Challenge Me
Changlle Me With Your Tons Of Knowledge
30/04/2025
✅ မနေ့ကမေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေးကတော့ နံပါတ်(ဂ) William Bradley Pitt ဖြစ်ပါတယ်။ ✅
🩵 ဝင်ရောက်ဖြေဆိုပေးကြတဲ့ သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်. အဖြေမှန်တဲ့သူတွေလဲ Congratulation ပါနော်။ 🩵
🏆 မေးခွန်းတွေ ဖြေဆိုပြီး ဆုတွေကို ရယူဖိုအတွက် 8278 ကို ON လို ပေးပိုနိုင်ပါတယ်။အသေးစိတ်ကို http://chmemm.com/ မှာလည်း ဝင်ရောက်ကြည့်ရူနိုင်သလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 🏆
29/04/2025
🩵 မေးခွန်းတွေ ဖြေဆိုပြီး ဆုတွေကို ရယူဖို့အတွက် 8278 ကို ON လို ပေးပို့နိုင်ပါတယ်။ 🩵
❓ဒီတစ်ပတ်မေးခွန်းလေးကတော့
"Brad Pitt ၏ နာမည်အပြည့်အစုံကို ဖော်ပြပါ။" ပဲ ဖြစ်ပါတယ်
အဖြေကို သိတယ်ဆိုရင်တော့ အောက်က ကွန်မန့်မှာ ဝင်ရောက်ဖြေဆို သွားပေးပါဦးနော်။
အသေးစိတ်ကို http://chmemm.com မှာလည်း ဝင်ရောက်ကြည့်ရူနိုင်သလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကို
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
28/04/2025
✅ မနေ့ကမေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေးကတော့ နံပါတ်(ခ) Kylie Jenner ဖြစ်ပါတယ်။ ✅
🩵 ဝင်ရောက်ဖြေဆိုပေးကြတဲ့ သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်. အဖြေမှန်တဲ့သူတွေလဲ Congratulation ပါနော်။ 🩵
🏆 မေးခွန်းတွေ ဖြေဆိုပြီး ဆုတွေကို ရယူဖိုအတွက် 8278 ကို ON လို ပေးပိုနိုင်ပါတယ်။အသေးစိတ်ကို http://chmemm.com/ မှာလည်း ဝင်ရောက်ကြည့်ရူနိုင်သလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 🏆
09/04/2025
🩵 မေးခွန်းတွေ ဖြေဆိုပြီး ဆုတွေကို ရယူဖို့အတွက် 8278 ကို ON လို ပေးပို့နိုင်ပါတယ်။ 🩵
❓ဒီတစ်ပတ်မေးခွန်းလေးကတော့
"ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်သည့် Make-up mogul သည် မည်သူဖြစ်သနည်း။
" ပဲ ဖြစ်ပါတယ်
အဖြေကို သိတယ်ဆိုရင်တော့ အောက်က ကွန်မန့်မှာ ဝင်ရောက်ဖြေဆို သွားပေးပါဦးနော်။
အသေးစိတ်ကို http://chmemm.com မှာလည်း ဝင်ရောက်ကြည့်ရူနိုင်သလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကို
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
08/04/2025
📌 April လအတွက် ဆုစာရင်းများ အသိပေးကြေငြာခြင်း 📌
April လ 2025 တွင် challenge me service မှကံထူးနိုင်သော ဆုမဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ပထမဆု စမတ်ဖုန်း 📱
- ဒုတိယဆု ရွှေလက်စွပ် 💍
- တတိယဆု ဖုန်းဘေလ် ၅၀,၀၀၀ကျပ် 💳
ဖြစ်ပြီး Random ( ကျပန်း ) စနစ်ဖြစ် ရွေးချယ်ပေးသွားမှာဖြစ်ကြောင်း Challenge Me ကို လစဉ် အစဉ်မပြတ် ဆော့ကစား အားပေးနေကြသော Loyalty Customer များနှင့်တကွ Customer အသစ်များသို့ လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
✨✨ Challenge Me Service မှာ စာရင်းသွင်းထားရုံနဲ့ လစဉ်ဆုတွေကို ကံစမ်းသွားနိုင်ပြီမို့ စာရင်းမသွင်းရသေးသူများလည်း စာရင်းသွင်းနိုင်ပါပြီ။ ယခုဆိုလျင် ယခင်လို ဉာဏ်စမ်းမေးခွန်းများကို အပျင်းပြေ ဗဟုသုတရဖွယ် ဖြေဆိုနိုင်သည့် အပြင် Game များနှင့် ဗဟုသုတ အကြောင်းအရာများကိုလည်း ဝင်ရောက်ဖတ်ရှုပြီး ဆော့ကစားနိုင်သည်။
✨✨ မေးခွန်းတွေ ဖြေဆို ဂိမ်းတွေဆော့ပြီး ဆုမဲတွေ ရယူဖို့အတွက် http://chmemm.com မှသော်လည်းကောင်း 8278 ကို ON ဟု ပေးပို့၍သော်လည်းကောင်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် *2525*6 # ကိုခေါ်ဆို၍လည်း စာရင်းသွင်း ရယူနိုင်ပါသေးတယ်နော် ✨✨
✨✨ အသေးစိတ်ကို Challenge Me FB page message box မှလည်း မေးမြန်းလို့ရသလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
✨✨ လစဉ်ဆုပေးခြင်းစနစ်များနှင့် ပက်သက်၍ အငြင်းပွါးစရာ တစ်စုံတစ်ခုရှိခဲ့ပါက ဤ အစီအစဉ်ကို ကျင်းပသည့် Challenge Me ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။ ✅
07/04/2025
2025 ခုနှစ် February လအတွက် ဆုရှင်စာရင်းတွေပါ 🤩 🥳
ChallengeMe Winners တွေကတော့ ဆုတွေကို သိမ်းပိုက်ကုန်ပြီနော် ... 🥳
သင်လည်း သူတို့လို ဆုရှင်တစ်ယောက်ဖြစ်ချင်ပါသလား? အခုပဲ 8278 ကို ON လို့ ပေးပို့ပြီး
http://chmemm.com/ မှာ ဝင်ရောက်ဆော့ကစားနိုင်ပါပြီ။ ဆုရှင်တွေဖြစ်ဖို့ အခုပဲ မှတ်ပုံတင်လိုက်ကြစို့ 😇
02/04/2025
Help & Pray For Myanmar 🙏
28.3.2025 နေ့လည် 12:50 PM မှာ လှုပ်ခတ်ခဲ့တဲ့ 7.7ရစ်ချ်တာရှိ အင်အားကြီးငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ထိခိုက်နစ်နာမှုတွေ ဆုံးပါးသွားကြရသူတွေအတွက်များစွာစိတ်ထိခိုက်ရပါတယ်။
ပြည်သူများနဲ့အတူ Challenge Me မှလည်း အတူရှိနေပါတယ် 🙏🏼
“Stay Safe"
29/03/2025
ဒီတစ်ပတ် Knowledge for You အစီအစဉ်မှာ “ မြန်မာ့နှစ်သစ်ကူး တန်ခူးလ “ အကြောင်းကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။
💦 မြန်မာ့နှစ်သစ်ကူး တန်ခူးလအကြောင်း 💦
💦 တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလ၏ အမည်ကို စိတ္တမာသ ဟုလည်း ခေါ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ ပျို့၊ ကဗျာတို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။ သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသောအသုံးအနှုန်းနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။ တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။ ထို့ကြောင့် တာကူးလသည် နှစ်ကူးသောလ ဟုအဓိပ္ပာယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန်(ဝါ) တန်းသည် ပါဠိ တာလနှင့်အနက်တူသောထန်းဖြစ်သည်။ ခူး ကားဆွတ်ခူး သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။ 💦
💦 တန်ခူးလသည် နှစ်၏အစ၊ နှစ်ဦးလဖြစ်သည်။ သို့ရာတွင် မြန်မာနှစ်ဆန်းတစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာကျရောက်သည်မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလတို့၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလ၏ရက်တို့ကို ဦးရက်ဟုသတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျရောက်တတ်သည်။ 💦
💦 ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရသည်။ 💦
💦 ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ ရဟန်းဆောင်၊ ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊ အဆောက်အဦး၊ ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။ 💦
✨✨မေးခွန်းတွေ ဖြေဆိုပြီး ဆုမဲတွေရယူဖို့အတွက် http://morechme.com/ မှသော်လည်းကောင်း 8278 ကို ON ဟု ပေးပို့ ၍သော်လည်းကောင်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် *2525*6 # ကိုခေါ်ဆို၍လည်း စာရင်းသွင်း ရယူနိုင်ပါသေးတယ်နော်✨✨
အသေးစိတ်ကို Challenge Me FB page message box မှလည်း မေးမြန်းလို့ရသလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
please kindly check Ma May
22/03/2025
ဒီတစ်ပတ် Knowledge for You အစီအစဉ်မှာ “စာရေးဆရာမကြီး ခင်နှင်းယု “ အကြောင်းကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။
📚 စာရေးဆရာမကြီး ခင်နှင်းယု 📚
📚 ခင်နှင်းယု (၇ စက်တင်ဘာ ၁၉၂၅ - ၂၁ ဇန်နဝါရီ၂၀၀၃၊ အမည်ရင်း မခင်စု) သည် မြန်မာစာပေလောကတွင် ထင်ရှားသော အမျိုးသမီးကလောင်ရှင်တစ်ဦးဖြစ်သည်။ 📚
📚 ဧရာဝတီတိုင်း ဝါးခယ်မမြို့၌ အဖ အစိုးရကျောင်းဆရာကြီး ဦးဘ၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၉၂၅ ခု၊ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့) တွင်ဖွားမြင်သည်။ မွေးချင်း ခုနစ်ယောက်အနက် ငါးယောက်မြောက်ဖြစ်ပြီး ဝန်ကြီးချုပ် ဦးနု နှင့်မောင်နှမ ဝမ်းကွဲတော်စပ် သူတစ်ဦးဖြစ်သည်။ ၁၉၅ဝ တွင် ဗိုလ်ကြီးကျော်သောင်းနှင့် လက်ထပ်ခဲ့ကာ ၁၉၇ဝ တွင် ခင်ပွန်းသည် ကွယ်လွန်ခဲ့သည်။ ၁၉၈၅ မှ ကျန်းမာရေးအလွန်ဆိုးရွားသောကြောင့် ဆေးရုံတွင် ကုသမှုခံယူ ပြီးနောက် ချမ်းမြေ့ရိပ်သာ တွင် နေထိုင်ခဲ့သည်။ ၂၀၀၃ ဇန်နဝါရီလ ၂၁ ရက် (အင်္ဂါနေ့) နံနက် (၈:၃၀) တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။ 📚
📚 ၁၉၃ဝ တွင် ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း၌ စတင်ပညာသင်ကြားသည်။ ၁၉၄ဝ တွင် ဝါးခယ်မမြို့ ဦးဘိုကြီးမြန်မာစာ အထက်တန်းကျောင်း၌ ရှစ်တန်းမှ ဆယ်တန်းတိုင် ပညာဆည်းပူးခဲ့ပြီး ၁၉၄၃ တွင် မြန်မာဆယ်တန်းနှင့် ၁၉၄၈ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၆ တွင် သက်ကြီးတက္ကသိုလ်၊ ၁၉၅၉ တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ 📚
📚 ဝါးခယ်မကျောင်းသားသမဂွ အမှုဆောင် (၁၉၃၈ -၃၉) ဖြစ်ကာ ကျောင်းသားရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး (၁၉၄၃)၊ ဖဆပလ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး (၁၉၄၆)၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလ သတင်းစဉ် တာဝန်ခံ အယ်ဒီတာ (၁၉၄၇)၊ ဝန်ကြီးချုပ်၏ အတွင်းရေးအတွင်းဝန် (၁၉၄၈- ၄၉) စသည်ဖြင့်ဆောင်ရွက်ခဲ့သည်။ 📚
📚 ၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄၇-တွင် "အချို" ကလောင်အမည်ဖြင့် သတင်းစုံ ဂျာနယ်၌ ဝတ္ထုတိုများ ရေးသားခဲ့သည်။ ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဆုံးရေးသောဝတ္ထုမှာ ၁၉၄၇ "စာပဒေသာမဂ္ဂဇင်း" တွင်ပါရှိသည့် "အရိုင်း" ဖြစ်သည်။ လုံးချင်းဝတ္ထု (၁၇) အုပ်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ် (၂၀)၊ ဝတ္ထုတို (၁၀၀) ကျော်ခန့်ရေးသားခဲ့သည်။ စာဆို၏ ဝတ္ထုတိုအချို့ကို ဂျာမန်၊ ရုရှား၊ ဂျပန် ဘာသာများသို့ ပြန်ဆိုခဲ့သည်။ 📚
✨✨မေးခွန်းတွေ ဖြေဆိုပြီး ဆုမဲတွေရယူဖို့အတွက် http://morechme.com/ မှသော်လည်းကောင်း 8278 ကို ON ဟု ပေးပို့ ၍သော်လည်းကောင်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် *2525*6 # ကိုခေါ်ဆို၍လည်း စာရင်းသွင်း ရယူနိုင်ပါသေးတယ်နော်✨✨
အသေးစိတ်ကို Challenge Me FB page message box မှလည်း မေးမြန်းလို့ရသလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
please kindly check Ma May
15/03/2025
ဒီတစ်ပတ် Knowledge for You အစီအစဉ်မှာ “ ကံ့ကော်ပန်း“ အကြောင်းကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။
🏵️ ကံ့ကော်ပန်း 🏵️
🏵️ ကံ့ကော်ပန်းသည် ထင်ရှားသောပန်းဖြစ်သည်။ ရှေးက တက္ကသိုလ်နယ်မြေတွင် မလေးကျွန်းဆွယ်မှရသော ပိတောက်ကို အနှံ့အပြားစိုက်သည်။ နှောင်းခေတ်၌မူ ကံ့ကော်ပင်ကိုစိုက်ပျိုးလာကြသည်။ ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်မျိုးဖြစ်သည်။ ကံ့ကော်ပန်းသည် အလွန်မွှေး၍ ဆေးဖက်လည်းဝင်သည်။ ကံ့ကော်သည် အမြဲစိမ်းလန်း စိုပြည်နေသည့်သစ်မာပင်လတ်မျိုးဖြစ်သည်။ ကံ့ကော်ပင်သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်အပင်ဖြစ်သည်။ ကံ့ကော်(Gangaw) ၏ ရုက္ခဗေဒ အမည်မှာ Mesua ferrea ဖြစ်သည်။ 🏵️
🏵️ အပင် အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက် ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။ အရွက် ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ်မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏။ ရွက်ကြောများနီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။ အပွင့် တစ်ပွင့်တည်း သို့မဟုတ် စုပွင့် ၏။ အချင်း ၁ လက်မမှ ၃ လက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင်ဝါ၍ မွှေးသောဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။ အသီး အနည်းငယ် ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ဝန်းရံထားသည်။ ကဆုန်နှင့် နယုန်လတွင် သီးသည်။ အစေ့ ၁ မှ ၄ စေ့ထိ ပါရှိသည်။ အညိုရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံ မာကျောသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ ဝတ်ဆံ ၊ အစေ့ ၊ အမြစ် ၊ အခေါက် နှင့် အဆီ။ 🏵️
🏵️ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်တွေ့ရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် တွေ့နိုင်သည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏။ ဥယျာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်း ကို ဖြစ်စေသည်။ သွေး ဖောက်ပြန်ခြင်း ၊ နှလုံးနာကျင်ခြင်း ၊ အဆိပ်သင့်ခြင်း ၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်။ 🏵️
✨✨မေးခွန်းတွေ ဖြေဆိုပြီး ဆုမဲတွေရယူဖို့အတွက် http://morechme.com/ မှသော်လည်းကောင်း 8278 ကို ON ဟု ပေးပို့ ၍သော်လည်းကောင်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် *2525*6 # ကိုခေါ်ဆို၍လည်း စာရင်းသွင်း ရယူနိုင်ပါသေးတယ်နော်✨✨
အသေးစိတ်ကို Challenge Me FB page message box မှလည်း မေးမြန်းလို့ရသလို ဖုန်းနံပါတ် ၀၉ ၈၉၀၅၇၀၇၉၃ ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon