KCN Construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KCN Construction, Construction Company, Yangon.
14/08/2024
The 1st Day ..........⛳
#သုမိတ္တာ၁၉လမ်း
08/08/2024
ပြောရင် ကြွားတာတော့ဟုတ်ဘူး။
မဆောက်ရသေးဘူး၊
ဂုဏ်သတင်းမွှေးနေပုံလေး ပြောပြအုံးမယ်။
အသေအချာလုပ်နေတော့
ရပ်ကွက်ဆိုတဲ့သဘောက အကုန်မြင်နေရတာကိုး။
စနစ်တကျလုပ်နေမှန်းသိတော့
foundation ကအစ ကြိုက်နေတော့....
အနီးအနားမှာ အခန်း၀ယ်ဖို့ စရံချပြီးသူတောင်
သူ့အခန်းပြန်ထုတ်ရောင်းပြီး
ကျွန်တော်တို့ဆီ လာ၀ယ်တာ🥰။
ကိုယ်တစ်သက်လုံးနေရမယ့် တိုက်ခန်းလေးဟာ
ကောင်းကောင်းလေးတော့ နေချင်ကြတာချည်းပဲလေ။
လာချိတ်နေတဲ့သူတွေလည်း တစ်ပုံကြီးပါ။
ကျွန်တော်တို့ Construction ဟာ
တရား၀င် လုပ်တဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်
စနစ်တကျ တင်ပြရသလို
ကျွန်တော်တို့ဘက်ကလည်း စေတနာတွေပါ
ထည့်ပေးမှာပါ။ မိုးရေမလုံတာမျိုး၊ အိမ်သာအနံ့မကောင်းတာမျိုး၊ ရေချိုးခန်း၀င်တာနဲ့ အိမ်သာနံ့ရနေတာမျိုး၊ လေ၀င်လေထွက်မကောင်းတဲ့ စတဲ့ စိတ်ညစ်စရာတွေမဖြစ်ရအောင် သေချာလုပ်ပေးသွားမှာဖြစ်ပါတယ်။
🔸မြေညီထပ် Sold Out.....
🔸အပေါ်2ထပ် စကားလာ ပြောထားကြပါပြီ။
🔸ဦးသူ ယူပဲနော်🥰
KCN Construction
01/08/2024
နောက်၂ ပတ်ဆို လုပ်ငန်းစပြီနော်။
လုပ်ငန်းစရင် ဒီဈေးနဲ့ မရတော့ပါဘူးခမျာ။
အရှုပ်အရှင်း လုံး၀မရှိတဲ့ တိုက်ခန်းတွေပါ
ပိုင်ရှင်တိုက်ရိုက်ဖြစ်ပါတယ်။
ပွဲစားမဟုတ်ပါ။
#ကြို၀ယ်တဲ့သူတွေအတွက်_အားသာချက်ကတော့
✓ရာခိုင်နှုန်း ညှိနှိုင်းပေးပါတယ်။
✓ဈေးသက်သာတယ်။
✓ဆောက်နေတုန်း ကိုယ်လိုချင်တဲ့ပုံစံ၊
ထပ်ထည့်ချင်တဲ့ ပစ္စည်းတွေ ထည့်လို့ရပါတယ်။
✓ပစ္စည်းဖိုးတော့ပေးရတာပေါ့နော်။
✓နောက်ပိုင်းBCC ရရင် ဘဏ်ချိတ်လည်း ရပါတယ်ဗျ။
အခန်းက ၂၅ပေ × ပေ၅၀ ကို ရင် ခွဲ ဆောက်ထားတာပါ။
KCN Construction
09-447 443 424
08/04/2023
#မြန်မာ့ရိုးရာငြမ်းပညာ
ရန်ကုန်တိုင်းမှာ ရွှေတံဆိပ်ဆုတဲ့
ငြမ်းဆရာဦးသိန်းထွန်းလက်ရာ။
(ဆရာဦးသိန်းထွန်းကို မှတ်တမ်းပြုပါတယ်
ယခု 2023 ခုမှာ ဆရာဦးသိန်းထွန်းဟာ
အသက်67ရှ်ိနေပါပြီ)
ဝါးနှစ်လုံးပူးထိုးပြီး သုံးထပ်ငြမ်းဆင်ထားတာ
တကယ့်ကို လက်ရာမြောက်ပါပေတယ်။
ပေပေါင်းသုံးရာ့သုံးဆယ့်ကျော်ရှိတဲ့
ပဲခူး မဟာစေတီစေတီတော်ကြီးကို
ငြမ်းဆင်ထားပုံက ခြင်းကြီးယက်ပြီး
အပေါ်ကနေစွပ်ထားတဲ့အတိုင်းကို
တိကျသပ်ရပ်ကာ တောင့်တောင့်တင်းတင်းရှိတဲ့
ပထမတန်းစားငြမ်းဖြစ်ပါတယ်။
Credit ဦး Thet Naing Lynn
မူရင်းpost👇👇👇
https://m.facebook.com/story.php?story_fbid=1633553780496120&id=100015245400563&mibextid=Nif5oz
06/04/2023
ဒါဘာတိုက်ခန်းတွေ နဲ့ ပထမထပ် အပေါ်က မှန်ခန်းတွေ ကဥပဒေ အရ ပိုင်ဆိုင်ခွင့်ခိုင်မာမှု ရှိသလားလို့ သိချင်ပါတယ်ခင်ဗျား။ နောက်ပြီး တိုုက်ခန်း က သဘာ၀ ဘေး ကြောင့် ပဲဖြစ်ဖြစ်၊ အခြားကြောင်းကြောင့် ပဲဖြစ်ဖြစ် ပျက်ဆီး သွားလို့ တိုက်သစ် ပြန်ဆောက်ရင် ငွေ ထပ်ပေးရပါသေးလား သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဒါဘာတိုက် ခန်း တွေနဲ့ ပထမထပ် ပေါ်က မှန် ခန်းတွေအားလုံး ဥပ ဒေအရ ပိုင် ဆိုင် ခွင့်ခိုင် မာမှုရှိပါတယ် ။ ဘာ ကြောင့်လဲဆို တော့ အဲဒီအခန်းတွေလည်းအခြားအခန်းတွေနဲ့ တစ် ဆက် တည်းတွဲ ဆောက် ထားလို့ပါပဲ။ တရားဝင် လူ နေထိုင်
လို့လည်းရတယ် ။ အ ရောင်းအဝယ် လုပ် လို့လည်း ရပါတယ် ။ ဒါပေမဲ့ ပြောစရာတစ် ခု တော့ ရှိတယ် ။ အဲဒီ ဒါဘာအခန်းနဲ့ ပထမထပ် မှန် ခန်းဆိုတာ တွေက ကန် ထရိုက် တိုက် ဆောက် တုန်းက ၁၂ ခန်းဆောက် ခဲ့တယ် ဆိုရင် အဲဒီ ၁၂ ခန်းကသာလျှင် တရားဝင် အခန်း တွေ ဖြစ် ပါတယ် ။ ပထမထပ် မှန် ခန်းဆိုလိုက် တာနဲ့ ပထမထပ် နဲ့ တွဲလျက် ရှိတဲ့ မှန် ခန်းလို့ဘဲ ခေါ်လို့ရပါတယ် ။ ဒုတိယထပ် လို့ ခေါ်လို့မရပါဘူး။ ဒါဘာအခန်း ဆိုရင် လည်းကန် ထရိုက် တိုက် ရဲ့ အ ပေါ်ဆုံးအပိုအလွှာသာဖြစ် တယ် ။ အပန်းဖြေနား ရာ နေရာသာ ဖြစ် လို့ ၁၂ ထပ် တိုက် ရဲ့ အ ပေါ်ဆုံးအခန်းလို့ တော့ ခေါ်လို့မရပါဘူး။ ဒါ ကြောင့်လည်းခွဲခြားထားတဲ့အ နေနဲ့ ပထမထပ် မှန် ခန်း၊ဒါဘာခန်း(ပန် ဟောက် စ် )လို့ ခေါ်ကြတာ ပေါ့။ (ဒါက တိုက် ခန်:နဲ့ အ နေ ဝေးသူ တွေ အတွက် ရှင်းပြတာပါ။) ၀ယ် ယူ နေထိုင် တဲ့ တိုက် ခန်းဟာသဘာ၀ ဘေး ကြောင့်ဘဲဖြစ် ဖြစ် ၊ အခြား သောအ ကြောင်းအမျိုးမျိုး ကြောင့်ဘဲ ဖြစ် ဖြစ် ပျက် စီးသွားလို့ တိုက် သစ် ပြန် ဆောက် ရင် မိမိရရှိမယ့်အခန်းတန် ဖိုးကို ပြန် လည် ပေးသွင်းရပါတယ် ။ ဘာ ကြောင့်လဲဆို တော့ သဘာ၀ ဘေး ကြောင့်ပျက် စီးသွားတယ် ဆိုရင် မြေရှင် လည်းဆုံးရှံးတာပါပဲ။ ဒီတိုက် ကြီး တစ် ခုလုံးကို မြေရှင် က အကုန် အကျခံပြီး ပြန် ဆောက် မှာ မဟုတ် ပါဘူး။ အခန်းလက် လွတ် ဆုံးရှုံးသွားသူ တွေရဲ့ ထည့်ဝင် ငွေရမှ စု ပေါင်းပြီး ပြန် ဆောက် ပေးမှာ ပေါ့။ တကယ် လို့ မြေရှင် တစ် ယောက် တည်းအကုန် အကျခံ ပြန် ဆောက် ခဲ့ရင် တော့ အရင် က နေခဲ့တဲ့သူ တွေ တိုက် ခန်းမရနိုင် တော့ပါဘူး။ ဘာ ကြောင့်လဲဆိုရင် ဒီတိုက် သစ် မှာ အရင် က နေခဲ့တဲ့ သူတို့ ထည့်ဝင် ငွေမပါဘူး လေ။ အရင် က ကျွန် တော် တို့အခန်းပါတယ် လို့ ပြောလို့မရပါဘူး။ အဲဒီအခန်းက ပြိုကျပျက် စီးသွားလို့ ပြန် မရနိုင် တာပါ။ ဒီအချက် ကို တိုက် ခန်းဝယ် နေသူများ သတိပြု စေလိုပါတယ် ။
ဖြေဆိုသူ - တရားလွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Shared by KCN Construction
01/04/2023
၀င်လာပါ ခေါ်လို့ မဖြစ်တဲ့ဘ၀
ပြန်ပါကွာ နှင် မပြစ်ရက်တဲ့ ခဏ 🤧🤧🤧
Come in
Go away
01/04/2023
ဆောက်လုပ်ရေးမှာ အမှားတော့ မခံနိုင်ဘူး၊
ရှိတဲ့ဟာနဲ့ တိုင်းရမှာဘဲ။
Credits to owner 📸🖼️.
14/03/2023
တိုက်ခန်းများ ကြိုတင်၀ယ်ယူနိုင်ပါပြီ။
ကြိုpointဈေးနဲ့၀ယ်ရင် ဒီဈေးနဲ့ရပါမယ်။
ဆောက်ပြီးရင် ဈေးပြောင်းပါတယ်ဗျ။
၀ယ်ပြီး ဥထားပြီး
မိမိကြိုက်တဲ့ ဈေးနဲ့ ပြန်ရောင်းလို့လည်းရပါတယ်ဗျ။
အသေးစိတ်၊သိရှိလို့ပါ 09447443424 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယါဗျ။
01/03/2023
မင်္ဂလာပါခမျာ။
ကျွန်တော်ကတော့ KCNပါ။
ကျွန်တော့်ရဲ့ Pageလေးမှာ
ပိုင်ရှင်တိုက်ရိုက် တိုက်ခန်းများကို ရောင်းချပေးသွားပါမယ်။
ကျွန်တော်ရဲ့တိုက်ခန်းတွေဟာ Green Union Co.Ltd ရဲ့ Construction တိုက်ခန်းများဖြစ်ပါတယ်။ Green Union ဟာ ကျွန်တော်အစ်ကိုရဲ့ ကန်ထရိုက်ပဲ ဖြစ်ပါတယ်။ ကန်ထရိုက်တိုက် စာချုပ်များကိုလည်း ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲ ချုပ်ပါတယ်။
#ကန်ထရိုက်ငှားချင်တဲ့သူများရှိရင်လည်း
ကျွန်တော့်ဆီ ဆက်သွယ်လို့ ရပါတယ်ဗျ။
မိတ်ဆွေတို့ ရဲ့နားခိုရာ နေအိမ်လေးကို
စိတ်ချယုံကြည်စွာ တည်ဆောက်ပေးပါတယ်။
နားခိုရာတိုက်ခန်းများကိုလည်း
ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါတယ်ဗျ။
KCN Construction
09447443424
Click here to claim your Sponsored Listing.
Category
Website
Address
Yangon