First Class Language Centre - FCLC
Your Personal Language Instructor is here.
22/04/2026
🙆🏻♀️FCLC ရဲ့ knowledge sharing အစီအစဉ်လေးကနေအားလုံးကို ကြိုဆိုလိုက်ပါတယ်🙆🏻♀️
💦ဒီနေ့မှာတော့ ဧပြီလမှာ မြန်မာနိုင်ငံရဲ့အထင်ရှားဆုံးပွဲတော်ဖြစ်တဲ့ အတာသကြင်္န်ပွဲကြီးကိုကျင်းပကြတယ်ဆိုတာ အားလုံးလည်းသိကြပါတယ်💦
🇯🇵ဒါဆိုရင် ဂျပန်နိုင်ငံမှာရော ဧပြီလမှာဘယ်လိုမျိုးတွေပြုလုပ်နေကြလဲ???
📚🎓ဂျပန်နိုင်ငံရဲ့ April လဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေပြန်ဖွင့်တဲ့အချိန်ဖြစ်ပြီး ကျောင်းစတက်မဲ့ကလေးတွေဟာရောင်စုံကျော်ပိုးအိတ်လေးတွေနဲ့အရမ်းချစ်ဖို့ကောင်းကြပါတယ်✏️🫶🏻
🎉ကျောင်းတွေ၊ကုမ္ပဏီတွေမှာလည်းနောက်ထပ်အလုပ်နှစ်တစ်နှစ်ကိုစတင်ပြီဖြစ်တဲ့အတွက် 入学式、入社式တွေကိုလည်းကျင်းပကြပါတယ်🍾🎉
🌸April လဟာဂျပန်နိုင်ငံမှာ 桜シーズン လို့ခေါ်ကြပြီး ဆာကူရာပန်းတွေပွင့်တဲ့အချိန်ဖြစ်ပါတယ်နော်🌸
花見 လို့ခေါ်တဲ့ပန်းကြည့်ပွဲတော်လည်းကျင်းပကြပြီး နိုင်ငံသားများသာမက နိုင်ငံတစ်ဝှမ်းကလာရောက်လည်ပတ်ကြည့်ရှုသူတွေလည်းများပြားပါတယ်
ဆာကူရာပန်းပင်ရဲ့အောက်မှာ 浴衣👘ကိုဝတ်ပြီး 弁当🍱လို့ခေါ်တဲ့ထမင်းဘူး၊ 🍻🍹သောက်စရာတွေယူပြီးမိသားစု၊သူငယ်ချင်း၊ချစ်ရတဲ့သူတွေနဲ့အတူပန်းကြည့်ကြပြီးအေးအေးဆေးဆေးအနားယူကြသူတွေများပြားပါတယ်
💓ဒီနေ့ပြောပြသွားပေးတဲ့အကြောင်းအရာလေးကိုအားလုံးပဲသဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
နောက်ပတ်မှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေပြောပြမလဲဆိုတာသိချင်ရင်တော့ FCLC page လေးကို like and follow လေးလုပ်ထားပေးပါဦးနော်🙆🏻♀️
#花見
17/04/2026
🪷မြန်မာ့နှစ်သစ်ကူး မွန်မြတ်တဲ့နှစ်ဆန်း၁ရက်နေ့မှစ၍ အားလုံးပဲစိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်း၊
စီးပွါးလာဘ်လာဘများတိုးပွါးခြင်း၊
ရောဂါဘယများကင်းဝေးခြင်းများနဲ့ပြည့်စုံကာ
ကွဲကွာနေသောမိသားစုများ၊မိတ်ဆွေများ၊ချစ်သူများလည်း အမြဲဆုံးပြန်လည်ပေါင်းစည်းနိုင်ပါစေ၊
ကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်ကြပါစေ၊ နှစ်ဟောင်းကအဆင်မပြေမှုတွေ၊အညစ်အကြေးတွေကို နှစ်သစ်မှာပါမလာပဲ
တစ်နှစ်ပတ်လုံးကို စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ FCLC မိသားစုကနှစ်သစ်ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်☸️🪷🙏🏻
Pic Crd
14/04/2026
😱FCLC ရဲ့ ပထမဆုံးသော ဂျပန်စာအခြေခံကိုအခမဲ့သင်လို့ရမဲ့အခွင့်အရေး🇯🇵🇯🇵😱
🔫💦အတာသကြင်္န်အထူးအစီအစဉ်အနေနဲ့ ဂျပန်စာကိုစိတ်ဝင်စားပေမဲ့ ခုမှစသင်ချင်တဲ့သူတွေအတွက် free trial class လေးလာပါပြီနော်
🇯🇵🇯🇵ဂျပန်ဘာသာစကားက ခုခေတ်မှာအရမ်း viral ဖြစ်တဲ့ဘာသာစကားတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်းအရမ်းများပါတယ်နော်
💻ဒီ class လေးမှာ ဂျပန်စာရဲ့အခြေခံအပြင်
Self-introduction (Jikoushokai)
Culture Sharing
Alphabet overview
Word Building
Survival Phrases
Interactive Activity
Q&A and Course info တွေကိုစနစ်တကျသေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်
သင်တန်းကြေးက 0 ks နော်😱😱
‼️FCLC စတည်ထောင်တည်းကခုထိ ပထမဆုံးအကြိမ်အနေနဲ့ ဒီအတန်းလေးကိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျပန်စာကို စိတ်ဝင်စားတဲ့ကျောင်းသားများကို ကျေးဇူးတုံ့ပြန်လိုခြင်းဖြစ်ပါတယ်
💁🏻♀️ဒီအတန်းလေးမှာ ဂျပန်စာအပြင် job opportunities တွေကိုပါသေချာရှင်းပြပေးသွားမှာဖြစ်လို့ အခုပဲတက်ရောက်ချင်ရင်ခုပဲစာရင်းပေးသွင်းလိုက်တော့နော်
📨အသေးစိတ်ကို FCLC ရဲ့ Cb မှာမေးမြန်းနိုင်ပါတယ်
12/04/2026
😱FCLC ရဲ့ ပထမဆုံးသော ပြင်သစ်စာအခြေခံကိုအခမဲ့သင်လို့ရမဲ့အခွင့်အရေး😱
🔫💦အတာသကြင်္န်အထူးအစီအစဉ်အနေနဲ့ ပြင်သစ်စာကိုစိတ်ဝင်စားပေမဲ့ ခုမှစသင်ချင်တဲ့သူတွေအတွက် free trial class လေးလာပါပြီနော်
💻ဒီ class လေးမှာ ပြင်သစ်စာရဲ့အခြေခံအပြင်
1.Greetings and salutations
2.Fun facts about France
3.French speaking countries and job opportunities
4.Alphabets တွေကိုစနစ်တကျသေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်
👩🏫သင်ကြားပေးမဲ့တီချယ်ကလည်း FCLC မှာ review များစွာရရှိထားတဲ့တီချယ် JuJue ဖြစ်ပြီး
💸သင်တန်းကြေးအနေနဲ့ 0 ks သာကျသင့်မှာဖြစ်ပါတယ်😱
‼️FCLC ရဲ့ အခြေခံသင်တန်းတွေဟာ ခုဆိုရင် batch 25 ထိရောက်ရှိလာပြီး စတည်ထောင်တည်းကခုထိ ပထမဆုံးအကြိမ်အနေနဲ့ ဒီအတန်းလေးကိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြင်သစ်စာကို စိတ်ဝင်စားတဲ့ကျောင်းသားများကို ကျေးဇူးတုံ့ပြန်လိုခြင်းဖြစ်ပါတယ်
💁🏻♀️ဒီအတန်းလေးမှာ ပြင်သစ်စာအပြင် job opportunities တွေကိုပါသေချာရှင်းပြပေးသွားမှာဖြစ်လို့ အခုပဲတက်ရောက်ချင်ရင်ခုပဲစာရင်းပေးသွင်းလိုက်တော့နော်
📨အသေးစိတ်ကို FCLC ရဲ့ Cb မှာမေးမြန်းနိုင်ပါတယ်
09/04/2026
‼️ဘာသာစကားသင်ကြားဖို့ ဘာကြောင့် FCLC ကိုရွေးချယ်သင့်တာလဲ‼️
👇🏻ဒီက review လေးတွေက သက်သေပါပဲနော် ဒါကတော့ FCLC မှာ A1.1 ကနေ A2.1 အထိသင်ယူလာကြတဲ့ ကလေးတွေရဲ့ review လေးပါနော်💓
😱2026 အထိရောက်နေပြီ ဘာသာစကားအသစ်တစ်ခုကတော့ တတ်ထားပြီဆိုရင် လုံးဝအရှုံးရှိမှာမဟုတ်ပါဘူးနော်
🤗အဲလိုကျောင်းသူ၊ကျောင်းသားတွေကို အကောင်းဆုံးသင်ကြားပေးနိုင်ဖို့ FCLC ကအမြဲအဆင်သင့်ရှိနေပါတယ်နော်
🔫💦သကြင်္န်ကာလအထိမ်းအမှတ်အနေနဲ့ အထူးအစီအစဉ်ကြီးတစ်ခုလည်းရှိတာမို့ stay tuned နော်🫶🏻
💻Apr လအတွက် ပြင်သစ်စာအခြေခံသင်တန်းမှာလည်း လူပြည့်တော့မှာမို့ ခုပဲစာရင်းပေးသွင်းလိုက်တော့နော်
31/03/2026
💁🏻♀️💁🏻♀️Bonjour à tous !
🧩FCLCရဲ့ Knowledge sharingအစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
Toiတို့တွေ အမှိုက်ပုံးကို ပြင်သစ်လို "La poubelle"လို့ ခေါ်တာကိုကျ သိပြီးတော့ အဲ့ဒီနာမည်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို မသိထားရင် ခေတ်နောက်ကျကျန်ခဲ့မယ်နော်။
🧶18ရာစုတုန်းက ပြင်သစ်လူမျိုးတွေက သူတို့ရဲ့ နေ့စဉ်အမှိုက်တွေကို "Le caniveau" လို့ခေါ်တဲ့ မြောင်းတွေထဲကို စွန့်ပစ်လေ့ရှိကြတယ်။
🗣️အကျိုးဆက်အနေနဲ့ မသန့်ရှင်းမှုကနေ ရောဂါတွေ ဖြစ်လာကြတယ်။
💼ဒါကြောင့် 19ရာစုမှာ Eugène Poubelleလို့ခေါ်တဲ့ ပြင်သစ်ရှေ့နေတစ်ယောက်က အမှိုက်တွေကို သေသေချာချာ စွန့်ပစ်နိုင်ဖို့ ရည်ရွယ်ပြီး "Les récipients avec un couvercle"လို့ခေါ်တဲ့ အဖုံးပါ containerကြီးတွေကို တီထွင်ခဲ့ပါတယ်။
🗑️သူ့ရဲ့နာမည်ကိုပဲ အစွဲပြုပြီးတော့ သူရဲ့တီထွင်မှုကို "La poubelle" - အမှိုက်ပုံးဆိုပြီး ခေါ်တွင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ La poubelleတွေ တီထွင်ပြီးတဲ့နောက်ပိုင်း ပြင်သစ်လူမျိုးတွေက အမှိုက်တွေကို သေချာစနစ်တကျစွန့်ပစ်ကြတဲ့အတွက် ရောဂါဖြစ်ပွားမှုတွေလဲ အများကြီး ကျဆင်းခဲ့ပါတယ်။
🇫🇷ပြင်သစ်နိုင်ငံအတွက် Eugène Poubelleရဲ့ La poubelleတီထွင်မှုဟာ တကယ့်ကို အသုံးဝင်ပြီး အဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။
🧩ဒီနေ့ပြောပြပေးသွားတဲ့ အကြောင်းအရာေလးကို စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ
Bonne journée ! ပါနော်။💓
26/03/2026
FCLC ကကျောင်းသူတစ်ယောက်ရဲ့ ပြင်သစ်ဘာသာအပေါ် review လေးတစ်ခု ၃နှစ်ပြည့် အမှတ်တရ 🫠
My fri- ဟဲ့ ပြင်သစ်စကားပြောရတာ ခက်လား
Me - 🤢
23/03/2026
Bonjour!!!!!
🔔📚FCLC ရဲ့ပြင်သစ်စာ basic +A1.1 အတန်းလေးဖွင့်ပြီဆိုတာ အသိပေးပါရစေနော်
🧑🏫ပြင်သစ်စာဆို FCLC မှာတက်ဖို့ စိတ်ချကြတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် ပိုမိုကောင်းမွန်တဲ့ techniques တွေနဲ့ သင်ကြားပေးနိုင်ဖို့ team တစ်ခုလုံး ကြိုးစားထားကြပါတယ်
💻အမြဲတမ်းဖွင့်လာခဲ့တဲ့ အတန်းဖြစ်လို့ အများကြီး မညွှန်းတော့ပါဘူးနော်
📆သင်ကြားမဲ့ရက်ကတော့ 11st April ကနေ 2 လတိတိပါရှင်
⏰သင်ကြားချိန်ကလည်း ရုံးချိန်၊ကျောင်းချိန်လွတ် Sat, Sun 6:00pm-7:30pm ဖြစ်ပါတယ်
💰Fees ကလည်းထုံးစံအတိုင်း Basic+A1.1 အတန်းကို 90000 ks ဖြစ်ပါတယ်ရှင် (စာအုပ်ဖိုးလုံးဝမကောက်ခံပါဘူးနော်)
📝အသေးစိတ်ကို Cb ကနေတစ်ဆင့်လည်းမေးမြန်းနိုင်ပါတယ်ရှင်
21/03/2026
20/03/2026
DELF B2 ဆိုတာ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုလို့ လူတိုင်းက သတ်မှတ်ထားကြပေမယ့်၊ အခြေခံပိုင်နိုင်ရင်တော့ ထူးထူးချွန်ချွန် အောင်မြင်နိုင်တယ်ဆိုတာကို moi သက်သေပြနိုင်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ 2025 မေလမှာ DELF B1 နဲ့ နိုဝင်ဘာလမှာ DELF B2 တစ်နှစ်တည်းဆက်တိုက် first try နဲ့တင် အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ဒီနေ့မှာ ဘွဲ့လက်မှတ်တွေကို ရရှိခဲ့ပါပြီ
တကယ်တော့ B2 အဆင့်ဟာ တော်တော်လေး ခက်ခဲတယ်လို့ နာမည်ကြီးပေမယ့် moi ကတော့ အကြောင်းအမျိုးမျိုးကြောင့် ၂ ညတာပဲ စာကြည့်ချိန်ရခဲ့တာပါ။
၂ညပဲပြင်ဆင်ပြီး ဒီလို အမှတ်ကောင်းကောင်းနဲ့အောင်နိုင်ခဲ့တာက ကံကောင်းလို့မဟုတ်ပါဘူး
ပြင်သစ်ဘာသာကို အခြေခံကစပြီး ပိုင်နိုင်အောင် foundation ခိုင်အောင် သင်ကြားပေးခဲ့တဲ့ YUFL နဲ့ IFB က ဆရာမတွေရဲ့ ကျေးဇူးကြောင့်ပါ။ Teacher တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် 🙏🏻🙏🏻🙏🏻
ဆိုတော့ လာမယ့် May လမှာ DELF ဖြေမယ့်သူများ I’m ready to share the strategies that made my success possible မလို့ Delf preparation class တက်ချင်တဲ့သူများ Page CB ကို လာလို့ရပါပြီ
🇫🇷🇫🇷 On dit souvent que le DELF B2 est un grand défi, mais je viens de prouver qu'avec de bonnes bases, on peut réussir brillamment !
Je suis ravie de vous annoncer l'obtention de mes diplômes DELF B1 (en mai) et DELF B2 (en novembre). Bien que le niveau B2 soit réputé difficile, je l'ai réussi avec seulement deux nuits de préparation.
Mon secret ? Une fondation solide en grammaire et en syntaxe, grâce à mes professeurs de YUFL et IFB. Merci de m'avoir appris à maîtriser les règles de cette belle langue. 🙏🏻🙏🏻🙏🏻
Vous passez l'examen en mai ? Rejoignez-nous à FCLC pour réussir avec brio comme moi!
20/03/2026
🧚🏻♀️Bonjour!!!
🙆🏻♀️FCLC ရဲ့ knowledge sharing ကနေကြိုဆ်ိုလိုက်ပါတယ်။
👤Boday parts လေးထဲကတချို့ကိုပြင်သစ်လိုတူတူလေ့လာရအောင်!!!
အဲ့တာလေးတွေကတော့
👃နှာခေါင်းကို Nose → le nez (luh nay)
👀မျက်လုံးကိုEyes → les yeux (lay yuh)
👂နားရွက်ကို Ears → les oreilles (lay oh-ray)
🗣️ဦးခေါင်းကို Head → la tête (la tet)
တွေပဲဖြစ်ပါတယ်ရှင့်။
💁🏻♀️ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ!!!နောက်အပတ်နောက်အပတ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။
Au Revoir !!!💕
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon