမီးသပ်သပ်
သတ်မှတ်နေရာများတွင်နေရာယူ
ဆိတ်​ငြိမ်စွာစောင့်စားနေကြရမည်...

သင်္ကန်း ဆေး သစ်သီး မုန့် အချိုရည်များကို
မိမိလက်တွင်း၌သာ...
ဆရာတော်အားရည်မှန်း ကပ်လှူပူဇော်ပြီး
ဆရာတော်ဘုရားကြီး ပြန်ကြွသွားသည့်အချိန်မှ ဆရာတော်ဓာတ်ပုံထားရှိပူဇော်ရာ ကျောင်းခန်းအတွင်းသို့
သွားရောက်ကပ်လှူရမည်ဖြစ်ပါတယ်​...

ဆရာတော်ဘုရားကြီးအား
မည်သည့်လှူဖွယ်ပစ္စည်းမှ တိုက်ရိုက်လှူဒါန်းခွင့်မရှိပါ

ဉေယျဓာမ်တောရ တွင်
အထူးသဖြင့် ဝတ္ထုငွေလှူဒါန်းမှုကို
လက်မခံပါ...

ဆရာတော်ဘုရားကြီး၏ ဝေယျာဝစ္စအကျိုးတော်ဆောင်များကိုပင် တားမြစ်ထားပါသည် ။

မန္တလေး~ရွှေဘို 72မိုင်
ရွှေဘို~ဇီးကုန်း(မလယ်လမ်းဆုံ) 26မိုင်

Google Maps
https://www.google.com/maps/place/22.916029,+95.656170/@22.9159336,95.6560281,18z/data=!3m1!1e3

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်လိုသူများ အတွက်
ဆောင်ရန် ရှောင်ရန်များ...

ဆောင်ရန်

နံနက် 7 နာရီတိတိ ဆရာတော်ကြီး ဆွမ်းခံကြွပါမည်...
(မိမိဆွမ်း ဆရာတော်ကြီးအား ဆက်ကပ်လိုပါက စောစောလာပါ)

ကျောင်းတံခါး နံနက် 5 နာရီနှင့်
6 နာရီကြား ဖွင့်ပေးပါသည်...
(မိုးရွာလျှင် 6နာရီ နောက်ပိုင်း)

မိုးရွာနိုင်သဖြင့် အဝတ်အစား
အပိုတစ်စုံယူဆောင်လာခဲ့ရန်...
(အဝတ်စားလဲရန် အမျိုးသားရေချိုးခြံ
အမျိုးသမီး ရေချိုးခြံများရှိပါသည်)

တောရကျောင်းတွင် ဆရာတော်ကြီးမှ
ပြန်စွန့်သည့် မုန့်များဖြင့်
ကျွေးမွေးဧည့်ခံသည့် အစီအစဉ်ရှိသလို၊
မိမိအစီအစဉ်ဖြင့် စားစရာများ
ယူဆောင်လာပါက ကိုးခန်းဇရပ်
(တောင်ရကျောင်းရှေ့တွင်ရှိ)၊
ရွှေဗိမာန် (မြေနီလမ်းအဝင်
မုန့်ဆိုင်တန်း အနီးတွင်ရှိ) တို့တွင်
စားသုံးနိုင်ပါသည်...

ရှောင်ရန်

ဆရာတော်ကြီးသည် ကင်မရာများ၊ ဖုန်းများ ဖြင့် ရိုက်ခြင်းကို ရှောင်ရန် မိန့်ကြားတော်မူခဲ့သည်...

ဆရာတော်ကြီး ဆွမ်းခံစဉ် မတ်တပ်ရပ်ခြင်း၊ ထီးဆောင်းထားခြင်း၊ ဦးထုပ်မချွတ်ခြင်း စသည့် အဂါဝရလုပ်ရပ်များအား ရှောင်ကြဉ်ရန်...

ဆရာတော်ကြီးသည် စိတ်ငြိမ်ခြင်း၊ အေးချမ်းခြင်းကို အထူးနှစ်သက်၍ စကားကျယ်လောင်စွာ ပြောခြင်းများကို ရှောင်ကြဉ်ရန်...

ဉေယျဓမ်တောရတွင် သာသနာတော်(ရဟန်းတော်)နှင့် မအပ်စပ်သည့် အနာမာသအကပ္ပိယဝတ္တုများ၊ ငွေကြေးများ လုံးဝ(လုံးဝ) လက်မခံပါ...

ကားဆရာများ ကားဟွန်းတီးခြင်း ရှောင်ကြဉ်ရန်၊ ကားလမ်းပေါ်ပိတ်မရပ်ရန်၊ ကားကွင်းအတွင် စနစ်တကျ ပါကင်ထိုးရန်၊ အချင်းချင်း ရိုင်းပင်းကူညီကြရန်...

ဆရာတော်ကြီး၏ ကျောင်းနေ တပည့်သာဝကကြီးများ၏ စီမံမှူများကို လေးစားလိုက်နာကြရန်​...

ကားအဌားလိုအပ်​ပါက...
ကျွန်​မတို့ ✨ABC တွင်​ စိတ်​ချ ယုံကြည်​စွာ ဌားရမ်း အသုံးပြုနိုင်​ပါတယ်​ရှင့်​...🙏

☎ 09 - 4 4000 95 45

Photos from ABC Car Rental & Transportation's post 27/09/2021

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ကို
သွား​ရောက်​ ဖူး​မျှော်​ချင်သူများအတွက် လမ်းညွှန်...🙏

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

▪ရန်ကုန်မြို့ အမြန်လမ်း Toll Gate မှ စထွက်ချိန်
မနက်​ 7:00

▪မန္တ​လေး Toll Gate သို့ နေ့လည်​ 2:00 ​ရောက်​ရှိ...

▪မန္တ​လေးမြို့ထဲသို့ မဝင်ဘဲ...

စစ်ကိုင်းမြို့သို့ တန်းမောင်းကာ

စစ်ကိုင်း~မုံရွာလမ်းတိုင်း မိနစ် 20 လောက်မောင်းပြီး ရွှေဘို လမ်းခွဲတွင်​...ရွှေဘိုမြို့ သို့ထပ်မောင်းပါရှင့်​...

▪ရွှေဘိုမြို့ သို့ ည​နေ 4:00 ​ရောက်​ရှိ...

ရွှေဘို မြို့ထဲသို့မဝင်ဘဲ...

ရွှေဘိုမြို့ရှောင်လမ်း မှ သွားကာ

ရွှေဘို~မြစ်ကြီးနားလမ်းအတိုင်း ဆက်မောင်းပါရှင့်​...

▪1:30 နီးပါးလောက် ထပ်မောင်းပြီးရင် ရေကြည်အိုင်ရွာ ရောက်ပါပြီ...

☑ရေကြည်အိုင်ရွာ ရောက်​လျှင်​ မေးလို့ရပါပြီ...

▪ဆရာတော်ဘုရား ရဲ့ရိပ်သာလမ်း
ဘယ်ဘက် မုဒ်ဦးကနေ မြေနီလမ်းအတိုင်း
10 မိနစ်လောက် မောင်းရပါတယ်...

☑ရိပ်သာမှာဘဲညအိပ်ရမှာပါ...
(ကျောင်းထိုင်ဆရာတော်ကိုလျှောက်ပြီး တည်းလို့ ရပါတယ်...ရှင့်​)

🚨ညနေ 5:30 ​လောက်​ရောက်မှာဖြစ်လို့
ညနေစာ အတွက်တော့ အဆင်ပြေသလိုယူသွားကြပါ​နော်
(ဘာဆိုင်​မှမရှိပါဘူး)

🚨တောကျောင်းမှာ ညအိပ်ရမှာဖြစ်လို့ ခြင်ကိုက်ပါတယ်
(ခြင်ထောင်ယူသွားလို့ရပါတယ်​)

▪နောက်တရက်​ မနက် 4:30 ထပြီး
ဆရာတော်ရှိတဲ့နေရာဆက်သွားရပါမယ်...

☑ရိပ်သာကနေ တစ်နာရီလောက် ထပ်သွားရမှာပါ...

▪ရိပ်သာကနေ ရွှေဘို~မြစ်ကြီးနားလမ်းကိုပြန်ထွက်ပါ

▪မြစ်ကြီးနားဘက်ကို မိနစ် 30 လောက်မောင်းပြီး
လမ်းဆုံ တစ်ခုတွေ့လျှင်...ညာဘက်လမ်း သို့ ကွေ့ရပါမယ်ရှင့်​...
(ဘယ်ဘက်က သကြားစက်လမ်း)

✅ညာဘက်ကွေ့ပြီး မိနစ် 30 လောက်မောင်းရင် ရောက်ပါပြီ...ရှင့်

(လမ်းကောင်းပြီးအိမ်စီးကားလေးတွေသွားလို့ရပါတယ်)

🔴ဆရာတော် ကို မနက်​ 7:00 တွင်​ ဖူး​မျှော်​နိုင်​ပါတယ်​...

🔸ကြာချိန် 4 မိနစ်

🔹ကျောင်းတံခါးဖွင့်ချိန် 5:30

(စောစောသွားတာကနေရာဦးရလို့ပါ)

နယ်ခံရွာခံတွေက နေ့တိုင်း လာဖူးကြလို့ လူက​တော့
အရမ်းများပါတယ် ရှင့်​...🙏

🚗 ကားအဌား လိုအပ်​ပါက...ကျွန်​မတို့

A B C Transportation တွင်​ ဌားရမ်းနိုင်​ပါတယ်​ရှင့်​...

☎ 09 - 4 4000 95 45

22/09/2021

အနန္တကျေးဇူးတော်ရှင်...🙏

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား

သွား​ရောက်​ဖူးမျှော် ပြီးပြီလား...❓❓❓

📲 09 - 4 4000 95 45

Photos from ABC Car Rental & Transportation's post 14/09/2021

ₚₒₛₜ ᵢdₑₐ...Fₒᵣ Gᵢᵣₗₛ...💃

10/09/2021

တစ်​လမ်း​မောင်း အဖြစ်​ သတ်​မှတ်​ခြင်း...

🔘ကျွန်းတောလမ်းအား
ဟံသာဝတီ မှ ဝင် ဗားဂရာလမ်း မှ ထွက်

🔘ဗဟိုလမ်း (စမ်းချောင်းအပိုင်း) အား
ဗားဂရာလမ်း မှ ဝင် ဟံသာဝတီ သို့ ထွက်

တစ်​လမ်းမောင်းများအဖြစ် ပြောင်းလဲ သတ်မှတ် ထားပါတယ်​ ရှင့်​...🙏

Photos from ABC Car Rental & Transportation's post 06/09/2021

ကို ဒီလိုလုပ်​ပြီး...✨ABC Clients တွေကို
ဝန်​​ဆောင်​မှု ​ပေးလိုက်​ရရင်​ ဖြင့်​... ❓❓❓

Photos from ABC Car Rental & Transportation's post 01/09/2021

💬ဒီတသက်​ လူညီပြီး သွားဖြစ်​ပါ့ဦးမလား...😁

Photos from ABC Car Rental & Transportation's post 01/09/2021

💜မင်းနဲ့အတူ #ပုဂံ သွားရင်​ 📷 ရိုက်​မယ်​​...

Photos from ABC Car Rental & Transportation's post 31/08/2021

🌊သထုံမြို့ ရေတံခွန်​ #ရေပြာအိုင်

▪သထုံနဲ့ဆို 1 နာရီ 15 မိနစ်လောက်ဘဲသွားရတာပါ...

သိမ်ဆိပ် Dango ဆီဆိုင်လမ်းတည့်တည့်ဝင်သွားရမှာပါ ဆီဆိုင်ကနေ မင်းလွင်တောင်မရောက်ခင်လေးမှာ လမ်းခွဲလေးရှိတယ်…
လမ်းခွဲလေးတည့်တည့်ဝင်သွားရတာပါ...
လမ်းရဲ့ ဘယ်ဘက်မှာပါ
Dango ဆီဆိုင်ကနေ မင်းလွင်တောင်ကို မိနစ် ၃၀ လောက် မောင်းရပါတယ်… ရှင့်

လမ်းခွဲကနေ ၁၀ မိနစ် လောက်မောင်းရင် #ဖားပိန်ကျေးရွာကို ရောက်ပါတယ်
( ရွာအဝင်လေးမှာရေကူးလို့ရပါတယ်… )

ရွာကနေ ဆက်ဝင်သွားရင် ဖားပိတ်ကျေးရွာကို ကျော်လာပြီး #ကျောက်တောင်ရွာ ၊ #အင်းရွာ ကျော်လာပြီးဆိုရင် ......
အင်းရွာအကျော်လေးနားမှာ မြေနီလမ်းလေးကနေ
သဲလမ်းလေးကို ဆင်းခဲ့မယ်ဆိုရင်

ရေတံခွန်ကိုရောက်ပါပြီး ရှင့်​...🙏

ခရီးသွားမိဘပြည်​သူများအပန်း​ဖြေအနား​ဖြေယူရ​အောင်​ မှ မျှ​ဝေ​ပေးပါတာရှင့်​...

Photos from ABC Car Rental & Transportation's post 30/08/2021

✨ကြယ်​စင်​များ နဲ့

#ပုဂံ ရဲ့ အလှတရား...

▪Photos များကို Crd ​ပေးပါတယ်​ရှင့်​...🙏

19/08/2021

#ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက်လိုက်နာရမည့်အချက်များ

လတ်တလော COVID-19 အခြေအနေကြောင့် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာချက်အရ... ခရီးသွားမိဘပြည်သူများ အနေဖြင့် မြို့အလိုက် လိုက်နာရန် လိုအပ်သည့်အချက်များကို ဖော်ပြလိုက်ပါတယ်ရှင့်...🙏

➡️ ရန်ကုန် မှ မြစ်ကြီးနားသို့ သွားရောက်မည့် ခရီးသည်များသည်
• သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
• ရန်ကုန် Stay at Home မြို့နယ်များမှဖြစ်လျှင်၊ မြစ်ကြီးနား သို့ရောက်ရှိသည့်အခါ Quarantine ဝင်ရမည်ဖြစ်သည်။
• ရပ်ကွက်ထောက်ခံစာမတင်ပြနိုင်သော ခရီးသည်များသည်လည်း မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။

➡️ ရန်ကုန်မှ လွိုင်ကော်သို့ သွားရောက်မည့် ခရီးသည်များသည်
• လွိုင်ကော် သို့ရောက်ရှိသည့် အခါ မိမိစရိတ်ဖြင့် Quarantine (၁၀) ရက် ဝင်ရမည်ဖြစ်သည်။

➡️ ရန်ကုန်မှ ကျောက်ဖြူသို့ သွားရောက်မည့် ခရီးသည်များသည်
• သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
• ရန်ကုန် Stay at Home မြို့နယ်များမှဖြစ်လျှင်၊ ကျောက်ဖြူသို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။ မိမိအိမ်ရှိလျှင် အိမ်တွင် ၃ရက် Quarantine နေခွင့်ပြုမည်ဖြစ်သည်။ ၃ရက်ပြည့်လျှင် COVID-19 test ကို မိမိစရိတ်ဖြင့် စစ်ဆေးရမည်ဖြစ်သည်။

➡️ ရန်ကုန်မှ ခန္တီး သို့ သွားရောက်မည့် ခရီးသည်များသည်
• သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
• လေယာဉ်ထွက်ခွါမည့်အချိန်မတိုင်ခင် ၇၂ နာရီအတွင်းစစ်ထားသော RTD TEST (Negative Result) ပါရပါမည်။

➡️ မန္တလေး
• ခရီးသည်များအား မန္တလေးလေဆိပ် တွင် အပူချိန်တိုင်းတာစစ်ဆေးပါမည်။

➡️ ပူတာအို
• ရန်ကုန် နှင့် မန္တလေး ရှိ Stay at Home မြို့နယ်များမှ ခရီးသည်များ အား ပူတာအိုသို့ ဝင်ခွင့် ယာယီ ပိတ်ထားပါသည်။

➡️ ရန်ကုန်
• မြစ်ကြီးနား၊ ပူတာအို ၊ဗန်းမော် နှင့် ဟုမ္မလင်း, မန္တလေးမြို့များမှ ခရီးသည်များ အား ရန်ကုန် သို့ ဝင်ခွင့် ယာယီ ပိတ်ထားပါသည်။

➡️ မြစ်ကြီးနား
• မြစ်ကြီးနားမှ ထွက်ခွါမည့် ခရီးသည်များသည် ထွက်ခွါမည့်ရက် မတိုင်ခင် တစ်ရက်ကြိုတင်၍ COVID-19 test စစ်ဆေးထားရပါမည်။

➡️ မကွေး
• မကွေးမှ ထွက်ခွါမည့် ခရီးသည်များသည် ကြိုတင်၍ COVID-19 test စစ်ဆေးထားရပါမည်...

အခြားသိရှိလိုသည်​များကို...ABC Call Center

☎ 09 - 4 4000 95 45 သို့ဆက်​သွယ်​စုံစမ်း​မေးမြန်းနိုင်​ပါတယ်​ရှင့်​...

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


52st
Yangon