TIFFY
TIFFY ကိုအအေးမိခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများအတွက် အသုံးပြုနိုင်ပါသည်။
အများသိစေရန် အသိပေးခြင်း
Thai Nakorn Patana Co.Ltd မှ ထုတ်လုပ်သောဆေးဝါးများ အားလုံးအတွက် Han Ideal Trading Ltd ကနေ Authorized Distributor အဖြစ် တရားဝင်ဆေးဝါးများအား မြန်မာပြည်အတွင်း ဖြန့်ဖြူးရောင်းချနေဆဲ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Public notice
We inform you that Han Ideal Trading Ltd is still distributing and selling pharmaceutical product in Myanmar as an authorized distributor for all pharmaceutical products manufactured by Thai Nakorn Patana Co.Ltd.
14/11/2024
တုပ်ကွေးကာကွယ်ဆေးထိုးတာက တုပ်ကွေးကို 100% ကာကွယ်ပေးနိုင်လား..?
အအေးမိတုပ်ကွေးရာသီရောက်ပြီဆိုရင် Flu Vaccine (တုပ်ကွေးကာကွယ်ဆေး)တွေ ထိုးကြပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေးကို 100% ကာကွယ်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ genetics (မျိုးရိုး)၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ကာကွယ်ဆေးထိုးတဲ့အချိန်ကာလအပိုင်းအခြား၊ ကာကွယ်ဆေးအမျိုးအစားတွေ အပေါ်ကိုလိုက်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်ခံအား (Immune Response)က မတူညီကြပါဘူး။
တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေးမဖြစ်အောင်တော့ 100% မကာကွယ်နိုင်ပေမယ့်၊ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် အကယ်၍ တုပ်ကွေးဖြစ်ရင်တောင် ရောဂါလက္ခဏာများကို ဆိုးဆိုးရွားရွားမခံစားရခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
%?
10/10/2024
လူကြီးတွေရော Tiffyဆေးရည်ကို သောက်လို့ရလား❓️
Paracetamol ၊ Chlorpheniramine maleate နှင့် Phenylephrine တို့ ပါဝင်သော Tiffyကို အအေးမိလက္ခဏာတွေဖြစ်တဲ့ ဖျားနာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ နှာမွှန်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။
Tiffyဆေးရည်ကို ကလေးများသာမက လူကြီးများလည်းသောက်နိုင်ပါတယ်။ ဆေးလုံးများမသောက်နိုင်သော၊ ဆေးလုံးမြိုချရန်ခက်ခဲသော အသက်အရွယ်ကြီးသူများလည်း သောက်သုံးနိုင်ပါတယ်။
လူကြီးများအနေဖြင့် Tiffyဆေးရည်ကို တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ၄-၆နာရီခြားပြီး လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
12/09/2024
Tiffy ရင်လူးဆေးကို ဘယ်လိုသိမ်းရမလဲ?
Tiffy ရင်လူးဆေးမှာ Menthol, Camphor, Eucalyptus Oil ပါတဲ့အတွက် အအေးမိရောဂါလက္ခဏာတွေအတွက် ကျောဘက်၊ ရင်ဘတ် တို့မှာ လိမ်းလို့ရသလို ရှူဆေးအနေနဲ့လည်းသုံးလို့ရပါတယ်။ ဆေးဘူးကို ပိတ်တဲ့အခါ သေချာတင်းတင်းကျပ်ကျပ် ပိတ်ဖို့ လိုအပ်ပါတယ်။ ဆေးကို လိမ်းဆေးအဖြစ်သာ သုံးရတာဖြစ်သောကြောင့် ကလေးငယ်များနဲ့ ဝေးရာမှာ သိမ်းထားရပါမယ်။ ဆေးရည်ပျော်သွားတာမျိုး မဖြစ်စေဖို့အတွက် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာ၊ အပူချိန်၃၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ သိမ်းရပါမယ်။ အပူချိန်ပြင်းတဲ့နေရာမှာ သိမ်းတဲ့အခါ အရည်ပျော်တာမျိုး ဖြစ်တတ်တာကြောင့် အသုံးပြုပြီးတဲ့အခါ စနစ်တကျ သေချာ သိမ်းဆည်းဖို့လိုအပ်ပါတယ်။
Category
Contact the practice
Website
Address
Yangon
Alerts
Be the first to know and let us send you an email when TIFFY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.