Channel MSN
Hello guys. This channel is for martial arts combat sports. ✌️
Security တွေနဲ့ မနည်းပြန်ထွက်သွားရတယ်။
- Joshua Van -
26/05/2026
Khabib တို့ Eagle Gym က ဒါဂက်စတန် ဖိုက်တာတစ်ဦး UFC ကို ရောက်မယ်။ Khabib ကိုယ်တိုင် X မှာ အသိပေးလာတာပါ။
Magomadrasul Gasanov လို့ ခေါ်တယ်။ ၃၁ နှစ်ရှိပြီဖြစ်ပြီး ACA အဖွဲ့အစည်းရဲ့ Middle Weight ချန်ပီယံTitle ကို ၇ ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့သူပါ။ ACA မှာ ၅ နှစ်တာ ကစားခဲ့တဲ့တလျှောက် ၁၂ ပွဲဆက် အနိုင်ရပြီး Middle Weight တန်းရဲ့ ချန်ပီယံ စံချိန်ကို အချိန်ကြာမြင့်စွာထိမ်းထားနိုင်ခဲ့တယ်။Record အနေနဲ့ 23-2-0 ပါ။
Khabib ရဲ့ လက်ရင်း တပည့်တစ်ယောက်ဖြစ်ပြီးတော့ UFC မှာလဲ Middle Weight တန်းမှာပဲ ဆော့မှာပါ။
UFC က စာချုပ်ချုပ်ပြီး ချက်ချင်း ပွဲပေးတယ်။ လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့ အဘူဒါဘီမှာ Abubakar Vagaev နဲ့ ကစားရမှာပါ။
#နီရောဓ ပါ။✌🏼
23/05/2026
ပိရမစ် ကြီးတွေနားမှာ ခမ်းခမ်းနားနားလုပ်ခဲ့တဲ့ ဘောက်ဆင်ပွဲကြီးမှာ Usyk က နယ်သာလန် ကစ်ဘောက်ဆင်ဘုရင် Rico Verhoeven ကို (၁၁) ချီမြောက်မှာ TKO နဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့တွေကို ထိန်းသိမ်းသွားနိုင်ခဲ့တယ်။
အစောပိုင်းအချီတွေမှာ Usyk က Rico ကို မသိမသာ ညှာထိုးပေးနေတယ်။ ၃ ချီနောက်ပိုင်းမှာ တစ်ကယ် ဆော့ပေမဲ့ ကစ်ဘောက်ဆင်နောက်ခံက လာခဲ့တဲ့ Rico ရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို Usyk အနေနဲ့ ခန့်မှန်းဖို့ ခက်ပုံရတယ်။
ပြိုင်ဘက်ကို လျော့တွက်ခဲ့တာလား မသိပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘောက်ဆာတွေကို အချီတိုင်းအသာစီး အမှတ်ယူနိုင်ခဲ့တဲ့ Usyk တစ်ယောက် Rico နဲ့တွေ့မှ အချီ တော်တော်များများ အမှတ်နဲ့ ရှုံးနေတယ်။၁၀ ချီအထိကို ပြတ်ပြတ်သားသား ဆိုရင် ၃ ချီပဲ နိုင်သေးတယ်၊ ၇ ချီ ရှုံးနေပြီ။
Rico ရဲ့ မထင်မှတ်ဘဲ ထွက်လာတဲ့ ညာဖြောင့်တွေ၊ လူချင်းကပ်တုန်း ထိုးတဲ့ ဝိုက်လက်သီးတွေ၊ Body shot တွေကြောင့် Usyk အထိနာတယ်။
(၁၁) ချီပြီးခါနီး စက္ကန့်ပိုင်းအလိုမှာတော့
တောက်လျှောက်လိုက်ဖိထိုးနေတဲ့ Rico ကို ညာပင့်လက်သီး ကောင်တာနဲ့ Knockdown ကျအောင် ထိုးလိုက်တယ်။
ပြန်တည်တဲ့အချိန်မှာ Usyk ရဲ့ အဆက်မပြတ်ဖိထိုးနေတဲ့ လက်သီးတွဲလုံးတွေ တောက်လျှောက်ထိနေတာကြောင့် ဒိုင်လူကြီးက ဝင်တားပြီး ပွဲကို ရပ်လိုက်တယ်။ ( ဒိုင်တားတာ စောတယ်လို့လဲ စောဒက တက်လို့ရတယ်။ )
ပွဲကတော့ အကောင်းဆုံး ကပြသွားတဲ့ ပြဇာတ်တပုဒ်ပါ။ နှစ်ဖက်လုံးကို Win-Win အခြေအနေ ဖန်တီးပေးသွားတယ်။ Usyk လည်း အနိုင်ရသွားတာကြောင့် ဂုဏ်သိက္ခာပိုင်း မထိခိုက်ခဲ့သလို ဘောက်ဆင်နယ်ပယ်မှာ (၁၁) ချီထိ အစီးထိုးပြနိုင်ခဲ့တဲ့ Rico Verhoeven လည်း ရှုံးပေမယ့် မျက်နှာပန်းလှတယ်၊ boxing ထပ်ထိုးမယ်ဆိုရင်တောင် မျက်နှာမငယ်ရတော့ဖူးး
ပွဲအပြီးမှာ Usyk နဲ့ ခါးပတ်လုဖို့ အကြာကြီးစောင့်နေရတဲ့ WBC ရဲ့ ကြားဖြတ်ချန်ပီယံ ဂျာမနီသား Agit Kabayel ဒီနှစ်ကုန်ပိုင်းမှာ ပွဲဖြစ်ဖို့ စင်ပေါ်မှာပဲ နှစ်ဦးနှစ်ဖက် သဘောတူသွားပါတယ်။
#နီရောဓ ပါ။ ✌🏼
အီဂျစ် “ ပိရိမစ် “ တွေရဲ့ ရှေ့က Boxing ပွဲက လူမသိသေးတဲ့ အချက်တွေ .. 🤔
“ ဗရောနီကာ “ Vs “ ခါနာ “
- ပွဲပြီး သုံးသပ်ချက်-
22/05/2026
ကြေးစားဘောက်ဆင်လောကမှာ အဖွဲ့အစည်းကြီး (၄) ခုရှိတယ်။ အဲ့ ၄ ခုထဲမှာမှ WBC က တကယ့်ပွဲကြီးတွေမှာ ဆိုရင် သီးသန့်ဖန်တီးထားတဲ့ ခါးပတ်တွေကို ပေးလေ့ရှိတယ်။
အခုလည်းလာမဲ့ ‘ Glory in Giza’ ဆိုတဲ့ ဘောက်ဆင်ပွဲမှာ Usyk နဲ့ Rico တို့အတွက် သီးသန့် ဖန်တီးထားတဲ့ special ခါးပတ်တစ်ခုကို ချပြလာပါတယ်။ ခါးပတ်ကို ‘King of the Nile’ လို့ အမည်ပေးထားပြီး နိုင်တဲ့သူကို ပေးသွားမှာပါ။
ခါးပတ်ပေါ်မှာ အတောင်ပံပါတဲ့ နေမင်းစကြာ၊ ဟိုးရပ်စ်ရဲ့ မျက်လုံး၊ ဖာရိုဘုရင်ရဲ့ တောင်ဝှေးနဲ့ နှင်တံ၊ နွားချေးပိုးကောင်ရုပ်နဲ့ အာဖရိကနိုင်ငံတွေရဲ့ အလံတွေ စတဲ့ ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှု သင်္ကေတတွေကို အနုပညာမြောက် ထည့်သွင်းပုံဖော်ထားတယ်။
ခါးပတ်ရဲ့ သတ္တုအစိတ်အပိုင်းတွေကို (၂၄) ကာရက် ရွှေစစ်စစ်နဲ့ အချောသတ်ထားပြီး၊ WBC စာလုံးတွေကို ရှေးအီဂျစ်တော်ဝင်မျိုးနွယ်တွေ အမြတ်တနိုးထားတဲ့ Lapis Lazul အပြာရောင် ကျောက်ကို အသုံးပြုပြီး တော်ဝင်ဆန်ဆန် အလှဆင်ထားပါတယ်။
သမိုင်းဝင်ပွဲ ကြီးတွေအတွက် WBC က အထိမ်းအမှတ်ခါးပတ် ပေးလေ့ရှိတဲ့ အတိုင်း WBC ဥက္ကဋ္ဌ Mauricio Sulaimán ကိုယ်တိုင် ဒီခါးပတ်ကြီးကို ယူပြီး စပိန်နဲ့ တောင်အာဖရိက နိုင်ငံတွေအထိ သတင်းစာရှင်းလင်းပွဲ လုပ်ကာ ပွဲကို ပရိုမုတ် လုပ်နေပါတယ်။
#နီရောဓ ပါ။ ✌🏼
ခေတ်တစ်ခေတ်ကို ပြောင်းနိုင်မဲ့ပွဲ ..
အီဂျစ် “ ပိရိမစ် “ တွေရဲ့ ရှေ့မှာ လုပ်မဲ့ Boxing legend နဲ့ Kickboxing legend တွေ့တဲ့ပွဲ ..
Fight IQ ကောင်းတဲ့ “ ယော့ခ် အိုင်ကျု “ နဲ့ ခန့်မှန်းရခက်တဲ့ “ နာဘီတီ “
- ပွဲလေ့လာ ချက် -
Kickboxing စည်းမျဉ်းအောက်မှာ ဝင်ဆော့ပေးရတာ “ ဗရောနီကာ “ အတွက် လွယ်ပါ့မလား ?
- ပွဲကြို သုံးသပ်ချက် -
19/05/2026
စိတ်မမှန်လို့!! 🙂
18/05/2026
အမှတ်ပေးဇယားမှာ ၂၈-၂၈ ဖြစ်သော်လည်း သရေကျခြင်းမရှိပဲ စူပါလက်ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းကို ONE က ဖြေရှင်းလာတယ်။
မေလ ၁၅ ရက်၊ သောကြာနေ့က Inner Circle မှာ Dayakaev က Superlek ကို split decision နဲ့ အနိုင်ယူပြီးနောက် ထော်ကိုင်း တွေရဲ့ ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်။
ဂယက်တွေကတော့ ပွဲမစမီကတည်းက စတာပါ။ Dayakaev က ၁၄၈.၂ ပေါင်အထိရှိပြီး bantamweight (၁၄၅ ပေါင်) ထက် ၃.၂ ပေါင်ပိုများပြီး Superlek က ၁၄၃.၂ ပေါင်သာရှိလို့ ၅ ပေါင်လောက် အကြောပေးပြီး ယှဉ်ပြိုင်ခဲ့ရတယ်။ ပွဲကို ဖျက်သိမ်းခွင့်၊ ငြင်းဆန်ခွင့် ရှိသော်လည်း စူပါလက်က သူ့ပရိတ်သတ်တွေ ပွဲဖြစ်အောင်ကစားခဲ့တာလို့ ဆိုပါတယ်။
ပွဲအတွင်းမှာ Dayakaev က ပထမအချီမှာ Superlek ကို Knocked Down ကျအောင် ထိုးနိုင်ခဲ့တယ်။ ပအချီမှာ စူပါလက် 10-8 မှတ် နဲ့ ရှုံးခဲ့ပေမယ့် နောက်နှစ်ချီမှာ 10-9 မှတ်,10-9 မှတ်နဲ့ ပြန်လည် အသာစီး ယူနိုင်ခဲ့ပါတယ်။Official Score Card ထွက်လာချိန်မှာလည်း ၂၈-၂၈ ဖြင့် သရေကျခဲ့တာပါ။
ဒါပေမယ့်!! ONE စည်းမျဉ်းအရ သရေကျခြင်းကို ခွင့်မပြုပါဘူး။ အနိုင်ရသူ တစ်ဦးတည်းသာ ရှိရမယ်လို့ ပြဌာန်းထားတဲ့ ဥပဒေကြောင့် ဒိုင်လူကြီးတွေက Rules (4) မျိုးအတိုင်းဆုံးဖြတ်ရပါတယ်။
၁) Knock down
၂) ပြိုင်ဘက်ကို ထိခိုက်ဒဏ်ရာရစေခြင်း
၃) ရှင်းလင်းသော ထိုးနှက်ချက်များ ရရှိစေခြင်း
၄) ပွဲကို ထိန်းချုပ်ခြင်း
၅) ကြမ်းတမ်းစွာ ဖိအားပေးဆော့နိုင်ခြင်း
ဒီအချက်တွေနဲ့ အနိုင်ကို ဆုံးဖြတ်ရမှာ Dayakaev က Knock Down ပိုရတဲ့ အတွက် အနိုင်ပေးခဲ့တာ ဖြစ်တယ်လို့ ONE က ပြန်ရှင်းခဲ့ပါတယ်။
#နီရောဓ ပါ။ ✌🏼
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon