Project O2

Project O2

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Project O2, Charitable organisation, Yangon.

30/03/2025

"Dead Body ထည့်တဲ့အိတ်တွေက ဘာကြောင့် အရေးကြီးတာလဲ"
―――――――

ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆၀၀ ထက်ကို ကျော်လွန်သွားပြီး ဒဏ်ရာရရှိသူဟာလဲ ၄၀၀၀ အထက်မှာ ရှိနေပါတယ်။ ကယ်ဆယ်ရေး မလုံလောက်တာ၊ လျှပ်စစ်မီးမရရှိတာနဲ့ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ မလုံလောက်တာ‌တွေကြောင့် အခြေအနေက ထင်ထားတာထက်ကို အများကြီး ပိုဆိုးနေပါတယ်။ ဒီလိုမျိုး သေဆုံးသူဦးရေ များလာတာနဲ့ အမျှ Deadbody (DB) တွေကို ထိန်းသိမ်းဖို့၊ မိသားစု၀င်တွေဆီကို ပြန်ပေးဖို့၊ သင်္ဂြိုလ်ဖို့အတွက် DB ထည့်တဲ့ အိတ်တွေ လိုအပ်လာပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအနေနဲ့ အဓိက သောက်သုံးရေ၊ စားစရာတွေကို အားထားနေကြပေမဲ့ ဒီ DB ထည့်တဲ့ အိတ်တွေကိုတော့ ထင်သလောက် မရရှိကြသေးပါဘူး။ ဒါဟာ တစ်ပူပေါ် နှစ်ပူဆင့်သလို ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အများကြီး ရှိလာနိုင်ပါတယ်။

သေဆုံးသွားပြီး ကျန်ခဲ့တဲ့ DB တွေက လူတွေကို ဘာအန္တရယ်ဖြစ်စေနိုင်လဲ . . . ?

လူတွေသေဆုံးသွားတဲ့အခါမှာ အချိန်အားဖြင့် ၁၂ နာရီကနေ ၂၄ နာရီအတွင်း ပုံမှန်ရာသီဥတုမှာ စတင်ပုပ်သိုးပါတယ်။ ရာသီဥတု အအေးဘက်ပါရင်တောင် အပြင် အခန်းအပူချိန်မှာ ၄၈ နာရီထက် ပိုပြီး ထားလို့ မရပါဘူး။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ရာသီဥတုအရဆိုရင် ၁၅ နာရီဝန်းကျင်လောက်မှာ ပုပ်သိုးနိုင်ပါတယ်။ ဒီလို ပုပ်သိုးခြင်းကပဲ ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။

DB တွေဟာ ပုပ်သိုးတဲ့ဖြစ်စဉ်ကြောင့် အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေနဲ့ အဏုဇီဝပိုးမွှားတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့်ပဲ

၁။ ကူးစက်ရောဂါတွေ ပျံနှံ့နိုင်ပါတယ် — သေဆုံးသွားတဲ့သူမှာ တီဘီ၊ ဘီပိုး၊ စီပိုးနဲ့ အဆုတ်ရောင်ရောဂါ စသဖြင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိနေတယ်ဆိုရင် အဲဒီဘက်တီးရီးယားတွေက သေဆုံးချိန်အထိ ဆက်လက်ရှင်သန်ပြီး ကူးစက်တတ်ပါတယ်။ ခန္ဓာကိုယ်ချင်း ထိတွေ့တာမျိုးမှာ ပိုအန္တရာယ်များပြီး အရေပြားမှိုလို့ ခေါ်တဲ့ Fungus တွေကလဲ ထိတွေ့ခြင်းကနေ အရေပြားရောဂါတွေ ပေးနိုင်ပါတယ်။

၂။ အနံအသက်ကြောင့် ဖြစ်လာနိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေဖြစ်နိုင်ပါတယ် — DB တွေက ပုပ်သိုးဆွေးမြေ့လာတဲ့အခါမှာ ကာဒါဗာရင်း (Cadaverine) နဲ့ ပျူထရီဆင်း (Putrescine) တို့လို ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတ်ငွေ့တွေဟာ အနံ့ဆိုးရုံသာမက ရှူမိတဲ့လူကိုလဲ အဆိပ်အတောက် ဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၃။ ဓာတ်ငွေ့အန္တရာယ် — DB ကနေ အန္တရာယ်များတဲ့ အခြားဓာတ်ငွေ့တွေဖြစ်တဲ့ မီသိန်း (Methane)၊ အမိုးနီးယား (Ammonia)၊ ဟိုက်ဒရိုဂျင်ဆာလဖိုက် (Hydrogen sulfide)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (Sulfur dioxide) နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) ဓာတ်ငွေ့တွေလဲ ထွက်လာတတ်ပါတယ်။ ဒီဓာတ်ငွေ့တွေ မှာ မီသိန်းက မီးလောင်လွယ်စေသလို ရှူမိတဲ့အခါ အသက်ရှုကျပ်တတ်ပါတယ်။ အမိုးနီးယားကတော့ မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းတွေကို စပ်ဖျင်းဖျင်းဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဒါဗာရင်း နဲ့ ပျူထရီဆင်း ဓာတ်ငွေ့တွေကတော့ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာနဲ့ မျက်လုံးစပ်တာတွေကို ဖြစ်စေမှာပါ။ အဆိုးဆုံးအခြေအနေကတော့ ရှူပါများလာရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တတ်ပါတယ်။ ဒါတွေကနေ ကာကွယ်နိုင်ဖို့အတွက်ပဲ DB ထည့်တဲ့ အိတ်တွေနဲ့ DB တွေကို အမြန်ဆုံး ထိန်းသိမ်းဖို့ လိုအပ်တာပါ။

DB ထည့်တဲ့ အိတ်တွေ ဘာကြောင့် အရေးကြီးရသလဲဆိုရင် . . .

၁။ DB က ထွက်လာတဲ့ ဘက်တီးရီးယားတွေနဲ့ အခြားရောဂါပိုးတွေကို မပျံ့နှံအောင် ကာကွယ်ပေးနိုင်တယ်။
၂။ DB ဆီက ထွက်လာတဲ့ အရည်တွေနဲ့ အနံ့ဆိုးတွေကို အနေအထားတစ်ခုထိ ထိန်းသိမ်းပေးနိုင်တယ်။
၃။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအနေနဲ့ DB တွေကို သယ်ရပြုရ လွယ်ကူစေတယ်။

ဒါကြောင့်မို့ ဖြစ်နိုင်ရင် စားစရာနဲ့ ရေ လှူဒါန်းတာအပြင် DB သယ်တဲ့ အိတ်တွေကိုလဲ ရရင်ရသလောက် ထည့်သွင်းလှူဒါန်းပေးဖို့ မေတ္တာဖြင့် အကြံပေးချင်ပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ လိုအပ်တာမို့လို့ ဒီစာလေးက အသုံးဝင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ။

Written by Myo Myat Maung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

29/03/2025

ကျွန်တော်တို့ Project O2 မှာ လူနာများအတွက် အခမဲ့ 📞Tele-consulting လုပ်လို့ရနိုင်ပါပြီဗျ 📲

အတွေ့အကြုံရှိတဲ့ ဆရာဝန်များက 👩🏼‍⚕️🧑🏼‍⚕️အခမဲ့ ကူညီဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

💁🏻‍♂️Tele-consluting ဘာလို့လိုအပ်လဲ?

📞Tele-consulting လုပ်ပြီးလျှင် လူနာအတွက် အထိရောက်ဆုံးသော ကုသမှုတွေကို ပေးနိုင်ပါတယ်။
ဆေးရုံတက်ခွင့်မရလို့ အိမ်မှာပဲ ကုသနေစဉ်မှာလဲ လိုအပ်တဲ့ဆေးဝါးနဲ့ ဆရာဝန်ရဲ့ စောင့်ရှောက်အကြံပေးမှုက လိုအပ်ပါတယ်။

🙆🏼‍♀️တန်ဖိုးရှိလှတဲ့ အသက်တွေ မလိုအပ်ပဲမဆုံးရှုံးရအောင် ရောဂါခံစားနေရတဲ့လူနာများအတွက် Tele-consluting လုပ်ဖို့ လိုအပ်ပါတယ်။👋🏻

📞Tele-consulting လုပ်ချင်တယ်ဆိုရင်တော့
✍🏻လူနာရဲ့ နာမည်
✍🏻အသက်
✍🏻လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေ တို့ကို
Page chatbox သို့ ပို့ပေးပြီး ကျန်းမာရေးအကူအညီရယူနိုင်ပါတယ်။

အချက်အလက်များပို့ပေးပြီးတာနဲ့ ဆရာဝန်များက ဖုန်းဖြင့်ဖြစ်စေ၊ messenger မှဖြစ်စေ သိလိုသည်များကို ဖြေဆိုဆွေးနွေးအကြံပေးပြီး အထိရောက်ဆုံးသော ကုသမှုများ ပေးမှာဖြစ်ပါတယ်။

🔔အရေးပေါ်ကျန်းမာရေးအကူအညီလိုအပ်တယ်ဆိုရင်တော့ Page messenger မှာ အရေးပေါ်လိုအပ်ကြောင်း ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ပို့ပေးပြီးတာနဲ့ ဆရာဝန်များက ဖုန်းဆက်ကုသပေးပါလိမ့်မယ် ခင်ဗျာ

💪🏻ကျွန်တော်တို့ အားလုံး ကပ်ဆိုးကြီးကို အကောင်းဆုံးကုသမှုရယူပြီး တိုက်ထုတ်ကြရအောင်✊🏻

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon