ABP - All About Pets
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ABP - All About Pets, Pet service, ဇဋိလ (၂) အောက်လမ်း, Yangon.
22/11/2024
RIP ပါ Candy လေး
Candy လေးမိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်😔😔
ABP မှာအမြဲDaycare လာနေပြီးချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေနဲ့ အနေအေးတဲ့ Candy လေး 💙
ချစ်စရာအသဲယားစရာကောင်းပြီးချေမိုးနေတဲ့အကျင့်လေးတွေကို ABP ကကိုကိုမမတွေကလဲအမြဲသတိရနေမှာပါ😢😢
11/08/2024
ရာသီဥတုအေးပေမယ့် ဖီ၊ မီတို့က နွေးထွေးကြတယ်🫂
ဒီနှစ်မိုးတွင်းက မိုးရွာတဲ့ရက် များသလို၊ ပေပီတို့ရော…ဖီ၊ မီတို့ရော အဖျားများတဲ့နှစ်ပါပဲရှင်💁🏼♀️
ကလေးတွေဆိုရင် ရာသီဥတုအေးတော့ တွေ့တဲ့နေရာမှာ ခွေနေတာများပြီး အစားလည်း နည်းကြပါတယ်🐶🐾
ဖီ၊ မီတွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြသလို၊ သူတို့လေးတွေ ကျန်းမာရေးကောင်းအောင် အရင်ကထက် ပိုပြီး ဂရုစိုက်ပေးကြမှာဆိုတာကတော့ ယုံကြည်ပါတယ်🥰
ဒါပေမယ့် ဒီလိုအချိန်မှာ ကိုယ်အိမ်က ကလေးကို ဂရုစိုက်တာအပြင် ပိုင်ရှင်မဲ့ ကလေးလေးတွေကိုလည်း တတ်နိုင်သမျှ ဂရုစိုက်ပေးဖို့ ပြောပါရစေဖီ၊ မီတို့ရေ…
မိုးတွေရွာတဲ့အချိန် နည်းနည်းလေး အေးလာတာနဲ့ လူတိုင်း နွေးနွေးထွေးထွေး နေတတ်ကြမဟုတ်လား… ဒီလိုဆို အကာအကွယ် မရှိတဲ့ လမ်းပေါ်က သူတို့လေးတွေကရော ဘယ်လောက်တောင် အေးနေကြမလဲနော်🥺
ကလေးတွေကို မိုးတွေရွာတဲ့အချိန် အိမ်ထဲ၊ ခြံထဲ ခဏလောက် ခေါ်ထားပေးမယ်ဆိုရင်တောင် အဆင်ပြေစေမှာမလို့ အတတ်နိုင်ဆုံး ကူညီပေးကြပါနော်❤️
ဒီလို ကူညီပေးတာက ဘာမှ မခက်ခဲစေသလို၊ ကုသိုလ်တွေလည်း ရမှာပါဖီဖီ၊ မီမီတို့ရေ…
ဒါကြောင့် ကလေးတွေ သူ့ဘာသာ မိုးလာခိုရင်တောင် နှင်မထုတ်ပဲ ခဏခေါ်ထားပေးကြပါနော် ❣️🐾
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
#ခိုလှုံခွင့်
09/08/2024
ABP ရဲ့ အမြဲလာနေကျ ဧည့်သည်တော်လေးက
“ ဝု အမွှေးတွေ အရမ်းရှည်နေတာ မျက်စိစူးနေပြီ” ဆိုပြီး ရောက်ချလာတာ
ညှပ်ပေးတော့လည်း ငြိမ်ခံနေရောပဲရှင်🥰
ပေပီမိုင်လိုတို့ ချစ်စရာကောင်းချက်ကတော့
ကိုကို၊ မမတွေမှာ အသည်းတွေယားလို့စ်!😍
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
05/08/2024
မိုးက နေ့တိုင်း ရွာနေတော့ ပေပီလေးတွေလည်း အိမ်မှာ ပျင်းနေကြရောပေါ့🧐
သူတို့လေးတွေက ပုံမှန်ဆိုရင် လှုပ်ရှားပြီး သောင်းကြမ်းတတ်တဲ့ ကလေးတွေဆိုတော့ ငြိမ်နေတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်ဖီ၊ မီတို့ရေ…😇
ဒီတော့ ဝု၊ မြောင်တို့ ကျန်းမာရေးအတွက် ဖီ၊ မီတို့က အိမ်တွင်းလေ့ကျင့်ခန်းအနေနဲ့ တူတူဆော့ပေးဖို့ မမေ့ပါနဲ့နော်🥰
အကယ်၍ ပုံမှန်လုပ်ပေးနေကြ လေ့ကျင့်ခန်းလေးတွေ၊ တူတူဆော့နေကြ ကစားနည်းလေးတွေ ရှိရင် Comment မှာ မျှဝေပြောပြပေးသွားပါဦးရှင့်😉❣️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
29/07/2024
ဘော်ဒါတွေစုံရင် အနာဂတ်အကြောင်းနဲ့ သူ့အကြောင်းမပါလာသရွေ့ ….
ပျော်ပါတယ် 🥹🫶🏻
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
26/07/2024
ဖီဖီ၊ မီမီတို့က အာဝုနဲ့ မြောင်တို့ကို သားအိမ်ထုတ်တာ၊ သင်းတာ လုပ်သင့်တဲ့ အကြောင်းနဲ့ ရလာမယ့် ကောင်းကျိုး (၆) ချက်!
ကျန်းမာရေးနဲ့ ပက်သက်တဲ့ အကြောင်းပြောထားတာမို့ ဒီတစ်ခေါက်တော့ စာရှည်ပါလိမ့်မယ်နော်။ အကယ်၍များ ကိုယ့်ကလေးမှာ ထူးခြားတဲ့ အမူအရာများရှိနေခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ဖို့ကိုလည်း အကြံပြုချင်ပါတယ်ရှင့်။ 🥰
သူတို့ အချစ်စိတ်တွေ ထကြွလာတာက အာဝုလေးတွေမှာ တစ်နှစ်မှာ နှစ်ကြိမ်ဖြစ်တတ်ပြီး တစ်ခါလာရင် ၂၁ ရက် ကြာပါတယ်။ မြောင်လေးတွေကတော့ တစ်နှစ်မှာ သုံးကြိမ်နဲ့ အထက်ဖြစ်ပြီး ၃ ရက်ကနေ ၁၅ ရက်လောက်ထိ ကြာတတ်ပါတယ်။
အဲ့လို အချိန်မျိုးမှာ အမလေးတွေက ကြောက်နေတတ်ပြီး အထီးလေးတွေရောက်လာဖို့ကို အသံပြုတတ်သေးတယ် ဖီဖီ၊ မီမီတို့ရဲ့ …😬
သူတို့ရဲ့ အသွေးအသားကတောင်းတိုင်း မရရင် မပျော်တော့ဘဲ တအိအိဖြစ်နေတာကို ဖီဖီ၊ မီမီတို့ ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ရပါတယ်။
အထီးလေးတွေက အချိန်တန်ရင် ထိန်းမရတော့တာမျိုး၊ စိတ်အတက်အကျ အရမ်းများတာမျိုး၊ အပြင် အရမ်းထွက်ချင်တာမျိုးတွေကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အစားမစားတော့တာမျိုး၊ စိတ်ဓာတ်ကျနေတာမျိုးတွေနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ 😞
အမလေးတွေကို တားဆေး ခဏ၊ ခဏ ထိုးရင်လည်း အဲ့ဒဏ်တွေကို ကလေးတွေကပဲခံရတာပါ။
အသက်ကြီးလာတာနဲ့ အမျှ သားအိမ်မကောင်းတော့တာ၊ သားအိမ်ကင်ဆာဖြစ်လာတာနဲ့ တစ်ခြား ဝေဒနာတွေပါ ရလာနိုင်ပါတယ်။😩
သူတို့လေးတွေအတွက် မီးဖွားရတာက ခက်ခဲတဲ့ အပြင် အသက် ဆုံးရှုံးရတာမျိုးတွေဖြစ်တတ်တာကြောင့် အဲ့လိုအဖြစ် မကြုံရအောင် သားဆက်ပေးတော့မယ်ဆို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သေချာ ပြင်ဆင်ပြီးမှ ယူနော်။ 👀
သင်းတာနဲ့ သားအိမ်ထုတ်တာကို ရှစ်လ နဲ့ တစ်နှစ်အရွယ်လောက်မှာ လုပ်ကြတယ်။ (သေချာ အရွယ်ရောက်ပြီးချိန် မှာ တစ်ခါတည်း လုပ်လိုက်တာ ကောင်းပါတယ်) အသက်ကြီးမှ လုပ်ရင် နောက်ဆက်တွဲ ပြဿနာတွေရှိတတ်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်တာ အကောင်းဆုံးပဲ … 🫶🏻
ဘာလို့ လုပ်သင့်တာလဲဆိုတော့ ကလေးတွေမှာ ဖီဖီ၊ မီမီတို့ မတောင့်တသေးပဲ ကိုယ်ဝန်တွေ မရလာဖို့နဲ့ သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ဖို့ပါရှင့်။ မေ့ဆေးပေးပြီး လုပ်ရတာကြောင့် စိုးရိမ်ပူပန်ကြမှာပေမယ့် စိတ်ချရတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်လို့ ရပါတယ်။
လူတွေထက် အာဝုနဲ့ မြောင်တို့က အရွယ်ရောက်တာပိုမြန်ပါတယ်။ သူတို့ မျိုးဆက်ကို ဖီဖီ၊ မီမီတို့ကယူပြီးရင် သားဆက်ခြားဖို့ လုပ်သင့်ပါတယ်။ ဒါမှလည်း သူများကိုပေးပစ်ရတာတွေ၊ မနိုင်တော့တဲ့ အဖြစ်တွေ မရောက်လာမှာပါ။ သားယူတာများရင်လည်း ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာကို မမေ့လိုက်နဲ့နော်။🥰
ပြောတာတွေ များသွားပြီဆိုတော့ လုပ်ပြီးရင် ဖြစ်လာမယ့် ကောင်းကျိုးတွေ အခုမှ စပြောတော့မယ်နော် 😁
၁။ အသက်ပိုရှည်၊ ကျန်းမာပြီး ဖီဖီ၊ မီမီတို့နဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်မယ်။ 💞
၂။ သားအိမ်ထုတ်လိုက်တဲ့ အတွက် သားအိမ်ကင်ဆာ၊ သားအိမ်ပိုးဝင်တာတွေ မရှိတော့တဲ့ အပြင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးတယ်။ Mood Swings ဖြစ်တာ၊ စိတ်ရှုပ်တဲ့ အပြုအမူတွေ ပြတာအပြင် အစက်အပျောက်ပေါ်လာတာမျိုးတွေလည်း နည်းပါးသွားပါလိမ့်မယ်။ (သူတို့လေးတွေလည်း မင်မင်တို့လူတွေလိုပဲ)
၃။ အထီးလေးတွေကို သင်းလိုက်ရင် ဆီးကြိတ် ကင်ဆာ ၊ အူကျွံတာနဲ့ ဥကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ချပေးပြီး၊ နယ်မြေပိုင်နက် သတ်မှတ်တာ၊လုတာတွေ လိင်ပိုင်းဆိုင်ရာ ရန်လိုမှုနဲ့၊ နေရာတွေ၊ ပစ္စည်းတွေကို ရှူရှူး ပန်းတာမျိုးတွေ နည်းလာပါလိမ့်မယ်။
၄။ စကားနားမထောင်တာမျိုး၊ ဆိုးတဲ့ အမူအရာတွေ မလုပ်တော့ဘဲ လူယဥ်လာပါလိမ့်မယ်။ ထိုးဟောင်တာတွေ၊ ကိုက်တာတွေလည်း နည်းလာပါလိမ့်မယ်။ 🐕
၅။ အိမ်ကပ်ပြီး အပြင်သိပ်မသွားတော့တာကြောင့် ကားတိုက်ခံရတာမျိုးလို တစ်ခြားသော မတော်တဆ ဖြစ်နိုင်ချေတွေ လျော့သွားမယ်။ အပြင်မှာ ရန်ဖြစ်တာမျိုး၊ ကူးစက်ရောဂါ ကူးလာတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
၆။ တိလေးတွေရဲ့ ပိုင်ရှင်မဲ့ ဘဝတွေကိုလည်း လျော့ချနိုင်မယ်၊ ဒါဆို ကိုက်ခံရတာနဲ့ အခြားသော လေလွင့်ဝုနဲ့ မြောင်တို့ကြောင့် ဖြစ်တဲ့ ကိစ္စတွေလျော့နည်းလာမယ်။ အဆိပ်ချတဲ့ ဖြစ်စဥ်တွေလည်း လျော့နည်းလာမှာပါ။🥺
ABP က Share ပေးတဲ့ ဒီ Knowledge လေးကို ဖီဖီ၊ မီမီတို့ နှစ်သက်တယ်ဆို React & Share ပေးပြီး သိစေချင်တဲ့ တစ်ခြား ဖီဖီ၊ မီမီတို့ကို Mention လုပ်ပေးသွားပါဦးနော်။ 💛😇 ဒီ Post လေးမှာ တူတူ ဝင်ရောက် ဆွေးနွေးလို့လည်း ရပါတယ်ရှင့်။ 😁
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂) အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
22/07/2024
MaMa’s Boy တွေက Red Flag ဆိုပေမယ့်🚩🚩
ဒီ MaMa’s Boy လေးကတော့ ခြွင်းချက်နော်
ချစ်စရာကောင်းချက်က အသည်းကို ယားနေရောပဲ🤣❤️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
20/07/2024
ဝါဆိုလပြည့်-ဓမ္မစင်္ကြာအခါတော်နေ့လေးမှာ ပြည်သူပြည်သားများအားလုံး စိတ်နှလုံးအေးချမ်းသာယာပြီး ကံကောင်းခြင်းများ ပိုင်ဆိုင်ရပါစေလို့ All About Pets မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🥰
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
17/07/2024
ဇိမ်ကျလိုက်ပုံများ အိပ်ပါပျော်သွားတယ် ဖီ၊မီတို့ရေ🐶
ABP က သူတို့လေးတွေကို သက်သောင့်သက်သာဖြစ်အောင် သေချာ ဂရုတစိုက်လုပ်ပေးပါတယ်။
သူတို့ စိတ်ခံစားချက်ကိုလည်း အလေးထားပြီး စိတ်ရှည်ရှည်လုပ်ပေးတော့ ကလေးတွေလည်း ကြောက်နေရတာမျိုး မရှိတော့ဘူးပေါ့။
အခုလည်း ငိုက်နေရာကနေ အိပ်ပါပျော်သွားတယ်။ ဇိမ်ကျလွန်းပါတယ်ရှင် 🤣❤️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
15/07/2024
မိုးအေးအေးမှာ
အိပ်လိုက်၊ စားလိုက်နဲ့ …နေရတာ
အရမ်းကောင်းနေရောပဲ😁❤️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
14/07/2024
မူကြိုကိုကျောပိုးအိတ်နဲ့လာတဲ့ခတ်ကကုန်သွားပြီဆိုတော့ candy တို့ကတော့ Coach အိတ်နဲ့ချေချပလိုက်ပြီ 😎
သူ့ပစ္စည်းသူပါလာပြီး အထာကျ မိမိုက်လွန်းတဲ့ Candy’s Fashion ကို မမတွေ၊ ကိုကိုတွေတောင်လိုက်မမှီတော့ဘူး။
အရမ်းချစ်နေပြီ🤣❤️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
11/07/2024
အမွှေးတွေ ရှည်နေပြီ😖
ရာသီဥတု အေးနေပေမယ့် သန့်သန့်လေးဖြစ်နေအောင်
ABP မှာ Grooming သွားလုပ်ခဲ့တယ်🥰
ကိုကို၊ မမတွေက စိတ်ရှည်ပြီး
သေချာညှပ်ပေးတော့ လီယို အကြိုက်ပဲပေါ့… 😉❤️
ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂) အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ဇဋိလ (၂) အောက်လမ်း
Yangon