MARA Publications
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MARA Publications, Publisher, Yangon.
14/02/2025
Pre-order စတင် ကောက်ခံပါပြီ ခင်ဗျာ
MARA Publications ရဲ့ အမှတ်စဉ် ၇ နဲ့ ၈ အတွက် ဒီတခါမှာတော့ ထူးထူးခြားခြားအနေနဲ့ ကဗျာစာအုပ် နှစ်အုပ်ကို တပြိုင်တည်း စီစဉ်ဖြစ်ပါတယ်။
အမှတ်စဉ် ၇ အဖြစ် ကဗျာဆရာ အမ်ဂျီသာယာရဲ့ တကိုယ်တော် ကဗျာစုစည်းမှု ဖြစ်ပြီး အမှတ်စဉ် ၈ အဖြစ်တော့ ကဗျာဆရာ ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ရဲ့ နှစ်ယောက်တွဲ ကဗျာစုစည်းမှုစာအုပ်ပဲ ဖြစ်ပါတယ်။ ပုံနှိပ်မှတ်တမ်းတွေကို တွဲဖက် ဖော်ပြပေးလိုက်ပါတယ်။
MARA Publications စာအုပ်အမှတ်စဉ် ၇
စာအုပ်အမည် - ဇနီးသည်
အကြိမ်ရေ - ပထမအကြိမ် (ဖေဖော်ဝါရီ၊ ၂၀၂၅)
စာမျက်နှာ - ၆၆ မျက်နှာ
အဖုံးဒီဇိုင်း - MG သာယာ
တန်ဖိုး - ၅၀၀၀ ကျပ်
ဇနီးသည် စာအုပ်ဟာ ကဗျာဆရာ အမ်ဂျီသာယာရဲ့ ပထမဆုံး ပုံနှိပ်ထုတ်ဝေတဲ့ တကိုယ်တော် ကဗျာစုစည်းမှုစာအုပ် ဖြစ်ပါတယ်။ အမှာစာကို ကဗျာဆရာ မောင်ဒေးက ရေးသားပေးထားပြီး ကဗျာ စုစုပေါင်း ၃၅ ပုဒ် စုစည်းပါဝင်ပါတယ်။
MARA Publications စာအုပ်အမှတ်စဉ် ၈
စာအုပ်အမည် - ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ်
အကြိမ်ရေ - ပထမအကြိမ် (ဖေဖော်ဝါရီ၊ ၂၀၂၅)
စာမျက်နှာ - ၆၃ မျက်နှာ
အဖုံးဒီဇိုင်း - Sone
တန်ဖိုး - ၆၀၀၀ ကျပ်
ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ် စာအုပ်ကတော့ ကဗျာဆရာ ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ နှစ်ဦး တွဲဖက်ရေးသားထားတဲ့ ကဗျာစာအုပ် ဖြစ်ပြီး တဦးကို ၁၃ ပုဒ်စီ ရေးသားပါဝင်စုစည်းထားတာ ဖြစ်ပါတယ်။ အချစ်ကဗျာတပုဒ်စီးရီးရဲ့ ခေါင်းစဉ်အောက်မှာ အခြားသော ကဗျာဆရာတချို့ ပါဝင်ရေးသားထားကြတဲ့ ကဗျာပုဒ်ရေ အနည်းငယ်လည်း အမှတ်တရအနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။
ကျနော်တို့ MARA Publications ကနေ ကဗျာစာအုပ် ၂ အုပ်စလုံးကို တပြိုင်တည်း ထုတ်ဝေဖြစ်တဲ့ အမှတ်တရအနေနဲ့ ၂ အုပ်စလုံးကို မှာယူသူတွေအတွက် နှစ်အုပ်ပေါင်းတန်ဖိုး ၁၁၀၀၀ ကျပ် ကျသင့်မယ့်နေရာမှာ Bundle Price အနေနဲ့ ၁၀၀၀၀ ကျပ်တိတိနဲ့သာ ရောင်းချပေးသွားမှာဖြစ်ပြီး မှာယူနိုင်တဲ့ အရေအတွက်ကိုလည်း အကန့်အသတ် မထားရှိထားပါဘူး။
နောက်ပြီး တစ်အုပ်ချင်းစီ ခွဲပြီး မှာယူလိုသူတွေအတွက်လည်း ယခင်အတိုင်းပဲ စာမှတ်ကဒ်တွေကို လက်ဆောင်အဖြစ် ထည့်သွင်းပေးထားမှာပဲ ဖြစ်ပါတယ်။
မှာယူလိုသူတွေအနေနဲ့ Page ရဲ့ Chat Box မှာ
အမည် -
လိပ်စာ -
ဖုန်းနံပါတ် -
စသဖြင့် အပြည့်အစုံပေးပို့ပြီးမှာယူနိုင်ပါတယ် ။
Pre-order မှာယူထားသူတွေကို ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာပဲ စာအုပ်တွေကို စတင်ပို့ဆောင်ပေးသွားမှာပါ။
ကြိုတင်အမှာအားလုံးကို နေရာ ၂ နေရာကနေပဲ လက်ခံသွားမှာဖြစ်ပြီး ကျနော်တို့ 𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 Page ရဲ့ Chat Box နဲ့ စာအုပ်ဆိုင် The Bookland Page တို့ကနေပဲ မှာယူလို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
စာအုပ်ဆိုင် Page ရဲ့ Link ကိုလည်း တွဲဖက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ
စာအုပ်ဆိုင် The Bookland
https://www.facebook.com/sarokesinethebookland?mibextid=ZbWKwL
အားလုံးပဲ ချစ်ခြင်းနဲ့ နွေးထွေးနိုင်ကြပါစေခင်ဗျာ 🖤
ချစ်ခင်စွာဖြင့်
𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀
17/09/2024
မင်္ဂလာပါ။ လက်ရှိမှာ ရေဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအတွက် ကျနော်တို့ MARA Publications ကနေလည်း အစီအစဉ်လေးတစ်ခုနဲ့ပါဝင်ကူညီသွားဖို့ရှိတဲ့အကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ။
အဲဒါကတော့ သိပ်မကြာခင်မှာ ထွက်ရှိလာမယ့် ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ရဲ့ “ရန်ကုန်မြို့ကြီးပေါ် က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ်” ကဗျာစာအုပ်ရဲ့ Ebook ကို ကြိုတင်ရောင်းချသွားမှာဖြစ်ပြီး အဲဒီကနေရရှိတဲ့ ငွေကြေးအားလုံးကို ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် ခွဲဝေကူညီပေးသွားဖို့ပဲ ဖြစ်ပါတယ်။
ဒီလို ရောင်းချတဲ့နေရာမှာလည်း စေတနာ ထည့်ဝင်ကူညီလိုတဲ့ ဘယ်သူမဆို ကူညီနိုင်ကြအောင်လို့ Ebook ကို တန်ဖိုးတစုံတရာ မသတ်မှတ်ထားဘဲ ရောင်းချပေးသွားမှာဖြစ်ပြီး ဒီလိုရောင်းချမှုကနေရရှိတဲ့ ငွေကြေးအားလုံးကိုလည်း ရာနှုန်းပြည့် ထည့်ဝင်ကူညီသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပါဝင်ကူညီသူတွေကို လေးစားသမှုနဲ့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မကြာခင်ကာလမှာ စာအုပ်အနေနဲ့ ပုံနှိပ်ထွက်ရှိလာတဲ့အခါမှာလည်း Ebook ကို ဝယ်ယူကူညီထားသူတွေ အားလုံးကို ကျနော်တို့ဘက်ကနေ ၂၀ ရာခိုင်နှုန်းလျှော့စျေးနဲ့ ရောင်းချပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
ဝယ်ယူလိုသူတွေအနေနဲ့ ကျနော်တို့ Page ရဲ့ Chat Box မှာ လာရောက်ဝယ်ယူပြီး Download Link ကို တောင်းယူနိုင်ပါတယ်ခင်ဗျာ။
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေလို့ ကျနော်တို့ MARA Publications ကနေ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်
MARA Publications
25/06/2024
Coming Soon 😎
MARA ရဲ့ သိပ်မကြာခင်မှာ ရောက်လာတော့မယ့် ကဗျာစာအုပ် ၂ အုပ်
05/03/2024
စာအုပ်တွေ စတင် ပို့ဆောင်နေပါပြီဗျ
သိပ်မကြာခင်မှာ အားလုံးလက်ထဲ ရောက်လာပါလိမ့်မယ်နော်
ဆောင်းနှောင်းရာသီလေးမှာ နေခြည်နွေးနွေးလေးနဲ့ လည်း ဆုံစည်းနိုင်ကြပါစေဗျာ
ချစ်ခင်စွာဖြင့်
MARA Publications
02/03/2024
စာအုပ်ရပါပြီ
အတော်လေးလှလို့ ဝမ်းသာအားရကျေနပ်မိပါတယ်
လာမယ့်ရက်ပိုင်းထဲမှာပဲ ပရီအော်ဒါတွေကို စတင်ပေးပို့သွားတော့မှာဖြစ်ပါတယ်ဗျ
စာအုပ်မှာချင်တဲ့သူတွေအနေနဲ့လည်း Page မှာ မှာယူနိုင်ပါသေးတယ်နော်
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ
ချစ်ခင်စွာဖြင့်
MARA Publications
24/02/2024
𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 စတင်ကောက်ခံပါပြီခင်ဗျာ
စာအုပ်အမည် - နေရောင်ခြည်နှင့် တွေ့ဆုံခြင်း
စာရေးသူ - ပိုင်စိုးဝေ
မျက်နှာဖုံးပန်းချီ - ဇာနည်
မျက်နှာဖုံးဒီဇိုင်း - ဗဂျီ လင်းဝဏ္ဏ
စာအုပ်တန်ဖိုး - ၄၀၀၀ ကျပ်
ဒီစာအုပ်ဟာ ကျနော်တို့ MARA Publications ရဲ့ အမှတ်စဉ် ၆ အုပ်မြောက်ဖြစ်ပြီး ကဗျာနဲ့ ကဗျာဆိုင်ရာစာအုပ်တွေအတွက်တော့ ဒုတိယမြောက် ထုတ်ဝေမှု ဖြစ်ပါတယ်။
ဒီကဗျာရှည်ကို ဆရာ ပိုင်စိုးဝေက ၁၉၇၈ ခုနှစ်မှာ နေမင်းပိုင်စိုး ဆိုတဲ့ ကလောင်အမည်နဲ့ ရေးသားခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ဝိဇယစာပေကနေ ပိုင်စိုးဝေ အမည်နဲ့ ပထမအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အခု ကဗျာရှည်တစ်ပုဒ်တည်း လုံးချင်းစာအုပ်တစ်အုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်းသက်တမ်း နှစ် ၃၀ အကြာမှာ Mara ကနေပြီးတော့ ပြန်လည်ဖော်ထုတ်တင်ဆက်မှုတစ်ခုအဖြစ် စီစဉ်ထုတ်ဝေခြင်းလည်း ဖြစ်ပါတယ်။
နန်းရှေ့မြို့စားကြီးလို့ ခေါ်ဝေါ်သမုတ်ခြင်းခံရသူ မန္တလေးအခြေစိုက် ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆရာ ပိုင်စိုးဝေရဲ့ ဒီကဗျာစာအုပ်အတွက် ပိုပြီး အမှတ်တရဖြစ်အောင်လို့ Mara ဘက်ကနေ ချစ်ခြင်းနဲ့ စီစဉ်ထားတာလေးတစ်ခု ရှိပါသေးတယ်။ ဒါကတော့ မန္တလေးအခြေစိုက် Local Fashion Brand တစ်ခုဖြစ်တဲ့ illict နဲ့အတူ ပူးပေါင်းပြီး mara × illicit collaboration တစ်ခုအဖြစ် ဆရာ ပိုင်စိုးဝေရဲ့ ကဗျာစာသား ပါဝင်တဲ့ အမှတ်တရ badge အခု ၄၀ ကို ကျနော်တို့ Page မှာ Pre-order တင်တဲ့သူတွေထဲက ပထမဆုံး အယောက် ၄၀ အတွက် စီစဉ်ပေးထားတာပါပဲ 😍
(အလားတူ ကျနော်တို့စာအုပ်တိုက်ရဲ့ မိတ်ဖက် Page တွေဖြစ်တဲ့ Books Not B***s နဲ့ စာအုပ်ဆိုင် The Bookland တို့မှာလည်း ပထမဆုံး အယောက် ၂၀ စီအတွက် စီစဉ်ပေးထားပါတယ်)
Badge လေးတွေ ပါဝင်တဲ့ ပထမဆုံး ကြိုတင်အမှာအတွက်တော့ တစ်ဦးကို အများဆုံး ၂ အုပ်နှုန်းပဲ မှာယူလို့ ရနိုင်မယ့်အကြောင်းတော့ အသိပေးပါရစေဗျ
ယခင် စာအုပ်တွေမှာ Mara က ထည့်ပေးနေကျအတိုင်း bookmark ကလေးတွေကိုလည်း လူတိုင်းနီးပါး ရနိုင်အောင် စီစဉ်ထားပါသေးတယ်
မှာယူလိုသူတွေအနေနဲ့ Page ရဲ့ Chat Box မှာ
အမည် -
လိပ်စာ -
ဖုန်းနံပါတ် -
စသဖြင့် အပြည့်အစုံပေးပို့ပြီးမှာယူနိုင်ပါတယ် ။
Pre-order မှာယူထားသူတွေကို မတ်လ ပထမပတ်အတွင်းမှာပဲ စာအုပ်တွေကို ပို့ဆောင်ပေးသွားမှာပါ။
ကြိုတင်အမှာအားလုံးကို နေရာ ၃ နေရာကနေပဲ လက်ခံသွားမှာဖြစ်ပြီး ကျနော်တို့ 𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 Page ရဲ့ Chat Box ၊ Books Not B***s Page နဲ့ စာအုပ်ဆိုင် The Bookland Page တို့ကနေပဲ မှာယူလို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Page ၂ ခုရဲ့ Link ကိုလည်း တွဲပြီး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ
Books Not B***s
https://www.facebook.com/BookstoreByXi6k?mibextid=ZbWKwL
စာအုပ်ဆိုင် The Bookland
https://www.facebook.com/sarokesinethebookland?mibextid=ZbWKwL
အားလုံးပဲ နေရောင်ခြည်နွေးနွေးကို ထွေးပွေ့နိုင်ကြပါစေခင်ဗျာ 🖤
ချစ်ခင်စွာဖြင့်
𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀
09/02/2024
ကျနော်တို့ MARA Publications ရဲ့ ၆ အုပ်မြောက်စာအုပ်ကတော့ ကဗျာဆရာ ပိုင်စိုးဝေရဲ့ နေရောင်ခြည်နှင့် တွေ့ဆုံခြင်း ကဗျာစာအုပ်ပဲ ဖြစ်ပါတယ်
ဒီစာအုပ်ကို ဆရာပိုင်စိုးဝေက ၁၉၇၈ ခုနှစ်မှာ နေမင်းပိုင်စိုး ကလောင်အမည်နဲ့ ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ ပထမအကြိမ်အဖြစ် စတင်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ အခုလို ပုံနှိပ်သက်တမ်း နှစ်ပေါင်း ၃၀ အကြာမှာတော့ MARA ကနေ အမှတ်တရအနေနဲ့ ပြန်လည်ထုတ်ဝေသွားတော့မှာပဲဖြစ်ပါတယ်။
ဒီစာအုပ်အတွက် မေးခွန်းအစီအစဉ်လေးမှာ ဝင်ရောက်ဖြေဆိုခဲ့သူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်
အဖြေမှန်သူတွေထဲက ၅ ဦးကို မဲနှိုက်ရွေးချယ်ထားပြီး ကံထူးရှင်တွေကိုတော့ Comment မှာ ဖော်ပြပေးထားပါတယ်
သိပ်မကြာခင်မှာပဲ ဒီစာအုပ်ကို ကျွန်တော်တို့ Page ကနေ Pre-order ကောက်ယူသွားတော့မှာမို့ စောင့်မျှော်ပေးကြပါဦး
ဒီစာအုပ်အတွက် အဖုံးပန်းချီကိုတော့ ပန်းချီဆရာ ဇာနည်က ရေးဆွဲပေးထားပြီး အဖုံးဒီဇိုင်းကိုတော့ ဗဂျီလင်းဝဏ္ဏက ဖန်တီးပေးထားပါတယ်
ကဗျာဆရာ ပိုင်စိုးဝေကို တန်ဖိုးထားချစ်ခင်မှု၊ ဒီကဗျာရှည်အပေါ် အမှတ်တရရှိမှုတွေနဲ့အတူ နေရောင်ခြည်နှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ကို အခုလိုပဲ ပြန်လည်ထုတ်ဝေလိုက်ပါတယ်
အားလုံးလည်း နေရောင်ခြည်နွေးနွေးကလေးနဲ့ တွေ့ဆုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ချစ်ခင်စွာဖြင့်
MARA Publications
05/02/2024
သိပ်မကြာခင်မှာတော့ ကျွန်တော်တို့ MARA Publications ကနေ ထူးခြားတဲ့ကဗျာစာအုပ်တစ်အုပ်ကို ထုတ်ဝေသွားတော့မှာဖြစ်ပါတယ်ဗျ
ဒီစာအုပ်လေးရဲ့ ပထမအကြိမ်မူကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်မှာ ထုတ်ဝေခဲ့ပြီး မန္တလေးအခြေစိုက်၊ ထင်ရှားတဲ့ ကဗျာဆရာ ပိုင်စိုးဝေရဲ့ ကဗျာရှည်တစ်ပုဒ်လည်းဖြစ်ပါတယ်
အဆိုပါကဗျာရှည်ကို နှစ်သက်သဘောကျမှု၊ ကဗျာဆရာ ပိုင်စိုးဝေအပေါ် တန်ဖိုးထားလေးစားချစ်ခင်မှုနဲ့အတူ MARA ကနေ အဆိုပါကဗျာရှည်တစ်ပုဒ်တည်း သီးသန့် ပြန်လည်ထုတ်ဝေသွားမှာဖြစ်ပါတယ်ဗျ
ကဗျာဆရာ ပိုင်စိုးဝေရဲ့ ဘယ်ကဗျာရှည်ဖြစ်မလဲဆိုတာကို Comment မှာ ခန့်မှန်းကြည့်ခဲ့ကြပါဦးနော်
မှန်ကန်တဲ့သူတွေထဲက ၅ ဦးကိုတော့ အဆိုပါကဗျာစာအုပ်ထွက်ရှိတဲ့နေ့မှာ ကဗျာစာအုပ်လက်ဆောင်ပေးသွားမှာပါ
ဒီကဗျာရှည်ဟာ ကဗျာဖတ်ပရိသတ်တွေနဲ့ ကဗျာရေးသားသူ ကဗျာဆရာတွေအတွက်ပါ အမှတ်တရဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ MARA Team က အလေးအနက် ယုံကြည်ထားပါတယ်
သိပ်မကြာခင်မှာ Pre-Order ကောက်ယူသွားမှာမို့ Page ကို စောင့်ကြည့်ပေးကြပါဦး
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ
ချစ်ခင်စွာဖြင့်
MARA Publications
(ဓါတ်ပုံကတော့ အဆိုပါကဗျာရှည်အတွက် ထွက်ရှိဖူးတဲ့ မူတွေ၊ ကဗျာပေါင်းချုပ်တွေထဲက မူကွဲတွေကို တိုက်စစ်ပြီး အမှန်ကန်ဆုံးမူတစ်ခုရဖို့ ကြိုးစားနေတဲ့ MARA ရဲ့ စာတည်းအဖွဲ့ဝင်တစ်ဦးပုံဖြစ်ပါတယ်)
19/01/2024
ကဗျာဆရာရှိန်ဝါ ဘာသာပြန်ထားတဲ့ ခရစ်ရှနမူရ်တီးရဲ့ အန္တရာယ်မရှိတဲ့ ပညာရေး စာအုပ်ကတော့ အုပ်ရေအနည်းငယ်ပဲ ကျန်ရှိပါတော့တယ်ခင်ဗျ
ဝယ်ယူဖတ်ရှုပေးကြတဲ့သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်
စာမြည်းဖတ်ချင်သူတွေအတွက်လည်း ဒီစာအုပ်ထဲပါတဲ့ စာလေးတွေ တင်ပေးပါဦးမယ်ဗျ
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ချစ်ခင်စွာဖြင့်
MARA Publications
26/11/2023
စာအုပ်ရပါပြီခင်ဗျာ
စာရေးသူလက်မှတ်တွေလည်း ရေးထိုးပြီးပါပြီ
Pre-order တွေကို လာမယ့်ရက်ပိုင်းထဲ ပေးပို့သွားတော့မှာဖြစ်ပါတယ်ခင်ဗျ
ကဗျာဆရာရှိန်ဝါ ဘာသာပြန်ထားတဲ့ ခရစ်ရှနမူရ်တီးရဲ့ အန္တရာယ်မရှိတဲ့ ပညာရေး စာအုပ်ကို မှာယူချင်သေးတဲ့သူတွေအနေနဲ့လည်း Page Chat Box မှာ မှာယူနိုင်ပါသေးတယ်
ချစ်ခင်စွာဖြင့်
MARA Publications
Pre-Order စတင်ကောက်ခံပါပြီခင်ဗျာ
ကျွန်တော်တို့ MARA Publications ရဲ့ ၅ အုပ်မြောက်စာအုပ်ဖြစ်ပြီး ပထမဆုံးအကြိမ် ဘာသာပြန်စာအုပ်ထုတ်ဝေမှုလည်း ဖြစ်ပါတယ်
စာအုပ်အမည် - အန္တရာယ်မရှိတဲ့ ပညာရေး
အကြိမ်ရေ - ပြင်ဆင်ဖြည့်စွက်မှုများဖြင့် ဒုတိယအကြိမ်မြောက်
မူရင်းစာရေးဆရာ - ခရစ်ရှနမူရ်တီး
ဘာသာပြန်ဆိုသူ - ရှိန်ဝါ
စာမျက်နှာ - ၁၈၁ မျက်နှာ
အဖုံးဒီဇိုင်း - အမ်ဂျီသာယာ
စာအုပ်တန်ဖိုး - ၈၀၀၀ ကျပ်
ဒီစာအုပ်ဟာ ဟိန္ဒီ ဉာဏ်အလင်းရပုဂ္ဂိုလ် တရားပြဆရာတစ်ဦး၊ သီအိုဆိုဖီအသင်းတော်ကြီးရဲ့ မွေးစားခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ခရစ်ရှနမူရ်တီးရဲ့ စစ်မှန်တဲ့ ပညာရေးနဲ့ သင်ကြားမှုဆိုင်ရာ အတွေးအမြင်တွေကို ရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး ကဗျာဆရာ ရှိန်ဝါက မြန်မာပြန်ဆိုရေးသားထားတာ ဖြစ်တယ်
၂၀၁၅ ခုနှစ်မှာ ခရီးလမ်းစာပေကနေ ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး ယခုအခါမှာတော့ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များနဲ့အတူ ကျနော်တို့ MARA ကနေ ဒုတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေလိုက်တာပဲ ဖြစ်ပါတယ်
ဒီစာအုပ်ကို ကျနော်တို့ Page မှာ Pre-order တင်တဲ့သူတွေထဲက ပထမဆုံး အယောက် ၁၀၀ ကတော့ စာရေးသူလက်မှတ် + Signed Copy စတစ်ကာ + စာမှတ်ကဒ် ရရှိမှာပဲ ဖြစ်ပါတယ်။
(အလားတူ ကျနော်တို့စာအုပ်တိုက်ရဲ့ မိတ်ဖက် Page တွေဖြစ်တဲ့ Books Not B***s နဲ့ စာအုပ်ဆိုင် The Bookland တို့မှာလည်း ပထမဆုံး အယောက် ၁၀၀ စီကို စာရေးသူလက်မှတ် + Signed Copy စတစ်ကာ + စာမှတ်ကဒ်တွေ ပေးသွားဖို့ စီစဉ်ထားပါတယ်။)
မှာယူလိုသူတွေအနေနဲ့ Page ရဲ့ Chat Box မှာ
အမည် -
လိပ်စာ -
ဖုန်းနံပါတ် -
စသဖြင့် အပြည့်အစုံပေးပို့ပြီးမှာယူနိုင်ပါတယ် ။
Pre-order မှာယူထားသူတွေဆီ နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ စာအုပ်ကို စတင်ပို့ဆောင်ပေးသွားမှာပါ။
အန္တရာယ်မရှိတဲ့ ပညာရေး စာအုပ်အတွက် ကြိုတင်အမှာအားလုံးကို နေရာ ၃ နေရာကနေပဲ လက်ခံသွားမှာဖြစ်ပြီး ကျနော်တို့ 𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 Page ရဲ့ Chat Box ၊ Books Not B***s Page နဲ့ စာအုပ်ဆိုင် The Bookland Page တို့ကနေပဲ မှာယူလို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Page ၂ ခုရဲ့ Link ကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ
Books Not B***s
https://www.facebook.com/BookstoreByXi6k?mibextid=ZbWKwL
စာအုပ်ဆိုင် The Bookland
https://www.facebook.com/sarokesinethebookland?mibextid=ZbWKwL
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ 🖤
ချစ်ခင်စွာဖြင့်
𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀
MARA Publications Publisher
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon