Premier Learning Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Premier Learning Centre, Education, Yangon.
PLC privides online education system and aims to reach the pride education for students also Politeness, Respect, Intelligence, Development and Effectiveness of their learning.
20/09/2025
မင်္ဂလာပါရှင့်။🙏
🌱Premium Learning Center မှ ကြိုဆိုလိုက်ပါတယ်။🌱
📝 ဒီတပတ်အတွက် ရွေးချယ်ပေးထားတာ လေးကတော့
သားသားမီးမီး တို့ အတွက် လေ့လာသိမှတ်စရာတွေထဲက Occupations နဲ့ ဆိုင်တဲ့ မှ Vocabulary တချို့ကို Game ဆော့ရင်း ဖေဖေ မေမေ တို့နဲ့ အတူ လေ့လာနိုင်ပါတယ်ရှင့်။ 📝
#အဆင်ပြမပြေနဲ့ သိချင်သောအကြောင်းအရာများကို comment ရေးခဲ့လို့ရပါတယ်ရှင့်။ နောက်အပတ်တွေမှာထပ်မံ တင်ဆက် ပါဦးမယ်ရှင့်။
!
14/09/2025
မင်္ဂလာပါရှင့်။🙏
🌱Premium Learning Center မှ ကြိုဆိုလိုက်ပါတယ်။🌱
📝 ဒီတပတ်မှာတော့ သားသားမီးမီး တို့ အတွက် လေ့လာသိမှတ်စရာ water activities မှ Vocabulary တချို့ကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။
ဖေဖေ မေမေ တို့နဲ့ အတူ လေ့လာနိုင်ပါတယ်ရှင့်။ 📝
!
26/02/2025
အခြေခံ အက္ခရာ သင်္ချာ စာသင်ခန်း (Basic Algebra Course)
ပူပြင်းတဲ့ နွေရာသီမှာ သင်္ချာစွမ်းရည်တွေ မြှင့်တင်လိုက်ပါ!
ကျောင်းသား/သူတို့ရဲ့ အက္ခရာ သင်္ချာ (Algebra) အခြေခံကို ခိုင်မာစွာ တည်ဆောက်ပေးမယ့် နွေရာသီ အထူး သင်တန်း ကို ဖွင့်လှစ်တော့မှာပါ။ ဒီသင်တန်းဟာ မူလတန်း အဆင့်ကနေ အလယ်တန်း အဆင့်ထိ ကျောင်းသား/သူတွေအတွက် ရည်ရွယ်ပြီး၊ သင်္ချာဘာသာရပ်ကို ပိုမို နားလည်လွယ်ကူစေဖို့ ရည်ရွယ်ပါတယ်။
________________________________________
သင်တန်းအကြောင်း
• သင်တန်းကာလ: ၂ လခွဲ (မတ်လ၊ ဧပြီလ နှင့် မေလ)
• သင်တန်းကာလး မတ်လ ၁၅ ရက်မှ မေလ ၂၅ ရက် အထိ
• သင်ကြားမည့်အချိန်: တစ်ပတ်လျှင် ၂ ရက် (စနေ ၊ တနင်္ဂနွေ)
သင်တန်းချိန် း နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ
• သင်ကြားမည့်ပုံစံ: အွန်လိုင်း
• သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ် (သင်ကြားရာတွင် လိုအပ်မည့် သင်ခန်းစာ စာရွက်ဖိုင်များကို အွန်လိုင်းမှပို့ပေးပါမည် ၊ သင်တန်းကို ၈၀% တက် ပါက သင်တန်းပြီးဆုံးကြောင်း e-certificates ပေးပါမည်။)
________________________________________
သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများ
1. Variables နှင့် Expressions
-Variables (ကိန်းရှင်) နှင့် Constants (ကိန်းသေ) များကို နားလည်ခြင်း။
-Algebraic Expressions များကို ဖန်တီးခြင်းနှင့် ရှင်းလင်းခြင်း။
2. Equations နှင့် Inequalities
-တစ်ဆင့်ပါညီမျှခြင်းများ (One-Step Equations) ကို ဖြေရှင်းနည်း။
-နှစ်ဆင့်ပါညီမျှခြင်းများ (Two-Step Equations) ကို ဖြေရှင်းနည်း။
-Inequalities (ညီမျှခြင်းမဟုတ်သော ဖော်မြူလာများ) ကို နားလည်ခြင်း။
3. Graphing Linear Equations
-Coordinate Plane (ကိုဩဒိနိတ် ) ပေါ်တွင် ဂရပ်ဆွဲခြင်း။
-Linear Equations (ညီမျှခြင်းများ) ကို ဂရပ်ဖ်ဆွဲခြင်း။
4. Real-World Applications
-လက်တွေ့ဘဝတွင် Algebra ကို အသုံးချနည်းများ။
-စိတ်ဝင်စားဖွယ် ပြဿနာများကို ဖြေရှင်းခြင်း။
________________________________________
သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
• အက္ခရာ သင်္ချာ၏ အခြေခံများကို ခိုင်မာစွာ တည်ဆောက်နိုင်မည်။
• ကျောင်းသား/သူများ၏ သင်္ချာစွမ်းရည်ကို မြှင့်တင်ပေးမည်။
• လက်တွေ့ဘဝတွင် သင်္ချာကို အသုံးချနိုင်စွမ်း ရရှိမည်။
• အတန်းတွင်း စာမေးပွဲများအတွက် ပြင်ဆင်နိုင်မည်။
________________________________________
သင်တန်းဆရာ
• အတွေ့အကြုံ: ၂၀ နှစ်ကျော် သင်္ချာသင်ကြားရေး အတွေ့အကြုံရှိသူများ။
________________________________________
စစာရင်းသွင်းရန်
အထူးကြိုဆိုပါသည်!
ဒီနွေရာသီမှာ သင်္ချာစွမ်းရည်တွေ မြှင့်တင်ပြီး အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံကို တည်ဆောက်လိုက်ပါ။ အခမဲ့ စမ်းသပ်သင်ခန်းစာ (Free Trial Class) တကြိမ်ကို စာရင်းပေးသွင်းပြီး စမ်းသပ်နိုင်ပါပြီ။
သင်တန်းနေရာ ကန့်သတ်ချက်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းပါ။
22/02/2025
မင်္ဂလာပါရှင့်
Premier Learning Centre မှ ကြိုဆိုပါတယ်။
📌မိဘများ ၏တောင်ဆိုမှုအရအခုတခါမိတ်ဆက်ပေးချင်တဲ့ သင်တန်းလေးကတော့ English Grammar and Writing အတန်းလေးဖြစ်ပါတယ်။
📌 ၂၁ ရာစုမှာ English စာရဲ့ အရေးပါမှုဟာ မိဘများသိရှိပြီးဖြစ်ပါတယ်။ကလေးငယ်များကို ငယ်စဥ်ထဲက လေ့ကျင့်ပေးခြင်းဖြင့် English စာ စကားပြောများကို မကြောက်မရွံဘဲ ဘဝတလျောက် အသုံးချနိုင်လာမည့်အပြင် အရေးအသားများလည်း ပိုမိုလှပစွာ ရေးသားလာနိုင်မည်ဖြစ်ပါသည်။
သားသားမီးမီးတို့ရဲ့နွေရာသီကျောင်းပိတ်ရက် (March to May) ကိုအကျိုးရှိရှိအသုံးချ ချင်တယ်ဆိုရင်တော့ PLC ကဖွင့်မဲ့သင်တန်းလေးကို
စုံစမ်းနိုင်ပါပြီရှင့်။
🤡 သင်တန်းစတင်မည့်ရက် - March 8th
🤡 သင်တန်းကာလ - ၃ လ (March to May)
🤡 သင်တန်းရက် - Saturday and Sunday
Level 1: Age 6-7-8 ( 8:00-9:00 am)
Level 2: Age 9-10-11 (7:00-8:00 am)
🤡 သင်တန်းကြေး - တလ ၄၅၀၀၀ ကျပ် ( တစ်လချင်းဆီ ပေးသွင်းနိုင်ပါတယ်။
🤡 သင်ကြားမည့်ပုံစံ - Zoom application ဖြင့်သင်ကြားပါမည်။
အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ကွက်ပါက recording file များပို့ပေးပါမည်။
Online learning ဖြစ်တဲ့အတွက် Activity တွေ games တွေ နဲ့ တက်တက်ကြွကြွ လေ့လာ သင်ယူနိုင်ပါတယ်။
👌👌👌International Schools များတွင်အတွေ့အကြုံရင့် ဆရာမ မှ တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပါသည်။
🤔🤔🤔Level 2 ခု ဖွင့်လှစ်မှာ ဖြစ်တဲ့ အတွက် အတန်းချိန်နှင့် အသေးစိတ် သိရှိလိုပါက Page CB မှ ဖြစ်စေ ဖော်ပြပါ ဖုန်းနံပါတ်သို့ဖြစ်စေ ဆက်သွယ် စုံစမ်း အပ်နှံနိုင်ပါသည်။
💝💝💝 အထူးသတင်းအနေနဲ့
February 28 အတွင်း သင်တန်း အပ်နှံသူများကို အထူးအစီစဥ် ဖြင့် လစဥ် 10% Discount ရရှိမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Premier Learning Centre. (CB)
09 986741494
28/01/2025
Happy Chinese New Year!(Year of Snake)
# Premier Learning Centre
21/01/2025
ဒီတခါတော့ ကျောင်းသားတွေအလွဲတွေးတတ်တဲ့ အသက် ပုစ္ဆာလေးတင်ပေးလိုက်ပါတယ်။
04/01/2025
🇲🇲 လွတ်လပ်ရေးနေ့ ဒို့မမေ့ 🇲🇲
Myanmar Independence Day!
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်သော (၇၇)ကြိမ် မြောက် လွတ်လပ်ရေးနေ့ကို PLC Team မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့်။ 💖
31/12/2024
🌴Hello! !🌴
🤔မိမိတို့၏ သားသမီးလေးတွေကို Math အားနည်းနေလို့ အားမရဖြစ်နေလား။
critical thinking တွေးခေါ် ရန် နှေးနေလို့ တိုးတက်စေချင်သလား။
International school curriculum က Math ကို အားဖြည့်တက်စေချင်သလား။
လာ မဲ့နှစ် ဝင်ခွင့် စာမေးပွဲ ဖြေဖို့ပဲ တက်စေချင်တာလား။ Math ကို တစ်ဆင့်ချင်းဆီ အမှတ်ပေး စည်းမျဉ်းနဲ့ကိုက်ညီစွာ ဖြေတတ်ဖို့ နွေရာသီကာလမှာ လေ့လာစေချင်သလား။
📢 Premier Learning Centre ကနေ Cambridge Primary Mathematics (Academic Skill) ကို Grade 1-8 ထိ နွေရာသီကာလ အကျိုးရှိရှိကုန်ဆုံးဖို့ အတန်းသစ်လေးတွေဖွင့်လှစ်လိုက်ပြီနော်။
💻 Online class ဖြစ်သည့်အတွက် မိမိရှေ့တွင်ပင် ကလေးများ၏ သင်ယူတက်မြောက်မှုများကို မျက်ဝါးထင်ထင် တွေ့ရှိမှာဖြစ်ပါတယ်။
📅သင်တန်းကာလ သုံးလ ( March, April, May) ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်နာရီခွဲ နှစ်ရက် တက်ရောက်ရမှာပါ။
☎️ သင်တန်းတက်ရောက်လိုပါက ဖုန်း 09 986741494/ 09795300843 or cb မှ တစ်ဆင့် ဆက်သွယ်စုံစမ်း ကြိုတင် အပ်နှံနိုင်ပါတယ်ရှင့်။
💵💰 သင်တန်းကြေး အပြီးအစီး တသိန်းခွဲကျပ်ဖြစ်ပါတယ်ရှင့်။
January လအတွင်း စာရင်းသွင်း အပ်နှံပါက 10% Early Bird Discount ရရှိမှာပဲဖြစ်ပါတယ်။
အတန်း တတန်းလျှင် သင်တန်းသား အနည်းဆုံး ၅ ယောက် အများဆုံး ၁၀ ယောက်အထိသာ လက်ခံသွားမှာဖြစ်ပါတယ်ရှင့်။
Early Bird Discount ရရှိဖို့အမြန်လေးသာ ဟယ်လို လိုက်တော့နော်။
27/10/2024
G6 သမီးလေးရဲ့ လက်ရာ ပါရှင့်။
26/10/2024
Find the mean height.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |