Pawgals

Pawgals

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pawgals, Pet Supplies, Yangon.

21/07/2021

Chewy မှာ အရုပ်တွေ ဈေးချနေပါတယ်ရှင့်။ လိုချင်တဲ့အရုပ်တွေရှိရင် အမျိုးအစားလေးပဲပြောပေးပါ။ ညီမတို့ ဈေးတွက်ပေးပါ့မယ်ရှင့်။ ဒီနေ့တစ်ရက်ထဲမို့ လက်သွက်ဖို့တော့ လိုပါတယ်နော်။

21/07/2021

Zesty Paws 8-in-1 Bites လေးကြော်ငြာပေးတဲ့

သားချောလေး Pokie ကို ကျေးဇူးတင်ပါတယ်ရှင်။

Pawrents တို့လဲ အာဝု တို့ မြောင်တို့ လိုတာရှိရင်

Pawgals ကို Hello လိုက်တော့နော်။

အတန်ဆုံးနဲ့ အမှန်ဆုံး ပစ္စည်းများကို ရှာဖွေပြီး

ဝန်ဆောင်မှုပေးဖို့ အမြဲအသင့်ရှိနေပါတယ်။

15/07/2021

🐾 Zesty Paws 🐾 တွေရောက်ပြီနော်
အမြန်ဆုံးပို့ပေးပါမယ်ရှင့် အားပေးကြသူတိုင်းကို
ကျေးဇူးတင်ပါတယ်နော် ရောဂါကပ်ဆိုးဘေးမှ
ကင်းဝေးလုံခြုံကြပါစေရှင်

Photos from Pawgals's post 06/07/2021

အာဝုလေးတွေ ကိုက်ဖို့ ကစားဖို့ KONG လေးတွေ
ရောက်ပါပြီနော်။ အများကြီးအားပေးကြတဲ့အတွက်လဲ
ကျေးဇူးတင်ပါတယ်။ Instock လိုချင်သူများအတွက်လဲ
ပိုမှာပေးထားလို့ မူလ Discount Price - 32,000 Ks နဲ့
ဆက်လက်အားပေးနိုင်ပါတယ်ရှင်။ 🤩🤩

ပစ္စည်းလေးတွေကိုလဲအမြန်ဆုံးပို့ပေးဖို့ ပြင်နေပါပြီ

Photos from Pawgals's post 20/06/2021

All Item 20% off မို့ အမြန်မှာလိုက်တော့နော်

Zesty Paws နဲ့ Natural Dog Company ကထုတ်တဲ့
အရေပြားပစ္စည်းတွေကို 20% discount နဲ့ ရမှာမို့
Pawgals မှာ အခုပဲ Order တင်လို့ရပါပြီ။ ဈေးကတော့ Bites တဘူးကို ရန်ကုန်အရောက် ၅၀၀၀၀-၆၀၀၀၀ လောက်ကျပါမယ်နော်။ အရင်မှာတုန်းက ၈သောင်းကျော်ဆိုတော့ အခုတော်တော်တန်နေပါပြီ။ Salmon Oil ကတော့ ၈သောင်းဝန်းကျင်လောက်ဖြစ်ပါမယ်။

အချိန်အကန့်အသတ်ရှိလို့ ၂၃.၆.၂၀၂၁ ရက်နေ့
နောက်ဆုံးထားပြီးတော့ မြန်မြန်လေးမှာမှ စိတ်ချရမယ်နော်။

တခြား brand တွေအတွက်လဲ Amazon Prime Day ကြီးက
မနက်ဖြန်စမှာမို့ ဝယ်ချင်တာရှိရင် Messenger ကို လာခဲ့ပါလို့

Photos from Pawgals's post 16/06/2021

အရမ်းလှတဲ့ ကလေးလေးတွေအတွက် Harness လာပါပြီ။

ပစ္စည်းအကြောင်းအသေးစိတ်သိချင်ရင်တော့ တပုံချင်းကြည့်ပေးပါ။ လိုချင်ရင် Page Messenger ကို စာပို့လို့ရပါတယ်။

Photos from Pawgals's post 09/06/2021

အာဝုတို့အပျင်းပြေကိုက်ဖို့အတွက် အတန်ဆုံး Combo Deal

Kong ဆိုတာနဲ့ အာဝုဖေဖေမေမေတွေ တော်တော်များများ
သိပြီးသားနေမှာပါ။ ကိုယ့်အာဝုလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့
ဆော့ကစားနိုင်စေဖို့ အရည်အသွေးကောင်းတဲ့ အရုပ်ဆိုတာနဲ့
ကမ္ဘာ့နာမည်ကြီး KONG ကနေထုတ်တဲ့ Classic Dog Toy လေးရှိပါတယ်။

Sales ချနေတဲ့အတွက် KONG CLassic Dog Toy Size- L တစ်ခုနဲ့ KONG အရုပ်တွေထဲမှာ ထည့်သုံး လို့ရတဲ့ KONG Stuff’N Easy Treat Peanut Butter အရသာ ၈အောင်စ
(၂၂၆ ဂရမ်)ပါတဲ့ တစ်ဘူးကိုမှ မြန်မာငွေ ၃၂၀၀၀ ကျပ်ထဲနဲ့ ရောင်းချပေးသွားမှာပါ။

ပုံမှန်ဆိုရင် KONG အရုပ် နဲ့ Stuff’N Easy တစ်ဘူးကို
မြန်မပြည်အရောက် ၄၀,၀၀၀ ကျော် ရှိတယ်နော်။ အခုဆို
၃၂,၀၀၀ ကျပ်တည်းနဲ့ရမှာမို့ အရမ်းတန်ပါတယ်။

အချိန်ကန့်သတ်ချက်ရှိလို့ စျေးချတုန်းလေးရအောင် အခုပဲ Message ပို့ပြီး ကိုယ့်ကလေးတွေအတွက် မှာထားလိုက်နော်

05/06/2021

Pawgals Page လေးမှကြိုဆိုပါတယ်ရှင်...

ဒီ page လေးက အာဝုလေးတွေနဲ့ မြောင်တို့အတွက်
ဝယ်ယူဖို့ ခက်တဲ့ပစ္စည်းလေးတွေ၊ ဘာဝယ်ရမှန်းမသိ
အခက်ကြုံနေတဲ့ pawrent တွေအတွက် ကူညီပေးမယ့်
Page လေးဖြစ်လို့ အားပေးကြပါအုန်းနော်...

ဘာလို့စလုပ်ဖြစ်တာလဲ။

Paw friend တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ လွယ်လွယ်မရတာတွေ၊ ဝယ်ချင်ပေမယ့် ဒီမှာမရောင်းလို့ မဝယ်ဖြစ်တာတွေ၊ သုံးနေတဲ့ပစ္စည်းကို စိတ်တိုင်းမကျလို့ တခြားပစ္စည်းပြောင်းသုံးချင်တဲ့လူတွေ၊ ဝယ်ပြီးမှ အဆင်ပြေမပြေမသိလို့ အကောင်းစားတွေ ကောင်းပေ့တွေကို သုံးပေးချင်ပေမယ့် မသုံးရတဲ့ မိဘတွေအတွက် ရည်ရွယ်ပြီးတော့ လုပ်ဖြစ်ပါတယ်။

ဘယ်သူတွေလုပ်တာလဲ။
Canine နဲ့ပတ်သက်တဲ့ သဘာဝဆန်ဆန်ပြုစုပုံ၊ Organic ပစ္စည်းတွေအကြောင်းကောင်းကောင်းနားလည်တဲ့၊ အိမ်တွင်းဆေးဝါးနဲ့ပတ်သက်ပြီးနားလည်တဲ့ Pawrent တစ်ယောက်ရယ်၊ အာဝုချစ်သူ Pawrent တစ်ယောက်ရယ်ပေါင်းပြီးတော့ ကတ်စတန်မာ Paws လေးတွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး အကြံပေးပေးမှာပါ။

ဘယ်ကနေသွင်းမှာလဲ။ ဘယ်လိုပစ္စည်းတွေလဲ?
ပစ္စည်းအများစုကို US/ Australia/ Singapore ကနေ တိုက်ရိုက်မှာပေးမှာဖြစ်ပြီးတော့ ဘန်ကောက်ကနေတော့ Pawrent တို့လိုချင်တာရှိရှင်ရှာပေးမှာပါ။ ဘာလေးလိုချင်တယ်ဆိုတာနဲ့ ရနိုင်မယ့်နိုင်ငံတွေ အညွန်းတွေသေချာပြောပေးမှာပါ။ ပစ္စည်းကတော့ ခြေလေးချောင်းနဲ့ အမြီးပါတဲ့အကောင်တိုင်းတွက် ခေါင်းအစအမြီးအဆုံးအကုန်အစုံ မှာပေးမှာပါ။

စျေးကြီးမှာလား?
အနောက်နိုင်ငံတွေကမှာလို့ စျေးကြီးမယ်မထင်ပါနဲ့။ ပစ္စည်းတန်ဖိုး၊ အခွန်၊ ပို့ခအပေါ်မှာမှ ၁၀ရာခိုင်နှုန်းကိုပဲ ပေါက်စျေးအတိုင်းယူမှာပါ။

ကြိုပေးထားဖို့လိုလား?

ပစ္စည်းပေါ်မူတည်ပြီးတော့ ၅သောင်းထပ်ပိုတဲ့ပစ္စည်းတွေကိုတော့ အနည်းဆုံး ၅၀ရာခိုင်နှုန်းကြိုလွှဲပေးဖို့လိုပါတယ်။ တချို့ပစ္စည်းတွေကိုတော့ တရာရာခိုင်နှုန်း ကြိုလွှဲပေးရပါလိမ့်မယ်။ ကြာချိန်ကတော့ တလဝန်းကျင်လောက်ပါပဲ။

တခြားသိချင်တာတွေရှိရင်လဲ မက်ဆေ့ချ်ပို့ပြီးမေးလို့ရပါတယ်။

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11181