Myanmar Authentic Phoenix

Myanmar Authentic Phoenix

Share

Best local transportation services.

05/12/2024
28/11/2022

ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .
နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ သိလာရတာက System ဆိုတဲ့ စံနစ်ပါပဲ . . .
ဝန်ထမ်းပေါင်း ၃၀၀၀ လောက်ရှိတဲ့ Company တစ်ခုမှာ ဘာနဲ့ ထိန်းထားလဲဆိုရင် System နဲ့ပဲ ထိန်းထားပါတယ် . . .
အလုပ်ဝင်ချိန် ထမင်းစားချိန် အလုပ်လုပ်ချိန် နားချိန် အိမ်ပြန်ချိန် စတဲ့ နေ့စဉ်လုပ်ဆောင်မှုအားလုံးကို System ကနေပဲ လိုက်မှတ်ပေးထားပါတယ် . . .
သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်ပြီး ဘာမှ လုပ်မရပါဘူး . . . လကုန်တာနဲ့ သတ်မှတ်ထားတဲ့ ဝန်ထမ်းနံပါတ်အလိုက် လစာစာရွက်တွေရောက်ရှိလာပါတယ် . . .
ဒီလိုပဲ လည်ပတ်နေတာ တစ်နှစ်ပြီး တစ်နှစ်ပါ . . . ပြဿနာဆိုတာ အရမ်းနည်းပါတယ် . . . အလုပ်အားလုံးနီးပါးလည်း အဆင်ပြေချောမွေ့ပါတယ် . . . အားလုံးလည်း မြန်မာပြည်မှာထက်တောင် ပိုချစ်ခင်ကြပါတယ် . . .
ဒါပေမယ့် ကျွန်တော်တို့ဆိုတာ Company System ထဲက သတ်မှတ်ထားတဲ့ နံပါတ် လေးတစ်ခုပါပဲ . . .
ကျွန်တော်တို့ အလုပ်ထွက်လာခဲ့တယ် လုပ်ငန်းကြီးဆက်လက်ရပ်တည်ကြီးပွါးနေတာပါပဲ . . .
ဒါတွေအားလုံးရဲ့ အချုပ်က System ဆိုတဲ့ စံနစ်ပါပဲ . . .
ကြိုက်တဲ့ နေရာ ကြိုက်တဲ့ ရာထူး ကြိုက်တဲ့သူ အလုပ်ထွက်ပါစေ လုပ်ငန်းမပျက်ပဲ ရှိနေတာကလည်း ထူးဆန်းပါတယ် . . .
အချိန်တစ်ခုရောက်တာနဲ့နောက်လူတစ်ယောက်က လွတ်သွားတဲ့ နေရာကို ဝင်လာပြီး ဆက်Run ပါတယ် . . . ဒါက System ပဲဆိုတာ သိခဲ့ရတယ် . . . လူပုဂ္ဂိုလ်ကို မမှီခိုပါဘူး . . .
ကျွန်တော်စီးပွါးရေး စလုပ်ကတည်းက Process Management System ကိုဦးစားပေးတည်ဆောက်ထားပါတယ် . . .
ဒါကဘာလဲဆိုရင် အလုပ်မှာ ကျွန်တော်မရှိရင်တောင် သတ်မှတ်ထားတဲ့ နှစ်တစ်ခုအထိ ဆက်လက်ရပ်တည်နေနိုင်ဖို့နဲ့ အချိန်မရွေး မည်သည့် Audit မဆို စစ်ဆေးနိုင်တဲ့ Financial Management System ကိုလည်း တစ်ပြိုင်နက်တည်း တည်ဆောက်လာခဲ့တာပါ . . .
ကျွန်တော့်အလုပ်မှာ ဘယ်သူမဆို ထွက်သွားပါစေ အလုပ်က ဆက်လက်ရပ်တည်နေနိုင်အောင် PMS က ထိန်းထားနိုင်ခဲ့ပါတယ် . . .
PMS ထဲမှာ မိသားစု ဆွေးမျိုး မိတ်ဆွေဆိုတာ မရှိပါဘူး . . . သတ်မှတ်ထားတဲ့ System ထဲက Violate regulations ဖြစ်တာနဲ့ Terminated ပါပဲ . . .
ဒါကြောင့် ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .
ဝန်ထမ်းဘဝဆိုတာ လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းနေကြတဲ့ နေရာတစ်ခုပါ . . . ကိုယ်တိုင်လည်း ဝန်ထမ်းဘဝကို လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းလာခဲ့တာ ၁၀ နှစ်ကျော်ရှိပြီး လုပ်ငန်းပေါင်း ၂၀ လောက်ကို ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့တာပါ . . .
ပျံသန်းပါစေ . . . ပြောင်းလဲပါစေ . . .
မိတ်ဆွေသာ စံနစ်တစ်ခုကို တည်ဆောက်ပါ . . .
မည်သူမရှိတော့လို့ လုပ်ငန်းအဆင်မပြေတော့ဘူးတို့ . . . လုပ်ငန်းပိတ်လိုက်ရတယ်တို့ . . . ဆိုတာ မဖြစ်သင့်တဲ့အရာလို့ ထင်မြင်မိပါတယ် . . .
to Han Thu Lwin
#သဘောကျလို့ထပ်ဆင့်ကူးယူဝေမျှသည်
#မူရင်းရေးသားသူအားခရက်တစ်ပေးပါသည်

09/11/2022

ရန်ကုန်ရွှေအသင်း - YGEA အခေါက်ရွှေ ကြမ်းခင်းဈေး ကျပ်သိန်း (၂၀) ကျော်လာ +++++

ကမ္ဘာ့ရွှေဈေးတစ်အောင်စ အမေရိကန်ဒေါ်လာ (၁၇၁၁) ကို ရောက်ရှိလာချိန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းကြမ်းခင်းဈေးက ကျပ် (၂၀၁၅၀၀၀) ကို ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ တရားမဝင်ဈေးကွက်မှာ တစ်ကျပ်သား ကျပ် (၂၆) သိန်းကျော်နဲ့ တစ်ဒေါ်လာပေါက်ဈေး ကျပ် (၃၀၀၀) ပတ်ချာလည်မှာ ရှိနေပါတယ်။

သတင်း - BETV Business

09/11/2022

ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ ၃၂ ခု တရုတ်သို့ တစ်သျှူးငှက်ပျော တင်ပို့ခွင့်ရရှိ +++++

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC) မှာ ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုကို မှတ်ပုံတင်ခွင့် ပြုခဲ့တာကြောင့် တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့် ရရှိသွားမှာလည်း ဖြစ်ပါတယ်။

သတင်း - BETV Business

08/11/2022

ညီတယောက်က‌ " ကျနော်အကြိုက်ဆုံးကဘေလီလှမင်းအေး ” တဲ့။ ဘေလီဆိုတော့ " ဘေလီတံတား" သတိရမိတယ်။

“ ဘီလီ (Billy) လမင်းအေး ” မှမှန်မယ်။ “ ဘေလီ (Bailey) လမင်းအေး ” မဟုတ်ဘူး။ Billy နဲ့ Bailey ကိုနာမည်အနေနဲ့အဖိုအမနှစ်မျိုးသုံးနိုင်တယ်။

၁၉၈၈ အရေးတော်ပုံမတိုင်ခင်
ရန်ကုန်တဝိုက်မှာရှိတဲ့ "ဘေလီတံတား" ကအခုအမှတ်(၂)လမ်းမကြီးခေါ်တဲ့တိုးကြောင်လေး-ရွာသာကြီးလမ်းမှာတစ်စင်းပဲရှိတယ်(မှတ်မိသလောက်)။အချို့ကသံတံတားတဲ့၊ဘေလီမဟုတ်ဖူးတဲ့။

တံတားကိုရန်ကုန်-မန္တလေးမီးရထားလမ်းနဲ့အပြိုင်ဆောက်ထားတာ။ငမိုးရိပ်ချောင်းဖြတ်ပြီးဆောက်ထားတဲ့အင်္ဂလိပ်ခေတ်လက်ကျန်ဘေလီတံတား။ဘေလီတံတားကိုဖျက်ပြီး RC ကွန်ကရစ်တံတားအသစ်ဆောက်ထားတာကြာပြီ။

၁၉၈၉ မြောက်ဒဂုံမြို့သစ်တည်တော့ပါရမှီဘေလီတံတားဆိုတာပေါ်လာတယ်။တောင်ဥက္ကလာ - မြောက်ဒဂုံကိုဆက်ပေးထားတာ။ဒီဘေလီတံတားကိုဖျက်သိမ်းပြီး
၂၀၁၂ မှာ RC ကွန်ကရစ်တံတား
အသစ်ဖွင့်လိုက်ပြီ။ဘတ်စ်ကားခရီးသည်အခုထိ "ပါရမှီဘေလီ" ခေါ်နေတုံးပဲ။

"ဘေလီတံတား" ဆိုတာတံတားဒီဇိုင်းဆွဲတဲ့ဒုတိယကမ္ဘာစစ်တွင်းက အင်္ဂလိပ်စစ်တပ်အရပ်သားအင်ဂျင်နီယာ “ Donald Bailey ” ကိုအစွဲပြုခေါ်တာပါ။ဖြုတ်တပ်လွယ်ပြီးကြိုတင်ပုံစံထုတ်ထားတဲ့သံမဏိသံဘောင်တံတားပါ။စစ်အတွင်းမှာစစ်သုံးယာဉ်များမြစ်ချောင်းကိုအလွယ်တကူဖြတ်ကျော်နိုင်အောင်ပုံစံထုတ်ထားတာ။ဒုတိယကမ္ဘာစစ်အတွင်းမဟာမိတ်တပ်များအမြန်စစ်ချီနိုင်တာ "ဘေလီတံတား" များကြောင့်ပါ။

မဟာမိတ်စစ်သေနာပတိဗိုလ်ချုပ်ကြီးမောင်ဂိုမာရီက Sir ဘွဲ့ချီးမြင့်ခံရတဲ့ဘေလီတံတားဒီဇိုင်းအင်ဂျင်နီယာ Donald Coleman Bailey (၁၉၀၁-၁၉၈၅) ကိုဒီလိုချီးကျူးခဲ့တယ်။

“ ဘေလီတံတားသာမရှိခဲ့ရင်
ဒုတိယကမ္ဘာစစ်ကိုငါတို့မနိုင်ဘူး”

မြန်မာနိုင်ငံအနှံ့အပြားမှာဘေလီတံတားအများကြီးရှိပါသေးတယ်။ဓါတ်ပုံကအိန္ဒိယမြန်မာနယ်ခြားတမူး-မိုးရေး ဘေလီတံတားထင်ရှားအ‌ရေးပါတယ်။အခုရှိသေးရဲ့လားမသိဘူး။

Ref : wikipedia.org
#လွင်ဦး_ရန်ကင်း

Photos from Biz Law Consult Myanmar's post 05/11/2022
Want your business to be the top-listed Taxi in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon