Dev Zone
E learning IT Courses
17/11/2023
✨သင်ဟာ Android Developer တစ်ယောက်ဖြစ်ချင်ပါသလား ?
✨မိမိကိုယ်တိုင် App ရေးပီး Play Store ပေါ်တင်ချင်ပါသလား ?
ဒါဆိုရင် Dev Zone မှ သင့်အတွက် အကောင်းဆုံး Android Development Course လေးကို ဖွင့်လှစ်လိုက်ပါပီ။ 😍
မင်္ဂလာပါ။ Dev Zone မှ ကြိုဆိုပါတယ်။ 🙏
🚀Android Development ကို အခြေခံမှစတင်ပြီး Advanced အထိ Professional ဆန်ဆန် Lecture Based, Theory Based နှင့် အရေးကြီးဆုံးသော Practical Based Learning System နှင့်တကွ App များစွာကို တီထွင်နိုင်ရန်အတွက် အထူးလေ့လာသင့်သော Course လေးဖြစ်ပါတယ်။
🎯သင်တန်းတက်ရောက်ပီးပါက မိမိကိုယ်ပိုင် App များဖန်တီးနိုင်မှာဖြစ်ပြီး Play Store ပေါ်မှာလည်း တင်လို့ရနိုင်မှာဖြစ်ပါတယ်။
🎯Java Programming နှင့် Kotlin Programming ကိုလေ့လာပြီးသွားပါက Android Project များကို Step by Step လေ့လာရမှာဖြစ်ပါတယ်။
Beginner Level မှ Advanced Level အထိ Project များကို လုပ်ကိုင်ရပါမယ်။
Course ထဲတွင် ပါဝင်သည့် သင်ခန်းစာများ -
✔Introduction to Android Studio
✔Java Programming
✔Kotlin fundamentals
✔XML and different types of Layouts
📕App 1 Quotes App
✔ImageView & GridView
✔Toast Messages, SnackBar and Dialog Message
✔Introduction to Activity
✔Intents and Building Multiscreen Apps
📕App 2 Quizz App
✔Activity Life Cycle
✔WebView, ListView, RecyclerView
📕App 3 Weather App
📕App 4 Bluetooth App
📘App 5 Web View App
✔Introduction to Firebase
✨Final App 1
✔MVMM and Android JetPack
✔Fragments with Navigation Components
✔Jetpack Compose
✨Final App 2
✔App Deployment
✔Google Developer Console နှင့် Special Bonus Material တို့ဖြစ်ပါတယ်။
Course Details :
သင်ကြားမည့် Platform - Facebook Group
သင်ကြားမည့်အချိန် - Facebook Group ထဲမှာ Video Lesson များကို နေ့စဥ် (6)pm မှာတင်ပေးသွားမှာဖြစ်ပါတယ်။ မိမိအားတဲ့အချိန်မှာ လေ့လာနိုင်ပါတယ်။
Enroll Once, Learn For Life Time. ❣
သင်တန်းအပ်နှံပီးသွားပါက Facebook Group မှ ထုတ်ပယ်ခြင်းမရှိပါ။ Life time Group ဖြစ်ပါတယ်။
သင်တန်းကြေး - (10000) ကျပ်
သင်တန်းကြေးပေးသွင်းရန် - KPay သို့မဟုတ် Wave Pay ဖြင့် ပေးသွင်းနိုင်ပါတယ်။
သင်တန်းပြီးဆုံးသွားပါက Certificate ထုတ်ပေးခြင်း ,အကောင်းဆုံး Developer တစ်ယောက်ဖြစ်ဖို့အတွက် Exercise များ Assignment များပေးခြင်း၊ Real Life Project များကို ရေးသားခြင်း အစရှိသည်တို့ကို လေ့လာရမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ရန် ဤ Page လေးအား Like လုပ်ပေးပြီး Post လေးအား Share လုပ်ပေးပြီး Comment တွင် Android ဟုရေးနိုင်ပါတယ်။
Latest Technology နှင့်ပတ်သတ်သော Course များကို တက်ရောက်နိုင်ရန်အတွက် Page ကို Like လုပ်ထားနိုင်ပါတယ်။
မိမိစုံစမ်းလိုသောအကြောင်းအရာအသေးစိတ်ကို Page Messager ကို အချိန်မရွေး ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်။
အားလုံးပဲ အောင်မြင်တဲ့ Developer များဖြစ်ကြပါစေလို့ Dev Zone မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏
21/02/2021
✅အခုအချိန်မှာ ကျနော်တို့ရဲ့ Privacy ဟာအရမ်းအရေးကြီးပါတယ်။ ဤ Post မှာကတော့ ဘာဖြစ်လို့ Signal ကိုအသုံးပြုသင့်လဲဆိုတာရယ် Signal ကို Step by Step Install လုပ်ပုံလုပ်နည်းနှင့် Encryption အကြောင်ကိုးထည့်သွင်းရှင်းလင်းသွားမှာဖြစ်ပါတယ်။
✅ပထမဦးဆုံအနေနဲ့ ဘာဖြစ်လို့ Signal ကိုသုံးသင့်လဲ ?
Signal ကိုသုံးခြင်းအားဖြင့် မိမိရဲ့ Data တွေအားလုံးမှာ Privacy အပြည့်ရှိပါတယ်။ မိမိရဲ့ ဖုန်းနံပါတ်ကိုလည်း Secure ဖြစ်စေပါတယ်။ အားသာချက်တစ်ခုအနေနဲ့ Signal မှာ Registration Lock ဆိုတဲ့ Feature တစ်ခုပါပါတယ်၊ အဲ့တာက ပိုမို Secure ဖြစ်စေတာပါ။ Pin Code ထည့်ပေးရပါတယ်။ အကယ်၍ သင့်စိတ်ထဲမှာ Pin Code ထည့်ထားပြီးလည်း Secure ဖြစ်မနေဘူးဆိုရင် Signal မှာ Biometric Security Options များပါဝင်ပါတယ်။ ထို Options ထဲဝင်ပြီးတော့ Fingerprint Recognition သို့မဟုတ် FaceID ကိုထည့်လို့ရပါတယ်။ ဖုန်းအသစ်မှာ App ကိုပြန်လည်အသုံးပြုလိုပါက အရင်က Message များပျောက်ကွယ်သွားခြင်းမရှိပါ။ သင့်ရဲ့ IP Address ကိုလည်း Protect လုပ်ပေးပါတယ်။ Video Call or Audio Call လုပ်မယ်ဆိုရင်လည်း Encrypted ဖြစ်နေသောကြောင့် Security အရမ်းကောင်းပါတယ်။
✅Encryption ဆိုတာဘာလဲ ?
Signal မှာပါဝင်တဲ့ One-to-one messages, group messages, file transfers, photos, voice calls, video calls များဟာ end-to-end encrypted ဖြစ်ပါတယ်။ Signalဟာ သူ့ရဲ့ ကိုယ်ပိုင် Encryption Protocol ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။ အဲ့ဒီ Protocol ပါဝင်တဲ့အတွက် အခြား Messaging Apps တွေထက်အားသာသွားတာပါ။ ဆိုတော့ Encryption ဆိုတာ ဥပမာ- ကျနော်က သင့်ကို Hello လို့ Message ပို့မယ် သင့်ဆီမှာ Hello မရောက်ခင် ကြားထဲမှာ Encryption ဖြစ်ပါတယ်။ ကျနော်ပို့လိုက်တဲ့ Message "Hello" ကို ကျနော်နဲ့သင်ပဲကြည့်လိုရပါမယ် Hacker တွေက ကြည့်လိုမရပါ။ ပြောရမယ်ဆိုရင် Human Readable Plain Text ကို ciphertext ကိုသုံးပြီးတော့ လူပြန်ဖတ်လို့မရအောင်ကြားထဲမှာပြောင်းလိုက်တာပါ။ Encryption ထဲမှာ Signal သုံးတဲ့ end-to-end encryption(E2EE) ဟာ Secure အဖြစ်ဆုံးဖြစ်ပါတယ်။
✅E2EE ဖြစ်နေတဲ့အတွက် Service Providers ကနေလည်းသင့်ကို Track မလုပ်နိုင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ Service Providers တွေမှာ E2EE အတွက် Decryption Key မရှိပါ။ အဲ့တာကြောင့် ပုံမှန် Encryption ထက်ဆိုင်ရင် E2EE က ပိုပြီးတော့ Strong ဖြစ်ပါတယ်။
✅အဲ့တော့ Signal App လေးကို Install လုပ်ပြီးသုံးစွဲနိုင်ရန် Step by Step ပုံလေးတွေနဲ့ရှင်းပြထားပါတယ်။
အများသိစေဖို့ Share ပေးလိုက်အုံးနော် ရဲဘော်တို့။ 💪💪💪
Ref : Proton Mail, muo.com
26/01/2021
✅Developers, Designers, Content Creators, Digital Marketers တိုင်းအတွက်လိုအပ်တဲ့ Copyright Free Images များ အပိုင်း(၁)စုစည်းမှု-
Footer - https://foter.com/
Free Range Stock - https://freerangestock.com/
Gratis Graphy - https://gratisography.com/
Magdeleine - https://magdeleine.co/browse/
New Old Stock - https://nos.twnsnd.co/
Open Photo - https://openphoto.net/
Bucket Listy Photo - https://photos.bucketlistly.com/
Pic Jumbo - https://picjumbo.com/
Picography - https://picography.co/
Pixabay - https://pixabay.com/
Creative Commons - https://search.creativecommons.org/
Unsplash - https://unsplash.com/
Morgue File - https://www.morguefile.com/
Pexels - https://www.pexels.com/
✅နောက်ထက် Free Website များစုစည်းမှုအလိုရှိပါက Like & Share လုပ်ပေးပါနော်။
26/01/2021
1. Free Code Camp
✅Free Code Camp ဟာ Web Development ကိုလွယ်ကူစွာလေ့လာနိုင်အောင် Design လုပ်ထားတဲ့ Platform တစ်ခုဖြစ်ပါတယ်။ Free Code Camp မှ သင်ခန်းစာများကိုမည်သူမဆို မည်သည့်အချိန်မှာဘဲဖြစ်ဖြစ် လေ့လာလို့ရပါတယ်။ အဲ့တော့ Free Code Camp ဟာ Programming Projects များနှင့် Developer များအတွက် Interview Preparation များကိုလည်းသင်ကြားပေးပါတယ်။ Html5 , CSS, Javascript မှစ၍ Web Development ကိုလေ့လာနိုင်ပြီး အခြား Language များကိုလည်းလေ့လာလို့ရပါတယ်။
✅Free Code Camp မှာ ကျနော်အကြိုက်ဆုံးအချက်ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Senior အကိုကြီးတွေဟာ ကိုယ်ကြုံရတဲ့ Problems တွေကို ဝိုင်းဝန်းပြီးကူညီဖြေရှင်းပေးကြတာပါ။ Free Code Camp မှာစတင်လေ့လာတော့မယ်ဆိုရင် လုံးဝမခက်ခဲပါ။ သူတို့ပြောတဲ့ Instruction တွေအတိုင်းလိုက်နာပြီးတော့ ပြီးသွားရင် "Run Test" ကိုနှိပ်ပြီး Next Lesson သွားရုံပါပဲ။ အချုပ်အားဖြင့် Coding Free လေ့လာတဲ့နေရာမှာ Free Code Camp ဟာလည်းအကောင်းဆုံးထဲကတစ်ခု ဖြစ်ပါတယ်။
https://www.freecodecamp.org/
2.Khan Academy
✅သင်က လုံးဝ Beginner တစ်ယောက်ဖြစ်တယ်၊ Subject တွေကို Basics ကနေစတင်ပြီးလေ့လာခြင်တယ် ဆိုရင်တော့ Khan Academy ကသင့်အတွက်ပါ။ Khan Academy မှာ Maths ကနေ Economic အထိ Beginner ကနေ Advanced အဆင့်ထိသင်ကြားပေးပါတယ်။ ဒါတင်မက Html5,CSS,Javascript နဲ့ SQL ကိုပါ Basics to Advanced အထိလေ့ကျင့်သင်ကြားပေးပါတယ်။
✅ကျနော် Khan Academy ကိုဘာဖြစ်လို့ကြိုက်လည်းဆိုတော့ Khan Academyက သင်တန်းက Lessons & Missions တစ်ခုပီးတစ်ခုပြီးသွားရင် Badges လေးတွေပေးတယ် Points လေးတွေလည်းပေးပြီး Motivate ပေးပါတယ်။ အချုပ်အားဖြင့် သင်ဟာ Games လေးတွေနဲ့လေ့လာချင်ရင်တော့ Khan Academy ကိုရွေးချယ်သင့်ပါတယ်။
https://www.khanacademy.org/
3. CodinGame
✅CodinGame ဟာလည်း Games လေးတွေနဲ့သင့်ကိုတိုးတက်အောင် သင်ကြားပေးမဲ့ Programming Platform ဖြစ်ပါတယ်။ CodinGame ဟာ Challenge-baased training platform ဖြစ်ပါတယ်။ CodinGame မှာ Programming Language ပေါင်း (25)ကျော်ရှိပါတယ်။ CodinGame ကို Join မယ်ဆိုရင် ကိုယ့်ရဲ့ လက်ရှိ ရှိနေတဲ့ Programming Skills တွေကိုပါ သူတို့ Create လုပ်ထားတဲ့ Puzzels နဲ့ Games တွေနဲ့ လေ့ကျင့်ပြီး သင့်ရဲ့ Programming Skills ကိုတိုးတက်အောင်လည်း ကျင့်လို့ရပါတယ်။
✅ကျနော် CodinGame ကိုကြိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ သူ့မှာ External Local Code Editor ကိုသုံးစရာမလိုဘဲ သူတို့ရဲ့ CodinGame Web Code Editor ကို ကိုယ့်ရဲ့ Browser မှာ Plugin ထည့်လို့ရတဲ့အတွက်ဖြစ်ပါတယ်။ အချုပ်အားဖြင့် သင်ဟာ Challenge-baased Programming ကိုသဘောကျသူဖြစ်တယ်ဆိုရင်တော့ CodinGame ကိုရွေးချယ်သင့်ပါတယ်။
https://www.codingame.com/
4. Codecademy
✅Codecademy ဟာလည်း Programming Language ပေါင်း (12)ကျော်ကို Free သင်ကြားပေးမဲ့ Platform ဖြစ်ပါတယ်။ Html5,Css,Javascript,Python အစရှိသည်တို့ကို Exercises များနှင့်တကွ External Code Editor မလိုဘဲ Browser အတွင်းပါတင်လေ့လာသင်ယူလို့ရပါမယ်။ Codecademy ရဲ့ ရှင်းလင်းချက်တွေဟာလည်းအရမ်း Clear ဖြစ်ပါတယ်။
✅ဘာဖြစ်လို့ကြိုက်လည်းဆိုတော့ လုံးဝ Beginner အတွက်အသင့်တော်ဆုံးမို့လို့ပါ။ အချုပ်အားဖြင့် Paid Plan တွေလည်းရှိသော်လည်း Free Plan နဲ့တင် အများကြီးလေ့လာလို့ရပါတယ်။
https://www.codecademy.com/
5. Solo Learn
✅Solo Learn ဟာလည်း Codecademy လိုပဲ အရမ်း Popular ဖြစ်တဲ့ Programming training platform ဖြစ်ပါတယ်။ ဒါပေမဲ့ Codecademy နဲ့ မတူညီတဲ့အချက်ကတော့ Solo Learn ရဲ့ Lessons တွေအားလုံးက Free ပါ။ သိုပေမဲ့ Solo Learn မှာလည်း Solo Learn Pro ဆိုတဲ့ Subscription fee ရှိပါတယ်။ Pro version မှာတော့ Ads တွေမပါတော့ပါ၊ ကိုယ့်ရဲ့ Programming Goals တွေကိုလည်း Set လုပ်လို့ရမယ့် features များပါဝင်ပါတယ်။
✅ Solo Learn ကိုကျနော်သဘောကျတဲ့အချက်ကတော့ သင့်ကို Motivate ပေးဖို့အတွက် XP (eXperience Points) နှင့် Badgesများကိုလည်းပေးပါတယ်။ နောက်တစ်ချက်က Solo Learn App ကိုလည်း Google Play Store မှ Down ပြီး ကိုယ်က Browser ကနေလေ့ကျင်ထားခဲ့သည်ရှိသော် ဖုန်းကနေတစ်ဆင့်လည်းဆက်လက်ပြီးလေ့လာလို့ရပါတယ်။အချုပ်အားဖြင့်Solo Learnဟာ Theory ရော Pratical ကိုပါတွဲပြီးတခါတည်းလေ့လာလို့ရမယ့် Platformဖြစ်ပါတယ်။
https://www.sololearn.com/
✅Part -2 တွင်လည်း (Upskill,Skillshare နှင့် edX) တို့မှ ဘာဖြစ်လို့လေ့လာသင့်ကြောင်းဆက်လက်ရှင်းပြသွားဦးမည်။
ထက်ပြီးတော့ အခြား Free Websites များမှလည်း Opinion များထက်မံ Share ပေးသွားမှာဖြစ်တဲ့အတွက် Page ကို Like & Share လုပ်ပေးဖို့မမေ့နဲ့နော်။ ✅
Click here to claim your Sponsored Listing.
Category
Website
Address
Bottahtaung Pagoda Road
Yangon
11161
Opening Hours
| Monday | 09:00 - 05:00 |
| Tuesday | 09:00 - 05:00 |
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 05:00 |
| Friday | 09:00 - 05:00 |