Idea Stream
YPRE အကျိုးတော်ဆောင်
09-770074572
09-698963971(Viber)
31/05/2025
Shout out to my newest followers! Excited to have you onboard! Arkar Nyein Nyein, Khaing Win
13/04/2025
ငါ ဘာလို့ ပြောင်းလဲ သင့်ပြီလဲ?
Glow Up ဖြစ်ဖို့ အချိန် တန်ပြီလဲ?
လက်ရှိ အခြေအနေ ကို သေချာ
သုံးသပ်ကြည့်ပြီး ဒီ မေးခွန်းလေးတွေကို မေးပါ။
1. အကယ်လို့ မနက်ဖြန် သေသွားရင်
ဒီနေ့ ငါ လုပ်ခဲ့တာတွေကို ဂုဏ်ယူနေမှာလား၊
နောင်တ ရ ဝမ်းနည်းနေမှာလား။
နောင်တရနေမှာ ဆိုရင် အခု ချက်ချင်း
တစ်ခုခုကို ထလုပ်ပါ။
2. အခုချိန်ထိ ငါဟာ ဘဝကို တကယ် ရှင်သန်နေရတာလား?
ရုန်းကန်နေရတာလား?
3. နောက် တစ်နှစ်ကြာလဲ ငါက ဒီနေရာမှာပဲ
ဘာမှ မကွာခြားပဲ ရှိနေရင် ငါ ကျေနပ်မှာလား?
4. ငါ ရဲ့ အကောင်း Version ကို ပြုပြင်
ပြောင်းလဲ ပြီး အရယူ နိုင်ခဲ့ရင် ငါ
ဘယ်လောက်တောင် ကျေနပ်ပျော်ရွှင်နေမိမလဲ?
5. ငါ ဖြစ်ချင်တာတွေ ၊ ငါ လိုချင်တာတွေကို ဖုံးကွယ်ပြီး
ကိုယ့်ကိုကိုယ် လိမ်နေခဲ့တာ ဘယ်နှစ်ခါ ရှိပြီလဲ ?
6. ဘယ် ဆင်ခြေတွေ က ငါ့ကို ဒီလိုမျိုး သူများကိုပဲ
အားကျနေရတဲ့ ဘဝ ကနေ မတက်နိုင်အောင်
လုပ်နေတာလဲ?
7. Right Time (အမှန်ဆုံး အချိန် ,အသင့်တော်ဆုံး
အချိန်) ကို ငါ စောင့်နေတုန်းလား?
အဲ့လို အချိန်က ဘယ်တော့မှ ရောက်မလာဘူးဆိုတာ
ငါသိသိရဲ့နဲ့။
8. ငါ မပြောင်းလဲနိုင်ဖြစ်နေတာက Comfort Zone
ထဲမှာ ပျော်ပြီး ပိတ်မိနေလို့များလား?
9. ငါ အခု ရရှိနေတဲ့ ဘဝ က ငါ ရဲ့ ကြိုးစားမှု
အတိုင်းအတာပဲ ဆိုတာ လက်မခံပဲ ဘာလို့
မိဘ နဲ့ အခြားသူတွေကို အပြစ်တင်နေတာလဲ?
10. အချိန်မရှိဘူးလို့သာ ပြောပြီး အလကား
ကုန်ဆုံးခဲ့တဲ့ နေ့တွေ ဘယ်လောက်တောင်များနေပြီလဲ?
11. အခု လက်ရှိအခြေအနေ မှာ ဘယ်အရာက
အနာကျင်ရဆုံးလဲ?အဲ့ အရာက မင်းကို
အချက်ပြနေတာ မဟုတ်ဘူးလား?
12. ငါ လုံးဝ မပြောင်းလဲမိခဲ့ရင်, အသက်ကြီးလာတဲ့အခါ
ငါ ဘယ်လောက်တောင် နောင်တရနေမလဲ?
13. ငါ လုပ်ချင်ပေမဲ့ မလုပ်ခဲ့မိတာတွေကြောင့်
ငါ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီးပြီလဲ?
14. အခြားသူတွေ ပြောင်းလဲ တိုးတက် သွားတာကို
ငါ ဒီနေရာကနေပဲ ကြည့်နေခဲ့တာ ဘယ်နှစ်ကြိမ်တောင်
ရှိခဲ့ပြီလဲ?
15. ငါ့ ရဲ့ ကလေးဘဝ ကသာ အခု ငါ့ရဲ့
ဘဝ အခြေအနေ ကို မြင်ရင် စိတ်ပျက်နေမလား ?
ဂုဏ်ယူနေမလား?
16.ငါ ဘယ်တော့များမှ ငါ ကိုယ်တိုင် လုပ်နိုင်တဲ့
အောင်မြင်တဲ့ ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို စမှာလဲ?
(ဝန်ထမ်းလုပ်နေသရွေ့ ဒီဘဝက တက်မှာ မဟုတ်ဘူး
ဆိုတာကို သိသိရဲ့နဲ့)
17. ငါ့ကို အောင်မြင်အောင် ၊ ကြိုးစားချင်စိတ်
ဖြစ်အောင် လက်တွဲခေါ်သူတွေ နဲ့ နေမလား?
ပိုပို ဆုတ်ယုတ် နိမ့်ကျစေတဲ့ အပူပေးသူတွေနဲ့
နေမလား?
18. ငါဟာ အလုပ် နဲ့ သတ်သေမပြပဲ ဆင်ခြေတွေပဲ
ပေးပြီး ကုန်ဆုံးခဲ့တာ ဘယ်နှစ်ကြိမ်တောင်ရှိပြီလဲ?
19.ငါဟာ တကယ် အလုပ်ကြိုးစားနေခဲ့တာလား?
ကြိုးစားချင်ယောင်ဆောင်နေခဲ့တာလား?
20. ငါ တကယ် Glow Up ဖြစ်ချင်တာလား?
ဒီ အတိုင်း စိတ်ကူး အိမ်မက်သာသာပဲလား?
21. အနာဂတ်က ငါ ကတောင် ကျေးဇူးတင်နေမဲ့
အရာ တစ်ခုကို ငါ ဒီနေ့ လုပ်ပြီး ပြီလား?
22. ငါ တကယ်ပဲ နူးညံ့ပြီး အရမ်းဝတ်လို့
ကောင်းတဲ့ Branded အဝတ်အစားတွေ နဲ့
အရသာရှိတဲ့ တန်ဖိုးကြီး အစားအစာတွေကို
မလိုချင်တာ သေချာလား?
23. ငါ့ ရဲ့ အဆိုးဆုံး အကျင့်ဆိုး တစ်ခုကို
ဖျက်ပစ်ရမယ် ဆိုရင် အဲ့ဒါ ဘာဖြစ်မလဲ?
24. ဘယ်အရာတွေက ငါ ဖြစ်ချင်တဲ့ သူ
မဖြစ်အောင် တားဆီးထားတာလဲ?
25. ငါ အခုမှ မပြောင်းလဲရင် ဘယ်တော့များမှ
ပြောင်းလဲနိုင်မှာလဲ?
26. ငါဟာ ဆင်ခြေတွေကို ရပ်တန့်ပြီး
ငါ့စိတ် နဲ့ ငါ ကိုယ်ကို သေချာ ထိန်းကျောင်းဖို့
အဆင်သင့်ဖြစ်သင့်ပြီမလား?
27. ငါ့ စိတ်ကူး ထဲက ငါ့ ပုံစံ နဲ့ အပြင်က
အခုလက်ရှိ ပုံစံက ကိုက်ညီနေပြီလား ?
29. ငါ့ကိုယ်ငါ လေးစား ချစ်ခင်ဖို့
ငါ ဘာတွေ လုပ်ရတော့မလဲ?
30. ငါ့ကို တန်ဖိုး မထား၊ ငါ့ကို
တိုးတက်စေဖို့ မပြောနဲ့ ငါ့ရဲ့
စိတ်ကူး ideas တွေကိုတောင် လုပ်ပိုင်ခွင့်
မပေး၊ အသိအမှတ်မပြုတဲ့ နေရာမှာပဲ
ငါနေမလား?(သို့) ငါ့ကို တကယ် လိုအပ်နေတဲ့
နေရာကို ပြောင်းမလား?
31. ငါ ချစ်ရတဲ့ သူတွေ ခက်ခဲ ပင်ပန်းပြီး
ငိုနေတာ ကို ငါ ဒီအတိုင်း ကြည့်နေရတဲ့
သူ အဖြစ်ခံနိုင်လား?
ဒီ မေးခွန်းတွေ အားလုံး ကို သေချာ ဖြေပြီးတဲ့အခါ
သင် အခု ပြောင်းလဲ ကို ပြောင်းလဲ ရတော့မယ်
ဆိုတာ ပို သေချာ သွားမှာပါ။
ချစ်တဲ့ သဇင်
ပထမ တစ်ပုဒ် နဲ့တင် အဖြေတွေ ၊ အကြံဥာဏ်ကောင်း
တွေ ရသွားတယ်မလား ?
Glow up စာအုပ်လေး အတွက် ကျွန်မ
ဘယ်လောက် အားစိုက်ထားတယ် ဆိုတာ
ခံစားမိမယ် ထင်ပါတယ်။
ချစ်တဲ့ သဇင်
13/04/2025
"ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်
လူ့လောကမှာ မေတ္တာတရား
ဘယ်လောက်ကြီးမားကြီးမား
စေတနာဘယ်လောက်ထားထား
အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ
ဒီလိုမှမဟုတ်ရင် ရေနဲ့ဆီလိုပဲ
ရေကရေသပ်သပ်
ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ
မေ တ္တာ က မေ တ္တာ သပ်သပ်
ဗီဇက ဗီဇသပ်သပ်
ဘယ်လိုမှ ထပ်တူကျမနေရင်
မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
လက်ခံနိုင်မှာမဟုတ်ဘူး
ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
အမှန်တရားပါပဲ...
13/04/2025
ခေါင်းဆောင်စိတ်
******************
"ဆရာရေ.ကျနော်တို့ ဖမ်းမိတဲ့ထဲမှာ
ရှင်ဘုရင်လည်းပါလာတယ်
ဓားပြခေါင်းဆောင်ဟာပြုံးပြီး ...
ရှင်ဘုရင်ကို ကြည့်တယ်
"မင်းကောင်း မင်းမြတ်ကြီးပါလား
အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖျက်ပြီး
တိုင်းခန်းလှည့်လည်တယ်ထင်ပါ့
ဘုရင်ဆိုသူကပြုံးပြီးခေါင်းငြိမ့်ပြသည်။
ဘုရင်နှင့်အတူမိလာသောသူများကလည်း
သူတို့နဲ့အတူအဖမ်းခံထားရသည်မှာ
ဘုရင်ဆိုတော့ အံ့အားသင့်နေပုံရသည်။
"ဒီဘုရင်ကကျုပ်တို့ကိုဒုက္ခပေးမယ့်ဘုရင်ပဲ
သတ်ပစ်လိုက်မလားဆရာ
"အေး.. သတ်တာတော့သတ်တာပေါ့ကွာ
ဒါပေမယ့် မသတ်ခင်လေး .ရှင်ဘုရင်က
ဦးညွှတ်တာလေးတော့လိုချင်မိသားကွ
အဟေးဟေး
"မောင်မင်းတို့ ...ကျုပ်ကိုပဲ သတ်လို့ရမယ်
ဘုရင်ဆိုတဲ့နေရာကို သတ်လို့မရဘူး
ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့နေရာကို
တစ်ယောက်ယောက် ကဝင်ယူဦးမှာပဲ ...
အဲ့ဒီအခါကျရင်ဘုရင်ကိုတောင်သတ်တဲ့
ဓားပြရယ်လို့ မောင်မင်းတို့ကိုပိုငြိုးကြ
လိမ့်မယ်
ဓားပြခေါင်းဆောင်တွေဝေသွားတယ်...
"ဒါဆိုရင်တော့ ...ခင်ဗျားကို လွှတ်ပေးမယ်
ဒါပေမယ့်....လွှတ်ပေးစေချင်ရင်ခင်ဗျား
ကျုပ်ကို အရိုအသေပေးသွားရမယ်
"ကျုပ်အသေခံမယ်အသက်သေမှာ
ကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်ဘဝကို
ကျုပ်အရောက်မခံနိုင်ဘူး
တိုင်းသူပြည်သားတွေရဲ့လေးစားဂါရဝကို
ခံယူပြီးပြီ ဖြစ်တဲ့အတွက်လေးစားခံ
ထိုက်အောင်နေပေးဖို့ ကျုပ်တာဝန်ပဲ
"ခင်ဗျားက...တော်တော်ကြီးကျယ်တဲ့ ဘုရင်ပဲ
ခင်ဗျားကျုပ်တို့ကို ဦးမညွှတ်ရင် ဒီလူတွေကို
ကျုပ်ကသတ်မှာ
ဘုရင်ဟာ ဘာမှ စောဒက.မတက်တော့ဘဲ
ဝုန်းကနဲ ဒူးထောက်ချလိုက်ပြီးဓားပြများကို
အရိုအသေပြုလေတော့သည်
အရိုအသေပြုခံရသောဓားပြဗိုလ်ဟာ
ကျောထဲစိမ့်ကနဲ ချမ်းသွားတယ်
ဘယ်လိုဘုရင်လဲ......?
သူ့ကိုသတ်မယ်ဆိုတုန်းကအသက်ကိုတောင်
မငဲ့ကွက်ဘဲ ရာဇဂုဏ်အတွက် ဒူးမထောက်
လိုသူကအခုတော့...
မြေပြင်မှာ ပြားပြားမှောက် ဝပ်လို့
ဒါ...ဘုရင်အစစ် ...
ဒါမှ .... ဘုရင်အစစ် ...
ဘုရင့်သိက္ခာကို ..မိမိအသက်ထက်
ပိုတန်ဖိုးထားတဲ့ဘုရင်တိုင်းသူပြည်သား
တွေရဲ့အသက်ကို ...ဘုရင့်သိက္ခာထက်
ပိုတန်ဖိုးထားတဲ့ဘုရင်
ဓားပြဗိုလ်ဖြစ်သူမျက်ရည်များဝဲတက်
လာသည်ဓားစာခံပြည်သူများကိုကြည့်
တော့လည်း ဒူးထောက်နေသောပြည့်ရှင်
မင်းကိုကြည့်ကာလေးစားချစ်ခင်မှု ဝမ်းနည်း
ကြေကွဲမှုများ ယှက်ထွေးလျက် မျက်ရည်များ
ဝေနေကြလေသည်။
ဓားပြဗိုလ်ဖြစ်သူသည်ဘုရင့်ရှေ့ ...
ဒူးထောက်ချလိုက်ပြီး ..
"ထပါ မြတ်သောမင်းကြီး
ကျနော့် ကို ခွင့်လွှတ်ပါ
မင်းကောင်းမင်းမြတ်ကိုအသက်ရှင်လျက်
မြင်တွေ့ခွင့်ရခဲ့ခြင်းဟာ.သေရင်တောင်
ထိုက်တန်ပါတယ်
လက်နက်နဲ့ ဓားပြများကို....
မေတ္တာဖြင့် ဆုံးမတတ်သောမင်းကြီး
ခန္တီတရားဖြင့်ဆုံးမတတ်သောမင်းကြီး
ခေါင်းဆောင်ကောင်းတစ်ယောက်၏
စွန့်လွှတ်အနစ်နာခံမှု တာဝန်ခံမှုများကို
လမ်းပြသောမင်းကြီးကိုကျွန်တော် ....
အတိုင်းအဆမဲ့ ကြည်ညိုပါတယ်
ကျနော်လည်း ခေါင်းဆောင်တစ်ယောက်မို့ .
ကျနော့်အပြစ်အတွက်တာဝန်ခံပါရစေ ..
ကျနော့်နောက်လိုက်များကို အပြစ်မှ
လွှတ်ပေးပါကျနော့်ကို အပြစ်သားအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားပါချမှတ်လိုသော
ပြစ်ဒဏ်ကို ချမှတ်ပါ
ခေါင်းဆောင်ကောင်းပီသခဲ့သော
ဓားပြဗိုလ်ကို..လေးစားရင်းအခံရှိသော
နောက်လိုက်ဓားပြများကလည်း.
သူတို့ခေါင်းဆောင်နည်းတူဒူးထောက်၍ .
ရှင်ဘုရင်ကို အရိုသေပြုကြလေသည်။
ရပ်နေသောပြည်သူများလည်းသူတို့အတွက် .
ရပ်တည်ပေးခဲ့သော ရှင်ဘုရင်ကို
ဒူးထောက်ခစားလေတော့သည်
မင်းကြီးက ဒူးထောက်နေရာမှထ၍
ဓားပွဗိုလျကိုထူကာ ...
"မောင်မင်းက ဓားပြအဖြစ်ဆိုးသွမ်းပေမယ့်..
ခေါင်းဆောင်အဖြစ်လေးစားစရာ
ကောင်းတယ်ဒီလက်စွပ်ကိုယူပါ
ဒါအဖိုးနည်းလက်စွပ်ဆိုပေမယ့်
ကျုပ်ရဲ့ အမှတ်အသားပါ
ကျုပ်ကိုယုံရင် ဒီလက်စွပ်ကိုယူပြီး
နန်းတော်ကိုလာပါဒီနေ့ရသင့်တဲ့
ငွေပမာဏရဲ့ သုံးဆကို ဆုအဖြစ်လာ
ထုတ်ယူလှည့်ပါ
ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ
တိုင်းပြည်အတွက် စစ်မှုထမ်းလိုပါက
သားမယားများနဲ့ တိုင်ပင်ပြီး
နန်းတော်ကိုလာခဲ့ပါ
ရာဇဣနြေ္ဒ အပြည့်ဖြင့်ထွက်ခွာသွားသော
မင်းကြီး၏ကျောပြင်ကို ဓားပြများနှင့်
ပြည်သူများက ငေးမော၍
ကြည့်နေလေတော့သည်
13/04/2025
မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ
(၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။
(၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။
(၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။
(၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
(၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။
(၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။
(၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။
(၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။
(၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။
(၁၀)။ အချိန်ကို လေးစားပါ။
(၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။
(၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။
(၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊
(၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။
(၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။
(၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။
မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။
13/04/2025
လူချင်းတူသော်လည်း
ပညာတတ်ခြင်း
မတတ်ခြင်း
နှစ်ခုကြားမှာ
စာနာတတ်ခြင်း
ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်။
မြင့်မြတ်ခြင်းနဲ့
ယုတ်ညံ့ခြင်း
နှစ်ခုကြားမှာ
လူကိုလူလို
ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်။
လက်ဖဝါးနဲ့
လက်ဖမိုး
အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို
ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်။
အနိုင်နဲ့ အရှုံး
နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက်
သိက်ခာကို
ချနင်းနေသူထက်
အများအကျိုးအတွက်
အသက်ကို
စတေးရဲသူတွေက
ပိုပြီးလူသားဆန်တယ်။
ဆင်းရဲခြင်းနဲ့
ချမ်းသာခြင်း
နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ
ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်။
ခါးသီးခြင်းနဲ့
ချိုမြိန်ခြင်း
နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို
အားမာန်နဲ့
ကူးနေသူက
ပိုပြီးလူသားဆန်တယ်။
အရှက်တရား
မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်။
လူသားမဆန်တဲ့
သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်။
ဒါပေမယ့်
ဖြစ်ချင်တာနဲ့
ဖြစ်သင့်တာ
နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့
ကိုယ်ကျင့်တရား ရှိသူက
ပိုပြီးလူသားဆန်ပါတယ်။
13/04/2025
အချိန်မဆွဲသင့်တဲ့ အရာများ 👌
______________
ကိုယ့်အပေါ် မကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့
ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့
မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
အချိန်မဆွဲပါနဲ့
ကိုယ့်မေတ္တာစေတနာကို တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့
ကိုယ့်ကို နာကျင်စေခဲ့တဲ့
အတိတ်တွေကို မေ့ပစ်လိုက်ဖို့
အချိန်မဆွဲပါနဲ့
ကိုယ့်ကို စာနာနားလည်ပေးပြီး
ကိုယ့်မျက်ရည်တွေသုတ်ပေးတဲ့သူ တွေ့ရင်
သူ့လက်ကို ဖမ်းဆုပ်ထားဖို့
အချိန်မဆွဲပါနဲ့
ကိုယ့်ကိုယ်ကို ချစ်ပေးဖို့
အချိန်မဆွဲပါနဲ့
ချစ်သင့်တဲ့သူကို ချစ်ဖို့
အချိန်မဆွဲပါနဲ့
မုန်းသင့်တဲ့သူကို မုန်းဖို့ အချိန်မဆွဲပါနဲ့ !
13/04/2025
စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________
" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...
ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။
သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။
ဘာလို့လဲဆိုတော့...
တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။
ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။
ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။
စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။
လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။
ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။
ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။
13/04/2025
လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက
လူတွေရဲ့ တန်ဖိုးကိုပေါ့
ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့
သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို
သဘောထားမိကြတယ်
ဒါဟာ
သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး
ကိုယ်ရင်ဖွင့်တိုင်း
နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး
ဒါတွေကို
လစ်လျှူရှုမိတယ်
ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်
ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး …
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်
ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့
တန်ဖိုးထားလို့ပဲ
ကိုယ်ချိန်းတဲ့အခါတိုင်း
အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး
သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထား
ခဲ့ရတာလဲ ဖြစ်မှာပဲ ။
ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ
ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး
ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ
ရှိနေတော့မှာ မဟုတ်ဘူး
ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို
တန်ဖိုးထားဆက်ဆံပါ
ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။
#ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #စာပေ
13/04/2025
13/04/2025
ဒီနောက်ပိုင်းမှာ အနားမှာ
လူတွေ အများကြီး
မလိုတော့ဘူး
ရှင်းရှင်းပြောရရင်
ဘယ်သူမှ မရှိလဲ ဖြစ်တယ်
ဘာလို့လဲ ဆိုတော့
အာရုံတွေ နောက်လာလို့ ။
တစ်ဖက်လူ ဘလိုထင်မလဲ
ဂရုစိုက်နေရတာလဲ တစ်လုပ်
တစ်ယောက်တည်း
ကိုယ်ချင်း စာစိတ်
မွေးနေရတာက တစ်လုပ်
ကိုယ့် အလှည့်ကျ
ဘယ်သူမှ ဒီလို
မတွေးပေးဖူးဘူး ။
နောက်နောင် များတော့
တစ်ယောက်တည်း ဆိုလဲ
"က" ပြီးနေပါ့မယ် ၊
အာရုံတော့
အနောက် မခံတော့ဘူး ။
#စာပေ #စာပေဗဟုသုတများ
#ဆရာအောင်သင်းစာပေ
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon