AV Yoga
Foster harmony among mind, body, and spirit for a better quality of life.
✓ April Virtue Yoga
"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.
✓ Founder Profile
April's yoga journey started
06/06/2026
🎉 FREE INTERNATIONAL YOGA DAY SPECIAL EVENT 🎉
The Journey of Five Elements! ✨
ဒီနှစ်ရဲ့ International Yoga Day အတွက် AV Yoga Studio က ပိုမိုနက်ရှိုင်းပြီး ထူးခြားတဲ့ experience တစ်ခုကို ဖန်တီးပေးဖို့ ပြင်ဆင်ထားပါတယ် 🎉
Element (၅) ခုကို ကိုယ်စားပြုတဲ့ AV ရဲ့ Instructor (၅) ဦးနဲ့အတူ မတူညီတဲ့ energy, rhythm, intention နဲ့ teaching style တွေကို ခံစားရင်း Moving Meditation Journey တစ်ခုအဖြစ် အတူဖြတ်သန်းသွားကြမယ် 🧘♀️
✨Instructor တစ်ဦးချင်းစီရဲ့ unique ဖြစ်တဲ့ guidance နဲ့ energy flow ကိုခံစားရင်း ဒီ journey ဟာ physical practice တစ်ခုဆိုတာထက် ကိုယ့်ကိုယ်ကို ပြန်လည်နားထောင်ဖို့၊ balance ပြန်ရှာဖို့၊ energy ကို ပြန်လည်ထိန်းညှိဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါတယ် 🌿
✨Movement နဲ့ breath ကို ချိတ်ဆက်ရင်း စိတ်နဲ့ခန္ဓာကိုယ်ကြားက ဟန်ချက်ညီမှုကို ပိုမိုနက်ရှိုင်းစွာ ခံစားရစေမှာဖြစ်ပါတယ်။
ဒီတော့ တစ်နှစ်မှာ တစ်ခါသာကျရောက်တဲ့ International Yoga Day ကိုကြိုဆိုတဲ့ အနေဖြင့် The journey of 5 Elements ကိုခံစားရင်း AV Yoga ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗
လူဦးရေ (၂၀) ဦးသာ ကန့်သတ်ထားတာဖြစ်လို့ အခွင့်အရေးကို လက်လွတ်မခံဘဲ ကြိုတင်စာရင်း ပေးသွင်းထားလိုက်တော့နော် 🥰
📅 Date: Sunday, 14 June 2026
⌛️ Time: 9:00 AM – 10:30 AM
🏡 Location: AV Yoga Studio
🎁 FREE OF CHARGE
⚠️ Limited to 20 Participants
ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။
05/06/2026
✨ Asana to Awareness Class starts tomorrow ✨
မနက်ဖြန်ကစပြီး Asana to Awareness Class လေး စတင်ပါပြီ 🧘🏻♀️
Movement, Breath & Awareness ကို အတူတကွ လေ့ကျင့်ရင်း ကိုယ်နဲ့စိတ်ကို ပြန်လည်ချိတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်
See you on the mat 🤍
03/06/2026
Yoga ဆိုတာက ကိုယ်တစ်ယောက်ချင်းစီရဲ့ flexibility, strength နဲ့ body awareness အလိုက် တဖြည်းဖြည်းတိုးတက်သွားတဲ့ practice တစ်ခုပါ ✨
အဲ့ဒါကြောင့် အကွက်မရသေးတာ၊ လိုက်မလုပ်နိုင်သေးတာကြောင့် စိတ်ဓာတ်ကျစရာ၊ အားငယ်စရာ မလိုပါဘူး။
ကိုယ့် body ရဲ့ limit ကိုလက်ခံပြီး ဖြည်းဖြည်းချင်း လေ့ကျင့်သွားတာကပဲ တကယ့် yoga ရဲ့ အဓိပ္ပါယ်ပါ 🧘♀️
AV YOGA studio မှာတော့ လူတိုင်းအတွက် သင့်တော်အောင် အခြေခံကနေ စပြီး သင်ကြားပေးထားပါတယ်။
ကိုယ့်ရဲ့ pace နဲ့ကိုယ် တိုးတက်လာနိုင်တဲ့ safe space လေးတစ်ခုပါ 🌿
မစမ်းသေးရင် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့ yoga journey လေးကို စလိုက်ပါ 🤍
# headstand
31/05/2026
🧘♀️ June Yoga Classes Start Tomorrow! ✨
မနက်ဖြန်ကစပြီး June လအတွက် Yoga Classes တွေ ပြန်လည်စတင်တော့မှာပါ။
ကိုယ်ခန္ဓာကို ပိုမိုသန်စွမ်းစေဖို့၊ စိတ်ကို ပိုမိုအေးချမ်းစေဖို့နဲ့ ကျန်းမာတဲ့ Lifestyle တစ်ခုကို တည်ဆောက်ဖို့ AV Yoga မှာ အတူတူလေ့ကျင့်ကြရအောင်
30/05/2026
AV Yoga Studioရဲ့ သင်တန်းသူ Pwint Phyu ရဲ့ စကားသံ
🤍ယောဂစပြီးလေ့ကျင့်ဖို့ ဘယ်ကဘယ်လို စိတ်ကူးရခဲ့တာလဲ။
Yoga လေ့ကျင့်ရင် Physical Health နဲ့ Mentally Stress အတွက် ပိုမိုကောင်းမွန် တဲ့ life style ရနိုင်မယ် လေ့လာမိတဲ့အတွက် လေ့ကျင့်ဖို့စိတ်ကူးခဲ့တာပါ။
🤍ယောဂလေ့ကျင့်တာ ဘယ်လောက်ကြာပီလဲ။
အခုဆို yoga class join ပီး လေ့ကျင့်တာ ၉ လနီးပါးရှိလာပါပြီ။
🤍ဘာလို့ AV မှာ တက်ဖြစ်သွားတာလဲ။
Yogaကိုပထမဆုံးစပီး လေ့ကျင့်မယ်စုံစမ်းတော့ AV ရဲ့သန့်ရှင်းကျယ်ဝန်းပြီး စိတ်အေးချမ်းတဲ့နေရာ လေးဖြစ်နေတာမလို့ရော ဆရာမတွေရဲ့ သင်ကြားမှူကိုပါ fb page မှာတွေ့ရင်းသဘောကျလို့ရော တက်ဖြစ်ခဲ့တာပါ။
🤍ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘာတွေပြောင်းလဲလာတာကို သတိထားမိလဲ။
အရင်က ကိုယ့်ခန္တာကိုယ်နဲ့ ပတ်သတ်ပီး ယောဂ မှာ မလုပ်နိုင်ဖူးထင်တဲ့ posture တွေ stretching ပိုင်းတွေမှာ ပိုလုပ်နိုင်လာပီး ခန္တာကိုယ်ကလဲ ပိုနေလို့ကောင်းလာပါတယ်။ ရှူသွင်း ရှူထုတ် လေကိုပါအမြဲ သတိကပ် ယှဉ်တွဲနေရတော့ စိတ်လဲပိုလန်းဆန်းပေါ့ပါးလာပါတယ်။
29/05/2026
Start your Saturday with mindful movement ✨
Asana to Awareness Class 🧘🏻♀️
🗓 Sat | 7:30 - 8:40 AM
👩🏻🏫 Instructor - April
ဒီ class လေးမှာတော့ body movement တစ်ခုချင်းစီကို သတိရှိရှိနဲ့ ခံစားလေ့ကျင့်ရင်း
mind & body connection ကို ပိုမိုနက်ရှိုင်းစေဖို့ focus ထားပြီး practice လုပ်သွားမှာဖြစ်ပါတယ် 🌿
A calm morning, a clear mind, and a stronger awareness await you at AV YOGA studio 🤍
28/05/2026
နေ့စဥ် Stress တွေကြားမှာ
ကိုယ့်ကိုယ်ကို recharge လုပ်ဖို့ Yoga လေးလိုပါတယ် 🌱
ကိုယ့်အတွက် အချိန်လေးတစ်ခုပေးပြီး
ပိုပြီးကျန်းမာပေါ့ပါးတဲ့ lifestyle ကို AV YOGA studio နဲ့အတူ စတင်လိုက်ပါ 🤍
26/05/2026
Escape the Daily Hustle: Meet Us on the Mat Today 🧘♀️
နေ့စဥ် လုပ်ငန်းဆောင်တာတွေ၊ Deadline တွေနဲ့ Stress တွေကြားမှာ ကိုယ့်ရဲ့ Mind & Body က တစ်ကယ်ပဲ အနားရရဲ့လား ❓
အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကိုလည်း အချိန်ပေးဖို့မေ့နေတဲ့သူလေးတွေအတွက် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်လေးတွေကို အနားပေးကာ Yoga Mat ပေါ်မှာ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးသွားမယ့် AV Yoga ရဲ့ Studio Class လေးရှိလို့နေပါတယ် ✨
ဒီ Class လေးမှာဆိုရင်တော့ -
🌟 အခုမှ ယောဂနဲ့ ထိတွေ့မယ့်သူတွေအတွက် Beginner Level
🌟 အခြေခံယောဂကို ရင်းနှီးပြီးသားသူတွေအတွက် All Level
🌟 သက်လုံကောင်းပြီး အခက်အခဲဆုံး Yoga Postures တွေထိ လေ့ကျင့်ချင်တဲ့ သူလေးတွေအတွက် Intermediate & Advanced Level
ဆိုပြီး Level (3) မျိုး ခွဲထားပါတယ်။
နောက်ပြီး Studio Class ကို စိတ်ကြိုက်ရွေးချယ်စရာ အတန်းချိန်အများကြီး၊ Yoga Style အများကြီးနဲ့ ဖွဲ့စည်းဖွင့်လှစ်ထားတာကြောင့် နေ့စဥ်လှုပ်ရှားမှုတွေကြားထဲမှာ ကိုယ့်ရဲ့ Body & Soul အတွက် အချိန်တစ်ခုကို ပေးချင်တယ်ဆိုရင်တော့ AV Yoga နဲ့အတူ စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗
အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။
25/05/2026
AV Yoga Studio မှာ Headstand ကို အခြေခံကစပြီး စနစ်တကျ လေ့ကျင့်ချင်သူများအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ Headstand Class လေးရှိပါတယ် 🧘♀️
ခန္ဓာကိုယ် balance, core strength နဲ့ focus ကို တဖြည်းဖြည်းတိုးတက်အောင် အခြေခံကနေစပြီး လုံခြုံစိတ်ချစွာ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ Headstand ကို မလုပ်ဖူးသေးသူများအတွက်ပါ အဆင်ပြေအောင် step by step သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📍 Headstand Class Schedule
🗓 Tuesday — 6:00 PM to 7:00 PM
🗓 Saturday — 9:00 AM to 10:00 AM
ကိုယ့်ရဲ့ strength နဲ့ confidence ကို တစ်ဆင့်ချင်းတိုးတက်ချင်ရင် AV Yoga နဲ့အတူ စတင်လိုက်ပါ ✨
# headstand
24/05/2026
🌧️ Turn Rainy Days into Self-Care Days 🧘♀️
ကိုယ့်ရဲ့ mental ရော physical ကိုပါ ယောဂကျင့်စဉ်လေးတွေကျင့်ရင်း ဂရုစိုက်ချင်ပေမယ့် မိုးရာသီကြောင့် အပြင်လည်းမထွက်ချင်ဘူးဆိုရင်တော့ AV Yoga ရဲ့ Online Class လေးတွေရှိနေပါတယ်နော် ✨
မိုးတွေရွာနေလည်း ကိုယ့်ရဲ့ အိမ်လေးထဲမှာပဲ ယောဂကို အသေအချာကျင့်ချင်တဲ့သူတွေ၊ နေရာဒေသဝေးကွာလွန်းတာကြောင့် studio ကို ကိုယ်တိုင်မလာနိုင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ Online အတန်းလေးဆိုရင်လည်း မမှားပါဘူး ✅
နောက်ပြီး AV Yoga မှာဆိုရင် -
💫 Yoga နဲ့ အခုမှထိတွေ့မယ့်သူတွေအတွက် Yoga posture တွေကို နည်းစနစ်မှန်ကန်စွာပြုလုပ်နိုင်စေဖို့ လေ့ကျင့်ပေးမယ့် Beginner Class နဲ့
💫 AV Yoga မှာ Beginner အတန်းပြီးထားသူတွေ၊ အခြေခံယောဂနဲ့ ရင်းနှီးပြီးသားသူတွေအတွက် ပိုခက်ခဲတဲ့ Yoga posture တွေကို နည်းစနစ်မှန်မှန် ပြုလုပ်နိုင်အောင် သင်ကြားပေးသွားမယ့် Regular Class ဆိုပြီးလည်းရှိပါသေးတယ်။
ဒါကြောင့်မို့ စိုစွတ်တဲ့ မိုးရာသီကြောင့် အပြင်မထွက်ချင်တာ၊ နေရာအခက်အခဲကြောင့် Yoga Studio မလာနိုင်တာ စတာတွေကြောင့် အိမ်မှာနေရင်းပဲ ယောဂကျင့်နိုင်မယ့် Class လေးတစ်ခုရှာနေပြီဆိုရင် AV Yoga ရဲ့ Online Class လေးကိုသာ Join ထားလိုက်ပါနော် 🥰
အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091
Opening Hours
| Tuesday | 06:30 - 19:00 |
| Wednesday | 06:30 - 19:00 |
| Thursday | 06:30 - 19:00 |
| Saturday | 07:00 - 12:30 |
| Sunday | 07:00 - 10:30 |