DTwo Gaming

DTwo Gaming

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DTwo Gaming, Arts and entertainment, Yangon.

04/05/2026

"Best Connect Tournament [Season-2] ရဲ့ အုပ်စုခွဲဇယား ထွက်ပေါ်လာပြီ။ 🎮 တိုက်ပွဲစဖို့ အဆင်သင့်ပဲလား?အသင်း ၈ သင်းရဲ့ ပြင်းထန်တဲ့ အားပြိုင်မှုတွေကို မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။ အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ပေးပါဦး။"

30/04/2026

The Battle Begins! Best Connect Tournament Season-2 အသင်းကြီး (၈) သင်း ထွက်ပေါ်လာပြီ! 🎮

​အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် Best Connect Tournament Season-2 အတွက် Register တင်ထားတဲ့ အသင်း (၈) သင်းကို အခုပဲ တရားဝင် ကြေငြာပေးလိုက်ပါတယ်။
အသင်းတွေကြားမှာ ဘယ်အသင်းက ချန်ပီယံဆုကို သိမ်းပိုက်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာပါ။ပြိုင်ပွဲဝင်အသင်းတွေရဲ့ အင်အားကို ကြည့်ရတာ ဒီတစ်ခါတော့ တကယ်ကို အကြိတ်အနယ် ဖြစ်မှာ အသေအချာပါပဲ။

​🔥 ယှဉ်ပြိုင်မယ့် အသင်းများ:
​Legend Spirit
​Thunder God
​Black Knight
​Void Sentinels
​Team Shigami
​Marcelus
​AJ Adventure Journey
​New Generations

​ Tournament Start Date: May 10th, 2026
Sponsored by: Best Connect Business Group
Hosted by: DTWO
​အောင်ပွဲဆီကို ဘယ်အသင်းက အရင်ဆုံး တက်လှမ်းနိုင်မလဲ? အားပေးတဲ့အသင်းကို Mention ခေါ်ပြီး Support ပေးလိုက်တော့!

29/04/2026

🎮 The Battle Begins! Season 2 ရဲ့ စိန်ခေါ်မှုက စတင်တော့မယ်! 🎮

မိုဘိုင်းလ်လင်းဂျန်း (MLBB) ပရိသတ်တွေ စောင့်မျှော်နေတဲ့ Best Connect Tournament [Season 2] ရဲ့ ပြိုင်ပွဲဝင် Team (၈) သင်း ထွက်ပေါ်လာပါပြီ။ 🛡️✨

ပြင်းထန်တဲ့ တိုက်ပွဲတွေကြားက ဘယ်အသင်းက Champion ဆုဖလားကို သိမ်းပိုက်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာပါ။

📅 Tournament Start Date: May 10th, 2026
📺 Stay Tuned: နောက်ထပ် Update တွေအတွက် page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!

Sponsored by: Best Connect Business Group
Hosted by: DTwo

🛡️ Team Overview & Characteristics

1. LEGEND SPIRIT

•အင်အားကြီးမားမှုနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုပြီး နဂါးလိုပဲ ရန်သူကို ကျုံးဝါးသုတ်သင်မယ့် Legend Spirit အသင်းပါ။

2. THUNDER GOD

လျှပ်စီးလို လျှင်မြန်ပြီး ပြင်းထန်တဲ့ Attack တွေ ရှိနိုင်တဲ့ အသင်းပါ။ ပွဲကို အမြန်အဆန် အဆုံးသတ်နိုင်တဲ့ နတ်ဘုရား တစ်ပါးလို အသင်းပါ။ Champion Title ကို အစွမ်းကုန် defense လုပ်သွားမယ့် ရှေ့ Season ရဲ့ Champion ဟောင်းလည်း ဖြစ်ပါတယ်။

3. BLACK KNIGHT

ခိုင်မာတဲ့ Defense နဲ့ စနစ်တကျ တိုက်စစ်ဆင်တတ်တဲ့ ပုံစံပါ။ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်တဲ့ ကစားဟန် ရှိတဲ့
အသင်းလည်း ဖြစ်ပါတယ်။

4. VOID SENTINELS

လျှို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရခက်တဲ့ အသင်းပါ။ ရန်သူမသိအောင် အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ Strategy မျိုးတွေနဲ့ တိုက်ပွဲဝင်သွားမယ့် အသင်းဖြစ်ပါတယ်။

5. TEAM SHIGAMI

ခေတ်မီပြီး တက်ကြွတဲ့ ပုံစံရှိပါတယ်။ Young Blood ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ပုံစံမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ Skill ပြနေတဲ့ အသင်းမျိုး ဖြစ်ပါတယ်။

6. MARCELUS E-SPORTS

Professional ဆန်တဲ့ အသွင်အပြင်ရှိပြီး Teamwork ကောင်းမွန်ပြီး အောင်နိုင်သူ (Champion) ဖြစ်ဖို့ ဦးတည်တိုက်ပွဲဝင်သွားမယ့် အသင်းပါ။

7. AJ ADVENTURE JOURNEY

မဆုတ်မနစ်တဲ့ ဇွဲနဲ့ ဘယ်လို အခက်အခဲမျိုးမှာမဆို လမ်းသစ်ဖောက်ပြီး အနိုင်ယူမယ့် စိတ်ဓာတ်နဲ့ ပေါင်းစပ်ပြီး Champion Title ကို စိမ်ခေါ်သွားမယ့် အသင်းမျိုးပါ။

8. NEW GENERATIONS

အနာဂတ်ရဲ့ ကြယ်ပွင့်သစ်တွေနဲ့ ဖွဲ့စည်းထားပြီး လျင်မြန်ဖြတ်လတ်တဲ့ ကစားကွက်ပုံစံမျိုးနဲ့ ပွဲကို ထိန်းချုပ်ကစားတက်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။

28/04/2026

The Official Announcement...

မကြာမီမှာ ရောက်ရှိလာတော့မယ့် Mobile Legends: Bang Bang ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်တစ်ခု...။ အောင်မြင်မှုတွေနဲ့အတူ Season 2 အဖြစ် ပြန်လည်ရောက်ရှိလာတဲ့ DTwo Friendly Cup Tournament ဟာဆိုရင် Best Connect နဲ့အတူ ပူးပေါင်းပြီး Best Connect Tournament အဖြစ်လာမယ့် May 10 မှာ စတင်၍ အမည်‌‌ ပြောင်းလဲး ကျင်းပသွားမည်ဖြစ်ပါတယ်။ ဘယ်လိုအသင်းတွေ ပါဝင်လာမလဲ ဘယ်အသင်း တေွဟကပိုကြမ်းမလဲဆိုတာတာ စောင့်မျှော်ကြည့်ရှုအား‌ ပေး လိုက်ပါ။
စောင့်မျှော်နေကြတဲ့ Season 2 က အခုဆိုရင် အနားကို ရောက်လို့လာပါပြီ။ Best Connect ရဲ့ ပံ့ပိုးမှု၊ DTWO Gaming ရဲ့ စီစဉ်မှုတွေနဲ့အတူ MLBB Tournament ကြီးက အရင်ထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတော့မှာပါ။

07/04/2026

🏆 DTwo Friendly Cup 2026 - Season 2 🏆
Registration Is Now Open! 🔥🔥🔥

Season 1 ရဲ့ အောင်မြင်မှုတွေ၊ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေအပြီးမှာ အခုဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ DTwo Friendly Cup Season 2 ယှဉ်ပြိုင်ဖို့ အချိန်တန်ပြန်ပြီ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာကော ဘယ်အသင်းတွေက Season 1 က အသင်းတွေထက် ပိုမိုကြမ်းပြပြီး ချန်ပီယံဆုကို အရယူသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှာစွာကြည့်ရှု့‌ေပးကြပါအုံး။ ကိုယ်တို့အသင်းရဲ့ လူစာရင်းအသစ်၊ Strategy အသစ်တွေနဲ့အတူ အားလုံးကို စိန်ခေါ်လိုက်ပါ။

📅 မှတ်ပုံတင်ရန်ကာလ: ဧပြီလ ၁ ရက်မှ ၁၀ ရက်အထိ
🎮 ပြိုင်ပွဲအမျိုးအစား: Mobile Legends: Bang Bang

DTWO Friendly Cup ရဲ့ ချန်ပီယံဆုကို ဘယ်အသင်းတွေက သိမ်းပိုက်သွားမလဲ။

Photos from DTwo Gaming's post 21/01/2026

🏆 Congratulations to the Champions! 🏆

✨ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ "Thunder God Vs Legend Spirit" တို့ရဲ့ Grand Final ပွဲစဉ်မှာ (3:2) ဆိုတဲ့ ရလဒ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့တဲ့ ⚡ Thunder God ⚡ အသင်းကို အထူးပင် ဂုဏ်ယူ၀မ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။🥳

"Grand Final" ပွဲစဉ်ဟာဆိုရင် တကယ်ကိုကောင်းမွန်တဲ့ ကစားကွက်တွေ၊ Teamwork အားကောင်းမှုတွေနဲ့အတူ အကောင်းဆုံးဖျော်ဖြေပေးနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

🌟ဒုတိယဆုကို ရရှိခဲ့တဲ့ "Legend Spirit" အသင်းအနေနဲ့လည်း နောက်ဆုံး Game 5 ပွဲအထိ အားမလျော့ပဲ အကောင်းဆုံးယှဉ်ပြိုင်ဆော့ကစားသွားခဲ့တာကို အသိအမှတ်ပြုအပ်ပါတယ်။ နောက်လာမယ့် ပြိုင်ပွဲတွေမှာလဲ အခုထက်ပိုပြီး အားကောင်းတဲ့ ကစားကွက်ပုံစံ တွေနဲ့ ပြန်လာနိုင်မယ်လို ယုံကြည်ပါတယ်။💪

"DTwo Friendly Cup Season 1" ပြိုင်ပွဲတစ်လျှောက်လုံးမှာ အားတက်သရော ပါ၀င်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့ အသင်းတစ်သင်းချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။🥰

💕ပြိုင်ပွဲများကို အားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နောင်လာမယ့် ပွဲစဉ်တွေမှာလဲ ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ပြိုင်ပွဲတွေနဲ့ အတူ ပြန်လာခဲ့ပါ့မယ်။💕

Champion Line Up ⚡(Thunder God)⚡

1. Ko Myat Min (C) - Mighty
2. Shine Htet Paing - Shake
3. Kaung Wai Lwin - SOL
4. Min Thaw Khant - Baymaxx
5. Myint Moh Khant - Karenma Husband

20/01/2026

🔥 Grand Final Day 🔥

DTwo Friendly Cup Season 1 (2026) ပွဲစဉ်များကို ယှဉ်ပြိုင်ဆော့ကစားခဲ့ရာ ယနေ့မှာဆိုရင် Grand Final ရက်သို့ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။🥰

ပြိုင်ပွဲ၀င် အသင်းများအားလုံးနဲ့ အတူ အားသွန်ခွန်ခိုက် အကြိတ်အနယ် ဆော့ကစားပြီး Grand Final အဆင့်သို့ တက်ရောက်လာတဲ့ အသင်း နှစ်သင်းကတော့ Legend Spirit နဲ့ Thunder God ပဲ ဖြစ်ပါတယ် ခင်ဗျာ။

LEGEND SPIRIT VS THUNDER GOD ရဲ့ Grand Final (BO 5) ပွဲစဉ်ကို ယနေ့ည (8:00) နာရီမှာ ဆော့ကစားသွားမှာဖြစ်ပြီး YouTube ကနေတဆင့် Live ထုတ်လွှင့်ပြသပေးသွားပါမည်။

Grand Final မှာဆော့ကစားရမယ့် Legend Spirit နဲ့ Thunder God အသင်းမှ ကစားသမားများ အနေနဲ့လဲ အဆင်သင့်ဖြစ်နေကြပြီလို့ ယုံကြည်ပါတယ်။

"အကြိတ်အနယ် ဆော့ကစားကြမယ့် Grand Final ပွဲစဉ်ကို DTwo Gaming နဲ့ အတူတူ အားပေးလိုက်ကြရအောင်🥰💕"
Live ကို စောင့်မျှော်ကြည့်ရှုချင်တဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီက အောက်က YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တော့ လိုမယ်နော်။💕

https://youtube.com/?si=7L5dXZn6HeQyJPBF

11/01/2026

🏆 DTwo Friendly Cup 2026 🏆
Season 1🔥🔥🔥

DTwo Business ရဲ့ Official Tournament တစ်ခုဖြစ်တဲ့ 2026 ခုနှစ် အတွက် ပထမဆုံး DTwo Friendly Cup Season 1 ဟာဆိုရင် ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

🥳ပြိုင်ပွဲများကို ယနေ့ January လ 11 ရက်နေ့မှ စတင်၍ ကျင်းပ ဆော့ကစားသွားမှာ ဖြစ်ပြီး Group Stage ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အခုတစ်ခေါက် Season အသစ် မှာ ပါဝင်အားဖြည့် ဆော့ကစားသွားမယ့် အသင်းများကတော့ -

1. Legend Spirit
2. Black Knight
3. Thunder God
4. K Premium Gaming
5. Team Thor
6. Team Ishigami
7. IQ နှင့်
8. Void Sentinels

တို့ဖြစ်ပြီး လူစာရင်းအပြောင်းအလဲများနဲ့ အသင်းတစ်ခုချင်းစီရဲ့ လက်စွမ်းများကို စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
⚜️ Season အသစ်မှာ ပါဝင်တဲ့ အသင်းတိုင်းကလဲ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင် ဆော့ကစားသွားမှာ ဖြစ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမားများ အနေနဲ့ Ready ဖြစ်နေကြပြီလို့ ယုံကြည်ပါတယ်💪💪💪
✨Are You Ready For Battle???

Photos from D Two Liquor Store's post 17/09/2025

ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ🙏🙏🙏

02/09/2025

Congratulations Thunder God 👏🏆🎉
(Season 5 အတွက် ထိုက်တန်တဲ့ Champion)

👏 Mobile Legend DTwo Friendly Cup Season 5 ပွဲလေးအောင်မြင်စွာ ကျင်််််််းပနိုင်ခဲ့ပြီး ကျွန်တော်တို့နဲ့တူ ပါ၀င်အားဖြည့်ပေးတဲ့ BiT Company မှ Thor နဲ့ Ishigami အသင်းနှစ်သင်းဟာ အားသွန်ခွန်စိုက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Semi Final Stage နဲ့ Grand Final Stage အထိ နှစ်သင်းလုံးတက်လှမ်းနိုင်ခဲ့ပါတယ်။

😍 DTwo မှ ဝန်ထမ်းများအားလုံးကလဲ စိတ်နှစ်ကိုယ်နှစ် ယှဉ်ပြိုင်ကြပြီး Final အထိ လုံးဝကို အကြိတ်အနယ်ကို ဖြစ်ခဲ့တာပါ။ ယခု Season 5 မှာ ယှဉ်ပြိုင်ခဲ့တဲ့ အသင်း 6 သင်းလုံးက လက်ရည်ညီခဲ့တာကြောင့် ဆော့ကစားရတာ အရမ်းကို မိုက်ခဲ့ပါတယ်။

😍 နောက်များမှာလည်း ပြိုင်ပွဲဝင် စိတ်ဓာတ်များ ပြင်းပြစေရန် ရည်ရွယ်ပြီး ထပ်မံကျင်းပသွားမှာ ဖြစ်တဲ့အတွက် အကုန်လည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ထပ်မံ ပြိုင်ဆိုင်သွားကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။

🏆🏆 နောက်ဆုံးအနေဖြင့် ဒီ Season 5 မှာ Champion ဖြစ်သွားတဲ့ Thunder God အသင်းဟာဆိုရင် အကောင်းဆုံး ကြိုးစားအားထုတ်မှု၊ Lower Bracket ကနေမှ Grand Final အထိ Teamwork အပေးအယူ မျှတစွာဖြင့် ဆော့ကစားသွားတဲ့အတွက် Champion ဆုနဲ့ ထိုက်တန်တာကြောင့် DTwo ကနေ Congratulation ပြောရင်း ဂုဏ်ပြုလိုက်ပါတယ်။

ရေကုန်ရေခမ်း ပါဝင်ယှဉ်ပြိုင် ဆော့ကစားပေးကြတဲ့ Legend Spirit, Thunder God, Ares War God, Thor, Ishigami အသင်းသားများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ် 🥰

Champion Thunder God မှ ကစားသမားများ

🔸 (Jungle/Roam) - Mighty (C)
🔸 (Mage) - Oh My Rose
🔸 (EXP) - Demon
🔸 (Goldlane) - Shake
🔸 (Jungle) - Kyaw Lay

29/08/2025

အားလုံးပဲမဂ်လာပါခင်ဗျာ🙏🙏🙏
ကျွန်တော်တို့စောင့်မျှော်နေကြတဲ့ DTWO FRIENDLY CUP ရဲ့ Season -5 ပြိုင်ပွဲကြီးဟာဆိုရင်တော့ဖြင့် လာမည့် 9လပိုင်း6ရက်နေ့ရဲ့ 11:00am အချိန်မှာစတင်ယှဉ်ပြိုင်ကြရတော့မှာဖြစ်ပါတယ်ခင်ဗျ Season-5မှာ ပါဝင်ယှဉ်ပြိုင်ကြမည့်အသင်းတွေကို မိတ်ဆက်ပေးပါရစေခင်ဗျ
Team LEGEND SPIRIT
Team BLACK KNIGHT
Team THUNDER GOD
Team THOR
Team ARES WAR GOD
Team ISHIGAMI
တို့ပဲဖြစ်ကြပါတယ်
အကြိတ်အနယ်ယှဉ်ပြိုင်ကြရင်းဘယ်အသင်းကများCHAMPION ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့မျှော်လင့်စောင့်စားကြည့်ရှူကြရမှာဖြစ်ပါတယ်ခင်ဗျ
ပါဝင်ယှဉ်ပြိုင်ကြတဲ့အသင်းများအားလုံးကို 🏆CHAMPION🏆 ဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon