Triple-K
Camera, Audio and Video Accessories Store in Myanmar
ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်
ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစု
ဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစု
အချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးကလျော့ကျလာမှာပါ
ကုန်စျေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲ
မိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီ
ကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ်
ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီ
သီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူး
တန်ဖိုးတွေလဲလျော့ကျသွားပါပြီ
မိတ်ဆွေတို့ ကလေးနောင်ရေးအတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်စျေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို
ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ်ထင်ပါသလား?
အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ
ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ်
ဒါမှသာ တိုးပွားမှုရှိလာနိုင်မှာပါ
ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါတွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်
ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူချမ်းသာဖို့အတွက် သုံးတာပါ
၁.လက်လီဝယ်ဖို့သုံးတာလား?
၂.လက်ကားဝယ်ဖို့သုံးတာလား?
ဘယ်လိုပဲသုံးသုံးပါ
၁.လက်လီဝယ်ဖို့သုံးမယ်ဆိုရင် လိုချင်တာလေးတွေရလို့
စိတ်ချမ်းသာပါမယ်
(ဖြုန်းတယ်လို့ မပြောလိုပါဘူး အနည်းဆုံးတော့လိုချင်တာရရင် စိတ်ချမ်းသာတတ်ကြသည်မဟုတ်လား)
၂.လက်ကားဝယ်ဖို့သုံးမယ်ဆိုရင် ဖောက်သည်ပေးလို့ရသလို ကိုယ်တိုင်လည်း လက်လီလက်ကားပြန်ရောင်းနိုင်လို့ လူချမ်းသာပါမယ် (ဒီလိုငွေသုံးခြင်းကတော့ ဦးနှောက်လေးပါတွဲသုံးတာမျိုးပါ)
သေချာပါတယ် ငွေသုံးခြင်းကသာ ကျနော်တို့ကို ချမ်းသာမှုတွေပေးတတ်တာပါ ကိုယ်ရောစိတ်ရော တခုမဟုတ်တခုကိုချမ်းသာစေတာပါပဲ
သူဌေးတွေကိုကြည့်လိုက်ပါ သူတို့တွေရဲ့ဝင်ငွေတွေဟာ ငွေသုံးခြင်းကနေ စီးဝင်နေတာပါ များများသုံးလေ များများဝင်လေပါပဲ ဒီလုပ်ငန်းတခုပြီး နောက်လုပ်ငန်းတစ်ခု စသဖြင့် ထပ်ကာထပ်ကာငွေကိုသုံးသုံးသွားကြတာပါ
ကဲ...ဒီတော့ နောင်၁၀နှစ်မှာ ဖြစ်လာနိုင်တာတွေကို ကြိုတွေးပြီး ငွေကိုစုမလား သုံးမလား ဆုံးဖြတ်ကြပေါ့။
#𝗖𝗿𝗲𝗱𝗶𝘁✍️👸
24/04/2022
"OTG ဆိုတာဘာလဲ…?
ဘယ်လို အသုံးဝင်တာလဲ....? "
••••••••••••••••••••••••••••••••••••••
တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီးစူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .
OTG
OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။
USB OTG Adapter
USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။
ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။
USB OTG Stick
USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။
OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလဲ 4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။
Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?
လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။
Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ စျေးပေါပေမယ့် ၊ iOS အတွက်ကတော့ စျေးကြီးပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။ ။
THWIN (Technology)
; Original
https://www.facebook.com/groups/itguidenlh/permalink/2058699937530884/
28/01/2022
Types of Cables and USB
ဗဟုသုတပေါ့။
crd: original uploader
24/01/2022
About Mobile Photography!
Credit
16/01/2021
Chromecast
-----–------------
ဆိုတာဘာလဲသိချင်တဲ့သူများအတွက်
ဆိုတာဖုန်းကscreenကိုTVမှာကြည့်လို့ရအောင်လုပ်ပေးနိုင်တဲ့ကြားခံစက်ပစ္စည်းတစ်ခုပါခင်ဗျာ
#ချိတ်ဆက်ပုံကတော့ Notification bar ကိုဆွဲချပြီး(သို့) Seetingထဲမှာ
*Mi Phone ဆိုရင်
*Oppo Phone ဆိုရင်
*Samsung Phone ဆိုရင်
*Vivo Phone ဆိုရင် (or)
*Huawei Phone ဆိုရင်
TV မှာပေါ်တဲ့စက် Modelကိုနှိပ်ပြီး အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်ခင်ဗျာ
*IOS / Android Os သုံးတဲ့သူတွေအတွက်အဆင်ပြေပြီး screen အပြည့် Full HD (1920*1080p) အထိကြည်လင်ပြတ်သားတဲ့ရုပ်ထွက်မျိုးနဲ့ကြည့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ
*Presentation ပြဖို့အတွက် Phone (သို့) Laptop ထဲမှ File ,Video , Photo တွေကို Projector ပေါ်မှာ ပြသနိုင်ပါတယ်ခင်ဗျာ
*Andriod Os 4.2နှင့်အထက်အတွက် Miracast,DLNA စနစ်နဲ့ သုံးလို့ရပါတယ်ခင်ဗျာ
*IOS V8.0နှင့်အထက် အတွက် Airplay ,Screen Mirroring စနစ်နဲ့ အသုံးပြုလို့ရပါတယ်ခင်ဗျာ
Price - 19000ks
Ph. - 09420097847
Address: အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ သီတာဦး မှတ်တိုင်အနီး၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
26/11/2020
Panasonic Lumix G DC-GF -10K
Price - 710,000 Ks
(official 1Year warranty)
ကင်မရာကိုအခုမှစသုံးချင်သူများနဲ့ပေါ့ပေ့ါပါးပါးသယ်ဆောင်သွားချင်ကြသူတွေအတွက် Pansonic GF-10K Mirrorless ကင်မရာက သင့်တော်တဲ့အမျိုးစားတခုပဲဖြစ်ပါတယ်။
• 16MP ရှိတာဖြစ်ပြီးထူးခြားတဲ့လုပ်ဆောင်ချက်တွေကတော့ အများကြီးပဲဖြစ်ပါတယ်။
• Image Sensor ကတော့Live Mos Sensor ကိုအသုံးပြုထားသလို Memory Card Slot တခုသာပါရှိပြီး Micro SDကဒ်ကို သုံးရ မှာဖြစ် ပါတယ်။
• LCD 3.0 inch Touch Screen အသုံးပြုလို့ရသလိုSelfei ရိုက်ချင်သူ တွေအတွက် Screen ကိုအပေါ်ဘက်သို့ဆွဲ တင်ပြီးရိုက်လို့ ရမှာ ဖြစ်ပါ တယ်။
• File Format ကို Raw,Raw+fine ကိုပေးထားသလို 4K photo ကို Wide Angle အဖြစ်ရရှိမှာဖြစ်ပါတယ်။ 4K Brust Mode အတွက် ၁ စက္ကန့်မှာ၁၅ပုံထိဆက်တိုက်ရိုက်လို့ရမှာဖြစ်ပါတယ်။
• Auto Focus 45 Pointပါရှိပြီး ISO 100-25600 ထိရိုက် လို့ရ မှာ ဖြစ် သလိုFilter Effectတွေလည်းပါဝင်ပါတယ်။
• Video Recording အတွက်လည်း4Kရိုက်လို့ရမှာဖြစ်ပါတယ်။Wi-Fi Function ပါဝင်တဲ့အတွက် မိမိတို့ဖုန်းထဲမှာ Panasonic Image App ကိုDownload လုပ်ပေးမယ်ဆိုရင် မိမိတို့ရိုက်ပြီးသား ပုံတွေကို ချက်ချင်းကူးယူနိုင်သလိုRemote control အဖြစ်လည်းအသုံး ပြုနိုင်ပါ တယ်။
• အလေးချိန်မှာ Body only ကို 0.53 ပေါင်သာရှိပါတယ်။
Product Highlights:
• 16MP Megapixels Live MOS Sensor
• LUMIX G VARIO 12-32mm / F3.5-5.6 ASPH./MEGA O.I.S.
• 4K 30p and 24p, 1080p60 video,
• High Speed AF of 0.07 seconds
• 3" touch LCD screen with 180 ံ
• “Wide Angle 4K Selphy” that allows you to take pictures
• Wireless System
အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ တောင်ဒဂုံ၊ ရန်ကုန်မြို့။
Ph - 09420096847
21/11/2020
မှတ်သားလိုက်နာသင့်သော လူ့ကျင့်ဝတ်များ
Credit to ) original uploader
15/11/2020
ယနေ့ခေတ်မှာ ဆိုင်တော်တော်များများက Live လွှင့်ပြီး စျေးတွေ ရောင်းနေကြပြီနော်။ Liveလွင့်တဲ့ အခါ ဖုန်းနဲ့ရိုးရိုးလေး လွှင့်တာမဟုတ်ပဲ live ထဲမှာ ကြော်ငြာထည့်, Logo ထည့်၊ စာတန်းထိုး လုပ်ချင်ရင်တော့ လိုအပ်တဲ့ ပစ္စည်းနဲ့ အကြံညာဏ် တေွကို ကျနော်တို့ ကူညီပါရစေ။
Camera - 318000 ks (1 years Warranty)
Tripod. - 25000 ks
Capture Card - 100000 ks
Ph - 09420097847, 09796308154
အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
13/11/2020
ဝယ်ယူအားပေးမှုကို ကျေးဇူးတင်ရှိပါတယ်။ ညနေကား နဲ့ တင်ပေးလိုက်ပါမယ် ခင်ဗျ။
13/11/2020
Boya BY-MM1+ (plus)
ယခင်ထုတ်တဲ့ BY-MM1 ကို upgrade လုပ်ပြီး အသစ်ထွက်ရှိလာတဲ့ BY-MM1 plus ကအသံဆွဲအားပိုမိုကောင်းမွန်သွားပြီး 3.5mm နားကြပ်ပေါက် အပိုပါဝင်လာပါတယ်
Zoom application ကိုအသုံးပြုပြီး meeting လုပ်သူများ , Joox, Smule တို့မှာ ကာရာအိုကေ သီဆိုချင်သူများ, စာသင်ကြားသူများကိုယ်အသံကိုယ်ပြန်နားထောင်နိုင်မှာဖြစ်ပါတယ်. Smartphone, DSLR & Video ကင်မရာ, PC, Tablet စတာတွေနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်
BY-MM1 Mic ဟာ plug-and-play ဒီဇိုင်းဖြစ် လို့အသုံးပြုရာတွင်ဘက္ထရီထည့်စရာမလိုသော ကြောင့်ရိုက်ကူးရေးပြုလုပ်ရာတွင်ဘက်ထရီအား ကုန်ပြီးအသံမဝင်တာတွေလည်းစိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာ
အရွယ်အစားအားဖြင့်ကျစ်လျစ်သိပ်သည်းပြီးသယ်ဆောင်ရပေါ့ပါးပါသောအလူမီနီယံဒီဇိုင်းဖြင့်ပြုလုပ်ထားပါတယ်.
-Compatible with smartphones, tablets,DSLRs,comsumer camcorder,PCs and more
-Super-cardioid condenser shotgun microphone
-Improved sensitivity and signal to noise ratio
-Plug and play operation
-Durable metal construction
-3.5mm headphone output
-3.5mm TRRS line-out
Price: 40000ks
Ph- 09420097847
အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်၊ ရန်ကုန်။
29/10/2020
EM1
**Live လွှင့် စျေးရောင်းကြတဲ့ Online Shop များ၊ Online Trainer များ အသံနဲ့ရုပ် တစ်ထပ်တည်း မကျ သို့မဟုတ် အသံတိုးနလို့ သဘောမတွေ့ဖြစ်နေပါသလား?
**ဒါဆိုရင်တော့ ACE EM1 လေး သုံးကြည့်ပါလို့ အကြံပြုပါရစေဗျ။
**အသုံးပြုပုံကလည်း အရမ်းလွယ်ကူ ပြီးနားကျပ်ပေါက်မှာထိုးပြီး ကော်လံမှာမိုက်လေးတပ်ပြီး အသံသွင်း, live လွင့်ရုံပါပဲခင်ဗျ။
Price - 19000 ks
Ph - 09420097847 (Viber)
အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ တောင်ဒဂုံ ၊ ရန်ကုန်မြို့။
27/10/2020
BOYA MC-2
🎤16 ပေအကွာဝေးထိ အသံကို ကြည်ကြည်လင်လင်ဖမ်းပေးနိူင်ပါတယ်။
** Zoom,Skype,Social Media Platforms etc.....
USB Conference Microphone ဖြစ်တဲ့အတွက် USB Microphone သုံးချင်တဲ့ မိတ်ဆွေများအတွက် စျေးနှုန်းသက်သာပြီး သုံးလိူ့ကောင်းတဲ့ mic ပဲ ဖြစ်ပါတယ်ခင်ဗျာ
Online meeting နှင့် online class အတွက်ဆိုရင်တော့ Boya MC -2 microphone လေးကိုသတိရလိူက်ပါခင်ဗျာ
Price - 59000 ks (A year warranty)
Ph - 0942009784 (Viber Availiable)
🏘 အမှတ် (598) မောင်းမကန်ကမ်းသာလမ်း၊ 17 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No, 598, Maung Makan Kanthar Street, 17 Ward, Near ThidarOo Bus Stop, South Dagon
Yangon
11431
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |