JuuSan
food � hygenic
11/01/2024
မင်မင်တို့ ဆိုင်အပို့တွေ ပြန်ပီး run နေပါပီရှင်
ပီးတော့ အရမ်းကို အရေးကြီးတာလေး ပြောပြချင်တာက လုံးဝ စျေးမတက်ပါဖူးနော် နဂိုစျေး နဂိုအရသာ နဂိုအတိုင်း စားကောင်းပီး quality တစက်လေးမှ မလျော့ထားပါဖူးနော်
တာရှည်ခံ ပစ္စည်းတွေမသုံးထားလို့ အထုပ်မှာပါတဲ့ သတ်မှတ်ရက်အတွင်းလေးတော့ စားသုံးပေးကျပါရှင်
27/12/2023
ဆိုင် အပို့တွေ ခနရပ်ထားပေမယ့် ခုလို လာလာမှာစားနေကျ ကာကာတွေတော့ ပို့ဖစ်နေတာရယ် 😁♥️
22/11/2023
လတ်တလော အခြေနေတွေကြောင့် ဆိုင်တွေကို ပုံမှန်ပို့နေကျထက် အရေတွက် လျော့ပီး ပို့ပေးဖစ်နေပါတယ် မင်မင်တို့ပဲ ကြုံတွေ့နေရတဲ့ အခက်ခဲမဟုတ်ပဲ စားသောက်ကုန်လုပ်ငန်းရှင်တိုင်း ကြုံတွေ့နေရတဲ့ အခြေနေ ဆိုတော့ လည်ပတ် နိုင်သေးတယ်ဆိုတဲ့ စိတ် နဲ့ပဲ ဖြေသာနေရတာပေါ့နော်
အရေးကြီးဆုံးကတော့ မင်မင်တို့ စျေးလေးတွေလဲ မတက်ထားဖူးနော် အရင်တိုင်းလေးပါပဲရှင့် 🤩
မင်မင်တို့ ဝက်ခေါက်လေးတွေကို အားပေးကြလို့ လဲ ကျေးဇူးတင်ပါတယ်ရှင် 😍
23/10/2023
မင်မင်တို့ရဲ့ မုန့်အသစ်လေးတွေ
မကြာမီ လာမည် မျှော်နော်
စားကောင်းစျေးတန်နေစေရမယ်
07/09/2023
ဆိုင်တွေကတော့ ပုံမှန်ပို့ဖစ်နေပါတယ်ရှင်
ကုန်ကြမ်းစျေး ဆီစျေးတွေတက် နေတဲ့ ကြားထဲက မင်မင်တို့ စျေးမတက်ပဲ နဂိုစျေး အတိုင်းပဲ ရောင်းပေးနေပါတယ်
ပမာဏလေးတော့ နည်းနည်းလျော့သွားပါတယ် တအားကြီး လျော့ထားတာ မဟုတ်ပါဖူးနော် အားပေးနေကျ ကာကာတွေဆို သိမှာပါရှင်
မင်မင် တို့က တာရှည်ခံပစ္စည်းလဲ မသုံးထားတာကြောင့် ရက်ရှည်လဲ မရတော့ ပိုပီး အခက်တွေ့တာလေးတွေလဲ ရှိပါတယ် ဒါမယ့် မင်မင်တို့ quality ကိုတော့ အလျော့ မခံထားမို့လို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ရှင်
12/08/2023
လိုင်းပေါ်မှာ ပျောက်နေပေမယ့် ဆိုင်တွေ ကိုတော့ ပုံမှန်အတိုင်းပို့နေပါတယ်ရှင့်
အသစ်တိုးလာတဲ့ ဆိုင်တွေကြောင့် မင်မင်တို့ way ခွဲပီး ပို့ပေးနေပါတယ် ၁ရက်ထဲ ဆိုင်အားလုံးကို မပို့နိုင်တော့လို့ပါရှင်
လိုင်းပေါ်ကနေတွေ့လို့ မှာချင်သူများလဲ deli နဲ့ ပို့ပေးပါတယ်
page cb or 09 773790516 , 09 773790517 သို့ ဖုန်းဆက်ပီးလဲ မှာယူနိုင်ပါတယ်ရှင်
page cb က မှာတာထက် ဖုန်းဆက်ပီး မင်မင်တို့ဆီ တိုက်ရိုက် မှာတာက ပိုအဆင်ပြေပါတယ်ရှင့် page cb တွေက error အမျိုးမျိုးတက်နေတော့ အဆင်မပြေဖစ်မှာစိုးလို့ပါရှင့်
31/07/2023
ခုတလာ မင်မင်ပျောက်နေတာ ကုန်ကြမ်းတွေ ဝယ်နေလို့ပါ စျေးတွေတက်မယ်ဆိုတော့ ဘတ်စျေးတွေ မိုးမထိုးခင်လေးတုန်းက ဝယ်ထားတဲ့ ကုန်ကြမ်းတွေလမ်းမှာ ပိတ်မိနေတော့ လိုတာထက်ပိုပီး ကြာသွားပါတယ် ဆိုင်တွေအပို့လဲ ၂ပတ်ကျော်လောက်နားလိုက်ရတယ် ကနေ့စပီး ဆိုင်တွေလဲ ပြန်ပို့ပါပီနော်
ကနေ့ကတော့ ဗဟန်းကဆိုင်တွေပဲ ပို့ပေးပါအူးမယ်ရှင့် တာမွေ စမ်းချောင်းက ဆိုင်တွေ နောက် ၁ရက် ၂ရက်နေရင် ပြန်ပို့ပေးပါပီနော် ကာကာတွေ ကြားထဲ စားလက်စပြတ်သွားလို့ တောင်းပန်ပါတယ်နော်
📍📍📍ဘာတာရှည်ခံဆေး ဘာဓါတုဆေးမှ မသုံးထားတဲ့ မင်မင်ရဲ့ ဝက်ခေါက်ကြော် ဖွေးဖွေးမွမွကြွပ်ကြွပ်လေး ပြန်ပီးတဝကြီး ဆိုင်တွေမှာ ဝယ်စားလို့ရပီနော် ♥️
27/06/2023
နက်ဖန် ဆိုင်တွေ ပို့မယ့် အထုပ် ၂၀၀ နီးပါး ခုမှပဲကြော်လှော်ထုပ်ပိုးပီးတော့တယ် 😍
ပင်ပန်းပေမယ့်လဲ ပျော်ပါတယ်ပေါ့နော် 🤭
လောလောဆယ် ဗဟန်း, တာမွေ နဲ့ စမ်းချောင်း
မြို့နယ်က ဆိုင်အချို့တွေမှာ ဝယ်ယူ နိုင်ပါတယ်
မိမိဆိုင်ပေါ် တင်ရောင်းချင်တဲ့ ဆိုင်များလဲ
09 773790516, 09 773790517 သို့ ဆက်သွယ် နိုင်ပါတယ်ရှင် 🤗
26/06/2023
ဒီတသုတ်က စပီး မင်မင် logo voucher လေးနဲ့ ဖစ်သွားပါပီ 😍
အမျိုးစုံ ကြိုးခုန်ပီး စိတ်ကြိုက်ပြင်ပေး လုပ်ပေးတဲ့ Printing ကတော့ Waiyan Printing House II ပါနော်
စိတ်အရမ်းရှည်တယ် ဒီဇိုင်း, ကွာလတီလဲ စိတ်တိုင်း ကျတယ် ကာကာတို့လဲ voucher, name card, sticker လိုတာရှိရင် ဒီpage လေးမှာလုပ်ကြည့်နော်
15/06/2023
ဆိုင် order တွေ နက်ဖန် ပို့ပါမယ်ရှင့် 🤗
ဆိုင်တွေလဲ တိုးလာတယ် customer feedback တွေကလဲ ကျေနပ်စရာတွေ ဆိုတော့ မင်မင် တယောက် ပျော်ရွှင်နေပါပီနော်
ဖွေးသန့် ကြွပ်ရွပီး ကိုက်လိုက်တိုင်း မွမွလေးနဲ့ အရသာရှိတဲ့ မြေပဲဆီသန့်နဲ့ ကြော်ထားတဲ့ ဝက်ခေါက်ကြော်လေးနော်
စားချင်တဲ့ ကာကာလေးတွေလဲ လောလောဆယ် ဗဟန်း, တာမွေ နဲ့ စမ်းချောင်းမြို့နယ်က ဆိုင်အချို့တွေမှာ ဝယ်ယူ နိုင်ပါတယ်
မိမိဆိုင်ပေါ် တင်ရောင်းချင်တဲ့ ဆိုင်များလဲ
09 773790516, 09 773790517 သို့ ဆက်သွယ် နိုင်ပါတယ်ရှင် 🤗
03/06/2023
Busy day ပေါ့ကွယ် 🤭😍
28/05/2023
ဆိုင်တွေ တစ်ဆိုင် တစ်ဆိုင်နဲ့ တိုးတိုးလာလို့ ပျော်ရွှင်နေတာ 😁😍
လောလောဆယ် ဗဟန်း, တာမွေ နဲ့ စမ်းချောင်း
မြို့နယ်က ဆိုင်အချို့တွေမှာ ဝယ်ယူ နိုင်ပါတယ်
မိမိဆိုင်ပေါ် တင်ရောင်းချင်တဲ့ ဆိုင်များလဲ
09 773790516, 09 773790517 သို့ ဆက်သွယ် နိုင်ပါတယ်ရှင် 🤗
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 05:30 |
| Tuesday | 10:00 - 05:00 |
| Wednesday | 10:00 - 05:00 |
| Thursday | 10:00 - 05:00 |
| Friday | 10:00 - 05:00 |
| Saturday | 10:00 - 00:00 |
| Sunday | 09:00 - 05:15 |