TA Accountancy Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TA Accountancy Service, Financial service, Shwe Pyi Thar, Yangon.
13/06/2023
A bank ရွှေပြည်သာဘဏ်ခွဲအား ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင် ဖွင့်လှစ်တော့မည်။
တန်ဖိုးထားရပါသော A bank customer မိတ်ဟောင်းမိတ်သစ်များအနေဖြင့် သတ်မှတ်ထားသော အပ်ငွေစာရင်းများကို သတ်မှတ်ကာလအတွင်း အထူးအတိုးနှုန်းများဖြင့် ဘဏ်ခွဲအသစ်တွင် စာရင်းဖွင့်အပ်နှံနိုင်ပြီး အသုံးပြုရလွယ်ကူမြန်ဆန်စိတ်ချရသည့် A+ Wallet အကောင့်များဖွင့်လှစ်ရန်အတွက် မှတ်ပုံတင်ယူဆောင်လာပြီး ဘဏ်အသစ်ဖွင့်ပွဲကို ပါဝင်ဆင်နွှဲကြရန် နွေးထွေးစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို မိတ်ဆွေတို့အနီးအနားမှာ အဆင်ပြေစွာ လွယ်ကူစွာ ရရှိနိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းတွင် A bank ဘဏ်ခွဲများ အရှိန်အဟုန်ဖြင့် တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ ဘဏ်ခွဲပေါင်း (၄၄) ခုကို ဖွင့်လှစ်ထားပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ရွှေပြည်သာဘဏ်ခွဲ လိပ်စာ
🏦 အမှတ်(၂၃/၂၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဘုရင့်နောင်လမ်းထောင့်(ထန်းခြောက်ပင်လမ်းဆုံ)၊(၅)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။
📞 (+95-9) 763212537 ၊ 763212538
📞 (+95-1) 3614188 ၊ 3614189
A bank က ဖွင့်လှစ်ထားသော ဘဏ်ခွဲများကို https://www.abank.com.mm/en_US/branches/ တွင် ကြည့်ရှုနိုင်ပါသည်။
13/06/2023
တစ်နိုင်တစ်ပိုင် ကိုယ့်အားကိုယ်ကိုးပြီး ဖက်ရှင်ဆိုင်ပဲဖြစ်ဖြစ် အွန်လိုင်းလုပ်ငန်းလေးပဲဖြစ်ဖြစ် စတင်လိုက်ပြီး ဒီလုပ်ငန်းလေးကို ပိုခိုင်ခံ့လာအောင် တိုးချဲ့ချင်တာက လုပ်ငန်းရှင်တိုင်းရဲ့အိပ်မက်ပါ။
AYA Bank ရဲ့ AYA Micro Loan က လုပ်ငန်းရှင်တို့ရဲ့ အိပ်မက်ကို ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။
🟢AYA Micro Loan ကို ဘာအတွက်လျှောက်ထားနိုင်မလဲ
လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းလည်ပတ်ရန်အတွက် လျှောက်ထားနိုင်ပါတယ်။
🟢လျှောက်ထားနိုင်သူများ
ကိုယ်ပိုင်လုပ်ငန်း လုပ်သက် နှင့် လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး (၁) နှစ် နှင့် အထက်ရှိသော အသေးစားလုပ်ငန်း လုပ်ကိုင်နေသူများ
🟢AYA Micro Loan မှလက်ခံနိုင်သော အပေါင်ပစ္စည်း/ အာမခံ
-အမည်ပေါက်မော်တော်ကား
-တိုက်ခန်း
-လူပုဂ္ဂိုလ်အာမခံ
-CGI ချေးငွေအာမခံစနစ်
🟢AYA Micro Loan ချေးငွေ သက်တမ်း
အများဆုံး (၂) နှစ်အထိ
🟢အတိုးနှုန်း
အာမခံပေးအပ်ပါက -
တစ်နှစ်လျှင် အတိုးနှုန်း ၉.၅% (ချေးငွေသက်တမ်း ၁ နှစ်အတွက်)
တစ်နှစ်လျှင် အတိုးနှုန်း ၈.၅% (ချေးငွေသက်တမ်း ၂ နှစ်အတွက်)
အာမခံပေးအပ်နိုင်ခြင်းမရှိပါက -
တစ်နှစ်လျှင် အတိုးနှုန်း ၁၀.၅% (ချေးငွေသက်တမ်း ၁ နှစ်အတွက်)
တစ်နှစ်လျှင် အတိုးနှုန်း ၉% (ချေးငွေသက်တမ်း ၂ နှစ်အတွက်)
🟢AYA Micro Loan ကို ဘယ်လိုလျှောက်ထားနိုင်မလဲ
ချေးငွေအတွက် လိုအပ်သော စာရွက်စာတမ်းအထောက်အထားများဖြင့် နီးစပ်ရာ ဧရာဝတီဘဏ် ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပြီး (၂) ပတ်အတွင်း ချေးငွေရယူနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ပါတယ်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner
01/12/2022
ရိုးမဘဏ်ရဲ့ Home Construction ချေးငွေရယူပြီး စိတ်ကူးထားတဲ့ အိမ်လေးကို ကိုယ်တိုင်ဆောက်လုပ် ပိုင်ဆိုင်နိုင်ပါပြီ။
✅ ကိုယ်ပိုင်မြေရှိပြီး အိမ်ဆောက်ဖို့အတွက် စိတ်ကူးနေပါသလား?
✅ နေဖို့အိမ်လေးဆောက်ရင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားရပါသလား?
✅ မိသားစုအနာဂတ်အတွက် မြေပိုင်ဝယ်ယူပြီး စိတ်ကြိုက်အိမ်ဆောက်ဖို့ ကူညီပံ့ပိုးမှုလိုအပ်နေပါသလား?
ရိုးမဘဏ်ရဲ့ Home Construction ချေးငွေကအသင့်ရှိနေပါပြီ။
အဆောက်အဉီအတွက် ၇၀% အထိကို ဆောက်လုပ်ရေးကုန်ကျစရိတ်အတွက် ချေးငွေရယူနိုင်ပြီး မြေသီးသန့်ဝယ်၍ ကိုယ်တိုင်စိတ်ကြိုက် အိမ်ဆောက်ချင်သူများအတွက်လည်း မြေကို ၅၀% ချေးငွေယူကာ အိမ်ဆောက်ဖို့အတွက်ပါ ထပ်ဆင့်ချေးငွေ ရယူနိုင်ပါတယ်။
ဒါကြောင့် ရိုးမဘဏ်ရဲ့ Home Construction Loan နဲ့ဆိုရင် သင်စိတ်ကူးပုံဖော်ထားတဲ့ အိမ်လေးကို လက်တွေ့ တည်ဆောက် ပိုင်ဆိုင်နိုင်ပြီနော်။
ဘဝတစ်သက်တာ နွေးထွေးလုံခြုံခိုနားနိုင်တဲ့ စိတ်ကူးထဲက အိမ်လေးကို ပိုင်ဆိုင်နိုင်ဖို့ နီးစပ်ရာရိုးမဘဏ်ခွဲများမှာ သွားရောက်တိုင်ပင်ဆွေးနွေး၍ Home Construction ချေးငွေရယူလိုက်ပါ။
Yoma Bank Email - [email protected]
Yoma Bank 24/7 Customer Care Center - ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches - https://bit.ly/3mlcKTi
TA Accountancy Services
> ဘဏ်များနှင့်ချိတ်ဆက်၍ Loan ၊ Home Loan များအတွက် Financial Statementများရေးဆွဲပေးခြင်း ၊
{လိုအပ်ပါက ဘဏ်များနှင့်ချိတ်ဆက်ပေးခြင်း}
>အခွန်စာရင်း လချုပ် ၊ နှစ်ချုပ် များရေးဆွဲပေးခြင်း၊
>Senior စာရင်းကိုင်များ မရှိသည့် လုပ်ငန်းများ ၊ Online Shop များ ၊ ဆိုင်များ စသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ၏ လစဥ် နှင့် နှစ်စဥ် အရှုံး / အမြတ် များ သိရှိရန်အတွက် လချုပ် / နှစ်ချုပ်များရေးဆွဲပေးခြင်း ၊
>Manufacturing ,Trading and Service လုပ်ငန်းများအတွက် မရှိမဖြစ်ထားသင့်သည့် Forms များ ၊ Excel Format များ setting ချပေးခြင်း
များ ကို companyများတွင် စာရင်းဆွဲသည့် လုပ်သက် ၂၀ နှစ် ကျော်ရှိသည့် CPA လက်မှတ်ရများကိုယ်တိုင် ဝန်ဆောင်မှု့ပေးနေပါပြီ။
ဆက်သွယ်ရန် ph: -095025778, 09974907996 ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Shwe Pyi Thar
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |