Htun Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htun Service, Insurance broker, Kamaryut Township, Yangon.
🚘 မော်တော်ယာဉ် အာမခံ ဘာကြောင့် ထားသင့်သလဲ?
1. မတော်တဆအခြေအနေများကြောင့် ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန်
မော်တော်ယာဉ် ပျက်စီးပါက ပြုပြင်စရိတ် အများကြီး ကုန်ကျနိုင်တာကြောင့် အာမခံထားလျှင် ငွေကြေးအပေါ် အနှောင့်အယှက် မဖြစ်စေရန်
2. တခြားသူ့ ပစ္စည်း/အသက်ကို ထိခိုက်စေသည့် အခါ
မတော်တဆဖြစ်ပြီး တခြားသူ၏ ယာဉ်၊ အိမ်၊ ပစ္စည်း သို့မဟုတ် အသက်အန္တရာယ် ထိခိုက်ပါက အကုန်အကျနည်းပါခြင်း
3. ခိုးယူခံရမှု၊ မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်များ
• ယာဉ် ခိုးယူခံရပါက
• မိုးကြို/မုန်တိုင်း/ရေကြီးခြင်း၊ မီးလောင်ခြင်း
➡️ များစွာသော ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်ပေးပါတယ်။
4. စိတ်ချမ်းသာမှု
အန္တရာယ်တစ်ခုခု ဖြစ်လာလျှင် ငွေကြေးပူပန်စရာ မလိုအောင် စိတ်ချမ်းသာမှု ရစေရန် ကျွန်တော်တို့ရဲ့ Htun Service မှ အစအဆုံးကူညီဆောင်ရွက်ပေးတယ် 🖤🫶
📌 General Insurance (အထွေထွေ အာမခံ) ဆိုတာ ဘာလဲ?
General Insurance ဆိုတာ ကာလတိုအာမခံ (Short-term Insurance) အမျိုးအစားဖြစ်ပြီး လူ့အသက်ကို တိုက်ရိုက် အာမခံမဟုတ်ပေမယ့် တန်ဖိုးရှိပစ္စည်း၊ ငွေကြေး၊ ကား၊ အဆောက်အဦး၊ စီးပွားရေးလုပ်ငန်း စသည်တို့ ကို အန္တရာယ်ဖြစ်ပွားပါက ကာကွယ်ပေးသည့် အာမခံ အမျိုးအစား ဖြစ်ပါတယ်။
⸻
🛡️ အဓိက အာမခံအမျိုးအစားများ
1. Fire Insurance (မီးအာမခံ)
• မီးလောင်မှု၊ ပေါက်ကွဲမှု၊ မိုးကြို/မုန်တိုင်း စတဲ့ အန္တရာယ်တွေကြောင့် အဆောက်အဦးနဲ့ ပစ္စည်းပျက်စီးမှုအတွက် ကာကွယ်ပေးပါတယ်။
2. Motor Insurance (မော်တော်ယာဉ်အာမခံ)
• မော်တော်ယာဉ် ပျက်စီးခြင်း၊ မတော်တဆ ဖြစ်ပွားခြင်း၊ အခြားသူ့အသက်/ပစ္စည်းကို ထိခိုက်စေတဲ့ အခြေအနေတွေမှာ ကာကွယ်ပေးပါတယ်။
3. Marine Insurance
• သင်္ဘော၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေစဉ် ပျက်စီး၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
4. Health Insurance (ကျန်းမာရေးအာမခံ)
• နာမကျန်းဖြစ်ပြီး ဆေးကုသစရိတ်၊ ဆေးရုံတက်ချိန် ကုန်ကျစရိတ်တွေကို ကူညီပေးပါတယ်။
⸻
🌟 General Insurance ရဲ့ အကျိုးကျေးဇူးများ
• ငွေကြေးအာမခံမှု – အထိခိုက်ဆုံးရှုံးမှုကြီးမားစွာ မဖြစ်စေရန် ကာကွယ်ပေးသည်
• စီးပွားရေး လုံခြုံမှု – စီးပွားရေးလုပ်ငန်းများအတွက် အန္တရာယ်လျော့ပါးစေသည်
• စိတ်ချမ်းသာမှု – စိုးရိမ်ပူပန်မှု လျော့နည်းစေသည်
• အရေးပေါ် ကူညီမှု – မတော်တဆဖြစ်ရင် စဉ်းစားစရာမလိုဘဲ အမြန်ဆုံး ကူညီပေးနိုင်သည်
✴️ ဘာဘဲလိုလို Htun Service ကိုသတိရလိုက်ပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon