Electrorush Plus Myanmar

Electrorush Plus Myanmar

Share

လန်းဆန်းမှုရဲ့ သက်သေ Electrorush Plus သဘာ၀အားဖြည့်အချိုရည်👍👍👍👍

01/01/2022

ဆောင်းတွင်းမှာ ရေဓာတ်ပြည့်ဝနေစေဖို့
--------------------------------------
လူ့ခန္ဓာကိုယ်က အသက်ရှူထုတ်ခြင်း၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကြောင့် နေ့စဉ် ရေဓာတ်ဆုံးရှုံးနေပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ရေငတ်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ခေါင်းမူး ခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ အရေပြားခြောက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေ မဖြစ်အောင်နဲ့ ကျန်းမာလန်း ဆန်းနေအောင် ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ 🤗
Electrorush ORSက သင့်ကို ဆောင်းတွင်း ကာလတလျှောက်လုံး ရေဓာတ်ပြည့်ဝနေစေဖို့နဲ့ လိုအပ်တဲ့ သတ္တုဓာတ်နဲ့ ဓာတ်ဆားတွေ ရရှိစေဖို့ ကူညီ ပေးသွားမှာပါ။ ☺💯
အခုကစပြီး မိတ်ဆွေ မဖြစ်မနေ လုပ်ပေးဖို့ကတော့ Electrorush ORSကို နေ့စဉ် မှန်မှန်သောက်ရုံပါပဲ။ 💛

31/12/2021

Happy New Year 2022!
‘’နှစ်သစ်မှာ အချိန်တိုင်း အားပြည့်လန်းဆန်းစွာနဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက် လှမ်းနိုင်ကြပါစေ’’ ကြောင်း Electrorush ORS မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။🙏

17/12/2021

လေ့ကျင့်ခန်းလုပ်သူတွေ၊ အားကစားသမားတွေနဲ့ ကာယနည်းပြတွေဟာ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ရေဓာတ်အများအပြားဆုံးရှုံးကြပါတယ်။😥
💛Electrorush ORS က မရှိမဖြစ်ဓာတ်ဆားတွေနဲ့ သတ္တုဓာတ်တွေကို ပြန်ဖြည့်ပေးတာကြောင့် ရေဓာတ်ကို အမြန်ဆုံး ပြည့်စေရုံသာမက အာရုံစူးစိုက်နိုင်စွမ်းနဲ့ သက်လုံပိုကောင်းပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တိုင်း မပါမဖြစ် ဆောင်ထားရတာ Electrorush ORSပါ။💛💯

10/12/2021

🧒👧 ကလေး လန်းဆန်းနေဖို့ မေမေတို့ရဲ့နံပါတ်တစ်ရွေးချယ်မှု 💯🤗
---------------------------------------------
ခုန်ပေါက်ပြေးလွှားကစားနေတဲ့ ကလေးငယ် ပင်ပန်းနွမ်းနယ်သွားတဲ့အခါ ဘာကို အရင်ဆုံးတိုက်ဖြစ်ပါသလဲ။🤔
▶️ ရေအလုံအလောက် တိုက်တာက နည်းလမ်းကောင်းတစ်ခုပါ။✅
▶️ ဂတ်စ်ပါတဲ့ အချိုရည်ကိုတော့ မတိုက်သင့်ပါဘူး။ ❌
▶️ WHO အသိအမှတ်ပြု ဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ့ လိမ္မော်အရသာ အသင့်သောက် Electrorush ORS ဘူးလေးတိုက်တာကလည်း မှန်ကန်ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ ✅ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်ချိန်မှာ Electrorush ORS ဓာတ်ဆားရည်သောက်ပေးခြင်းဖြင့် ကလေးမှာ ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ချက်ချင်းအားဖြည့်ပေးနိုင်တယ်လေ။💛

02/12/2021

အသင့်သောက် အီလက်ထရိုရပ်ရှ်ဓာတ်ဆားရည်ဘူးလေးကို မြင်ဖူးကြတယ် ဟုတ်🤗
ဒါလေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားပြီး Tetra Pack ထုပ်ပိုးမှုနည်းပညာ အသုံးပြုထားတာကြောင့် တာရှည်ခံဆေး လုံးဝ မပါဝင်ပါဘူး။💯
WHOအသိအမှတ်ပြု နည်းပညာအသစ် (Low Osmolarity Formula) နဲ့ ထုတ်လုပ်ထားလို့ မော ပန်းနွမ်းနယ်သူတွေ၊ ချွေးထွက်များသူတွေ၊ အားကစားပြုလုပ်သူတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေ အတွက် အထူးသင့်တော်ပါတယ်။✅👌
လိမ္မော်အရသာနဲ့ ထုတ်ထားလို့ ကလေးလူကြီးမရွေးအတွက် အဆင်ပြေတယ်လေ။🍊🍹
မွေးကင်းစကလေးငယ်တွေက စပြီး သက်ကြီးဘိုးဘွားတွေအထိ စိတ်ချ ယုံကြည်စွာ သောက်သုံး နိုင်ပါတယ်။☺️👍

25/11/2021

လန်းဆန်းတက်ကြွသော နေ့သစ်များဆီသို့ . . .✨
😵ခေါင်းကိုက်ခြင်း
😵 အာခေါင်ခြောက်ခြင်း
😵 နုံးချည့်မောပန်းခြင်း
😵 ဆီးသွားနည်းခြင်း
😵အားကုန်၊ ရင်တုန်ခြင်း စတဲ့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ခံစားနေရပါသလား❓
ရေဓာတ်ခမ်းခြောက်ခြင်းကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြေရှင်းပေးမယ့် Electrorus ORS (အသင့်သောက်ဓာတ်ဆားရည်) ရှိပါတယ်။💯🤗

23/11/2021

၀မ်းပျက်ဝမ်းလျှောခြင်းအတွက် အိမ်တွင်းကုထုံး 💯🤗
💛 ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ဖေါ်မြူလာဖြင့် ထုတ်လုပ်ထားသော ဓာတ်ဆားရည် သောက်ပါ။ Low Osmolarity formula နဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားရည်ကတော့ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ Electrolytes ဓာတ်တွေကို အမြန်ဆုံး ဖြည့်တင်းပေးပြီး ဝမ်းသွားတဲ့ ပမာဏနဲ့ အန်ခြင်းတို့ကို သာမာန်ဓာတ်ဆားတွေထက် ပိုမို လျှော့ချပေးနိုင်ပါတယ်။ ✨
💛လတ်ဆတ်ပူနွေးတဲ့ အစားအသောက် စားပါ။
💛ယင်နားစာ၊ မကျက်တကျက်အစာ၊ အပူအစပ်စာနဲ့ ဆီကြော်စာတို့ကို ဆင်ခြင်ပါ။
💛ကလေးတွေမှာ မိခင်နို့တိုက်တဲ့အရွယ်ဖြစ်ရင် မိခင်နို့ချို ဆက်တိုက်ပေးပါ။👍🏻

17/11/2021

✨‘’တန်ဆောင်တိုင်ကာလမှာ မိသားစုတိုင်း အားပြည့် လန်းဆန်းကြပါစေ’’ကြောင်း အီလက်ထရိုရပ်ရှ်မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။🙏

18/10/2021
24/09/2021

သားသားမီးမီးလေးတွေ ဓာတ်ဆားရည်မသောက်ချင်လို့ ဂျီကျနေလား မေမေတို့ရေ🤗

အဲ့ဒီအတွက်စိတ်မပူပါနဲ့နော် WHO အသိအမှတ် ပြုဖော်မြူလာ (Low osmolarity) နဲ့ ထုတ်လုပ်ထားတဲ့ Electrorush ORS (အသင့်သောက်ဓာတ်ဆားရည်ဘူး) လေးတွေရှိပါတယ်။ 👀

💦 လိမ္မော်အရသာ အချိုရည်ဘူးပုံစံလေးနဲ့မို့ တိုက်ရမခက်နိုင်တော့တဲ့အပြင် သောက်ဖို့ပိုက်​လေးလည်းပါပြီးသားဆိုတော့ အချိန်မရွေး၊ နေရာမရွေးအလွယ်တကူ သောက်သုံးနိုင်ပါတယ်။ ✨

💡အလွှာ ၆လွှာပါဝင်တဲ့ Tetra Pak ထုတ်ပိုးမှုနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Electrorush အသင့်သောက်ဓာတ်ဆားရည်ဘူးဟာ အစိုဓာတ်စိမ့်ဝင်မှုမရှိစေနိုင်တဲ့အပြင် တတိယအလွှာရဲ့ aluminum foil က ပြင်ပမှ အောက်ဆီဂျင်နဲ့အလင်းတို့ရဲ့ ဓာတ်ပြုမှုကိုကာကွယ်ပေးနိုင်တာကြောင့် ဓာတ်ဆားရဲ့ အာနိသင်နဲ့ အရသာကို အပြည့်အဝပေးစွမ်းနိုင်ပြီး စိတ်ချရပါတယ်။

💡တာရှည်ခံပစ္စည်းတွေ လုံးဝ(လုံးဝ) မပါဝင်တဲ့အပြင် အခန်းအပူချိန်မှာ ထားလို့ရရုံသာမက ရေခဲသေတ္တာထဲ အအေးခံပြီးလည်းသောက်လို့ရပါတယ်။ ❄️

ဒါအပြင် Electrorush ORS က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် ခုဘဲဝယ်ယူလိုက်တော့နော် 🤗

18/09/2021

🦟 သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေအပြင် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပြီး မိုးရာသီမှာအဖြစ်များပေမဲ့ ရာသီမရွေးဂရုစိုက်သင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

🦟 သွေးလွန်တုပ်ကွေးဆိုတာ Dengue virus ကိုသယ်ဆောင်လာသည့် Aedes(အေးဒိစ်) ခြင်ကျားအကိုက်ခံရခြင်းမှတဆင့် ကူးစက်ဖြစ်ပွါးတဲ့ ရောဂါဖြစ်ပါတယ်။

💡အပြင်းဖျားခြင်းနှင့် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရေပြားပေါ်တွက် အနီစက်ထွက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း စတဲ့လက္ခဏာများကို ခံစားရပြီး ရောဂါသံသယရှိပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို စတင်ခံစားရပြီဆိုလျှင် ..
👉 အနားယူပါ။
👉 ဆရာဝန်ညွှန်ကြားသောအဖျားကျဆေးသောက်ပါ။
👉 အရည်များများသောက်ပါ။

‼️ ဗိုက်အလွန်အမင်းအောင့်ခြင်း၊ မကြာခဏအော့အန်ခြင်း၊ အညိုရောင် အမဲရောင်အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ နှာခေါင်းသွေး/သွားဖုံးသွေးယိုခြင်း၊ မှိန်းခြင်း သို့မဟုတ် ကယောင်ကတမ်းဖြစ်ခြင်း၊ အသက်ရှူမြန်ခြင်း စတဲ့ အန္တရာယ်လက္ခဏာများဖြစ်ပေါ်လာရင်တော့ နီးစပ်ရာဆေးရုံသို့သွားရောက်၍ ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။ 🚑🏥

💦 ဖျားခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်များပြန်လည်ဖြည့်တင်းဖို့ရန်အတွက် ဓာတ်ဆားရည်ကိုတိုက်ပေးနိုင်ပါတယ်။ 💪

✨ ကဲ ဓာတ်ဆားဆိုရင် ..
အရည်အသွေးပြည့်ဝပြီး ပါဝင်မှုအချိုးအစားမှန်ကန်တဲ့ ဓာတ်ဆားအမှုန့်ထုပ် Electral ORS 21.8g ရှိပါတယ်။
✨ Electral ORS 21.8g ဓာတ်ဆားအမှုန့်ထုတ် ဟာဆိုရင် Low osmolarity formula (WHO အသိအမှတ်ပြု ဖော်မြူလာ) နှင့် ထုတ်လုပ်ထားခြင်းကြောင့် 245 mmol/L စံချိန်စံညွှန်း ပြည့်မီတဲ့ အတွက် ပုံမှန်တွေ့နေကျ သာမာန်ဓာတ်ဆားများထက် ဝမ်းသွားခြင်းကို ၃၀%၊ အန်ခြင်းကို တို့ကို၂၅% ပိုမို ထိရောက်စွာ သက်သာစေပါတယ်။

🌟ဒါ့အပြင် ကလေးလေးတွေကိုလည်း ဓာတ်ဆားရည်တိုက်ရလွယ်အောင်လို့ Electrorush ORS (အသင့်သောက်ဓာတ်ဆားရည်ဘူး) လေးတွေရှိပါတယ်။
Electrorush ORS က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးတာကြောင့် ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးမှုတွေအတွက် အသင့်လျော်ဆုံးပဲပေါ့။ 💯🤗

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 6(A), Dawbone Jute Carpet Factory Compound, Min Nandar Road, Dawbone Township
Yangon
11241