No.1 Service

No.1 Service

Share

အိမ်တွင်းဝန်ဆောင်မှုပေါင်းများစွာကို တနေရာထဲကနေ အလွယ်တကူ ရယူနိုင်ဖို့
No.1 Service application က
မိတ်ဆွေရဲ့ ဖုန်းထဲမှာ ရှိနေဖို့တော့လိုနေပြီနော်

No.1 Service ဆိုတာ အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းတခုပဲဖြစ်ပါတယ် . Online ကနေ လိုအပ်တဲ့ ဝန်ဆောင်မှုပေါင်းများစွာကို တနေရာထဲကနေ Booking တင်နိုင်ပြီး အချိန်တိကျမှု လုပ်ငန်းကျွမ်းကျင်မှု ယုံကြည်စိတ်ချရမှုများနဲ့ ဝန်ဆောင်မှု ပေးနေတဲ့လုပ်ငန်းတခုပဲဖြစ်ပါတယ် ..
ကျွမ်းကျင်တဲ့ ပညာရှင်ပေါင်းများစွာကို တနေရာထဲမှာ ရှာလို့ရနိုင်တဲ့ Platform တခုဆိုလဲ မမှားပါဘူး

Photos from No.1 Service's post 28/05/2026

👩‍💼 No.1 Service မှ တဆင့် 4hr Package ဖြင့် အချိန်ပိုင်းသန့်ရှင်းရေးဝန်ဆောင်မှု ရယူခဲ့သော Customer တစ်ဦး၏ အိမ်အား စနစ်တကျ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။
✔️ သင့်ရဲ့ အိမ်တွင်း သန့်ရှင်းရေးအတွက် စိတ်ချယုံကြည်ရတဲ့ သန့်ရှင်းရေးဝန်ဆောင်မှုမျိုးရှာနေရင်တော့ No.1 Service ကိုသတိရလိုက်ပါ။ 👍

25/05/2026

📣 သတင်းကောင်းလေး ရောက်လို့လာပါပြီရှင်! အခုဆိုရင် No.1 Service App ကို KBZPay Mini App ထဲမှာ တိုက်ရိုက် သုံးလို့ရနေပြီနော်။ 🎉

အမြဲတမ်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အနားမှာရှိနေတဲ့ No.1 Service Appလေးဟာအခုဆိုရင် KBZPay လေး ရှိရုံနဲ့တင် No.1 Service ရဲ့ ဝန်ဆောင်မှုအားလုံးကို Mini App ကနေ တိုက်ရိုက် ရယူနိုင်တော့မှာပါ။ 🤩

✨ KBZPay Mini App ကနေ သုံးရင် ဘာအကျိုး‌ ‌‌ကျေးဇူး‌တွေရနိုင်မလဲဆိုတော့:

📲 App ချိန်းနေစရာမလိုဘဲ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ သုံးနိုင်မယ်။

💳 KBZPay Wallet ထဲကနေ တိုက်ရိုက် ငွေပေးချေနိုင်လို့ ပိုပြီး စိတ်ချရတယ်။

🎁 အထူးခွင့်အရေးအနေနဲ့ First Time Booking တင်မယ့်သူတွေအတွက် ၅,၀၀၀ ကျပ် ချက်ချင်းလျှော့ပေးမယ့် Discount အစီအစဉ်လည်း ရှိသေးတယ်နော်။ (ဒါကတော့ တကယ်ကို မလွတ်တမ်း ယူရမယ့်အခွင့်အရေးပါပဲ 🥳)

ပိုမိုစမတ်ကျပြီး ပေါ့ပါးတဲ့ လူနေမှုပုံစံလေးကို No.1 Service နဲ့အတူဖြတ်သန်းကြည့်ဖို့အတွက်သင့်ဖုန်းထဲက KBZPay Appလေးကိုဖွင့်၊ Mini App ကိုနှိပ်ပြီး "No.1 Service" လို့ ရှာဖွေပြီး အခုပဲ ဘိုကင်တင်လိုက်တော့နော် 😍

No.1 Service အိမ်တွင်းဝန်ဆောင်မှုပေါင်းများစွာကို တနေရာထဲကနေ အလွယ်တကူ ရယူနိုင်ဖို့
No.1 Service application က
မိတ်ဆွေရဲ့ ဖုန်းထဲမှာ ရှိနေဖို့တော့လိုနေပြီနော်

20/05/2026

တစ်နေ့တာလုံး အလုပ်ကိစ္စတွေနဲ့ မအားလပ်လို့ အိမ်သန့်ရှင်းရေး မလုပ်နိုင်တာပဲဖြစ်ဖြစ်၊ ပင်ပန်းနွမ်းနယ်နေလို့ အနားယူချင်တာပဲဖြစ်ဖြစ်... အိမ်သန့်ရှင်းရေးလုပ်ဖို့အတွက် စိတ်ညစ်စရာ မလိုတော့ပါဘူးနော်။

အိမ်အကူရှားပါးတဲ့ ခေတ်မှာ အချိန်ပိုင်းသန့်ရှင်းရေး အကူလေးတွေက ဒီလိုဒီလို တဘက်တလမ်းက ကူညီနိုင်ပါတယ်...

စိတ်ချရပြီး စနစ်ကျတဲ့ အချိန်ပိုင်း သန့်ရှင်းရေးဝန်ဆောင်မှုတွေအတွက် No.1 Service Application က အမြဲတမ်း အဆင်သင့်ရှိနေပါတယ်။ 🥰

🌸 တိကျသေချာပြီး စနစ်ကျသော သန့်ရှင်းရေးစနစ်

🌸 ကျွမ်းကျင်ဝန်ထမ်းများမှ စိတ်ကြိုက်သန့်ရှင်းပေးခြင်း

🌸 အချိန်ကုန်သက်သာပြီး လူလည်းပင်ပန်းသက်သာခြင်း

🍀 သန့်ရှင်းပြီး စိတ်ကို ကြည်လင်စေမဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ဖို့ No.1 Service က ကူညီပေးနိုင်ပါတယ် 🌟

Play Store and App Store မှာ No.1 Service လို့ရိုက်ရှာလိုက်ပြီး အလွယ်တကူ Booking တင်နိုင်ပါပြီ ... ❤️❤️❤️

19/05/2026

⁉️ Air Con Coil ပေါက်တာကို ဖာထေးပြုပြင်နိုင်ပါသလား? အဲ့လိုမေးခွန်းမျိုးကို User အများစုက သိချင်ကြပါတယ်.. ဒါကြောင့် နဲနဲလေးရှင်းပြပေးမယ်နော် .. ဗဟုသုတပေ့ါ...⁉️

Air Con Coil ပေါက်သည့်အခါ ဖာထေးပြုပြင်လို့ ရ၊ မရ ဆိုတာက ပေါက်သည့်နေရာ၊ Coil အမျိုးအစားနဲ့ ပျက်စီးမှုအတိုင်းအတာ ပေါ်တွင် မူတည်ပါတယ်။

✅ ဖာထေးပြုပြင်လို့ရတဲ့အခြေအနေလေးတွေကတော့

👉 Copper Coil (ကြေးနီပိုက်) ဆိုရင်တော့ အပူပေးဂဟေဆော်ခြင်း (Brazing) ပြုလုပ်ရန် လွယ်ကူပြီး ခိုင်ခံ့မှုရှိတဲ့အတွက် အဆင်ပြေပါတယ်

👉 အပေါက်ကို အလွယ်တကူ မြင်နိုင်/ရောက်နိုင်တဲ့ ပိုက်၏ အပြင်ဘက်ပိုင်းနှင့် ဂဟေဆော်ရန် လက်လှမ်းမီသောနေရာမှာ ပေါက်တယ်ဆိုရင်တော့ ပြုပြင်လို့ရပါတယ်

👉 အပေါက်သေးငယ်ပြီး ပိုက်တစ်ခုလုံး ဆွေးမြည့်နေခြင်းမျိုး မရှိရင်လဲဖာထေးပြီးနောက် ကြာရှည်ပြန်သုံးနိုင်ပါတယ်။

❌ ဖာထေးရန် မသင့်တော်သော (သို့မဟုတ်) အသစ်လဲသင့်သောအခြေအနေတွေကိုလဲ တချက်သိထားရင်ကောင်းပါတယ်..

❌အလူမီနီယံပိုက်များဆိုရင်တော့ ဂဟေဆော်ရန် အလွန်ခက်ခဲပြီး အပူဒဏ်ကြောင့် ပိုမိုပျက်စီးလွယ်တဲ့အတွက် ပြုပြင်ဖို့မသင့်ပါဘူး

❌ အတွင်းပိုင်း နက်ရှိုင်းတဲ့ ကွိုင် အလွှာများကြားထဲ သို့မဟုတ် ဂဟေတံ မရောက်နိုင်သော နေရာများတွင် ပေါက်ရင်တော့ ဖာထေးဖို့ ခက်ခဲပါတယ်

❌ အပေါက်နေရာ များလွန်းခြင်း သို့မဟုတ် Coil တစ်ခုလုံး ဆွေးမြည့်ပြီး ပွနေခြင်း (Corrosion)ဖြစ်ရင်တော့ အသစ်လဲသင့်ပါတယ်

❌ Coil က အလွန်ဟောင်းနွမ်းနေပြီး နေရာအနှံ့ သံချေးတက်နေပါက တစ်နေရာဖာလျှင် နောက်တစ်နေရာမှ ပြန်ပေါက်တတ်တာမို့ အသစ်ပဲလဲသင့်ပါတယ်

ခုဆိုရင်တော့ မိမိတို့ရဲ့ အဲကွန်းက ပြုပြင်သင့်လား အသစ်လဲတာက ကုန်ကျစရိတ်ကို ပိုသက်သာစေမလားဆိုတာကို ခွဲခြားသိနိုင်ပြီလို့ ထင်ပါတယ်...

ဆွေးနွေးအကြံပြုခြင်းများကိုလဲ ပြုလုပ်ဖို့ ဖိတ်ခေါ်တာမို့ ပညာရှင်များလဲ Comment လေး ရေးပေးခဲ့ပါအုံးနော်...

#အားလုံးအတွက်No.1Service

08/05/2026

လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာ ငွေစာရင်းတွေ တိကျမှန်ကန်ဖို့အတွက် ငွေရေစက်တွေ ကောင်းမွန်နေဖို့က အဓိကမို့လို့ No.1 Service Application ကနေ အထူးအစီအစဉ်လေး တစ်ခု လုပ်ပေးထားပါတယ် 💸
လူကြီးမင်းတို့ရဲ့ ငွေရေစက်တွေကို ပြုပြင်တာပဲဖြစ်ဖြစ်၊ ပုံမှန် Servicing လုပ်တာပဲဖြစ်ဖြစ် အခုပဲ App ကနေတစ်ဆင့် ဝန်ဆောင်မှုယူလိုက်တာနဲ့ 15% Off တောင် ရရှိမှာပါရှင့် 🤩

📣ဒီ Promotion အစီအစဉ်လေးက (8.5.2026) ကနေ (15.5.2026) အထိ တစ်ပတ်တိတိပဲ ပေးသွားမှာဖြစ်လို့ အခုပဲ No.1 Service App ထဲမှာ Promotion Coupon လေးကို အသုံးပြုပြီး Booking တင်ထားဖို့ တိုက်တွန်းပါရစေ📣

ကာလတိုလေးအတွင်းမှာပဲ ရမယ့်အခွင့်အရေးမို့လို့ လူကြီးမင်းတို့ရဲ့ စက်ပစ္စည်းလေးတွေကို အချိန်မီ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ အမြန်ဆုံး အသုံးချလိုက်ရအောင်နော် 😊

#ငွေရေစက် #15%offpromotion

06/05/2026

#ငွေရေတွက်စက်ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုကိုရယူရင်းအထူလျော့စျေးလေး15%ရယူကြရအောင် ...

💵 Company , ရုံးခန်း . အရောင်းဆိုင် . ဆေးရုံနဲ့ ဘဏ်စတဲ့ လုပ်ငန်းတွေမှာ ငွေစက္ကူ ရေတွက်ရာမှာ အမှားယွင်းနဲစေရန် ငွေရေစက်ကို ထားထားကြပါတယ်.

💵 No.1 Service မှ ဝန်ဆောင်မှုပေးသူ ပညာရှင်များက ငွေစက္ကူ ရွက်ရေ ရေတွက်စက်များ၊ ငွေတုစစ်ဆေးသည့်စက်များ အပါအဝင် ငွေရေတွက်စက် အမျိုးအစားအားလုံး၏ ချို့ယွင်းချက်များကို ရှာဖွေပြုပြင်ပေးရန် အထူးကျွမ်းကျင်ပါတယ်

⁉️ No.1 Service ကနေ ဝန်ဆောင်မှုပေးနိုင်တဲ့ အချက်လေးတွေကတော့

👉 စက်၏ချို့ယွင်းချက်များကို အသေးစိတ်စစ်ဆေးခြင်း

👉 Hardware ပိုင်းနှင့် Sensor (အာရုံခံကိရိယာ) ဆိုင်ရာ ပြဿနာများကို ပြုပြင်ပေးခြင်း

👉 စက်အတွင်းပိုင်း သန့်ရှင်းရေးနှင့် ပုံမှန်ထိန်းသိမ်းရေး ပြုလုပ်ပေးခြင်း

👉 Software Calibration ပြုလုပ်ခြင်းနှင့် Error (အမှားအယွင်း) များအား ပြင်ဆင်ပေးခြင်း

👉 စက်ပစ္စည်း အစိတ်အပိုင်းများကို စစ်မှန်သော အပိုပစ္စည်းများဖြင့် လဲလှယ်ပေးခြင်း

👉 အချိန်တိုအတွင်း အမြန်ဆုံး ပြုပြင်ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း

No.1 Service ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

❤️ နက်နဲသော နည်းပညာဗဟုသုတရှိသည့် ဝါရင့်ကျွမ်းကျင်ပညာရှင်များဖြင့် ဝန်ဆောင်မှုပေးခြင်း

❤️ လူကြီးမင်းတို့၏ နေရာအရောက် လာရောက်ပြုပြင်နိုင်ခြင်း

❤️ ပွင့်လင်းမြင်သာပြီး သင့်တင့်မျှတသော ဝန်ဆောင်ခနှုန်းထားများ

❤️ ဘဏ်များ၊ လက်လီအရောင်းဆိုင်များနှင့် ရုံးဌာနများ၏ ယုံကြည်အားကိုးမှုကို ရရှိထားခြင်း

%

Photos from No.1 Service's post 04/05/2026

ဓာတ်လှေကား (Elevator) ကို လစဉ်ပုံမှန် စစ်ဆေးထိန်းသိမ်းမှု (Servicing) အား No.1 Service ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ စိတ်ကျေနပ်မှုရစေဖို့ ကျွန်တော်တို့ No.1 Service မှ အမြဲအသင့်ရှိနေမှာပါ...

ဘာကြောင့် No.1 Service ကို ရွေးချယ်သင့်တာလဲ?
ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဆောင်ရွက်ပေးခြင်း

ပွင့်လင်းမြင်သာသော ဈေးနှုန်း

အချိန်တိကျမှု

"ဓာတ်လှေကားနဲ့ ပတ်သက်လို့ ဘာပဲလိုလို No.1 Service ရှိတယ်နော်..."

လူကြီးမင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ စိတ်အေးချမ်းမှုအတွက် No.1 Service က အမြဲတမ်း အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်..

01/05/2026

📌 ၂၀၂၆ ခုနှစ် မေလ ၁ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
👨‍🔧👩‍🔧👷တာဝန်ကိုယ်စီ ထမ်းဆောင်နေကြသော
မိတ်ဖက်ဝန်ထမ်းများနှင့် ကမ္ဘာတဝှမ်းလုံးရှိ ကာယ ဥာဏလုပ်သားများ အားလုံး ဘေးရန်ကင်း၍ကျန်းမာပြီး ပိုမို ပြည့်စုံအောင်မြင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း No.1 Service မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။

30/04/2026

🙏 ကဆုန်လပြည့် ‌ဗုဒ္ဓအခါတော်နေ့ 🙏

ဗုဒ္ဓမြတ်စွာဘုရားရှင်
- ဖွားမြင်ရာ၊
- ပွင့်ထွန်းရာ၊
- ပရိနိဗ္ဗာန်ပြုရာ၊
- ဗျာဒိတ်ခံ ယူရာ နေ့ဖြစ်ပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ အဖြစ် သက်မှတ်ထားသောနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါသည်။

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့တွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် တရားဘာဝနာပွါးများအားထုတ်နိုင်ကြပါစေကြောင်း No.1 Service မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏


#ကဆုန်လပြည့်နေ့

Photos from No.1 Service's post 23/04/2026

✨ No.1 Service နှင့်လက်တွဲထားသော
မိတ်ဖက်ပါတနာ ဖြစ်တဲ့ Naing Linn Engineering Group မှ ကျွမ်းကျင်ပညာရှင်များက St.Augustine’s Catholic Church ကျောင်းသို့ Air-con Servicing များ စနစ်တကျ သွားရောက်စစ်ဆေးပြုလုပ်ခဲ့ပုံများကို
ဝေမျှပေးလိုက်ပါတယ်။

📌 ကျွန်မတို့ No.1 Service Application ဟာဆိုရင်
သင့်အိမ်တွင်းဝန်ဆောင်မှုများအားလုံးကိုစိတ်တိုင်းကျ ဝန်ဆောင်မှုပေးမည့်အပြင် တာဝန်ယူမှုအထိပါ ဆောင်ရွက်ပေးဖို့အသင့်ရှိနေပါတယ်။

20/04/2026

*ဝန်ထမ်း အသစ်များဖိတ်ခေါ်ခြင်း*

ကျွန်မတို့ No.1 Service နှင့်လက်တွဲလုပ်ကိုင်ပြီး တိုးတက်လိုသော လုပ်ဖေါ်ကိုင်ဖက်များကို အမြန်ဆုံးဖိတ်ခေါ်နေပါတယ်။

👉 Air-Con Service Leader (ကျား) ၃ဦး
(Air-con, ရေခဲသေတ္တာ၊ အဝတ်လျှော်စက် ကျွမ်းကျင်စွာ ပြုပြင်တတ်သူဦးစားပေးမည်)

👉 Air-Con Service Helper (ကျား) ၁၀ဦး
(တွဲခေါ်သင်ပြပေးမယ့် Senior တွေရှိတာကြောင့် သင်ယူလိုစိတ်ရှိပြီး ဝီရိယရှိသူဖြစ်ရင်ရပါပြီ)

👉 Driver (ကျား) ၃ဦး
(ရန်ကုန်မြို့တွင်းလမ်းကြောင်းများကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရပါမည်)

👉 Cleaner (မ) ၄ဦး
(အသက်အရွယ်မရွေး အခြေခံ အိမ်၊ရုံး သန့်ရှင်းရေးပြုလုပ်တတ်ပြီးရင်းနှီးဖေါ်ရွေစွာပြောဆိုတတ်သူဖြစ်ရပါမည်)

ဖေါ်ပြပါ အချက်တွေနဲ့ကိုက်ညီပြီဆိုရင်တော့
သင့်ရဲ့ အရည်အချင်းတွေနဲ့အတူ လာရောက်ပူးပေါင်းဖို့ အတွက် Viber ဖုန်း 09757690777 သို့ CV များပေးပို့လျောက်ထားနိုင်ပါတယ်နော်။

📌 အလုပ်ချိန် (9:00 AM - 5:30 PM)
📌 အပတ်စဉ် တနင်္ဂနွေနေ့ နှင့်အစိုးရရုံးပိတ်ရက်များပိတ်ပြီး Salary+ Incentive + Ot allowance + ဖယ်ရီ (နီးစပ်ရာ) တွေနဲ့အတူပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်မှ သင့်ကိုစောင့်ကြိုနေပါတယ်နော်။ 😍

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


No. 636, Waizayantar Road, Ward No(4) , South Okkalarpa Township
Yangon