Focus Me

Focus Me

Share

Photography

03/10/2023

ကျွန်တော်တို့ ငယ်ရွယ်နုပျိုမှုဟာ ဘာနဲ့မှအစားထိုးမရနိုင်ပါဘူး💌

ဓာတ်ပုံရိုက်ပါ
ငယ်ရွယ်မှုအမှတ်တရတွေကို ရုပ်ပုံဖြင့်သိမ်းဆည်းထားပါ♥️

Photos from Focus Me's post 20/09/2023

သန်းတင့် ရဲ့ခင်ဘုန်းသက်ဝေဂယ်လာရီ ထဲကလို

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင် ခင်ဘုန်းသက်ဝေ ကိုပဲ
တိုင်ပင်ချင်မိတယ်

ကမ်းနားလမ်းကိုပြန်တာပဲကောင်းမှာပါ
လှိုင်းစကား လေစကားမှာ
ကျွန်တော် လွမ်းကြောင်း ကြားပါရဲ့လား ...

နှုတ်တစ်ရာစာတစ်လုံး
စကားလုံးတစ်ရာစာကို စာတစ်လုံးနဲ့ရေးဖွဲ့ဖော်ပြတယ်

စာလုံးပေါင်း တစ်ထောင်စာကိုတော့ပုံတစ်ပုံနဲ့ ဖော်ပြတယ်

ခင်ဘုန်းသက်ဝေဂယ်လာရီလို ☁️တိမ်မြင်မြင် တောင်မြင်မြင်ဖော်ညွှန်းနိုင်ဖို့ ပုံတစ်ပုံကိုအခိုင်အမာ တည်ဆောက်ရပါတယ်

ပုံတစ်ပုံဖန်တီးဖို့ရာ compositionက ပင်မသွေးကြောတစ်ခုပါပဲ
Compositionအောက်နေတဲ့ပုံက ၃စက္ကန့်ထက်ပိုအကြည့်မခံပါဘူး

Compositionအကြောင်းအကျယ်တဝံ့ သိရှိချင်ရင် comment boxမှာ လို့မန့်ခဲ့ပေးပါ

Photos from Focus Me's post 20/09/2023

Light & Shadows📌

✅ဓာတ်ပုံဝါသနာရှင်
✅ဓာတ်ပုံပညာရှင်
✅ဓာတ်ပုံဖန်တီးရှင်
ဓာတ်ပုံ ဓာတ်ပု ဓာတ်ပုံ •••••••ဓာတ်ပုံလို့ဆိုလိုက်တာနဲ့ Light & Shadowsက အဓိကကျပါတယ်
အလွန်အရေးပါပါတယ်

အလင်း(Light)ကအကြမ်းမျဉ်းအားဖြင့်ဓာတ်ပုံတစ်ပုံကို ပိုမိုတောက်ပစေတယ်☑️
သစ်လွင်စေတယ်☑️
Shadows ကပုံတစ်ပုံရဲ့အထားအသို (Composition)ပေါ်လိုက်ပြီး Dramaတွေကိုခံစားရရှိနိုင်တယ်☑️

✅ဓာတ်ပုံတစ်ပုံရဲ့ ခံစားရမှု့အနှစ်သာရကိုဖော်ရာတွင်လည်းကောင်း
✅ဓာတ်ပုံတစ်ပုံမှာ ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာကိုလည်းကောင်း
✅ဓာတ်ပုံတစ်ပုံရဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပြသရာတွင်လည်းကောင်း
Light & shadows ဖြင့်ဖော်ကျူးကြတယ်

Photos credit

Focus Me

20/09/2023

Line မျဉ်းကြောင်း😑

ခင်ဗျားမျက်လုံးထဲ မျဉ်းကြောင်းတွေမြင်မှ မြင်အောင်ကြည့်တတ်မှ ခင်ဗျားနှလုံးသားကို တံခါးဖွင့်လို့ရမယ်😒

မျဉ်းကြောင်းတွေမမြင်ရင် မျဉ်းကြောင်းတွေကပြောတဲ့စကားကို ခင်ဗျားမကြားရဘူး😔

မျဉ်းကြောင်းတွေမှာအားတွေရှိတယ်🤩
သဘာဝတိုင်းဖြစ်နေတဲ့ မျဉ်းကြောင်းတွေ 📌လုပ်ယူထားတဲ့မျဉ်းကြောင်း📌တွေကိုမိမိရှင်သန်တဲ့ ပတ်ဝန်းကျင်မှာနေ့တိုင်းအဖြစ်ပျက်တိုင်းမှာထိတွေ့နိုင်တယ်

အဓိကကျတဲ့မျဉ်း၅ခုရှိတယ်

● vertical lines
● horizontal lines
● diagonal lines
● zigzag lines
● curved lines

မျဉ်းတွေက စိတ်အားတက်ကြွစေဖို့ခေါ်ဆောင်နိုင်တယ်
မျဉ်းတွေက စိတ်ဓာတ်ကျဝမ်းနည်းစေဖို့ စွမ်းဆောင်နိုင်တယ်

မျဉ်းတွေကိုမမေ့ပစ်နဲ့💌

Focus Me

20/09/2023

ဒီPageကို Like&Followလုပ်ထားရင် ဓာတ်ပုံရိုက်နည်းတွေ 📌
Professional Photographerတစ်ယောက်ဖြစ်ဖို့📌
ဓာတ်ပုံရိုက်တဲ့အခါ ဆောင်ရန်ရှောင်ရန်📌
မလုပ်သင့်တဲ့အလွဲများ အမှားများ📌စတဲ့အကြောင်းအရာတွေတင်ပေးမှာမဟုတ်ပါဘူး🙄

ဓာတ်ပုံတစ်ပုံဖန်တီးဖို့
ဓာတ်ပုံတစ်ပုံနားချဉ်းကပ်ဖို့
ဓာတ်ပုံတစ်ပုံခံစားတတ်စေဖို့ စတဲ့အကြောင်းအရာတွေကိုသာ Highlight လုပ်တင်ပေးသွားမှာပါ🖤

နှလုံးသားမရှိခဲ့ရင်တော့ ခင်ဗျားLikeမလုပ်ထားစေချင်ဘူး💌💌💌

20/09/2023

📌ဓာတ်ပုံဆရာ ဒါမှမဟုတ် ဓာတ်ပုံပညာရှင် တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ❓

💌ဘာမှမလိုပါဘူး ဓာတ်ပုံကိုချစ်စိတ်နဲ့ရူးသွပ်မှုပဲလိုပါတယ်

Focus Me

20/09/2023

နည်းပညာတွေအရှိန်အဟုန်နဲ့တိုးတက်လာတဲ့ခေတ်ကြီးမှာ💌
ကျွန်တော်တို့ရှင်သန်နေထိုင်မှု့တွေကို အမြဲအမှတ်တရရှိစေဖို့ဘာနဲ့သိမ်းဆည်းမလဲ❓

ချစ်ခြင်းမေတ္တာတွေနဲ့ဖြတ်သန်းတဲ့ အချိန်ကာလတွေ💌
ကြေကွဲဝမ်းနည်းခြင်းတွေ💌
နှုတ်ဆက်ခွဲခွါရခြင်းတွေ💌
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ💌
ပြန်မရနိုင်တော့တဲ့ အချိန်ကာလအပိုင်းအခြားတွေကို ကျွန်တော်တို့ နည်းမျိုးစုံနဲ့ သိမ်းဆည်းလို့ရပါတယ်😊😊😊

နည်းလမ်းတွေအများကြီးထဲမှာမှ အလွယ်ကူဆုံးနည်းလမ်းက ဓာတ်ပုံတွေအနေနဲ့ သိမ်းဆည်းထားခြင်းပါပဲ😍

ဓာတ်ပုံတွေအဖြစ် ပြောင်းလဲသိမ်းဆည်းဖို့ ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆို ဒီPageကို Like&Follow လုပ်ထားဖို့လိုလိမ့်မယ်😘

Photos from Focus Me's post 20/09/2023

ဓာတ်ပုံဆိုတာဘာလဲလို့ ဓာတ်ပုံဆရာတွေကိုမေးကြည့်ပါ😁😁

ဓာတ်ပုံဆရာအယောက်တစ်ရာရဲ့အဖြေက ❓

20/09/2023

မိမိအနာဂါတ်အတွက် ဘာတွေပြင်ဆင်ဆုံးဖြတ်ထားပါသလဲ❓
ဝါသနာနဲ့ အနာဂါတ်ကိုလျှောက်လှမ်းချင်တဲ့သူလား❓
အတတ်ပညာရပ်တစ်ခုနဲ့ ဘဝအနာဂါတ်ရှေ့ဆက်ချင်တဲ့သူလား❓

မိမိရဲ့ Passionဟာ ဘာလဲဆိုတာသိဖို့လိုပါတယ်😊
ဝါသနာမပါဘဲ လုပ်တဲ့အလုပ်တွေမှာ အောင်မြင်မှုရာခိုင်နှုန်းနည်းပါလိမ့်မယ်😔

မိမိကိုယ်ကို ဆန်းစစ်ပါ
မိမိကိုယ်တိုင်ရူးသွပ်စွာနေ့ညမအိပ် မမောပန်းနိုင်လုပ်နိုင်တဲ့ အရာကဘာလဲဆိုတာအဖြေရှာပါ☺️

အောင်မြင်မှုနောက်လိုက်ဖို့ ရူးသွပ်မှုတစ်ခုတော့ သင်လိုအပ်ပါလိမ့်မယ်😇

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon