YP Auto Service

YP Auto Service

Share

(Customer)များ စိတ်တိုင်းကျတဲ့အထိ
အကောင်းဆုံး ပြုပြင်ပေးပါမည်🤝🙏

14/08/2026

အင်ဂျင်ဝိုင် (၅၀၀၀၀)ကျပ်၊
(Cash back)ပရိုမိုးရှင်း
မနက်ဖြန်(၁)ရက်ပဲ ကျန်ပါတော့
တယ် ခင်ဗျာ၊ အသေးစိတ်👇

12/08/2026

ပစ္စည်းအတုတွေ အရမ်းထွက်တဲ့ Honda
Original Genuine Oil 🛢️

ကားတစ်စီးလုံးရဲ့ အသက်ဖြစ်တဲ့ အင်ဂျင်ဝိုင်နဲ့
ဂီယာဝိုင်ကို အတုသုံးမိရင် ဘယ်လောက်
အန္တရာယ်များလဲဆိုတာ အားလုံးသိပါတယ်။

စျေးကွက်ထဲမှာ Honda Genuine Oil အတု/
အစစ်တွေ ရောနေပြီး ဝယ်ရတာ အရင်လို
သိပ်အဆင်မပြေတော့ဘူး။

—— အခုလက်ရှိ ကျွန်တော်တို့ ဆိုင်မှာတော့
Honda Original Genuine စစ်စစ်တွေ အနည်း
ငယ် ထပ်ရောက်ပါတယ်။ ပစ္စည်းအစစ်အမှန်
ရရှိမှာဖြစ်ပါတယ်။ 💯 ပစ္စည်းစစ်မှန်ကြောင်းကို
၁၀၀% အပြည့်အဝ အာမခံပါတယ်။ (အတုဖြစ်
ပါက အင်ဂျင်ဂီယာဘောက် အလုံးလိုက် လျော်
ပေးပါမယ်)

Honda Ultra Green Motor Oil နဲ့ HMMF CVT
အော်တိုဆီ စစ်စစ်တွေဟာ အခုလက်ရှိ စျေး
ကွက်မှာ အလွန်ရှားပါးနေပါတယ်။ကျွန်တော်တို့
ဆိုင်မှာလည်း ပစ္စည်းအများကြီး လိုသလောက်
မရနိုင်သေးပါဘူး။

🚫 ဒါကြောင့် ကျေးဇူးရှင် Customer ကြီးများ
လိုအပ်ခဲ့ရင် (၁/၂)ဗူးစီလောက် အားပေးနိုင်ပါ
တယ် ခင်ဗျာ။ ဆိုင်မှာက ပစ္စည်း အစစ်အမှန်
ရရှိမှသာ ရောင်းချပေးတာကြောင့် အမြဲတမ်း
မရတတ်လို့ပါ ခင်ဗျာ 🙏

(စျေးနှုန်း Update ကို Comment မှာ ရေးပေး
ထားပါတယ်)

📩 ဝယ်ယူအားပေးလိုပါက Messenger
(သို့မဟုတ်) ဖုန်းဆက်သွယ်စုံစမ်းနိုင်ပါတယ်
ခင်ဗျာ။

📞 09446222007 📍 YP Auto Service

11/08/2026

(50000Ks Cash back) ပရိုမိုးရှင်းပြီးဖို့
(၄)ရက်သာ ကျန်ပါတော့တယ်❗️

အရင်စျေးလေးနဲ့ ရထားတဲ့ Stock တွေမို့
ပရိုမိုးရှင်း လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
Customer တွေလည်း စျေးသက်သာ၊
ကျွန်တော်တို့လည်း ပိုရောင်းရတဲ့ Cashback
ပရိုမိုးရှင်းလေးပါ။ လိုအပ်ရင် အားပေးကြ
ပါအုံး ခင်ဗျာ။

Atlantic Fully Synthetic Engine Oil 🛢️
Made In UAE 🇦🇪

အသေးစိတ် သိရှိလိုပါက -
https://www.facebook.com/share/p/1DjBAVVFFi/?mibextid=wwXIfr


🇦🇪

Photos from YP Auto Service's post 06/08/2026

GDI (Gasoline Direct Injection) စနစ် အကြောင်း

ဓါတ်ဆီအင်ဂျင်ကားတွေမှာ ယခင်က ကာဘ
ရိုက်တာ (Carburetor) စနစ်၊ PFI (Post Fuel
Injection) စနစ်တွေကို အသုံးပြုခဲ့ကြပေမယ့်
မော်ဒယ်မြင့်ဓာတ်ဆီအင်ဂျင်ကားများမှာ GDI
(Gasoline Direct Injection) ဆီပေးစနစ်ကို
အသုံးပြုလာကြပါတယ်။ ကာဘရိုက်တာစနစ်
ကားအင်ဂျင်တွေမှာ ကာဘရိုက်တာပိတ်လို့ ဆီ
နည်းခြင်း၊ ဆီများခြင်း အစရှိတဲ့ပြဿနာတွေ
ကြောင့် လိုအပ်တဲ့ လောင်စာဆီပမာဏကို
တိတိကျကျ ပေးပို့နိုင်ခြင်း မရှိတာကြောင့်
အင်ဂျင်ပါဝါ ဆုံးရှုံးမှုတွေ ၊ လောင်စာဆီစား
များတဲ့ ပြစ်ချက်တွေ ဖြစ်စေခဲ့ပါတယ်။

နောက်ပိုင်းမှာ PFI (Post Fuel Injection) စနစ်ကို
တီထွင်အသုံးပြုလာတဲ့အခါမှာတော့ ပိုမိုတိကျတဲ့
ဆီဖြန်းပမာဏ၊ ဆီဖြန်းတဲ့အချိန် (တိုင်မင်) ကို
ဖန်တီးနိုင်ခဲ့ပါတယ်။ ဆင်ဆာ (Sensors)
အသီးသီးမှလာတဲ့ အချက်အလက်များကို
အခြေခံပြီး ကွန်ပျူတာဘောက် (PCM) မှ
ထိန်းချုပ်ပေးတဲ့အတွက် လောင်စာဆီစား
သက်သာစေခြင်း ၊ အဆွဲအရုန်းကောင်းခြင်း ၊
လေထုညစ်ညမ်းမှုကို လျော့ချပေးခြင်း စတဲ့
ကောင်းကျိုး‌တွေ ရရှိစေပါတယ်။

ယခုအခါမှာတော့ ဓါတ်ဆီအင်ဂျင် ဆီပေးစနစ်မှာ
PFI စနစ်ထက် ကောင်းမွန်တဲ့ GDI (Gasoline
Direct Injection) စနစ်ကို ပိုမိုအသုံးပြုလာကြပါ
တယ်။ GDI စနစ်ရဲ့ အဓိကအစိတ်အပိုင်းများ
ကတော့ (၁) ECM (Engine Control Module)၊
(၂) High Pressure Injector (ဖိအားမြင့်
အင်ဂျက်တာ)၊ (၃) High Pressure Pump
(ပရက်ရှာပန့်)၊ (၄) Fuel Rail (ဆီတန်း) တို့
ဖြစ်ပါတယ်။

Gasoline Direct Injection (GDI) ရဲ့ ကောင်းကျိုး
တွေက လောင်စာဆီတိုက်ရိုက်ဖြန်းခြင်း (Direct
Injection of Fuel) ၊ ကွန်ပရက်ရှင်းအချိုးမြင့်မား
ခြင်း (Higher Compression Ratio) ၊ တိကျတဲ့
လောင်စာအရောရရှိခြင်း (Precise Control Over
Air-Fuel Mixture) ၊ လောင်စာဆီစားသက်သာခြင်း
(Improved Fuel Efficiency) နှင့် အရုန်းအဆွဲ
ကောင်းခြင်း (Power Output) တို့ ဖြစ်ပါတယ်။

နောက်တချက်အနေနဲ့က Emission Control
စနစ်ကိုလည်း ပိုမိုအထောက်အကူပြုပြီး သဘာဝ
ပါတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချပေးပါတယ်။
မိတ်ဆွေများကို ဒီဆောင်ပါးလေးမှာ GDI စနစ်လို့
ခေါ်တဲ့ Gasoline Direct Injection System နဲ့
ပတ်သက်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။

-အားလုံး အဆင်ပြေကြပါစေ။

🔺အရုန်းအဆွဲ ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/19JaFbP1tj/?mibextid=wwXIfr

🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr

🔺အော်တိုဂီယာ ရေဝင်ခြင်း ပြစ်ချက်
https://www.facebook.com/share/p/1G3jHosR1R/?mibextid=wwXIfr

—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)

Ph : 09446222008, 09446222009

Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8

( 8:30AM - 5:30PM Open Daily )
—————————————————————

YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)

Ph : 09255630004, 09255630005

Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA

( 8:30AM - 5:30PM Open Daily )

03/08/2026

(15/8/26)အတွင်း Atlantic 10W30 or 10W40
(4L)၊ (၂)ဗူးဝယ်ယူတဲ့ Customer များအတွက်
(၅၀၀၀၀)ကျပ်(Cash back) ပြန်ပေးနေပါတယ်
ခင်ဗျာ❗️

Atlantic Fully Synthetic Engine Oil 🛢️
Made In UAE 🇦🇪

အသေးစိတ် သိရှိလိုပါက -
https://www.facebook.com/share/p/1DjBAVVFFi/?mibextid=wwXIfr


🇦🇪

Photos from YP Auto Service's post 30/07/2026

ရေမြုပ်နေတဲ့ လမ်းပေါ်မှာ ကားဖြတ်မောင်းရင်
ဘာတွေ ပျက်စီးနိုင်လဲ⚙️

(၁) အင်ဂျင်ထဲကို ရေဝင်ပြီး အင်ဂျင်ပျက်စီး
နိုင်ခြင်း

ဓာတ်ဆီ၊ ဒီဇယ် အင်ဂျင်တွေဟာ အပြင်က
လေကို အင်ဂျင်ထဲသို့ စုတ်ယူပြီး လောင်ကျွမ်း
ရပါတယ်။ လေစုတ်ပေါက် (Air Intake)ထဲကို
လေအစား ရေဝင်သွားတဲ့အခါ အင်ဂျင် ဆလင်
ဒါထဲကို ရောက်သွားပြီး ပင်စတင်၏ ဖိကျစ်မှု
ကြောင့် ကော်နက်တင်တွေ ကွေးသွားတာ/ကျိုး
သွားတာ၊ အင်ဂျင်ဘလောက် ကွဲသွားတာ စသဖြင့်
ဖြစ်ပေါ်ပြီး အင်ဂျင်တစ်ခုလုံး ပျက်စီးနိုင်ပါတယ်။

(၂) လျှပ်စစ်စနစ်နဲ့ အီလက်ထရောနစ် ကွန်ထရိုး
ယူနစ်များ ပျက်စီးနိုင်ခြင်း

ခေတ်ပေါ် (ICE)ကားတွေမှာ ဆင်ဆာတွေနဲ့
(ECU)နဲ့ ကွန်ထရိုးယူနစ်တွေ အများအပြား
ပါဝင်ပါတယ်။ ဝါယာကြိုး ဆက်ကြောင်းတွေ၊
ဆင်ဆာ (Sensor)တွေနဲ့ (ECU)ကွန်ပျူတာ
ဘောက်စ်တွေထဲကို ရေဝင်သွားတဲ့အခါ
ရှော့ခ်ဖြစ်ခြင်း (Short Circuit) နဲ့ သံချေးတက်
ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကားစက်နှိုးလို့ မရတော့
တာ၊ ဒိုခွက်မှာ အချက်ပြမီးတွေ ပေါ်လာတာ၊
အီလက်ထရစ်ကယ် စနစ်တွေ အလုပ် မလုပ်
တော့တာတွေ ဖြစ်နိုင်ပါတယ်။

(၃) ဂီယာဘောက်နဲ့ အောက်ပိုင်းအစိတ်အပိုင်း
များထဲသို့ ရေဝင်နိုင်ခြင်း

ကားကို ရေထဲဖြတ်မောင်းတဲ့အခါ သဲကာတွေ
မလုံခဲ့ရင် အောက်ပိုင်း အစိတ်အပိုင်းတွေလည်း
ပျက်စီးနိုင်ပါတယ်။ သဲကာတွေ မလုံခဲ့ရင် စီယာ
တိုင်ဂန်းတွေ၊ ဒူဆစ်တွေ အသံကြမ်းလာပြီး
အချိန်မတိုင်ခင် ပျက်စီးစေနိုင်ပါတယ်။ပြီးတော့
ဝိုက်စီးတွေ မလုံတဲ့အခါ ဂီယာဘောက်စ်နဲ့
ကရောင်းအုံတွေလည်း ရေဝင်ပြီး ပျက်စီးနိုင်
ပါတယ်။

ဒါကြောင့် ရေထဲဖြတ်မောင်းတော့မယ်ဆိုရင်
သင့်ကားရဲ့ လေစုတ်ပေါက် (Air Intake) အမြင့်
ထက် ရေအနက် ပိုများနေရင် (သို့) ကားဘီးရဲ့
တစ်ဝက်ထက် ရေကျော်နေရင် လုံးဝ ဖြတ်မ
မောင်းသင့်ပါဘူး။ မဖြစ်မနေ ဖြတ်မောင်းခဲ့ရပြီး
ရေထဲမှာ ကားစက်သေသွားခဲ့ရင်လည်း ချက်ချင်း
စက်ကို လုံးဝ ပြန်မနှိုးပါနဲ့ ကားကို တွန်းထုတ်ပြီး
စက်ဆရာနဲ့ စစ်ဆေးပြီးမှသာ စက်ပြန်နှိုးသင့်ပါ
တယ် ခင်ဗျာ။

-ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။

🔺အရုန်းအဆွဲ ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/19JaFbP1tj/?mibextid=wwXIfr

🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr

🔺အော်တိုဂီယာ ရေဝင်ခြင်း ပြစ်ချက်
https://www.facebook.com/share/p/1G3jHosR1R/?mibextid=wwXIfr

—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)

Ph : 09446222008, 09446222009

Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8

( 8:30AM - 5:30PM Open Daily )
—————————————————————

YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)

Ph : 09255630004, 09255630005

Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA

( 8:30AM - 5:30PM Open Daily )

28/07/2026

ဝါဆိုလပြည့် ဆိုင်ပိတ်ရက်
(29/7/26 ~ 30/7/26)အထိ
ဆိုင်(၂)ရက်
ပိတ်ခွင့်ပြုပါ ခင်ဗျာ 🙏

24/07/2026

အင်ဂျင်ဝိုင် (၂)ဗူးဝယ်ယူပြီး (၅၀၀၀၀)ကျပ်
(Cash back)ရယူပါ…❗️

Atlantic, Fully Synthetic Engine Oil
Made in UAE 🇦🇪 10W30 or 10W40 (4L)၊
(၂)ဗူး ဝယ်ယူသူတိုင်းအတွက် (15/8/2026)
အထိ (သို့မဟုတ်) လက်ကျန်ပစ္စည်းရှိတဲ့အထိ
(50000Ks) Cash back ပြန်လျှော့ပေးထား
ပါတယ် ခင်ဗျာ။

10W30၊ 10W40 (4L) မူရင်းစျေး - 151000Ks
10W30၊ 10W40 (1L) မူရင်းစျေး - 39000Ks

(၂)ဗူး အားပေးတဲ့ မိတ်ဆွေများအတွက်
(4L) (2)ဗူးဝယ်ယူလျှင် Cash back - 50000Ks၊
(1L) (2)ဗူးဝယ်ယူလျှင် Cash back - 8000Ks၊
စျေးပြန်လျှော့ပေးသွားမှာ ဖြစ်ပါတယ်။

လိုအပ်ရင် အားပေးကြပါအုံး ခင်ဗျာ။
အားလုံး မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေ🙏
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)

Ph : 09446222008, 09446222009

Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8

( 8:30AM - 5:30PM Open Daily )
—————————————————————

YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)

Ph : 09255630004, 09255630005

Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA

( 8:30AM - 5:30PM Open Daily )

Photos from YP Auto Service's post 07/07/2026

ပန်ကာကြိုး မကောင်းရင် ဖြစ်နိုင်တဲ့ ပြစ်ချက်
(၅)ချက်⚙️

ကားအင်ဂျင်အတွက် အရေးပါတဲ့ ပစ္စည်းတွေ
ထဲက ပန်ကာကြိုး (Drive Belt)ကလည်း အရေး
ကြီးလှပါတယ်။ ပန်ကာကြိုးတွေကို ယခင်က
(V Belt)တွေ အသုံးပြုခဲ့ကြပြီး နောက်ပိုင်း
ကားတွေမှာ ဆာပန်တင်း (Serpentine Belt)
ကြိုးတွေကိုသာ အသုံးပြုမှု ပိုများလာခဲ့ပါတယ်။
ပန်ကာကြိုးဖြင့် အဲကွန် ကွန်ပရက်ဆာ၊ ပါဝါ
စတီယာရင်ပန့်၊ ဒိုင်နမို ( အော်တာနေတာ)၊
ရေလည်အုံ စသည်တို့ကို ချိတ်ဆက်လည်ပတ်
စေတာ ဖြစ်ပါတယ်။

(Serpentine Belt)အမျိုးအစားတွေက ပန်ကာ
ကြိုး တချောင်းတည်းဖြင့် လည်ပတ်စေတာ
ကြောင့် ပြစ်ချက်ရှိတဲ့အခါ (ကြိုးပြတ်တဲ့အခါ)
ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
ပန်ကာကြိုးတွေကို ပုံမှန် စစ်ဆေး လဲလှယ်ပေးဖို့
လိုအပ်ပါတယ်။ ပန်ကာကြိုး ပြစ်ချက်တွေနှင့်
ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေပေးချင်
ပါတယ်။

(၁) အင်ဂျင်ဟိတက်ခြင်း

ပန်ကာကြိုးဖြင့် ရေလည်အုံ (Water Pump)ကို
လည်ပတ်စေတာကြောင့် ကြိုးပြတ်သွားတဲ့အခါ
ရေလည်အုံ အလုပ် မလုပ်တော့တဲ့အတွက်
အင်ဂျင်ကူးလန့်လည်ပတ်မှု ရပ်တန့်သွားကာ
အင်ဂျင်အပူလွန်ကဲမှု ဖြစ်စေနိုင်ပါတယ်။
ဒီပြစ်ချက်က အဆိုးရွားဆုံး ပြစ်ချက်ဖြစ်တာ
ကြောင့် ပန်ကာကြိုးကို အထူးဂရုစိုက်သင့်ပါ
တယ်။

(၂) ဘက်ထရီချာချင်မီးလင်းခြင်း

ကားဘက်ထရီကို အားသွင်းပေးနေတဲ့ ချာချင်
စနစ်မှာ ဘက်ထရီချာချင် မဝင်တော့တဲ့အခါ
ကားမောင်းသူကို အသိပေးဖို့အတွက် ကားရဲ့
ဒိုင်ခွက်မှာ ဘက်ထရီချာချင် မီးလင်းပါတယ်။
ပန်ကာကြိုး ပြတ်သွားတဲ့အခါ ဒိုင်နမို(အော်တာ
နေတာ) လည်ပတ်မှု ရပ်တန့်သွားတဲ့အတွက်
ဘက်ထရီချာချင်မီး လင်းရတာဖြစ်ပါတယ်။
ဘက်ထရီချာချင်မီးလင်းစေနိုင်တဲ့ ပြစ်ချက်များ
စွာအနက် ပန်ကာကြိုးကြောင့်လည်း ဖြစ်စေ
နိုင်တာကို သတိပြုစေချင်ပါတယ်။

(၃) ပန်ကာကြိုးချော်သံ ကြားရခြင်း

ကားအင်ဂျင်ခန်းထဲက ပန်ကာကြိုးချော်သံ၊
ပန်ကာကြိုး စလစ်ဖြစ်သံကြားရပြီဆိုရင်
ပန်ကာကြိုး လျော့နေတာလား၊ ကြိုးလိုင်းလွဲနေ
တာလား (သို့မဟုတ်) ပန်ကာကြိုး မကောင်းတော့
တာလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။
ပန်ကာကြိုး အလိုင်းမန့် မတည့်ရင်လည်း ကြိုး
ပြတ်နိုင်တာကြောင့် အသစ်တပ်ဆင်တဲ့အခါ
သေချာဂရုစိုက်ပေးသင့်ပါတယ်။

(၄) အဲကွန်း မအေးခြင်း

ပန်ကာကြိုးဖြင့် အဲကွန်း ကွန်ပရက်ဆာကိုလည်း
လည်ပတ်စေတာကြောင့် ပန်ကာကြိုးပြတ်သွားတဲ့
အခါ ကွန်ပရက်ဆာ မလည်တော့တဲ့အတွက်
အဲကွန်းအေးမှာ မဟုတ်တော့ပါဘူး။ အဲကွန်း
မအေးနိုင်တဲ့ ပြစ်ချက်များစွာ ရှိတဲ့အနက်
ပန်ကာကြိုးကြောင့်လည်း ဖြစ်နိုင်တာကြောင့်
ပန်ကာကြိုးကို စစ်ဆေးသင့်ပါတယ်။

(၅) ပါဝါစတီယာရင် လေးခြင်း

ဟိုက်ဒရောလစ် ပါဝါစတီယာရင်စနစ်မှာ အသုံး
ပြုတဲ့ ပါဝါစတီယာရင်ပန့်ကို ပန်ကာကြိုးဖြင့်
လည်ပတ်စေတာကြောင့် ပန်ကာကြိုးပြတ်သွား
တဲ့အခါ စတီယာရင်ပန့် အလုပ်မလုပ်တာကြောင့်
စတီယာရင် လေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင်
လည်း ဆာပန်တင်းပန်ကာကြိုး ပြတ်၊မပြတ်ကို
သေချာစစ်ဆေးသင့်ပါတယ်။

-ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
—————————————————————

YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)

Ph : 09446222008, 09446222009

Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8

( 8:30AM - 5:30PM Open Daily )
—————————————————————

YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)

Ph : 09255630004, 09255630005

Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA

( 8:30AM - 5:30PM Open Daily )

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No(3), Yadanar Mon (4) Street, (3) Qtr, Hlaing Tsp
Yangon
11051

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00