Anna Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Anna Collection, Health/Beauty, Yangon.
01/09/2023
မျက်နှာအရေးအကြောင်း ကင်းစင်အောင်
ဂျပန်လူမျိုးတွေဟာ အသားအရေနဲ့ ပက်သတ်ပြီး အင်မတန်နာမည်ကြီးကြတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးပဲ အများစုဟာ အရွယ်တင်ကြတယ်။ အမှန်တော့ သူတို့မှာ လျှို့ဝှက်ချက်တခု ရှိနေလို့လည်းဖြစ်ပါတယ်။ အခုပြောမယ့်နည်းက ဂျပန်လူမျိုးတွေရဲ့ အသားအရေလျှို့ဝှက်ချက်တွေမှာ ပါတဲ့နည်းတခုဖြစ်ပြီး ဒီနည်းကြောင့် ဂျပန်မလေးတွေဟာ အသက်ကြီးတဲ့ထိ ငယ်ရွယ်နုပျိုနေတာဖြစ်တယ်။
ဒီနည်းက အလွန်လွယ်တယ်။ အရှေ့တိုင်းသားတွေနေ့စဉ်စားသုံးတဲ့ ထမင်းရည်ကို အသုံးပြုတဲ့နည်းဖြစ်တယ်။ ဆန်(၃)ဇွန်းစာကို ယူပြီး ရေအနည်းငယ်ထည့်ကာ ထမင်းစေ့ ပျော့နေသည်ထိ(ဆန်ပြုတ်သဘော) ချက်ပါ။ ပြီးရင် ထမင်းရည်ကို(အရည်ကိုစစ်ပြီး) ခွက်တခုနဲ့ သက်သက်ခံထားပါ။ (မသွန်ပါနဲ့)။ရလာတဲ့ထမင်းခပ်ပျော့ပျော့ကို ခွက်တခုထဲထည့်ပြီး ရေအနည်းငယ်ရောထည့်ပြီး သမအောင်မွှေပါ။ပြီးရင် နွားနို့ပူပူ ထမင်းစားဇွန်း တဇွန်းနဲ့ ပျားရည် တဇွန်း ထပ်ရောပြီး အရည်ပျစ်ပျစ်ဖြစ်အောင် လုပ်ပါ။ အဆိုပါအရောကို မျက်နှာပေါ်လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် မျက်နှာကို စောစောက သိမ်းထားတဲ့ ထမင်းရည်နဲ့ ပြန်သစ်ပါ။
ဒီနေရာမှာ ပြောစရာတခုက တမင်းရည်ကို ရေခဲသေတ္တာထဲမှာ လေးရက်ထိထားလို့ရတယ်။ ထမင်းရည်ကို ပုံမှန်အားဖြင့် သဘာဝတိုနာအနေနဲ့ သုံးလို့ရတယ်။ ရေခဲခွက်ထဲထည့်ပြီး ရေခဲတုံးလေးတွေ လုပ်လို့ရတယ်။ ဒီရေခဲတုံးလေးတွေကို အထင်မသေးနဲ့။ မျက်နှာမှာ စက်ဝိုင်းပုံ လိမ်းပေးရင် အသားအရေကို တင်းရင်းစေတယ်။ အရေးအကြောင်းကင်းစင်စေတယ်။ တပတ်ကို တကြိမ်ပုံမှန်ပြုလုပ်ပေးရုံနဲ့ ငယ်ရွယ်နုပျိူတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
18/08/2023
ဟိတ် ရှေ့နောက် အပေါ်အောက် လိမ်းနည်း 🤪
ဒီမှာတော့ Toner ပီးမှ Serum လာသလို
Moisturizer ပီးမှ sunscreen လိမ်းရတယ်
sunscreen ကြီးက ပြာလို့ဆိုပီး
ချန်ထားလို့ မရသလို
Toner အနံ့လေး သင်းလို့ ဆိုပီး
ဒါပဲ လိမ်းနေလို့မရဘူး
သူ့နေရာနဲ့ သူ သူ့အချိန်နဲ့သူ သူ့လိမ်းပုံနဲ့သူ ရှိတယ်
ပြောရရင် သူ့တန်းနဲ့ သူပေါ့နော်
Sunscreen ကို နေ့ဘက်မှာ အားကိုးလို့ ရပေမဲ့
ညဘက်ဆို သူက ဘောင်မဝင်တော့ဘူး 😜
(MLM product များမပါ )
ဒါပေမဲ့ သူ့တန်းက အရှေ့ကို မတက်ပဲ အနောက်ပေးထားတယ် ဆို တာ သူ့နေရာနဲ့ သူလေ
ဒါကို သွားအပြစ်ပြောလို့မရဘူး
Moisturizer ကိုသွားပီး sunscreen ပီးမှ လိမ်းချင်တာလား မရဘူးလေ
ဒါ သူ့နေရာနဲ့ သူကို ပြတာ လို့ ခေါ်တယ်
ဒါကို ကျော်တက်ပီး မျက်နှာပေါ်ကို သွားနန့်ချင်လို့
မရဘူး
ဟိုက ဝက်ခြံ တစ်ပိသာ နဲ့ မနက်ရောက် တာနဲ့ surprise လုပ်သွားလိမ့်မယ်
ဘဲက မပေးပဲ ကို့ကိုယ်ကို ပြန်ပေးတဲ့ surprise ဆိုတာ အဲဒါပဲ
ခုတော့ သေချာတာလေး ရေးပေးလိုက်ပါတယ်
နေ့ဆို ☀️☀️☀️
Cleanser-Toner-Serum-Moisturizer-Sunscreen
ညဆို 🌚🌚
MicellarWater- Cleanser-Toner-Serum(or)Sheet Mask-Sleeping Cream(or)Moisturizer
Crd
03/11/2022
‼️Skincare လုပ်ပြီးရင် သနပ်ခါးလိမ်းလို့ရလား ❓
သေချာလေး ဖတ်စေချင်ပါတယ်❤️
🤗သနပ်ခါးကြိုက်ကြတဲ့ မြန်မာမိန်းကလေးတွေဖြစ်လို့ အဲဒီမေးခွန်းလေးတွေ ခဏခဏမေးကြပါတယ်
💆skincare လုပ်တဲ့သူတွေ အနေနဲ့ အများအားဖြင့် သနပ်ခါး မလိမ်းရဘူး သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်မယ် အသားခြောက်မယ် ဆိုပြီး စသဖြင့်တော့ရှိကြတာပေါ့။
💆တွဲလိမ်းမယ် ဆိုရင်လည်း အောက်ကနေ sunscreen+make up cream+moisturizer တခုခု ခံပြီ သနပ်ခါးနဲ့ တွဲလိမ်းသင့်ပါတယ်
🙆♀️သနပ်ခါးဆိုတာ မြန်မာတွေအစဉ်အဆက်
နေလောင်ဒဏ်ခံနိုင်ဖို့ လိမ်းကြတဲ့ သဘာဝပစ္စည်းဖြစ်လို့ Skincare တွေနဲ့တွဲလိမ်းရင် အဆင်မပြေတာ မရှိပါဘူး။
🙆♀️ဒါပေမယ့် သဘာဝပစ္စည်းဖြစ်တဲ့အတွက် သနပ်ခါးက နေလောင်ဒဏ်ကိုတော့ အကြာကြီး မကာကွယ်ပေးနိုင်ပါဘူးနော်
✅ဒါကြောင့် Skincare ကို အရင်ဆုံး အဆင့်ဆင့် အသားအရည်ထဲသေချာစိမ့်ဝင်အောင် လိမ်းပေးပြီးရင် သနပ်ခါးကိုလိမ်းနိုင်ပါတယ်။
✅အသားအရည် ထိန်းသိမ်းဖို့ Skincare ကိုလည်းလိမ်းချင်တယ်၊ သနပ်ခါးကိုလည်း သံယောဇဉ်မပြတ်လို့ မလိမ်းရရင် မနေနိုင်ဘူး ဆိုတဲ့သူတွေအတွက် သနပ်ခါးနဲ့ တွဲလုပ်ရမယ် skin care အကြောင်းလေးပြောပြပေးမယ်
✔️cleansing သေချာလုပ်ပေးပါ..
✔️ပြီးရင့် Toner ကိုသေချာသုံးပေးပါ..
✔️moistureတစ်ခုခုလိမ်းပေးပါ...
✔️နေလောင် ဒဏ်ကာကွယ်ဖို့အတွက် Sunscreenကို မဖြစ်မနေ လိမ်းပေးပါ ...
🌠🌑ညပိုင်းကတော့ သနပ်ခါးလိမ်းထားတဲ့မျက်နှာကို Double Cleansing သေသေချာချာလေး လုပ်ပေးရပါမယ်..
🥰ကိုယ်လိမ်းနေကျ skin care setတွေလိမ်းပေးပါ။
🥰ညကို သနပ်ခါး လိမ်းမအိပ်ပါနဲ့...
🥰ဝက်ခြံပေါက်ရင်လည်း သနပ်ခါး မတို့စေချင်ပါဘူးရှင့် ။
ပျောက်ခဲ့တယ်ဆိုလျှင်တောင် အမဲစက် နက်နက်ကြီးကျန်တတ်ပါတယ်😱😱
ကိုယ် skin ကို ဂရုစိုက်နိုင်ကြပါစေရှင့်...
Beauty By Anna
06/09/2022
မင်မင်အခုတလော အလုပ်လေးတွေ ရှုပ်နေလို့ စာလေးမရေးဖြစ်ဘူး ဖြစ်သွားပါတယ်
(မရေးတာ နင့်ရှောက်ကြောင်းလေ…လို့ စိတ်ထဲကပြောမိသူ fin နူ)
ဒီနေ့တော့ ဆားဝက်ခြံအကြောင်းလေး ပြောပြမှာပေါ့ကွယ်…
ဆားဝက်ခြံဆိုတာဘာလဲ???
ဆားဝက်ခြံဆိုတာ Blackhead ပါပဲ
Black ဆိုတာ အမဲရောင်…
Head ဆိုတာ အဆံလေး….
Blackhead ဆိုတော့ အမဲရောင် အဆံလေးပေါ့…
ခရုမှာလည်း အကြံနဲ့ ဝက်ခြံမှာလည်း အဆံနဲ့….ဆိုတဲ့ စကားပုံအတိုင်း…
ဝက်ခြံတွေဟာ အဆံရှိကြပါတယ်…
အဖြူဆံလေးရှိတာ…Whitehead ပါ…အဆီဖုလေးတွေပေါ့…
Blackhead ဆိုတဲ့ ဆားဝက်ခြံဆိုတာကတော့ အမဲစံရှိတဲ့ ဝက်ခြံလေးတစ်မျိုးပါပဲ…ညှစ်ရင်ထွက်ပါတယ်…
E မဟုတ်ပါဘူး…အမဲဆံလေးပါ…
ကြည့်တော့…အမဲဆံလေး…ညှစ်လိုက်တော့ ဖြူဖြူလေးတွေထွက်လာတာတွေ့တယ်မလား…
ဘာလို့အဲလိုဖြစ်တာလဲ???
အဲ့ဒါကို ရှင်းပြဖို့ ဝက်ခြံဘယ်လိုဖြစ်လဲသိဖို့လိုပါမယ်…
မျက်နှာအစိုဓာတ်ကို ထိန်းဖို့နဲ့…အရေပြားဆဲလ်တွေကိုကာကွယ်ဖို့ရာ…အဆီဂလင်းတွေက အဆီထုတ်ပေးပါတယ် (RS တွေကျတော့ အချင်းချင်းမျက်နှာကို လျာနဲ့ရက်ပြီး အစိုဓာတ်ထိန်းကြပါတယ်)
တစ်ခါတစ်လေ…အဲ့ဒီအဆီထုတ်တဲ့ ပြွန်လမ်းကြောင်းတစ်လျောက်မှာ ပိတ်တာမျိုးတွေရှိတတ်တာပေါ့…မကောင်းတဲ့ဆဲလ်တွေ…အဆီပြစ်ပြစ်တွေ…ဖုန်မှုန့်အညစ်အကြေးတွေ…ဘက်တီးရီးယားတွေပေါ့လေ…
အဲ့လိုပိတ်ရင် သူ့ရဲ့ကံတရားက အကြမ်းဖျင်း၂မျိုးကို ဦးတည်ပါတယ်…
၁ - ပိတ်တဲ့ပြွန်ထိပ် အရေပြားအပေါက်ဝက ထပ်ပိတ်နေတာ (ဒါမျိုးဆို အကုန်ပိတ်ပြီး…အဆီဖုဝက်ခြံပုံစံဖြစ်သွားပါတယ်)
၂ - ပိတ်တဲ့ပြွတ်ထိပ် အရေပြားအပေါက်က ပွင့်နေတာ (ဒါမျိုးဆို လေထုထဲက အောက်စီဂျင်နဲ့တွေ့…ဓာတ်တိုးပြီး…ထိပ်ကလေးမဲသွားပါတယ်…ဆားဝက်ခြံပဲတွေးပါ…အခြားဟာကို သွားမတွေးပါနဲ…)
အဲ့ဒီအခါ အပြင်ဖက်က ကြည့်ရင် အမဲရောင်ထိပ်လေးမြင်ရလို့ Blackhead (ဆားဝက်ခြံ)လို့ခေါ်တာပါ…လေနဲ့မတွေ့တဲ့ ပြွန်ထဲကကျန်တာတွေကတော့ အဖြူလေးတွေပါပဲ
ဒီလောက်ဆို… Blackhead ကိုဘာသာပြန်ရင် နေလောင်တဲ့ဂတုံးမဟုတ်မှန်း သိကြပြီထင်ပါတယ်…
ဆားဝက်ခြံ ဖြစ်နိုင်ခြေ မြင့်တက်စေတဲ့ အကြောင်းအရင်းတွေက ဘာဖြစ်မလဲ???
၁ - မျက်နှာ အဆီအရမ်းထုတ်တာ... (လူပျိုဖော်…အပျိုဖော်ဝင်တာကော…အသားခြောက်သွေ့တာကော…အဆီများတဲ့ Cosmetic တွေသုံးတာကြောင့်ကောဖြစ်နိုင်ပါတယ်)
၂ - မျက်နှာပေါ်မှာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးပိုးတွေ အရည်အတွက်များလာတာ… (ပိုးသတ်ဆေးလိမ်းတာက ယာယီဖြေရှင်းတာပါ…အရေပြား Balance ဖြစ်အောင် ပြန်လုပ်တာကသာ အဖြေပါ)
၃ - မျက်နှာပေါ်က ဆဲလ်အအိုအဟောင်းတွေ ကွာကျနှုန်း…ဖယ်ရှားနှုန်းအားနည်းတာ (Exfoliation လုပ်တာနဲ့ ဖြေရှင်းနိုင်ပါတယ်)
၄ - လူပျိုဖော်…အပျိုဖော် ဝင်ချိန်မှာ ဟော်မုန်းများပြီး အဆီဂလင်းတွေအားကောင်းနေတာ… (ဒါက အချိန်တစ်ခုပြီးသွားရင် သက်သာနိုင်ခြေရှိပါတယ်…)
၅ - ဟော်မုန်းဆေးတွေ…စတီးရွိုက်တွေ…စိတ်ရောဂါဆေးတွေသောက်နေတာ…လိမ်းနေတာ… (ဒါကတော့ ရောဂါနဲ့ဆိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး…ဆေးပြောင်းတာတွေ…ဘာတွေလုပ်နိုင်ပါတယ်)
၆ - အဆီ…အချို..အစိမ့်…ကစီဓာတ်…နို့နဲ့နို့ထွက်ပစ္စည်းတွေ…အစားများတာ… (မင်မင်ဆို နို့များများစို့…အဲလေ…နို့များများစားလို့ စိုးရိမ်ရတာပေါ့လေ)
ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားကြမလဲ???
နည်းလမ်းတွေကတော့ မျုံစိုးစွာရှိကြပါတယ်
၁ - Skin Care နည်းလမ်း…
အရိုးရှင်းဆုံးနဲ့ အရင်ဆုံး Try သင့်ဆုံးနည်းလမ်းလေးပါပဲ…
Skin Care နဲ့အဆင်မပြေမှတာ အောက်ကဟာတွေ ဆက်လုပ်သင့်ပါတယ်
ဘာလို့လည်းဆိုတော့ Skin Care တာက ကာကွယ်နည်းကော…ကုသနည်းကော ဖြစ်နေလို့ပါပဲ…
မျက်နှာကို အဆီနည်းတာတွေသုံးမယ်
Cleansing သေချာလုပ်မယ်…
Glycolic Acid နဲ့ Salicylic Acid ပါတာတွေသုံးမယ်…(ဒါကအဓိကပါ)
ဒါလေးတွေလုပ်ရင်ပဲ တော်တော်များများအဆင်ပြေသွားကြပါတယ်
စိတ်ရှည်ဖို့တော့ လိုတာပေါ့နော်…နေ့ချင်းညချင်းတော့ ဘယ်ပျောက်ပါ့မလဲ…
နေ့ချင်းညချင်းပျောက်နိုင်တာဆိုလို့ နင်တို့အိတ်ထဲက ပိုက်ဆံတွေပဲရှိတယ် (လစာထုတ်တာနဲ့ အကုန်ဝယ်ကြလို့လေ)
Glycolic Acid က ဆဲလ်အဟောင်းတွေဖယ်ရှားပေးပြီး အဆီပြွန်မပိတ်အောင်ကာကွယ်ပေးသလို…
Salicylic Acid က အဆီပြွန်တွေထဲဝင်ပြီး ပိတ်နေတဲ့အဆီတွေရှင်းလင်းပေးတယ်…ပြန်ပွင့်စေပါတယ်..ချွေးပေါက်လည်း ကျဉ်းသွားစေနိုင်ပါသေးတယ်…
Glycolic Acid ကို AHA လို့ခေါ်ပါသေးတယ်
Salicylic Acid ကို BHA လို့ခေါ်ပါသေးတယ်
၂ - ဆရာဝန်ဆေးများ
ဒါကတော့ Vitamin A အပြင်းစားဆေးတွေပေးတာနဲ့ Benzyl Peroxide ဆေးတွေလိမ်းတာတွေပါပဲ…
ဘေးထွက်ဆိုးကျိုးကိုယ်စီရှိပါတယ်…အရေပြားဆရာဝန်နဲ့ ပြပြီးမှ သုံးပါ…
ဒီမှာတော့ ဆရာဝန်ဆေးစာမပါလည်း ဝယ်လို့ရပေမယ့်…
ဘာနကန်းတစ်လုံးမှမသိပဲ လိမ်းမိရင်တော့ ကိုယ်သမိုင်းကိုယ်ရေးပါပဲ…ဗိုက်ထဲက ကလေးသမိုင်းလည်း ကိုယ်ရေးသလိုဖြစ်သွားတာပေါ့လေ…
၃ - ဆေးခန်းမှာညှစ်တာ…
ဖေ့ဘုတ်ပေါ်က ဗီဒီယိုတွေမှာ ကြည့်ကောင်းလွန်းလို့ ကြည့်နေကြတဲ့ ဆားဝက်ခြံအကြီးကြီးတွေ ညှစ်တာကိုပြောတာပါ..
အမြဲတော့ ညှစ်မနေသင့်ပါဘူး…
ဘာလို့လည်းဆိုတော့ ဆားဝက်ခြံညှစ်ပြီးရင် After Care လုပ်ရပါမယ်…
အဲ့ဒီကျန်ခဲ့တဲ့ အပေါက်ကို After Care မလုပ်ရင် ဆားဝက်ခြံပြန်ဖြစ်မှာပါပဲ…
အိမ်မှာညှစ်တာနဲ့…ဆေးခန်းမှာညှစ်တာ…အဲ့ဒါကွာတာပါ (ဂျင်းဆေးခန်းတွေမပါ)
၄ - Microdermabrasion
ဒါလည်း ဆေးခန်းနည်းပါပဲ…
မျက်နှာကို ကော်ပတ်တိုက်တယ်မှတ်ပါ…
အပေါ်က မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားတဲ့ Exfoliation သဘောမျိုးပါပဲ…
Physical နည်းနဲ့ Exfoliation လုပ်တာပေ့ါနော်…Scrub တိုက်တာထက်တော့သာပါတယ်
၅ - Chemical Peeling
ဒါကတော့ နံပါတ်၁က Skin Care မှာသုံးတဲ့ အက်စစ်တွေကိုပဲ…ပိုပြီးအားပြင်းပြင်းနဲ့ ဆေးခန်းမှာ လုပ်တဲ့နည်းပါ
ပိုမြန်မယ်…ပိုသိသာမယ်…ပိထိရောက်မယ်…ဒါပေမယ့်…ပိုအန္တရယ်များပါမယ်…
လုပ်တဲ့သူက ကျွမ်းကျင်မှုမရှိရင် ဒုက္ခရောက်နိုင်ပါတယ်
ဘာလို့လည်းဆိုတော့ မျက်နှာကို အက်စစ်အပြင်းနဲ့ဆေးနေတဲ့ သဘောမျိုးပဲမို့လို့ပါ..
မကျွမ်းကျင်ပဲ လျောက်လုပ်ရင် Chemical Burn တွေအထိရသွားနိုင်လို့ ကြောက်ရတာပါ…
သေချာမေးစမ်း…စုံစမ်းပြီး လုပ်ကြပါ…အခုချိန်က…ဆေးခန်းအတု…ဆရာဝန်အတုတွေ ခေတ်ထနေပါတယ်…
အနှစ်ချုပ်ရရင်…
ဆားဝက်ခြံက လူတိုင်းလိုလို အနည်းနဲ့ အများရှိကြပါတယ်
စိုးရိမ်စရာမရှိပါဘူး
Skin Care တာလောက်နဲ့ အဆင်ပြေပါတယ်…
Skin Care လောက်နဲ့အဆင်မပြေရင်လည်း ဆားဝက်ခြံတစ်ခုတည်း မဟုတ်ပဲ အခြားဝက်ခြံပြဿနာတွေပါ တွဲရှိနေနိုင်တာပေါ့လေ…
ဆားဝက်ခြံလေးတစ်ခုတည်းလောက်ကတော့…အီးစီး..ပီးစီး…လီမွန်..စကွီးဇီး…ပါပဲ
စိတ်ရှည်ရှည်နဲ့ နည်းမှန်လမ်းမှန် Skin Care ရင် ၂လ..၃လလောက်ဆို သက်သာတာပေါ့ကွယ်…
မိုက်💥🍒
27/10/2021
lipstickတွေ24hrခံတယ်လို့ပြောပြီးမရောင်းပါနဲ့😒😒
ကိုယ်က2hrတောင်မခံဘူး🥴🤧
23/09/2021
တစ်နှစ်တောင်ပြည့်တော့မယ်🤥
badreview ကဒါကို ဂျန်းဂျန်းတွေ ထပ်ရောင်းတုန်း သုံးချင်တဲ့သူသုံးပေါ့ မျက်နှာစုတ်ပြတ်ရင်သိဘူးနော် ဟီး😁😁
ကဲ...ဒီနေ့မှာတော့ skincareဖို့ဘယ်က စလုပ်ရမှန်းမသိတဲ့သူလေးတွေ ဒီVideoလေးသာကြည့်လိုက်တော့ 😍😍😚
09/09/2021
မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်
ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်
ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
🥒🥒🥒 သခွားသီးနဲ့ Eyemask လုပ်ကြရအောင်...
03/09/2021
ဆားဝက်ခြံအတွက်
သဘာဝ နည်းလေး တွေ့ထားပါတယ်
ပြန်မျှဝေ လိုက်ပါတယ်
(၁) ခရမ်းချဉ်သီးနဲ့ ကုနည်း
သေးငယ်သော ခရမ်းချဉ်သီး တစ်လုံးယူပါ။
ပြီးရင် အခွံလွှာပါ။ အခွံလွှာပြီးသော ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးလှီးပြီး ညအိပ်ယာမဝင်ခင် ဆားဝက်ခြံ ရှိတဲ့ နေရာကို အုပ်ထားပေးပါ။ မနက်အိပ်ယာ နိုးတဲ့ အခါမှာ ရေစင်အောင် ဆေးကြောပေးပါ။
(၂) သံပုရာသီးနဲ့ ကုနည်း
သုံပုရာသီ တစ်လုံးကို အရည်အနည်းငယ် ညစ်ပြီး ခွက်ထဲသို့ ထည့်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ခွက်ထဲမှာ ရောမွှေလိုက်ပါ။ မသုပ်လိမ်းခင်မှ မျက်နှာကို ခပ်နွေးနွေးရေနှင့် စင်ကြယ်အောင်အရင် ဆေးပါ။ ပြီးနောက် မျက်နှာကို သုပ်လိမ်းလိုက်ပါ။ မိနစ် ၂၀ အကြာတွင် ခပ်နွေးနွေးရေနှင့် ဆေးကြောလိုက်ပါ။
သုံပုရာသီးဟာ မျက်နှာပေါ်တွင် အရေပြားတွေကို ထိခိုက်စေလို့ အလွန်အကျွံထည့်ခြင်း၊ အချိန်ကြာစွာ ထားခြင်း မပြုလုပ်ပါနဲ့။ဆားနှင့် မဟုတ်ဘဲ ပျားရည်၊ ကြက်ဥတို့နဲ့လည်း ရောစပ်ကာ အသုံး ပြုနိုင်ပါတယ်။ အသုံးပြုရမည့် ပမာဏကို မိမိ ဆားဝက်ခြံပေါ် မူတည်ပြီး သုံးနိုင်ပါတယ်။
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Anna Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.