Emerald May
Motivation & Education
19/05/2026
အရာအားလုံး ခေတ္တခဏ ရပ်ထားထားပေးပါ
ကျမ နဲ့ မောင့်ရဲ့ ရပ်ဝန်းလေး အသက်ဝင်ဖို့
မောင့် ရဲ့ ပုခုံးနားလေး အသာမှီရင်း
လေသံတိုးတိုးလေးနဲ့ဘဲ
လွမ်းလိုက်တာမောင်ရယ် လို့
ပြောချင်ယုံလေးပါ
ရပြီ
အရာအားလုံးပုံးမှန်အတိုင်းပြန်လည်ပတ်လို့ရပါပြီ…
09/05/2026
ညက မိုးတွေရွာထားတာရယ်
မနက်စောစော ကံ့ကော်နံ့လေး ပန်းအိုးထိုးပြီး
Coffee တခွက်နဲ့ ဒန်းလေးစီးရင်း
မျက်လုံးလေးမှိတ် ဌက်သံလေးတွေနဲ့
လှပတဲ့မနက်ခင်းတခု
အတွေးထဲမှာ လှပစေခဲ့တဲ့အချိန်တွေပြန်တွေးရင်း
ကျေနပ်စွားပြုံးမိနေပါတယ်
08/05/2026
အရာရာတွက်ကျေနပ်ကျေးဇူးတင်ပါတယ်
နွေရယ် ကံ့ကော်ရယ် ……
ခဏတာဆိုပေမယ့်
ရင်ထဲတော့ရောက်ခဲ့တာဘဲလေ
ရောက်ဘူးခဲ့တာဘဲ
မျော်လင့်ရှင်သန်ရမှာပေါ့
မျော်လင့်ရှင်သန်ခြင်းတွေပျောက်ဆုံးသွားခဲ့ရင်တောင်
အပြစ်မတင်ရက်ဘဲ
ရခဲ့ဘူးတဲ့ သိမ်မွေ့တဲ့ ဒီချစ်ခြင်းတွေ
ဘယ်အရာကမှဖျတ်ဆီးလို့မရတာ
ရင်ထဲထာဝရရှိနေမှာ
ခိုင်မာသေချာပါရဲ့
အလွမ်းခရီးတွေကတော့အခုမှ စတင်ပါပြီ မောင်……
သိမ်မွေ့နူညံ့မူတွေနဲ့ရရှိခဲ့တဲ့အချစ်
သိမ်မွေ့နူးညံ့စွာဘဲ တဖြည်းဖြည်းကွယ်ပျောက်ပေးပါ
လူတယောက်ဘဝမှာ ချစ်ခြင်းမေတ္တာကို ရရှိတဲ့သူတယောက် ဘဝတလျောက်လုံးအေးမြစေတယ်
ကိုယ်ပေးလိုက်တဲ့ချစ်ခြင်း
တွေးမိလိုက်တိုင်း
ကိုယ့်အပေါ်သူကဘယ်လောက်ချစ်ကြောင်း ဘယ်လောက်ဂရုစိုက်ကြောင်း
ဘယ်လောက်အေးအေးချမ်းချမ်းလေးရှိစေချင်ကြောင်းတွေ
တွေးပြီး ပြုံးရင်း
လက်တွေ့ဘဝကိုရင်ဆိုင်ဖို့ အားအင်တွေရစေတယ်
ပျော်ရွှင်နေပါစေ ဆိုတာ မင်းနဲ့ဝေးတဲ့အရပ်မှာမဖြစ်နိုင်ပါဘူး
အဆင်ပြေပါစေဖို့ ဆိုတာတော့ ကျမဖန်တီးတည်ဆောက်နေမှာပါ
နွေးထွေးစွာ သူလက်ကလေးထဲကျမလက်ကလေးဆုပ်ကိုင်လိုက်တဲ့အချိန် ကြည်နူးလိုက်ရတာ
နာကျင်မူတွေအတွက်အမြဲအနွေးဓါတ်လေးပေးတဲ့ လက်ကလေး ကြည်နူးလိုက်ရတာ
ရှိနေပါလိမ့်မယ် တောင့်တမူတွေထဲမှာ
ဆက်သွားလို့မရတဲ့ ခြေလှမ်းတွေအတွက်
ရပ်တန့်လိုက်ရတဲ့ အခိုက်အတန့်တခု
ရပ်တန့်နေတာ နောက်ပြန်မလှည့်ဘဲ စောင့်နေတာပါ……
အလွမ်းတွေ တဲ့လား
ရေးချဖို့ စာလုံးတွေ
အတိအကျပျောက်ဆုံးသွားပါရဲ့
ကျမ ရဲ့ နောက်ဆုံးမျော်လင့်ချက်လေးက မင်းပါ
မင်းဘဝလေးသာယာပါစေ
ပြည့်စုံပါစေ
တွေ့ဆုံခွင့်တွေအတွက် ကျေးဇူးပါ
နီးစပ်မူတွေရဲ့ တဖက်က ဝေးကွာခြင်းတွေပါ
တဖြည်းဖြည်း ဝေးကွာသွားကြမယ်ထင်ပါရဲ့
ကျမ အပင်လေးတွေကိုချစ်တယ်
ကျမကြိုက်တဲ့ကံ့ကော်အပင်အဖူးတွေဝယ်ပြီး
ပြုစုရတဲ့ခံစားချက် နဲ့
အပင်လေးရဲ့မျိုးစေ့လေးကိုယ်တိုင်ပျိုးပြီး
ဂရုစိုက် ရေလောင်း ပြီးရှင်သန်ဖို့ကြိုးစားရတယ်
အရွက်တွေအလက်တွေနဲ့ပြည့်စုံစွာရှင်သန်ဖို့
မျော်လင့်ချက်ထားရတယ်
ကိုယ်စိုက်တဲ့အပင်လေးကြီးထွားရှင်သန်လာလို့
ကိုယ်မမြင်ရတော့တာလည်းဖြစ်နိုင်တာဘဲ
အပင်လေးကတော့ရှင်သန်ပေးပါ
မျော်လင့်ချက်တွေမပါတဲ့ ချစ်ခြင်းတွေမို့
Click here to claim your Sponsored Listing.
Category
Website
Address
Yangon