Law Lab Burmese
We will analyze and sharing about the promotion of Rule of Law, Access to Justice, Fair and Justice, Legal knowledge, lifestyle in Myanmar.
This is one of the legal Vlog in Myanmar which share and discuss about the collective shades of Analysis.
Covid 19 ကာလမှာ ရန်ကုန်ကနေရှားရှားပါးပါး
ထွက်လို့ရတဲ့ ခရီးလေးတစ်ခုကို Law Lab Burmese ကနေလမ်းညွှန်ချင်ပါတယ်.. ☝
ရဲနွယ် -ကျောက်ညှပ်-အောင်းလောင်း ငှက်ကြည့်ခရီးစဥ်ဖြစ်ပါတယ်.. 🚶♀️🐘🌳🦅
နေ့ချင်းပြန်သွားလို့ရပြီး တကယ့်ကိုတောတောင်သဘာဝ ခံစားမှုကိုပေးစွမ်းနိုင်မှာပါ.. 🌳🕷🐘
ရန်ကုန်မန္တလေး အမြန်လမ်း ၈၄မိုင်ကနေ မြို့ချောင်းဆိုတဲ့ဒေသကနေ ပဲခူးရိုးမထဲကိုဝင်ရတာပါ 8️⃣4️⃣
၈မိုင်က View point မှာတောင်တန်းတွေ နဲ့ဓါတ်ပုံရိုက်💭💭
(နေထွက်ချိန်အမီသာရောက်ရင် တိမ်ပင်လယ်ပါတွေ့ရတတ်ပါတယ်)
ဆည်ကြီးရှိတဲ့နေရာကို တောလမ်းလေးထဲကနေ မိနစ် ၂၀ လောက် Trekking🚶♂️🚶♀️ လျှောက် ပြီးရင် စက်လှေလေးစီးပြီး ဆည်ကြီးတစ်ဝိုက်မှာ ဆောင်းခိုငှက်တွေ၊ မျောက်တွေကိုလေ့လာအပန်းဖြေလို့ရပါတယ်.. 🙈🦅
ပြီးရင် တောထဲမှာ သဘာဝအလျှောက် ဆောင်းခိုလာတဲ့အောင်းလောင်ငှက်တွေကို ကြည့်ရှုပြီးရင် နေ့လည်စာစားကြပါတယ်🍱..
နေ့လည်စားစားသောက်ပြီး ကျောက်ညှပ် ကို ကားနဲ့တန်းသွားကြတာ 🚘
အစကတော့ ရေလေးတွေစီးနေတဲ့ သဘာဝတောင်ကျချောင်းလေးအတိုင်းချောင်းကိုဖြတ်ပြီးလမ်းလျှောက်ရတာ
ခဏနေတော့ ကျောက်နံရံကြားမှာရေလေးတွေစီးနေတဲ့
ကျောက်ညှပ်ကိုရောက်ပါတယ် ⛱
လမ်းလေးကတိုတိုလေးဓါတ်ပုံရိုက်ပြီး ရင် ပြန်ထွက်ရမယ်ထင်တာ တကယ်တော့ လမ်းက မဆုံးဘူးဗျ ..တောလမ်းတလျှောက် အရှည်ကြီး...
ဒေသခံမဟုတ်တဲ့တော်တော်များများလမ်းဆုံးတဲ့အထိမသွားဘူးကြပါဘူး.. 📌🚫❌
ကျွန်တော်တို့လည်းတတ်နိုင်သလောက်လေးလျှောက်ပြီး တောဆင်ရိုင်းတွေရဲ့ ပူပူနွေးနွေး ဆင်ချေးပုံတွေ တွေ့တာနဲ့ ရှေ့ဆက်မတိုးဘဲ ရောက်တဲ့နေရာမှာဘဲ စခန်းချ အပန်းဖြေပါတယ်.. 🐘🐘🐘🤣😅
ရန်ကုန်ကနေ မနက်၄နာရီခွဲလောက်စထွက်ကြပြီး
ည ၈ နာရီဝန်းကျင်လောက်ပြန်ရောက်ပါတယ်
သတိပြုရမှာကတော့
သဘာဝပတ်ဝန်းကျင်စစ်စစ်ဖြစ်တာမို့ အမှိုက်ပစ်တာတွေ၊ကျောက်တုံးမှာစာတွေရေးတာမျိုးကိုလုံးဝမလုပ်မိဖို့
သတိပြုစေလိုပါတယ်.. 🚫❌
သဘာဝတောကြီးမို့ တောကောင်တွေနဲ့အခြားအန္တရာယ်တွေ မကျရောက်အောင် လမ်းပြပေးတဲ့သူရဲ့စကားကို အတိအကျလိုက်နာဖို့လိုပါမယ် ✔
အစားအသောက်ကယူသွားရင်ပိုကောင်းပေမယ့်
တောစပ်ကရွာတွေမှာ ဝယ်လို့လည်းရနိုင်ပါတယ်
သဘာဝတောကောင်တွေရဲ့ဂေဟစနစ်မပျက်စီးအောင်
သွားလာသူများကဂရုပြုရမှာဖြစ်ပါတယ်.. ⚠️
ပင်ပန်းမှုဒဏ်ခံနိုင်မှ အမောအပန်းခံနိုင်မှ သွားစေချင်ပါတယ်(အရမ်းပင်ပန်းတာမျိုးတော့မဟုတ်ပါ)..
Covid 19 ကာလမှာ လူစုလူဝေးအများအပြားဖြစ်လာရင်
ပြန်လည်ပိတ်စို့မှု ဖြစ်လာမလာတော့ မပြောတတ်ပါ 😢
ခရီးစဥ်တစ်ခုလုံးကုန်ကျစရိတ်က
ပျမ်းမျှတွက်ကြည့်ရင် တစ်ယောက်ကို ၂၅၀၀၀ ကနေ ၃၀၀၀၀ ကြားဘဲကုန်ပါတယ်.. 😱👍
လမ်းပြမယ့်သူ မပါရင် တိုင်ပတ်တတ်ပါတယ်
ကျွန်တော်တို့ကတော့ အောက်က Tour နဲ့ပထမဆုံးစီစဥ်တဲ့ခရီးမှာ ပထမဆုံး ခရီးသည်များအဖြစ်သွားခဲ့ကြတာပါ..
Service လဲကောင်း တန်လဲတန်ပါတယ်
❌(ပိုက်ဆံရလို့ကြော်ငြာပေးတာမဟုတ်ပါ) ❌
https://www.facebook.com/1503013136453263/posts/3637327143021841/
Covid 19 ကာလမှာ ခရီးသွားချင်စိတ်တွေနဲ့ မွန်းကြပ်မှုတွေကို
ဖြေဖျောက်လို့ရတဲ့ နေရာကောင်းတစ်ခုဆိုတာတော့ အသေအချာပါဘဲ.. ❤
ွင်းခရီးသွား
06/01/2021
Vienna Conventions (Myanmar + English )
--------------------------------------------------
သံတမန်ဆက်ဆံရေးနှင့် စပ်လျဥ်းသည့်ဗီယင်နာကွန်ဗင်းရှင်းနှင့်နောက်ဆက်တွဲ စာချုပ်ဖြစ်သောနိုင်ငံသားအဖြစ် ရရှိခြင်းနှင့် စပ်လျဥ်း၍ချုပ်ဆိုလိုက ချုပ်ဆိုနိုင်သည့်အပြည်ပြည်ဆိုင်ရာစာချုပ်
VIENNA CONVENTION ON DIPLOMATIC RELATIONS AND OPTIONAL PROTOCOL TO THE VIENNA CONVENTION ON DIPLOMATIC RELATIONS CONCERNING ACQUISITION OF NATIONALITYhttps://www.mofa.gov.mm/wp-content/uploads/2020/08/Vienna-Convention-on-Dip-Relations-VCDR.pdf
ကောင်စစ်ဆက်ဆံရေးနှင့် စပ်လျဥ်းသည့်ဗီယင်နာကွန်ဗင်းရှင်းနှင့်နောက်ဆက်တွဲ စာချုပ်ဖြစ်သောနိုင်ငံသားအဖြစ် ရရှိခြင်းနှင့် စပ်လျဥ်း၍ချုပ်ဆိုလိုက ချုပ်ဆိုနိုင်သည့်အပြည်ပြည်ဆိုင်ရာစာချုပ်
VIENNA CONVENTION ON CONSULAR RELATIONS AND OPTIONAL PROTOCOL TO THE VIENNA CONVENTION ON CONSULAR RELATIONS CONCERNING ACQUISITION OF NATIONALITYhttps://www.mofa.gov.mm/wp-content/uploads/2020/08/Vienna-Convention_Consular-Relations-_1963_Bilingual-compressed.pdf
Conventions
05/01/2021
UNOPS မှ Internခေါ်ယူနေပါသည်
စိတ်ပါဝင်စားသူများသတ်မှတ်အရည်အချင်းများနှင့်အညီလျှောက်ထားနိုင်ပါသည်။
Jobs at UNOPS The challenges of today's world can be solved – with new ideas and fresh approaches. This is where you come in. Join UNOPS.
02/01/2021
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၂၀ ပုဒ်မခွဲ (ဂ)အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ
ထုတ်ပြန်သော"မွေးစားမိဘများ လိုက်နာရမည့် တာဝန်နှင့် စည်းကမ်းချက်များ သို့မဟုတ် တားမြစ်ချက်များ သတ်မှတ်ခြင်း"
အမိန့်ကြော်ငြာစာ
31/12/2020
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲဥပဒေ၊တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၈)ပါပြဠာန်းချက် များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းပေးပို့သော တပ်မတော်သားကိုယ်စားလှယ်များအား အမည်စာရင်းကြေညာခြင်း
30/12/2020
ဒုတိယမြို့နယ်တရားသူကြီး
Judicial officer(JO) အတွက် လျှောက်လွှာခေါ်ယူခြင်း
ကျား-၄၀၊ မ-၄၀ စုစုပေါင်း ရာထူးနေရာ ၈၀ ခေါ်ယူခြင်းဖြစ်ပြီး
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၅ရက်နေ့ နောက်ဆုံးထား
လျှောက်လွှာတင်သွင်းရမည်ဖြစ် သည်။
26/12/2020
၂၇.၁၂.၂၀၂၀ရက်နေ့ ၊နံနက် ၈နာရီမှစတင်၍
ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကချင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်ရပ်ကွက်ကျေးရွာအချို့အားချန်လှန်၍ Stay at Home အစီအစဥ်မှ ပယ်ဖျက်ကြောင်းကြေညာခြင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်အချို့အား Stay at Home အမိန့်ထုတ်ပြန်ခြင်း...
20/12/2020
ပြန်ကြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၅/၂၀၁၆)
စာအမှတ်၊ ၂-၆(၂)/ ၂၀၁၆ (၈၂၅)ဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၉ရက်နေ့တွင် (‘ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့’ ဖွဲ့စည်းခြင်း) ဟူသော ခေါင်းစဥ်ဖြင့်ညွှန်ကြားချက်တစ်ခုထွက်ရှိခဲ့ပြီး ထိုညွှန်ကြားချက်နှင့်အတူ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူများနှင့် စည်းကမ်းချက်များ ကိုပူးတွဲပါစာဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်ဆင်ဆာအဖွဲ့က ရုပ်ရှင်ကားများစစ်ဆေးရာ၌ မှီငြမ်းပြုမည့် အခြေခံ မူများကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-
(၁) နိုင်ငံရေး။
(၂) ဘာသာရေး။
(၃) တိုင်းရင်းသားချစ်ကြည်ရေး။
(၄) အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး။
(၅) ကိုယ်ကျင့်တရားကောင်းမွန်ရေး။
(၆) ရာဇဝတ်မှုပပျောက်ရေး။
(၇) ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး။
(၈) ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး။
(၉) ညစ်ညမ်းမှုကင်းရှင်းရေး။
(၁၀) ကလေးသူငယ်များအရေး။
ယခုအခါနိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိ စေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး ဟူသော အချက် (၆) ချက်ဖြင့်သာ ထောက်ညွှန်အကြံပြု ဆောင်ရွက်လျက်ရှိသည်။ဟု အကယ်ဒမီဒေါ်ဆွေဇင်ထိုက်ရေးသားသော"ကမ္ဘာတစ်ခွင် ရုပ်ရှင်ဆင်ဆာအသွင်အပြင်မှသည် မြန်မာ့ရုပ်ရှင်လောကသို" ဟူသောဆောင်းပါးတွင်တွေ့ရှိရပါသည်။
အများပြည်သူသိရှိလေ့လာနိုင်စေရန် Law Lab Burmese မှ ဝေမျှပေးလိုက်ပါတယ်..
#ဆင်ဆာ
14/11/2020
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ (Myanmar Development Assistance Policy) အား
အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်
၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလမှာ ထုတ်ပြန်လိုက်ပါတယ်...
အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် Law Lab Burmese မှ
ဝေမျှပေးလိုက်ပါတယ်..
Myanmar Development assistance policy (Myanmar Version) .pdf
https://drive.google.com/file/d/1_63S3jGm1hG0bIGne7XYcEmjqJ-jUXtG/view?usp=sharing
Myanmar Development assistance policy(English Version)
https://drive.google.com/file/d/1N7hISC5M7brh4Fi5mxF9K0anlbyd8m3d/view?usp=sharing
ရှေ့နေအလုပ်သင်များအတွက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်ရေးမှူးရုံးသို့
ဆက်သွယ်မေးမြန်းချက်အရ ရှေ့နေအလုပ်သင်များ အတွက်
ရှေ့နေအလုပ်သင်ကာလတစ်နှစ်ပြည့်မြောက်သော်လည်း
Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးကာလများအတွင်းတရားရုံးများသို့သွားရောက်နိုင်ခြင်းမရှိပါက
ရှေ့နေအလုပ်သင်မှတ်တမ်းစာအုပ်အား
ပျက်ကွက်ခဲ့ ကာလအရေအတွက် အတိုင်းတရားရုံးသို့သွားရောက်ခြင်းမရှိခဲ့သောကာလများအား အစားထိုး၍ တရားရုံးသို့လအလိုက် ဖြည့်သွင်းပြီးမှသာ အထက်တန်းရှေ့နေအဖြစ်စာရင်းတင်သွင်းခွင့်ပြုရန်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
(ဥပမာ- ၃လပိုင်း မှ ယခုအထိ Covid 19 ဖြစ်ပွားနေသည့်ကာလတစ်လျှောက် နှစ်လပျက်လျှင် နှစ်လထပ်မံ တိုး၍ ဆင်းပြီး တုံးယူရပါမည်။
သုံးလပျက်လျှင် သုံးလထပ်မံတိုး၍ တုံးယူရပါမည်။
၁၂လမပြည့်လျှင် တင်သွင်းခွင့်မရှိပါ။
လအလိုက် တုံးရှိသော်လည်း တုံးအရေအတွက်နည်းပါးခြင်း(တစ်လအတွင်း(၅/၆)တုံး) ကိုတော့ခြွင်းချက်အနေဖြင့်ခွင့်ပြုပေးမည်ဟုသိရပါသည်။)
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon