PRIME Medical Center

PRIME Medical Center

Share

A Specialist Clinic situated in Pazundaung township, Yangon, Myanmar.

Photos from PRIME Medical Center's post 23/04/2026

📣📣📣 Prime Medical Center 4th Anniversary & Myanmar New Year Promotion !!!!!

မင်္ဂလာပါရှင် 😊🙏

Prime Medical Center ရဲ့ ဧပြီလ (၃) ရက်နေ့မှာကျရောက်ခဲ့တဲ့ (၄) နှစ်ပြည့်မွေးနေ့နဲ့အတူ မြန်မာနှစ်သစ်ကူးကို ကြိုဆိုသောအားဖြင့် အောက်ဖော်ပြပါ အထူးလျှော့စျေးများကို မိဘပြည်သူများအတွက် စီစဉ်ပေးထားပါတယ်။

🗓️ Promotion ကာလလေးကတော့ ဧပြီလ (၂၃) ရက်နေ့မှ မေလ (၂၃) ရက်နေ့ထိ ၁ လ တိုင်တိုင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

(၁) Medical Health Check up Packages - 10% discount + FREE INFLUENZA VACCINE (for first 10 customers who purchase Gold and Platinum Packages)
အထွေထွေ ကျန်းမာရေးစစ်ဆေးမှု ပတ်ကေ့အားလုံးကို ၁၀% လျှော့စျေး + ပထမဆုံးဝယ်ယူသူ ၁၀ ယောက်ကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးပါမည်။

(၂) Human Papillomavirus (HPV) Vaccine သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အထူးလျှော့ဆေး
၁ လုံးဝယ် - 5% discount
၃ လုံးဝယ် - 10% discount
ကြိုဝယ်ထားပြီး နောက်မှ ထိုးချင်လည်း စီစဉ်ပေးတာမို့ စျေးလျှော့ထားတုန်း ကြိုဝယ်ထားလို့ရပါပြီ။😊

(၃) Influenza Vaccine 2026 Season
ရာသီတုပ်ကွေးကာကွယ်ဆေး
ANNIVERSARY FLASH SALE 📣
April 23 ရက်နေ့မှ စ၍ ပထမဆုံးဝယ်ယူသူ အယောက် ၁၀၀ တိတိအတွက် Special Price 65,000 MMK per dose only!

အထက်ဖော်ပြပါ အထူးအစီစဉ်များကို ၁ လ တိတိ ပြုလုပ်ပေးသွားမည် ဖြစ်ပါသောကြောင့် အမြန်ဆုံး ဆက်သွယ် ဝယ်ယူနိုင်ပါပြီရှင်။ (ကာကွယ်ဆေးများ ပစ္စည်းရှိသလောက်သာ)

အသေးစိတ်သိရှိလိုပါက မနက် ၉ နာရီမှ ည ၆:၃၀ အတွင်း ဖုန်းနှင့်ဖြစ်စေ၊ Viber/ Page Messenger မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

✨✨နောက်နှစ်ပေါင်းများစွာ သင်တို့ကျန်းမာရေးအတွက် အတူရှိနေမယ့် PRIME Medical Center ✨✨

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း အပေါ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

17/04/2026

မင်္ဂလာပါရှင် 😊🙏
ယနေ့ကျရောက်သော မြန်မာတို့ရဲ့ ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါမှသည် ပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံပြီး၊ ဘေးအန္တရာယ်အဖြာဖြာမှ ကင်းဝေးကြပါစေကြောင်း PRIME Medical Center အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။💐

12/04/2026

✨ သင်္ကြန်တွင်းဆေးခန်းပိတ်ရက်ကြေညာခြင်း ✨

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပိတ်ရက်အချိန်အခါသမယဖြစ်သော (၁၂.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆) အထိ Prime Medical Center အထူးကုဆေးခန်းအား ပိတ်ထားမည်ဖြစ်ပြီး၊ (၁၈.၄.၂၀၂၆) စနေနေ့ မနက် (၉) နာရီတွင် ဆေးခန်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။💙💚

03/04/2026

မင်္ဂလာပါရှင် 😃🙏
🥳 ဒီနေ့ April လ ၃ ရက်နေ့ ၂၀၂၆ မှာဆိုရင် PRIME Medical Center စတင်ဖွင့်လှစ်ခဲ့တာ ၄ နှစ်တိတိ ပြည့်ခဲ့ပီဖြစ်ပါသည်
🥳 ဆေးခန်းမှ ပေးနိုင်သော ကျန်းမာရေး ဝန်ဆောင်မှု အစုစုကို ယုံယုံကြည်ကြည် လာရောက် အားပေးခဲ့ကြသော မိဘဆွေမျိုး မိတ်ဆွေအပေါင်း ဆထက်တန်ဖိုးကျန်းမာပြီး အသက်ရှည်စွာ နေထိုင်သွားနိုင်ကြပါစေကြောင်းလည်း ဆုတောင်းအပ်ပါတယ်
🥳 ဒါ့အပြင် ၄ နှစ်ပြည့် နှင့် မြန်မာရိုးရာနှစ်သစ်ကို ကြိုဆိုသော အားဖြင့် အထူးလျော့စျေးများ စီစဉ်ပေးသွားမည်ဖြစ်ပါသောကြောင့် page လေးကို Like and Follow လုပ်ထားပေးကြပါဦးနော်
✨✨နောက်နှစ်ပေါင်းများစွာ သင်တို့ကျန်းမာရေးအတွက် အတူရှိနေမယ့် PRIME Medical Center ✨✨

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း အပေါ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

Photos from PRIME Medical Center's post 24/03/2026

🌍 World TB Day 2026 | 24 March
💬 Yes! We can end TB.

တီဘီရောဂါသည် ကာကွယ်ကုသနိုင်သော်လည်း ကူးစက်ရောဂါများအနက် ကမ္ဘာ့သေဆုံးမှုအများဆုံးအဆင့် ဖြစ်နေဆဲ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ တီဘီရောဂါဖြစ်ပွားသူ ၁၀.၇ သန်းနှင့် ၎င်းရောဂါကြောင့် သေဆုံးသူ ၁.၂၃ သန်း ရှိပြီး၊ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူ ၂၀၆ ၃၀၀ နှင့် ၎င်းရောဂါကြောင့်သေဆုံးသူ ၃၅ ၉၀၀ ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားပါသည်။

🩺 သင် ဘာတွေသိဖို့ လိုအပ်မလဲ
• တီဘီရောဂါဟာ ကုသရင် ပျောက်ကင်းတဲ့ရောဂါပါ။
• စောစီးစွာ ရောဂါရှာဖွေခြင်းသည် အချိန်မီကုသနိုင်ခြင်းကြောင့် နာတာရှည်အဆုတ်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။
• တီဘီရောဂါ ရှိ၊မရှိ အချိန်တိုအတွင်း အတည်ပြုနိုင်သော စစ်ဆေးမှုများ ယခုရရှိနေပါပြီ။
• ကာလတိုသောက်ဆေးကုထုံးနှင့် ပိုမိုကောင်းမွန်သောကုသမှုများ။

⚠️ တီဘီရောဂါခံစားနေရသူများအပေါ် ခွဲခြားဆက်ဆံခြင်းသည် လူနာများအနေဖြင့် ရရှိသင့်ရရှိထိုက်သော အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီအောင် အဟန့်အတား ဖြစ်စေပါသည်။

တီဘီရောဂါအပေါ် ခွဲခြားဆက်ဆံခြင်းကို အဆုံးသတ်ကြစို့!

💡 သင် ဘာတွေ လုပ်ဆောင်နိုင်မလဲ
• လက္ခဏာများကို သိရှိပါ။
• တီဘီလက္ခဏာခံစားရလျှင် (သို့) တီဘီလူနာနှင့်အနီးကပ်နေသူဖြစ်လျှင် စောစီးစွာ စစ်ဆေးပါ။
• ကုသမှုကို ပြီးမြောက်အောင်ခံယူပါ။
• တီဘီရောဂါကို သင်မည်ကဲ့သို့ ကျော်လွှားနိုင်ခဲ့သည်ကို ဝေမျှ၍ တီဘီရောဂါ ခံစားနေရသူများအပေါ်ခွဲခြားဆက်ဆံခြင်းကို လျော့ချပါ။



Full credit to WHO MYANMAR

14/03/2026

“ဘာကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်း ထိုးသင့်သလဲ”

💉 Influenza Vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး) ဆိုတာဘာလဲ?
Influenza vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး) သည် influenza virus ကြောင့်ဖြစ်ပေါ်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွါးခြင်းကို ကာကွယ်ပေးနိုင်သောဆေးဖြစ်ပါသည်။

💉 ရာသီတုပ်ကွေးကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးများ
• တုပ်ကွေးရောဂါဖြစ်ပွါးခြင်းကို လျှော့ချပေးခြင်း
• ဖျားနာမှု ပြင်းထန်ခြင်းကို လျှော့ချပေးခြင်း
• အဆုတ်ရောင်ရောဂါ (Pneumonia) ကဲ့သို့သော နောက်ဆက်တွဲရောဂါဖြစ်ပွါးခြင်းများကို လျှော့ချပေးနိုင်ခြင်း
• တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ရခြင်းကို လျှော့ချပေးနိုင်ခြင်း

🔄 ဘာကြောင့် နှစ်စဉ်ကာကွယ်ဆေးထိုးသင့်သလဲ?
တုပ်ကွေးဗိုင်းရပ်စ်များသည် နှစ်စဉ်ပြောင်းလဲနိုင်သောကြောင့် နှစ်စဉ် update ပြုလုပ်ထားသော vaccine ကိုထိုးဖို့အကြံပြုထားပါသည်။

👨‍👩‍👧 ဘယ်သူတွေ ထိုးနိုင်သလဲ?
အသက် ၆ လနှင့်အထက် လူတိုင်း ထိုးနိုင်ပါသည်။

⭐ အထူးထိုးသင့်သောသူများ
• ကလေးငယ်များ
• ကိုယ်ဝန်ဆောင် မိခင်များ
• အသက် ၆၅ နှစ်အထက် လူကြီးများ
• နာတာရှည်ရောဂါရှိသူများ
• ကျန်းမာရေးဝန်ထမ်းများ

💊 ထိုးရမည့် Dose
• အသက် ၆ လ – ၉ နှစ်အောက် : ပထမဆုံးအကြိမ်ထိုးပါက ၂ ကြိမ် (၄ ပတ်ခြား)
• အသက် ၉ နှစ်နှင့်အထက် : နှစ်စဉ် ၁ ကြိမ်

👍 ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်နိုင်သော လက္ခဏာများ
• ဆေးထိုးထားသည့်နေရာ နာခြင်း
• အဖျားအနည်းငယ်တက်ခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
(အများအားဖြင့် ၁–၂ ရက်အတွင်း ပျောက်ကင်းတတ်ပါသည်။)

⏰ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးရန် အကောင်းဆုံးအချိန်
တုပ်ကွေးရာသီ မရောက်မီ ကာကွယ်ဆေး ကြိုတင်ထိုးခြင်း က အကောင်းဆုံးဖြစ်ပါသည်။

📍 Prime Medical Center အထူးကုဆေးခန်းတွင် ၂၀၂၆ ခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

📞 အသေးစိတ်စုံစမ်းလိုပါက Page Messenger မှ ဖြစ်စေ၊ ဆေးခန်းဖုန်း 09 880 8989 60၊ 09 880 8989 61 မှဖြစ်စေ မနက် (၉) နာရီမှ ည (၆:၃၀) နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း (အပေါ်ဘလောက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

11/03/2026

Influenza (ရာသီတုပ်ကွေး) ဆိုတာဘာလဲ?

Influenza (ရာသီတုပ်ကွေး) သည် ကူးစက်လွယ်သော အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် မောပန်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။ အချို့လူများတွင် အဆုတ်ရောင်ရောဂါ (Pneumonia) ကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ပါသည်။

🦠 ရာသီတုပ်ကွေး ဘယ်လိုကူးစက်ပါသလဲ?
• ချောင်းဆိုးခြင်း
• နှာချေခြင်း
• ‌‌တုပ်ကွေးရောဂါဖြစ်နေသူနှင့် နီးကပ်စွာနေခြင်း
• ဗိုင်းရပ်စ်ပိုးရှိသောမျက်နှာပြင်ကိုထိပြီး မျက်နှာကိုထိမိခြင်း

🦠 ဘယ်သူတွေမှာ တုပ်ကွေးရောဂါလက္ခဏာပြင်းထန်နိုင်ပါသလဲ?
• အသက် ၅ နှစ်အောက် ကလေးများ
• အသက် ၆၅ နှစ်အထက် လူကြီးများ
• ကိုယ်ဝန်ဆောင် မိခင်များ
• နာတာရှည်ရောဂါရှိသူများ

🦠 တုပ်ကွေးရောဂါကိုကာကွယ်ရန် လိုက်နာရမယ့်နည်းလမ်းများ
✔ လက်ဆေးခြင်း
✔ Mask တပ်ခြင်း
✔ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးခြင်း

💉 Prime Medical Center အထူးကုဆေးခန်းတွင် ၂၀၂၆ ခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

အသေးစိတ်စုံစမ်းလိုပါက Page Messenger မှ ဖြစ်စေ၊ ဆေးခန်းဖုန်း 09 880 8989 60၊ 09 880 8989 61 မှဖြစ်စေ မနက် (၉) နာရီမှ ည (၆:၃၀) နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း (အပေါ်ဘလောက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

21/02/2026

* URGENT Vacancy Announcement * 📣

ပုဇွန်တောင်မြို့နယ်ရှိ PRIME Medical Center အထူးကုဆေးခန်းတွင်လုပ်ကိုင်ရန် အောက်ပါရာထူးအတွက် အလုပ်လျှောက်လွှာများပေးပို့နိုင်ပါတယ်။

🔺Receptionist/Cashier (1 post)
- တက္ကသိုလ် ၁ခုခုမှ ဘွဲ့ရပြီးသူ
(အထက်တန်းအောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါတယ်)
- ဆေးရုံဆေးခန်းတွင် Receptionist/Cashier အတွေ့အကြုံရှိသူ ဦးစားပေးမည်
- Computer Basic ကျွမ်းကျင်သူ/ English font Myanmar font များကို ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်
- စာရင်းဇယား ပိုင်နိုင်ကျွမ်းကျင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာ၀န်ယူဆောင်ရွက်နိုင်သူ
- လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူ
- ချိုချိုသာသာပြောဆို ပြီး လူအများနှင့် ဆက်ဆံလိုစိတ်ရှိသူ
- ၁ ပတ် ၁ ရက် ပိတ်ရက်ရရှိမည်
- ပုစွန်တောင်မြို့နယ် နှင့် မြို့ထဲအနီးတဝိုက်နေသူ ဦးစားပေးမည်
- လစာ - ညှိနှိုင်း

စိတ်ပါ၀င်စားပါက Viber Number +959 880 8989 61 သို့ CV form နှင့်တကွ မျှော်မှန်းလစာ တို့ကိုရေးသား၍ ပေးပို့ လျှောက်ထားနိုင်ပါသည်။

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း အပေါ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

08/02/2026

မင်္ဂလာပါရှင် 😊🙏
ဖေဖော်ဝါရီလအတွက် အထူးအစီအစဥ်အနေဖြင့် PRIME Medical Center မှ အလွန်တန်သော promotion ဖြင့် ပြန်လည်ရောက်ရှိလာပါပြီ 🪔

• Health check up packages (Silver / Gold / Platinum packages) ကျန်းမာရေးစစ်ဆေးခြင်း များကို ‌ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့ အတွင်း Up to 20% Discount ပေးသွားမည်ဖြစ်ပါသည်၊၊

Note : ရွေးချယ် ဝယ်ယူသွားသည့်စစ်ဆေးမှုများကို ၂၀၂၆ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်စစ်ဆေးလို့ရပါသည်။ ကြိုတင်ရက်ချိန်းယူပေးပါရန်။

Promotion ပတ်သက်၍အသေးစိတ်စုံစမ်းလိုပါက Messenger မှ ဖြစ်စေ၊ ဆေးခန်းဖုန်း 09 880 8989 60၊ 09 880 8989 61 မှဖြစ်စေ မနက် ၈ မှ ညနေ ၇ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

🏥 PRIME အထူးကုဆေးခန်း
အမှတ် ၁၄၅၊ ၅၁ လမ်း အပေါ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် (ဟိန္ဒူဘုရားကျောင်း ဘေးကပ်ရပ်)
ဖုန်း : ၀၉ ၈၈၀ ၈၉၈၉ ၆၀၊ ၀၉ ၈၈၀ ၈၉၈၉ ၆၁

04/02/2026

ရန်ကုန်မြို့ Yangon Convention Center မှာ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Health and Beauty Fair 2026 ပွဲတွင် ထိုင်းနိုင်ငံ ဝေ့ဌာနီဆေးရုံကြီး (Vejthani Hospital) မှ ဆရာဝန်ကြီးများ ကိုယ်တိုင်ကိုယ်ကျဆွေးနွေးပေးသွားမယ့်အကြောင်း သတင်းကောင်းလေးပါးချင်ပါတယ်ရှင်။

ခွဲစိတ်မှုများတွင် ခေတ်စားလာသော ခွဲစိတ်မှုဒဏ်ရာအသေးဆုံး၊ အနာအသက်သာဆုံး၊ ခွဲခန်းဆိုးကျိုးများနည်းပါးသော စက်ရုပ်အကူအညီသုံးခွဲစိတ်မှုအမျိုးအစား Da Vinci နည်းပညာနှင့်ခွဲစိတ်မှုများအကြောင်းကိုလည်းရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

လာရောက်မည့်ဆရာဝန်ကြီးများကတော့
👨🏻‍⚕️ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်အထူးကုဆရာ၀န်ကြီး
DR. ATTAWAT ANGSUPANKOSOL
https://www.vejthani.com/doctor/dr-attawat-angsupankosol/

🧑🏻‍⚕️အူလမ်းကြောင်းဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်
LT.COL. DR. CHANYAWAT SANGSOMWONG
https://www.vejthani.com/doctor/lt-col-dr-chanyawat-sangsomwong/?reviews-page=2
တို့ပဲဖြစ်ပါသည်။

ကျန်းမားရေးအခမဲ့ဆွေးနွေးတိုင်ပင်လိုသူများအနေဖြင့် Prime Medical Center ၏ Page Messenger မှတဆင့်လည်းစာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

🏥 Health & Beauty Fair 2026
📍 Inya Lake Hotel (Yangon Convention Center)
🗓️ ၂၀၂၆၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ
🕰️ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

26/01/2026

“ဆေးခန်းပိတ်ရက် ကြေညာခြင်း”

ကျွန်မတို့ Prime Medical Center ဆေးခန်းမှဝန်ထမ်းများရဲ့ Annual Trip 2026 လေးရှိလို့ မနက်ဖြန် January 27 ရက်နေ့ မှ January 29 ရက်နေ့အထိ ဆေးခန်း (၃) ရက်ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ရှင်။

January 30 ရက်၊ သောကြာနေ့ နံနက် (၉) နာရီမှ စတင်၍ ဆေးခန်းကို ပုံမှန်အတိုင်း ပိတ်ရက်မရှိ နေ့စဉ်ပြန်လည်ဖွင့်လှစ်သွားပါမည်ရှင့်။

ဆေးခန်းပိတ်ထားတဲ့ရက်တွေမှာ ဆေးခန်းဖုန်းလေးတွေပိတ်ထားမှာဖြစ်လို့၊ ဆက်သွယ်စုံစမ်းလိုပါက Page Messenger မှတဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။😊

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


51st Street (Upper Block), Pazundaung Township
Yangon
11171

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00