STRA

STRA

Share

just sharing

20/04/2024

Pirates of the Caribbean ကို ပထမဆုံးကြည့်ဖူးတော့ Death man's chest။ မြန်မာစာတန်းမပါဘူး။ နာဂစ်လည်းမဖြစ်သေးဘူး။ Main character တွေဆို ကြမ်းနေမှ ကြိုက်တဲ့အချိန်မှာ Jack ကိုလည်း ပေါတောတော အသုံးမကျတဲ့ကောင်အနေနဲ့ တော်တော်လေးအကြိုက်မတွေ့ခဲ့ဘူး။ ဇာတ်လမ်းကြီးကိုလည်း ညစ်ပတ်တယ် မသတီစရာကြီးလို့ထင်ခဲ့တာလည်းပါတယ်။

နောက်တစ်ခေါက်ပြန်တွေ့တော့ ချောင်ယွမ်ဖတ်ကားတွေ စုစည်းထားတဲ့ DVD မှာ။ ထင်ပါတယ် 2011 ဝန်းကျင်လို့။ ရုပ်ပုံကတော့ ရင်းနှီးပြီးသား မကောင်းဘူးလို့ ထင်ခဲ့တော့ နဂိုခံပြီး မကြိုက်ဘူးဆိုပါတော့။ ပြန်ကြည့်မိတဲ့အချိန်ကျတော့ မြန်မာစာတန်းလေးလိုက်ဖတ်လို့ပေါ့။ အဲ့မှာ ဆန်းတာကိုတွေ့ရတယ်။ အချိန်ကြာလာပြီး အရသာအသစ်တွေရှာဖွေနေတဲ့အချိန်နဲ့တိုက်ဆိုင်တာလားပဲ။ အမြဲတမ်း သစ္စာဖောက်နေတာတွေ။ ထေ့လုံးတွေ။ ရွဲ့လုံးတွေ။ ထူးဆန်းတာတစ်ခုကတော့ လူတွေ ညစ်ပတ်တာတွေ၊ ရွံစရာကြီးဆိုတဲ့အတွေးတွေ မရှိတော့ပဲ။ စောက်ရမ်းကောင်းလှပါလားဆိုပြီး နှစ်သက်ခဲ့တယ်ပေါ့။ အကောင်းတွေကို သူများနောက်ကျပြီးမှ ကြိုက်ခွင့်ရူးခွင့်ရတာတွေအတွက် မကျေမနပ် သိမ်ငယ်ဖူးတဲ့အချိန်တွေရှိဖူးပါတယ်။ ကြာလာတော့ မရှိတော့ပါဘူး။ Caribbean ပင်လယ်ရေလိုပဲဆိုတဲ့ အတွေးပဲရှိပါတော့တယ်။ အခု အဓိက ဆိုလိုချင်တာကတော့...

အခုချိန်ထိ အလိုချင်ဆုံးဖြစ်တဲ့ ပစ္စည်းလေးတစ်ခုအကြောင်းပါ။ power rangers Morpherတွေ၊ Harry Potter ထဲက မှော်ကြိမ်တံ၊ Wolverine ရဲ့ လက်သည်းနဲ့ healing power, စသဖြင့် ပိုင်ဆိုင်ရင်ဆိုတဲ့အတွေးတွေ စိတ်ကူးတွေအများကြီးထဲမှာမှ 2018 နောက်ပိုင်း ဒီတစ်ခုကိုပဲအလိုချင်ဆုံးဆိုတဲ့ အစွဲ‌စိတ်ကူးယဉ်လေးတစ်ခု စွဲကပ်ခဲ့တယ်။

Compass
သူ့သဘောသဘာဝက ကိုင်ဆောင်တဲ့သူရဲ့ အလိုချင်ဆုံးဖြစ်နေတဲ့အရာရှိတဲ့ ဘက်ကို အမြဲတမ်းညွှန်ပြနေမယ့် သစ္စာတရားလေး။ ဒါပဲ။ ဒါအကုန်ပဲ။ ခွန်အားတွေမပေးဘူး၊ အစွမ်းသတ္တိတွေလည်းမပေးဘူး။ ချမ်းသာမှုလည်း မပေးဘူး။ သူပေးတာက တစ်ခုတည်း။ လမ်းပြပေးမှာ။

အချိန်တစ်ခုကိုဖြတ်သန်းပြီး ရှင်သန်လာတဲ့နောက် ဟိုဟာနောက်လိုက်လိုက် ဒီဟာနောက်လိုက်လိုက်နဲ့ အချိန်တွေကိုသာ အလေးချိန်လို့ရရင် တန်နဲ့ချီတဲ့အချိန်တွေကို ဖြုန်းတီးခဲ့မိတယ်။ ဖြုန်းတီးနေတုန်းပဲ။ ဆက်လည်း ဖြုန်းတီးနေမိဦးမယ်ထင်တယ်။ အဲ့အချိန်တွေနဲ အခုအချိန်မှာ မြှားလေးတစ်ချောင်းက မင်းဒါကို စောက်ရမ်းလိုချင်နေတယ်ဆိုပြီး ပြမယ်ဆိုရင် အဲ့ဒါ ရှင်သန်နေရတဲ့ အဓိပ္ပါယ်ပဲ။ အဲ့ညွှန်ပြတဲ့နေရာကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာ ကိုပဲ ထပ်စဉ်းစားဖို့လိုတယ်။

POTC မှာ အားလုံးက သူတို့လိုချင်တာကိုသိကြပြီး အဲ့အနောက်ကို ရူးရူးမူးမူးလိုက်ကြတယ်။ ထူးဆန်းစွာနဲ့ပဲ Captain Jack ကတော့ အမြဲတမ်း Compass လေးလိုအပ်နေတက်တယ်။ Black Pearl နဲ့ အကြိမ်ကြိမ်မထိုက်တန်ကြောင်း အမျိုးမျိုးသက်သေတွေပြတယ်။ အံ့ဩစရာကောင်းအောင်ပဲ Black Pearl လေးရတော့ Jack ဆိုတာကို နောက်ထပ်မြင်ရဖို့မသေချာတော့ဘူး။

crew တွေလိုမျိုး ရှင်သန်ဖို့တော့ ပျင်းစရာကောင်းသလိုခံစားရတယ်။ ကိုယ်တိုင် ပဲ့ကိုင်မယ်ဆိုတော့လည်း ဘယ်ကိုသွားချင်တယ်ဆိုတာမသိဘူး။ သွားမယ့်နေရာတောင်မသိတော့ ပြီးကော။

20/01/2024

ကျွန်တော်တို့ ရုပ်ရှင်ကြည့်ဖြစ်ကြတယ်။ ကြိုက်လည်းကြိုက်တက်ကြတယ်။ လူတွေအချိန်တွေနည်းလာကြပေမယ့် ဇာတ်လမ်းတွဲတွေလည်း အောင်မြင်ကြတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့တွေ ရုပ်ရှင်တွေကြည့်နေကြတာ.. ကျွန်တော်လည်းရုပ်ရှင်တွေကြိုက်တာလည်းပါမှာပေ့ါ။ ကျွန်တော်တို့ကို လက်ရှိဘဝကနေ အခြားဘဝတစ်ခုကို ဆွဲငင်သွားနိုင်တဲ့ မှော်ပညာတစ်ခုလည်းဖြစ်တာမို့။
ဒါပေမယ့် ကျွန်တော်တို့တွေ ရုပ်ရှင်ဘယ်လိုကြည့်ဖြစ်ကြလဲ။ Box office လား။ ကြိုက်တဲ့မင်းသားကြောင့်လား။ သူများတွေကကောင်းတယ်ပြောလို့လား။ ကိုယ် ကြိုက်တဲ့ အမျိုးအစားမို့လား။ ကြည့်လက်စ ရှေ့ကားတွေကြိုက်ပြီး Prequal ထွက်လာလို့လား။ နဲနဲ စတားကြည့်မယ်။ ဒါရိုက်တာကြိုက်လို့လား။ ဒါတွေက မကြည့်ခင်တွေပါ တကယ်တမ်းကတော့ ရုပ်ရှင်ကိုမကြည့်ခင်ကြိုက်လို့မရပါဘူး။ ကြိုပြီး မျှော်လင့်လို့ပဲရပါတယ်။
ဒီစာမှာတော့ ကျွန်တော်တို့ရုပ်ရှင်ဘယ်လိုကြည့်သင့်လဲဆိုတာနဲ့ ကျွန်တော်ကြည့်တဲ့ပုံစံနဲ့ ပေါင်းစပ်ပြီး ပြောပြဖို့ရှိပါတယ်။

1.Plot
Storyline ရဲ့ ရှပ်ထွေးနက်နဲမှုတွေကို လေ့လာတာပါ။ ကျွန်တော်တို့တွေစိတ်ကလည်း အံ့ဩဖို့ကောင်းတာမို့ပါ။ နောက်မှာ ဆက်ပြောမယ့် ကင်မရာရှုထောင့်တွေ အလင်းအမှောင် အရောင်တွေထက် ပိုပြီး စိတ်ဝင်စားကြတာမို့ပါ။ အဲ့ဒါတွေကို ဥပေက္ခာပြုပြီး ဇာတ်လမ်းကောင်းမကောင်းကို ရင်ဘတ်ချင်းချိတ်ဆက်ကြလို့ပါ။ ပြီးတော့ ကျွန်တော်တို့ရုပ်ရှင်တွေကို မှတ်မိတဲ့အခါ အများဆုံးမှတ်မိတာက ဘယ်သူတွေဘာကြောင့် ဘာလုပ်လိုက်တယ်ဆိုတဲ့ ဇာတ်လမ်းကို မှတ်မိကြတာပါ။

2.Character
ဇာတ်လမ်းတွေမှာ ဇာတ်ကောင်အနည်းဆုံးတစ်ခု ပါဝင်ပက်သက်နေပါတယ်။ ဇာတ်ကောင်တွေရဲ့ အတိမ်အနက်၊ တိုးတက်လာမှု ဆုတ်ယုတ်လာမှု ဘယ်လိုပုံဖော်ထားလဲ၊ ဆိုတာ ဇာတ်လမ်းကို အများကြီး ပံ့ပိုးတာမို့ ဇာတ်ကောင်တွေ နဲ့ ဇာတ်လမ်းကတော့ ပထမဦးစားပေးပြီး သတိထားကြည့်ရတဲ့ ရုပ်ရှင်ကြည့်နည်းပါပဲ။ ကျတော်ကတော့ Plot ထက် Character တွေကိုဦးစားပေးကြည့်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက်ဆုံးဒါရိုက်တာတစ်ဦးကြောင့်တော့ Character ထက် Plot တွေကို ပိုသတိထားမိပြီး ကြိုက်နှစ်သက်လာရပါတယ်။ ‌Plot တွေကြောင့်ပဲ Character တွေက ပိုပို တောက်ပလာတာကိုတွေ့ရတဲ့ ရုပ်ရှင်တွေကိုကြည့်ချင်ရင်တော့ သူ့ဇာတ်ကားတွေမှာ တွေ့ရပါလိမ့်မယ်။

3.Cinematography
အခုမှ ရုပ်ရှင်ဓါတ်ပုံပါ။ ကင်မရာရှုထောင့်တွေ၊ အလင်းအမှောင်တွေ နဲ့ အလုံးစုံသော ပိတ်ကားပေါ်က အလှတရားတွေနဲ့ Character နဲ့ Plot တွေကိုပံ့ပိုးတဲ့အရာပါ။ ကင်မရာထားတဲ့နေရာက ခံစားသူကို ခံစားစေချင်တဲ့နေရာဖြစ်ပါတယ်။ ဒါကိုသတိရပါ။ ကင်မရာထဲမှာ လူပြည့်ပေါ်အောင်ရိုက်ပြရုံကတော့ အားလုံးလက်ထဲ ဖုန်းတွေရှိကြပါတယ်။ ကင်မရာထဲမှာ သူ့ကို ဒီနေရာမှာမှ ထားချင်တာက ဒီလိုခံစားချက်မျိုးပေးချင်လို့ဆိုတာကို သာမာန်အဆင့်ရှိတဲ့ ရုပ်ရှင်တွေ ပိတ်ကားပေါ်ရောက်လာရင် သတိလေးကပ်ထားတာက ရုပ်ရှင်ကိုခံစားဖို့ အများကြီး ကူညီပေးပါလိမ့်မယ်။

4.ရည်ရွယ်ချက်
ဒါကတော့ ဇာတ်လမ်းကဘာလုပ်နေလဲ၊ ဇာတ်ကောင်တွေကဘာလုပ်နေလဲဆိုတာကို လိုက်ကြည့်ရင်းနဲ့ ရုပ်ရှင်တဲ့ လေးပုံတစ်ပုံကြည့်ပြီးရင် များသောအားဖြင့် သိမြင်ရလေ့ရှိပါတယ်။ Blackmail လို လိုတာထက်ပိုပြီး plot ကြမ်းတဲ့ကားမျိုးတောင် တစ်ဝက်လောက်ဆို ရည်ရွယ်ချက်ပေါ်ပါတယ်။ ရည်ရွယ်ချက်ပဲနော် ဇာတ်သိမ်းပြောတာမဟုတ်ဘူး။ ပညာပေးနဲ့ ဖျော်ဖြေရေး နှစ်ခုကို အဓိကအသားပေးတဲ့ India တောင်ပိုင်းကားတွေမှာ plot တွေကို စိတ်ရှိလက်ရှိ တင်ဆက်ဖို့ character တွေကို အားရပါးရ ကြမ်းပြလေ့ရှိတာကိုတွေ့ရမှာပါ။ ဒါကလည်း ကိုယ်ပိုင်ဟန်တစ်ခုမို့ အခုခေတ်လို တင်ဆက်မှုတွေအဆမတန် တိုးတက်အားကောင်းလာတဲ့အချိန်မှာ တော်လှတက်လှပါတယ်ဆိုတဲ့ကောင်တွေကတောင် ဆရာပြန်တင်ရတဲ့အဆင့်ဖြစ်နေပါပြီ။

5.သရုပ်ဆောင်
ဒါကတော့ Plot နဲ့ Character တွေကို ထမ်းပိုးသယ်ဆောင်ရင်း မိနစ်တွေတိုးချဲ့သွားမယ့် ပညာရှင်တွေ‌ပါ။ ခံစားမယ့်သူတွေနဲ့ တိုက်ရိုက်ထိတွေ့မယ့်သူတွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ အမူအရာနဲ့ စကားလုံး၊ သူတို့ဖော်ပြချင်တဲ့ အဓိပ္ပါယ်တွေက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာစိတ်ကူးထဲက အရာတွေနဲ့ ဘယ်လောက်ထပ်တူကျ‌လဲဆိုတာ ရုပ်ရှင်ရဲ့ အောင်မြင်မှုပါပဲ။

6.အသံနဲ့တေးသွား
ကျွန်တော်အနှစ်သက်ရဆုံးသောနေရာတစ်ခုပါပဲ။ ကျွန်တော်တို့မှာ အသံတိတ်ဆိုတဲ့ကာလကို ဖြတ်သန်းခဲ့ဖူးကြပါတယ်။ ဒါဟာ ရုပ်ရှင်ကြည့်ရင် အသံမကြားရဘူးလို့မဆိုလိုပါဘူး။ ကမ္ဘာဦးအနုပညာဟာ ပန်းချီဆိုတာကိုလည်း ကျွန်‌တော့်တစ်ဦးတည်းအမြင်အရလက်မခံပါဘူး။ ကမ္ဘာဦးအနုပညာဟာ အသံတွေဖြစ်တယ်လို့သတ်မှတ်ချင်ပါတယ်။ ရုပ်ရှင်မှာလည်း အသံတိတ်ဆိုတာ ရုပ်ရှင်ပြရင် ဘေးမှာတူရိယာတွေတီးမှုတ်နေတဲ့ တီးဝိုင်းတွေရှိကြပါတယ်။ အသံဆိုတာမပါရင် ထမင်းကို ရေမထည့်ပဲချက်ထားသလိုဖြစ်နေနိုင်ပါတယ်။ တိုးတက်လာတဲ့ ရုပ်ရှင်မှာ နောက်ခံတေးသွားအပြင် ဇာတ်ကွက်တစ်ခုရဲ့ လှုပ်ရှားမှုတိုင်းကို ကိုယ်စားပြုတဲ့ အသံတိုင်းက ရုပ်ရှင်ကိုခံစားဖို့အများကြီး ပံ့ပိုးမှာပါ။ မိတ်ဆွေမြင်ယောင်ကြည့်ပါ။ မြေချမယ့်အသုဘက ပွဲကျရယ်သံတွေကို...

7.တည်းဖြတ်ခြင်း
ဇာတ်လမ်းအရှိန်အဟုန် ကြီးထွားလာလေ လူတွေရဲ့ ခံစားချက်နဲ့မျှော်လင့်ချက်တွေ တိုးတက်မြန်ဆန်လာလေပါပဲ။ အဲ့အကူးအပြောင်းတွေကြားမှာ ချောမွေ့နေအောင် တစ်ခန်းပြီးတစ်ခန်းပြောင်းနေတိုင်း ပြောင်းနေတယ်လို့မထင်ရ‌အောင် ပြောင်းလဲပေးနေခြင်းပါပဲ။ လူတွေမြင်ချင်နေတဲ့အရာတွေကို သူတို့ကိုယ်တိုင်မသိကြပါဘူး အဲ့ သူတို့ကိုယ်တိုင်‌တောင်မသိတဲ့ မြင်ချင်နေတာတွေကို မြင်ချင်နေတဲ့အချိန်မှာ မြင်အောင်ချိန်သားကိုက်ပြီး မြင်‌အောင်ပြတဲ့ ဂါထာလေးတစ်ပုဒ်ကို တည်းဖြတ်ခြင်းလို့ပဲခေါ်မယ်ထင်ပါတယ်။ တစ်ခုခုဖြစ်သွားတိုင်း Plot မှာပါတဲ့ ဇာတ်ကောင်တိုင်းရဲ့ မျက်နှာတစ်ခုခြင်းလိုက်ပြနေတော့လည်း ကြည့်တဲ့သူတွေရဲ့ အချိန်တွေပေါရင်ပေါသလောက် ကောင်းပါတယ်။
နောက်ဆုံးကတော့ 8.အကြောင်းရာ နဲ့ 9.သက်‌ရောက်မှုပါ။ ဒါတွေကတော့ ကျွန်တော်ကြည့်ဖြစ်တာကော ကြည့်သင့်တာကောကို ကျွန်တော့အမြင်နဲ့တင်ပြဆွေးနွေးခြင်းဖြစ်ပါတယ်။
Animation character တွေရေးရင်း အပြောင်းအလဲလေးတစ်ခုအနေနဲ့ ပြောပြချင်တာလေး sharing လုပ်ဖြစ်တာလေးဖြစ်ပါတယ်ခင်ဗျားးးးးးး။

Photos from STRA's post 19/01/2024

ဒီတစ်ခါကျတော့ ကျွန်တော်တို့ အချက်အလက်တွေအကြောင်းပြောကြပါမယ်။ ရေးချင်တဲ့ သူကတော့ Megamind ပါ။ သူ့အကြောင်းကိုတစ်ခါမှတော့ မ‌တင်ရသေးပါဘူး။ ရေးထားတာလည်းမရှိသေးလို့ပါ။ သူ့အကြောင်း ‌ရေးမယ်ကြံလိုက်တာ 10 ရက်ကြာသွားတာလည်းပါတာပေါ့။ ဆို‌တော့ လူသိနည်းတဲ့ သူ့အကြောင်းတွေကို ကျွန်တော် ရှာဖွေထားသလောက်တင်ပြလိုက်ပါတယ်။

10/01/2024

Bob or Mr,Incredible
The Incredible ရဲ့ အဓိကဇာတ်ဆောင်တစ်ခုဖြစ်ပါတယ်။ Craig T. Nelson ရဲ့ နက်နက်နဲနဲ ဆွဲငင်တက်တဲ့ Gravitational အသံနဲ့ ပံ့ပိုးထားလို့ Bob ကတော့ powerful character ဖြစ်ပါတယ်။ The Incredible နှစ်ကားကြားက အချိန်ကွာခြားချက်က 2004 နဲ့ 2018 ဆိုတာကြီးက မနည်းများတာကိုတော့ သတိထားမိစရာဖြစ်ပါတယ်။ စသိတုန်းက ကျောင်မနေသေး ထပ်သိတော့ တက္ကသိုယ်ကျောင်းသားတောင် ဖြစ်ပြီး အချို့ဆို အိမ်ထောင်တွေဘာတွေကျ ကလေးတွေဘာတွေရတဲ့ထိ ကွာခြားပါတယ်။ ကျွန်တော်တို့ပေါက်စတုန်းက တော့ I man ဆိုပြီးပဲခေါ်ဖြစ်ကြပါတယ်။ ရင်ဘတ်က I ကို အစွဲပြုပြီးပဲသတ်မှတ်ကြတာပေါ့လေ။ Frozone အကြောင်းကိုတော့ ပြီးခဲ့တဲ့ အပတ်တုန်းကတင်ထားပါသေးတယ်။
စွမ်းအား - ဒါက‌တော့ပြောရခက်ခက်ပါပဲ၊ ဆိုလိုတာက Super strength ကတော့ သူ့ရဲ့စွမ်းအားမှန်း သိကြပေမယ့်၊ တကယ်တမ်းမှာ သူဘယ်လောက်အားကြီးလဲဆိုတာကို သေချာမသိရပါဘူး၊ လေ့ကျင့်ခန်းလုပ်တုန်းက မီးရထားစက်ခေါင်းနှစ်ခုကို အားကြိုးမာန်တက်ဆွဲနေရပေမယ့် တန်အများကြီးလေးတဲ့ Robot ကိုကျတော့ လက်တစ်ပစ်ပါပဲ။ ပြီးတော့ သူ့ Strength က ပုံမှန်မရှိပဲ လေ့ကျင့်ခန်းမလုပ်ရင် ကျဆင်းတက်တာမျိုးလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် လေ့ကျင့်သလောက်ပဲ အားရှိတာမျိုးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါကို‌ကျော်လွန်ပြီးလည်း ဖြစ်နေတက်ပါတယ်။ limitless လို့ပဲ သတ်မှတ်ထားရမယ့်ပုံပါ။ ဒါပေမယ့် Character ကို အထိအခိုက်မရှိစေပဲ ထိန်းသိမ်းထားနိုင်တာကတော့ ပဲ့ကိုင်တွေတော်ကြလို့ပဲထင်ပါတယ်။
အလုပ်အကိုင်- Bob Parr က အာမခံကုမ္ပဏီမှာ ညှိနှိုင်သူအနေနဲ့ ပုံမှန်အလုပ်လုပ်ပါသေးတယ်။ သူဘယ်လောက် တော်လဲဆိုတာကတော့ တွေ့ကြတဲ့အတိုင်းပါပဲ။ ကျွန်တော့်လို စိတ်နှလုံးသားနူးညံ့သူမို့ သိပ်သင့်တော်တဲ့အလုပ်မဟုတ်ခဲ့ပါဘူး။
စိတ်ရှုပ်ခံရခြင်း- ကျွန်တော်တို့နဲ့ထပ်တူတာကတော့ သူ့ရဲ့ SH လုပ်ချင်နေသေးတဲ့ အတ္တ၊ မိန်းမိန်းက ယွကျား အလုပ်တွေလုပ်တော့ ကလေးအလုပ်တွေလုပ်ရတာတွေ သင်္ချာတွက်ရတာတွေ အစုံပါပဲ၊ သူဗျာများနေတာတွေကို မိတ်ဆွေတို့လည်း မိသားစုစိတ်ဓါတ်ရှိတဲ့ အိမ်ထောင်ဦးစီးတွေဆိုရင် ကိုယ်ချင်းစာမိမှာပါ။ နောက်တစ်ခုက ဘယ်လောက်ပဲ ခွန်အားရှိပြီး စိတ်ထားပြည့်ဝတဲ့ ယောကျ်ားသားပဲဖြစ်ဖြစ်၊ အိမ်မှာ မိန်းမကရှေ့ရောက်နေတဲ့အခါ J ဝင်တက်တာကို Bob ဆီမှာတွေ့ရပြီး မိန်းမတွေကလည်း ယောကျာ်းတွေလို လုပ်နိုင်ပါတယ်ဆိုတာကို သံသယအဝင်ခံရတဲ့အခါ ဒေါသူပုန်ထတက်တာကိုမြင်တွေ့ရတက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်‌ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကပိုပြီးအဓိကကျတက်တာကိုတော့ ကျွန်တော့အမြင်အရ ထည့်ပြောလိုပါတယ်။ ကြီးမားတဲ့လုပ်ပိုင်ခွင့်တွေကြောင့် ကြီးမားတဲ့တာဝန်တွေကို ထမ်းရွက်ရတဲ့ သဘောလို့တောင် ကြီးကြီးကျယ်ကျယ် သူများစကားငှားသုံးပါရစေ။
မိသားစု- စောနကရေးတာတွေက ဒီထဲ‌တောင်ထည့်ရေးမလိုပါပဲ။ ဆိုပေသည့် Bob က သူ့ရဲ့ SH အလုပ်တွေအပြင် Violet,Dash နဲ့ Jack Jack တို့ကြားဆက်ဆံ‌ရေးကတော့ ကြည့်ရတာပျော်စရာကောင်းပါတယ်။ ယောကျ်ားတို့ရဲ့ တစ်ဖက်ခြမ်းက မရင့်ကျက်မှု အမှန်တရားတွေကို ဟာသဆန်ဆန်တွေ့ရလို့ပါ။
လူသိနည်းတာက Bob ဟာ အိုလံပစ်မှာ ဝင်ပြိုင်ဖူးပါတယ်။
Incredibles 2 မှာ သူ့ရဲ့ အိုမင်းလာမှုကိုစတင်ရင်ဆိုင်နေရပြီးဖြစ်ပါတယ်။ ယခင်ကလောက် ခံနိုင်ရည်မရှိတော့တာကို တွေ့ရပြီး လူသားတစ်ယောက်ဆိုတာကို စတင်မိတ်ဆက်နေပြီဖြစ်ပါတယ်။
The Incredible ကိုကြည့်လိုက်ရင် Superman လိုမျိူး mindset နဲ့ Family တစ်ခုလုံးကိုကြည့်ရင် F4 ကိုသတိတရ ရှိနေတက်ပါတယ်။ မိတ်ဆွေတို့ဘယ်လိုထင်လဲ‌တော့ မသိရပါဘူး။ Cmt မှာ ဝင်ရောက် ဆွေးနွေးသွားလို့ရပါတယ်။

08/01/2024

Toothless က How to Train the Dragon Franchise ထဲက လူကြိုက်များတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။ ကျွန်တော့် အမြင်အရကော အားလုံးလည်းအဲ့လိုမြင်ကြမယ်လို့တော့ထင်ပါတယ်။ ပထမဆုံးကြည့်တုန်းက Cinema ခိုးရိုက် Version ကို CD နဲ့ကြည့်ရတာပါ။ မှတ်မိပါသေးတယ်။ ကြည့်တုန်းကကျွန်တော်နဲ့အတူ ညီငယ်တစ်ယောက်နဲ့ကြည့် ရတာကို။ Toothless ရဲ့ လှုပ်ရှားမှုတွေ မျက်နှာအမူအရာတွေက ရိုးရှင်းလှပခဲ့ပြီး နောက်ပိုင်းမှသိရတာကတော့ သူ့ရဲ့လှုပ်ရှားမှုပုံစံတွေက ကြောင်တွေရဲ့ လှုပ်ရှားမှုတွေကို Inspire လုပ်ထားတာကို။ ဘာပဲဖြစ်ဖြစ် Night Fury ကတော့ အဲ့ Franchise ကိုရောက်ချင်သူတိုင်း ပိုင်ဆိုင်ချင်ကြတဲ့ နဂါးမျိုးစိတ်ဖြစ်မယ်ဆိုတာက‌တော့ ငြင်းရက်စရာ မရှိပါဘူး။ ဇာတ်‌ဆောင် Hiccup Horrendous Haddock နဲ့ သူ့ရဲ့ သူငယ်ချင်းတွေရဲ့ သစ္စာရှိတဲ့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
Toothless ကို ပေါ့ပါးပြီး လျှို့ဝှက်တက်တဲ့ ပုံစံလေးနဲ့တွဲမြင်တက်ကြပါတယ်။ မဲပြောင်တဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားပြီး စိမ်းလန်းတဲ့ မျက်လုံးအစုံ လေးနဲ့ နားမလည်တဲ့အရာလေးတွေဆိုရင် ခေါင်လေးစောင်းစောင်းပြီး အကဲခတ်နေပုံလေးတွေကြောင့် အချစ်ပိုကြတယ်ထင်ပါတယ်။ နောက်ဆုံးမှ အပြာရောင်မီးတွေ ပစ်လွှတ်တက်တာကို အမှတ်တရရှိကြမယ်ထင်ပါ တယ်။ အဲ့စွမ်းရည်ကပဲ သူ့ကို တိုက်ပွဲတွေမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ Game changer ဖြစ်စေတာပါ။
အဲ့အသွင်အပြင်တွေကြားထဲကတောင်မှပဲ သူ့နဲ့ Hiccup တို့ကြား နူးညံ့သိမ်မွေ့ပြီး ရိုးသားပျော်ရွှင်တက်တာလေးကို လည်းပိုင်ဆိုင်ထားပါတယ်။ သူနဲ့ Hiccup တို့ကြား နက်ရှိုင်းတဲ့ သံယောဇဥ်ကို ဖော်ကျူးထားပြီး အဲ့သံယောဇဥ်ကပဲ How to Train the Dragon Franchise ကြီးတစ်ခုလုံးကို မောင်းနှင်နေတာဖြစ်ပါတယ်။ Hiccup ရဲ့ နဂါးတွေအပေါ် သူ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ မလိုမုန်းထားမှုတွေကို ကျော်လွန်ပြီး Toothless နဲ့သူ့ရဲ့ ရင်းနှီးမှုကနေ သဘာဝ အစစ်အမှန်ကို ဖော်ထုတ်ပေါင်းစပ်စေတဲ့ ဇာတ်နဲ့ Franchise ကိုစတင်ခဲ့တာပါ။
စူးစမ်းလိုစိတ်နဲ့ ပျော်ရွှင်မှု သစ္စာရှိမှုနဲ့ အကာအကွယ်ပေးလိုမှု ဒါတွေကို Toothless မှာ ခံစားနိုင်ပါတယ်။ သူ့အမူ အရာတွေနဲ့ လှုပ်ရှားမှုတွေက မိတ်ဆွေကို စကားတစ်ခွန်းမှ မပြောသည့်တိုင် သူ့ခံစားချက်တွေကို ထိထိမိမိဖော်ပြ နိုင်တာမို့ အသက်မရွယ်မ‌ရွေး နားလည်ပီတိခံစားရတာဖြစ်မယ်ထင်ပါတယ်။
Toothless ရဲ့ development ပိုင်းကလည်း အားရစရာကောင်းတယ်လို့တော့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက လျှို့ဝှက် ဆန်းကြယ်ပြီး အရိုင်းဆန်တဲ့ သတ္တဝါကနေစတင်ပြီး သူငယ်ချင်းကောင်း၊ သူငယ်ချင်းကောင်းကနေ လူသားနဲ့ နဂါးတွေကြာ ခိုင်မာတဲ့ နားလည်မှုတွေနဲ့ ကွာဟမှုတွေကို ‌ပေါင်းကူးပေးရာမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်၊ နောက်ဆုံး အတူယှဥ်တွဲ နေတိုင်ပြီး ပိုအားကောင်းတဲ့ အဖွဲအစည်းကိုလည်းဖြစ်စေခဲ့၊ ဒါတွေက Toothless နဲ့ Hiccup တို့ရဲ့ How to train the Dragon ပဲဖြစ်ပါတယ်။
သူပွဲထွက်လာတဲ့ 2010 မှာ အထင်ကရ ဇာတ်ကောင်ဖြစ်ခဲ့ပြီး Boneknapper Dragon ဇာတ်လမ်းတိုလည်း ထွက်လာတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ရိုးရှင်းလွန်းပြီး ခန့်မှန်းရလွယ်တဲ့ Plot တွေလို့ ဝေဖန်မှုတွေရှိပေမယ့် လူတွေကလည်း သူတို့နှစ်ယောက်ပေါင်းပြီး ဗီလိန်တွေကို အနိုင်ယူပြတာကိုပဲ ကြည့်ချင်ကြတာမို့ သိပ်တော့ ပြောရက်စရာမရှိခဲ့ပါဘူး။
ထင်ရှားတဲ့ ပုံစံ၊ စွဲမက်ဖွယ်ကောင်းတဲ့ ကိုယ်‌ရေကိုယ်သွေး၊ ခင်မင်ရင်းနှီးမှုနဲ့ ရင်ဘတ်ချင်းနီးတဲ့ အသံမဲ့ စကားလုံးတွေနဲ့ ထုံလွှမ်းထားလို့ Toothless က Animation Movie လောကမှာ မြတ်နိုးစရာကောင်းတဲ့ ဇာတ်ကောင်လေးအနေနဲ့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမှာပါ။
ခုဆို သားတွေသမီးတွေနဲ့တောင်ဖြစ်နေပါပြီး။ အစကတော့ နဂါးပျိုကြီးဖြစ်မယ်ထင်နေတာပါ။ ဖြစ်ချင်တော့ တစ်ကောင်းတည်းတွေ့တဲ့ အဖြူလေးနဲ့ချစ်ပွဲဝင်လိုက်ပါပြီ။ သူကတော့ ဖြစ်နိုင်ပေမယ့် မိတ်ဆွေကတော့ စိတ်ကူးယဥ်မနေပါနဲ့........

07/01/2024

Kreela
Kreela ကို ရဲ့ရင့်တဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပုရွက်ဆိတ်အနေနဲ့ ပုံဖော်ထားတယ်။ စိန်ခေါ်မှုတွေ အတားအဆီး တွေနဲ့ ရင်ဆိုင်တွေ့နေရပေမယ့် သူမရဲ့ပန်းတိုင်ကို ဘယ်တော့မှ အလျော့မပေးတက်ပဲ ဘယ်အခက်အခဲပဲဖြစ်ဖြစ် ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားတက်တယ်။ ရိုးရှင်းတဲ့ Character လို့ပဲအကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။
Kreela က သူများတွေအပေါ်စာနာမှုနဲ့ သနားကြင်နာတက်တဲ့ပုံစံရှိပြီး အဲ့ဒါတွေအတွက် နက်နက်နဲနဲခံစားတက်တာကို တွေ့ရပါတယ်။ သူမဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ ကောင်းရာကောင်းကြောင်းကို စိတ်ရင်းနဲ့ဂရုစိုက်တက်ပြီး သူတို့ကိုကူညီဖို့ ဘာမဆိုလုပ်နိုင်တဲ့သူပါ။ Animation ရုပ်ရှင်တွေက အားလုံးနီးပါး Happy Ending များပါတယ်။ ပြီးတော့ လူတိုင်းလက်ခံနိုင်စရာ အတွေးအမြင်တွေကို ပေးတက်ပါတယ်။ ကျွန်တော်တို့ဘဝမှာ တစ်ခါတော့ ကြုံကိုကြုံမယ့် ပြဿနာတွေကို ရင်ဆိုင်ပုံ ထားရမယ့် စိတ်နေစိတ်ထားတွေကို သူတို့က ကမ္ဘာတစ်ခုကနေ ဘာသာစကားတစ်ခုနဲ့ ပြောပြနေတာပါ။ Character တွေကို သေချာကြည့်ကြည့်ပါ။ မိတ်ဆွေရဲ့ စိတ်ကူးထဲက သူတစ်ယောက်နဲ့ တူကိုတူနေမှာပါ။ ဒီဇာတ်ကောင်တွေက လူတစ်ယောက်ချင်းစီထက် အဲ့လူတစ်ယောက်ရဲ့အတွင်းထဲက ခံစားချက်တွေအများကြီးနဲ့လူတစ်ယောက်ချင်းစီကို ကိုယ်စားပြုနေတာကိုတွေ့ရမှာပါ။ Kreela ရဲ့ ကြင်နာမှု နားလည်မှု အပြုအမူတွေက ကျွန်တော်တို့ မိတ်ဆွေတို့ရဲ့ ဘဝမှာ လျစ်လျူရှုထားတဲ့ ခြားနားချက်တွေကို သတိရစေမှာပါ။
နောက်တစ်ခုကတော့ သူ့မရဲ့ ရှက်ရွံ့တက်ပြီး မသေချာမှုတွေမှာ မလုံခြုံတက်တဲ့ စရိုက်နဲ့စတင်ထားပေမယ့် သူ့ရဲ့ အတွင်းစိတ်ကိုတွေ့ရှိခဲ့ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ဖို့သင်ယူနိုင်ခဲ့တာမို့ ကျွန်တော့်ကိုတော့ သတိပေးနိုင်ခဲ့ပါတယ်။ မိတ်ဆွေကိုလည်းသတိပေးနိုင်မှာပါ။ မိတ်ဆွေ ဒါကိုလုပ်ပါ။ ရဲရဲကြီးကိုလုပ်လိုက်စမ်းပါ။ ဆိုတာမျိုးပေါ့။
အသိနည်းကြတာကတော့ ပုရွက်ဆိတ်ပန်းချီဆရာမလေးဖြစ်တာကိုပါပဲ။ လျှို့ဝှက်တဲ့ ဝါသနာဆိုပါတော့။ သူ့ဇာတ်ကောင်မှာ ခုလိုဝါသနာထည့်ပေးထားတာဟာ ရိုးရှင်းတဲ့ကိစ္စလို့ပဲ ကျွန်တော်ထင်ပါတယ်။

06/01/2024

လွန်ခဲ့သောဆယ်စုနှစ်တစ်ခု မရှိတရှိ၊ ကျွန်တော်ကတော့ကြီးကောင်ဖြစ်ပြီ။ နှမငယ်က ကလေးဘဝ ကာတွန်းကားတွေကြည့်ရင် သူသဘောကျတာတွေက အစောပိုင်း စင်ဒရဲလား တော်တော်ကြည့်တယ်။ သူကြည့်လို့ပဲ ကျတော်နောက်ပိုင်း သိရတာက အန်နာစတေးရှားအကြောင်းပေါ့။ တကူးတကမဟုတ်ပေမယ့် လိုက်ကြည့်မိရင်း ကြည့်ဖြစ်သွားတာပေါ့လေ၊ ကာတွန်းကားတွေမှာတော့ ကျတော်လည်းငယ်ငယ်က update ကိုကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် ကြောင်နဲ့ကြွက်ကိုလည်း ကောင်းကောင်းမကြိုက်ခဲ့သလို၊ မစ်ကီမောက်စ်ကိုလည်း သဘောမကျခဲ့ပါဘူး။ ဒါပေမယ့် ကာတွန်းရုပ်ရှင်တွေ နောက်မှသိရတဲ့ Stop motion တွေကိုတော့ အဲ့လို စတိုင်တွေ့ရင်သဘောကျပါတယ်။ သူကတော့ သူငယ်ငယ်ကကြည့်ဖူးတဲ့ Disney princess ‌လေးတွေလိုလှတဲ့ မိန်းမငယ်လေးဖြစ်လာပါတယ်။ ကျွန်တော်ကတော့ Power Ranger ဖြစ်မလာခဲ့ပါဘူး။ နောက်ပိုင်း သူအမြဲတမ်းကြည့်တဲ့ ဇာတ်ကားလေးတစ်ကားကို သေချာမှတ်မိနေပါတယ်။ မှတ်မိနေတာကတော့ ကျွန်တော်လည်းကြိုက်လို့ပါ။ ဇာတ်လမ်းပြကွက်တိုင်းကိုတောင်မှတ်မိနေပြီး သီချင်းတွေလည်းအလွတ်ရတဲ့ထိကို သူလည်းကြည့်တော့ ကျွန်တော်လည်းကြည့်ဖြစ်တော့တာပါ။ ရွှေရောင်ဆံပင်ရှည်ကြီးနဲ့ သီချင်းဆိုရင် အရောင်တွေ လင်းလက်လာပြီး အသံဝါဝါလွင်လွင်လေးတွေ၊ ကျွန်တော်တင်ထားခဲ့ပြီးတဲ့ Maximas ရဲ့ကြည့်ကောင်းပုံတွေ၊ Flynn ရဲ့ လူချစ်လူခင်ပေါများမှုတွေ၊ ပြောရင်တော့အများကြီးဆိုပါတော့။ Tangled က Frozen ထက်စောပြီး နှစ်သက်လွန်းခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျွန်တော်လည်း Flynn ဖြစ်ချင်ခဲ့ချိန်တွေရှိခဲ့ပါတယ်။ ဟဲ ဟဲ

Rapunzel ကတော့ တစ်ကမ္ဘာလုံးရှိတဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဆွဲငင်ဖမ်းစားနိုင်တယ်လို့ထင်ပါတယ်။ ထူးခြားတဲ့ ကျက်သရေရှိမှု၊ အခက်အခဲတွေအတွက် အကြမ်းပတမ်းခံနိုင်မှု၊ တစ်ပြိုင်နက်တည်းမှာပဲ နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှု တို့ ရောယှက်နေတာက သည်းမခံနိုင်လောက်အောင်ကို သဘောကျစရာကောင်းနေပါတယ်။
ဒုက္ခတွေကိုရင်ဆိုင်လာရရင် သူ့စိတ်အတွင်းက တောက်ပတဲ့ အလင်းတန်းကိုမြင်နေရသလို ရဲဝံ့စိတ်လေးတွေထွက် လာတက်ပါတယ်။ စိန်ခေါ်မှုတွေ ကြုံရပေမယ့် ဘယ်တော့မှအရှုံးမပေးပဲ သူ့လမ်းကြောင်းပေါ်က အတားအဆီးမှန်သမျှကို ကျော်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားတက်ပါတယ်။ သူ့ရဲ့ စွမ်းအားက သီချင်းဆိုလိုက်ရင် တောက်ပလာတဲ့ ဆံပင်ဆိုတာထက် အမှန်တကယ် စိတ်အားထက်သန်ပြီး ဇွဲလုံလနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းတွေလို့ပဲ ဆိုနိုင်ပါတယ်။
ပြီးတော့ ကိုယ်ချင်းစာတာပါ။ လူကြမ်းကြီးတွေကိုလည်း နားလည်ပြီး နူးညံ့စေခဲ့သလို၊ Maximus ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်၊ သူ့ရဲ့ နားလည်ကိုယ်ချင်းစာမှုကတော့ Disney လို့ကို မပြောရလောက်အောင်ပြည့်စုံပါတယ်။
ခိုင်မြဲတဲ့အကောင်းမြင်ဝါဒကိုလည်းထည့်ပြောရပါမယ်။ သူ့ရဲ့ အဲ့စိတ်လေးက သူ့ကိုကြည့်လိုက်ရင် သူ့ဆီကနေ ကူးစက်ခံရတက်တာကို ခံစားရပါလိမ့်မယ်။ ဘယ်လိုအခြေအနေတွေ ဘယ်လောက်ပဲဆိုးရွားနေပါစေ၊ သူ့ရဲ့ မီးပုံးပျံလေးတွေလို သူ့ရဲ့မျှော်လင့်ချက်အလင်းတန်းကိုပဲ အမြဲရှာဖွေနေတက်ပြီး တခြားသူကိုလည်း အဲ့လိုပဲလုပ်ဖို့ အားပေးပါတယ်။ ဘဝနဲ့ပက်သက်တဲ့ အပြုသဘောဆောင်တဲ့ အမြင်တွေက အခိုက်အတန့်တိုင်းမှာရှိတဲ့ အလှတရား တွေကိုတန်ဖိုးထားတက်ဖို့ သင်ပေးပါတယ်။

ဒါကတော့ တော်တော်များများအသိနည်းတဲ့ အချက်အလက်တွေပါ။ ကျွန်တော်တို့ ဒါတွေကို စိတ်ဝင်စားပြီး သိခဲ့ရချိန်တုန်းက တော်တော်လေးကို ခက်ခဲခဲ့ပြီး သိရတဲ့အချိန်မှာလည်း အဲ့ အချက်အလက်လေးတွေအပေါ် ပြန်ပြန်တွေးတိုင်း ကျေနပ်မိ ပြုံးမိခဲ့ရပါတယ်၊ အခုတော့ အလွယ်တကူ ရှာဖွေခံစားနိုင်ပါတယ်။
Frozen နဲ့ချိတ်ဆက်နေပါတယ်။ Flynn နဲ့ Rapunzel တို့ မင်္ဂလာဆောင်တော့ Anna နဲ့ Alesa တို့ မိဘတွေ ရေလမ်းကနေလာခဲ့ကြပါတယ်။ Frozen မှာတော့ မုန်တိုင်းမိတဲ့ပုံပြထားပြီး ပျောက်ဆုံးသွားတယ်လို့ပဲ ပြထားသေးပါတယ်။ နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မယ် မသိထားရသေးပါဘူး။
နောက်တစ်ခုကတော့ ပန်းချီဆွဲတာ သိပ်တော်တဲ့သူပါ။ movie မှာလည်း သူ့ ဝါသနာနဲ့ သူရေးဆွဲထားတာလေး တွေကို ပြထားတာရှိပေမယ့် အရမ်းကြီး‌တော်သလိုမျိုးပြထားတာတော့ မရှိပါဘူး။ အသံကောင်းတာကတော့ ပြောစရာတောင်မလိုတော့ပါဘူး။
နောက်ဆုံးတစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ လည်း အမျိူးမျိုးသော ထိမ်းသိမ်းမှုတွေကိုတွေ့ရမှာပါ။
စိတ်စွမ်းအား၊ ကရုဏာနဲ့ အကောင်းမြင်စိတ်တွေကြောင့် ရွှေ‌ရောင်ဆံနွယ်တွေမရှိရင်တောင် short cut လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့် နှလုံးသားလေးဖြစ်ပါကြောင်း............။

05/01/2024

Lucius Best ဆိုပါတော့။ The Incredibles မှာ တော်တော်များများက သူ့ကိုပိုပြီး နှစ်သက်ကြတာကို တွေ့ရတာကတော့ ထူးထူးခြားခြားပါပဲ။ သူကလည်း ခေသူမဟုတ်ပဲ Bob နဲ့ ဘယ်လောက်တောင်အတိုင်အဖောင်ညီပြီး အားကိုးရလဲဆိုတာ မြင်ခဲ့ကြပီးပါပြီ။ The Incredibles မှာ Frozene က ပေါက်စပြီးရင် အကြမ်းဆုံးတောင်ပြောရမလားပဲ။ Gတော့မခေါက်ရသေးပါ။

အဖြူ အပြာ နဲ့ မျက်လုံးကာလေးစွပ်ထားတဲ့ ခပ်ပိန်ပိန်ရှည်ရှည် ရေခဲတွေထုတ်စီးနေတဲ့ character ကတော့ သူ့ အမှတ်အသားလေးပဲလို့‌ပြောရမယ်။ Samuel တဖြစ်လဲ ကျတော်တို့ Nick Fury ကြီးရဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်မှုကိုမြင်ရခဲ့တာပါ။ သူမှန်းမသိခင်ကလည်း လိုက်ဖက်ပြီးသားပေမယ့်၊ ကျတော်ထင်နေသလို ထင်မယ့်သူတွေကိုလည်း appreciate ပါလို့ 😁😁။

Frozone က Bob ရဲ့ အားလည်းကိုးရပြီး ယုံကြည်စိတ်ချရတဲ့ ပြီးတော့ အရေးကြုံရင်လှည့်ကြည့်စရာမလိုပဲချန်ခဲ့လို့ရတဲ့ သစ္စာလည်းရှိတဲ့ မိတ်ဆွေကောင်းဖြစ်ပါတယ်။ ဖိအားမြင့်တဲ့ အနေအထားတွေမှာတောင် လုပ်သင့်တာကို Bob ထက်လုပ်တက်တာတွေ‌ တွေ့ရပါတယ်။

Power က ရေခဲတွေထုတ်လို့တာ‌ထက် ရှိတဲ့ရေကို ခဲအောင် စိတ်ကြိုက်ပုံသွင်းလို့ရတာလို့ အကြမ်းဖျဉ်းနားလည်ရပါတယ်။ ရေမရှိရင် အားနည်းတာကိုလည်း ပထမကားမှာတည်းကတွေ့ရပြီး ကျည်မပြီးနိုင်တာလားဆိုတာတော့ သေချာမသိရပါဘူး။

ကွဲအက်အက်ဟာသတေတွေနဲ့ အမြဲပေါ့ပါးနေတက်သူ။သူလည်း bro တို့လို့ပဲ မယက လေးပါ။

03/01/2024

တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်မြင်နေတာတွေကတောင် အစစ်အမှန်တွေ ဟုတ်ရဲ့လား။ မိတ်ဆွေဟာ ကိုယ့်ကိုကိုယ်ကော ဂရုစိုက်ပြီးရှာဖွေဖူးရဲ့လား။ လုပ်ငန်းခွင် ဘဝနဲ့ လူတွေကြားထဲကို ဒေါင်ကျကျပြားကျကျဖြတ်သန်းရတော့မှ ကျတော်တို့ဘာလဲ ဆိုတာ သိဖို့ ခြေလှမ်းစကြရတာများပြီး အဲ့ဒီအထိတောင် ကျတော်တို့လိမ်ညာခံနေရတုန်းပါပဲ။ သူများတွေဖြစ်စေချင်တဲ့ ကျတော်တို့ဖြစ်နေရတုန်းပေါ့။ ကိုဘာလဲတွေ့ဖို့ ကိုယ့်ဆီမှာပဲရှာဖွေရပါတယ်။

အဖြူရောင် superhero shepherd (သိုးထိန်းလား) အဲ့‌ခွေးလေးဆိုပါတော့။ power တွေနဲ့ လို့သူ့ကိုယ်သူ အထင်ရောက်ပြီး ပတ်ဝန်းကျင်ကလည်း ဒါကိုအသုံးချပြီး စီးပွားရှာနေလေတော့ ဒီလိုယုံကြည်နေတာကပဲ သူတို့အတွက်လည်းအကျိုးရှိနေပေမယ့် လူတစ်ယောက်က နောက်ထပ်သက်ရှ်ိတစ်ခုကို လုပ်သင့်တဲ့အလုပ်လို့တော့ ကျတော်မယူဆပါဘူး။ အဓိကအထူးခြားဆုံးကတော့ သူ့ရဲ့မျက်လုံးတွေပါ။ လူမျက်လုံးလို့ခံစားရလောက်တဲ့ထိ အားနည်းနေတာကနေ စိတ်အပြောင်းအလဲတိုင်းကို ပေါ်လွင်အောင် ဖန်တီးထားနိုင်ခဲ့တဲ့ Artist တွေအတွက်တော့ အကောင်းဆုံးအသိအမှတ်ပြုသင့်ပါတယ်။

TV show တစ်ခုရဲ့ ကိုယ့်ကိုကိုယ် Superpower တွေရှိတယ်လို့ ဇာတ်လမ်းအစမှာ ထင်နေတဲ့ သစ္စာရှိသက်ရှိလေးတစ်ခုအနေနဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုက သူ့ရဲ့ development နဲ့ ရှေ့ဆက်ဖို့ စီစဉ်ထားတာမို့ သူ့ရဲ့ Cdv ပိုင်းကလည်း Animationsတို့ ထုံးစံတိုင်း ခန့်မှန်းရလွယ်ပေမယ့် ပြောင်းလဲမှုတိုင်းကတော့ ရင်သပ်ရှူမောရပါတယ်။ သူငယ်ချင်းကောင်းတွေမရှိတဲ့ ဘဝကလည်း ဘယ်လောက်ထိကြောက်စရာကောင်းမလဲဆိုတာ မေးခွန်းထုတ်စရာတောင်မလိုပါဘူး။
ဇာတ်လမ်းတစ်ခုလုံးမှာ သူဟာ ဖန်သားပြင်ပေါ်ကဘဝနဲ့ သူဘာလဲဆိုတာလဲရဲ့ ခြားနားမှုကို ရှာဖွေဖို့သင်ယူခဲ့ပြီး ကျွန်တော်တို့ကိုပါ သင်ကြားပေးခဲ့သူပါ။ အခူ လက်ရှိ လူတိုင်းရဲ့ Visual world ကို စာမေးပွဲစစ်ထားတဲ့ ရုပ်ရှင်လို့တောင်ဆိုချင်ပါတယ်။ ဇာတ်လမ်းသွားအေးပါတယ်။ ဒါကြောင့်လည်း ထူးထူးခြားခြားကြီး ဝက်ဝက်မကွဲခဲ့ပေမယ့် အနုပညာအရတော့ အရေးမနိမ့်ခဲ့ပါဘူး။

Bolt က သူ့ကိုယ့်သူရှာဖို့ စိတ်အားထက်သန်မှုရှိပြီး ဇွဲလည်းရှိပါတယ်။ Penny အပေါ်သစ္စာရှိပြီး အဲ့ရပ်တည်ချက်အတွက် တစ်ဘဝလုံးမြှုပ်နှံခဲ့ပါတယ်။ သူယုံကြည်ထားတာတွေမှားတာကိုသိပြီး သူ့ကိုယ်သူရှာတွေ့လာချိန်မှာ သူ့ဘဝကြီးက ပိုပြီးရှုပ်ထွေးသထက် နက်ရှိုင်းလာတာကို တွေ့ရပါတယ်။ ဒါကိုသဘောအကျဆုံးပါ။ သူ့ရဲ့ intermission တွေက ကျတော်တို့ ဘဝတွေမှာလည်း အမြဲတမ်းတွေ့နေရတဲ့အရာတွေမို့ပါ။ အဲ့မှာ သဘောအကျသင့်ဆုံးကတော့ သူကသူများမျက်စိထဲ ရယ်စရာဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် သူယုံကြည်တာအတွက် ရိုးသားခြင်းပါ။ သူယုံတာမှားနေတာကိုသိတဲ့အချိန်မှာလည်း အဲ့အတွက်ရိုးသားခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျတော်တို့တွေ Bolt လိုရိုးသားသင့်ပါတယ်။ Bolt ကတော့ ရိုးသားဖို့ သတ္တိရှိခဲ့ပါတယ်။ မိတ်ဆွေကော.......

31/12/2023

IA6 မှာမပါတော့တဲ့ ကျတော်တို့ရဲ့ အချစ်တော်လေးပါ
IA ကြည့်ရင်သူ့ကိုမေ့နေတက်ပေမယ့် သူ့ကိုတွေ့ရင်တော့ IA ကိုတန်းမြင်တဲ့ထိ Theme icon ဖြစ်တဲ့ကောင်လေးပါ။

Acorn နဲ့ ပက်သက်ရင် ကမ္ဘာဖျက်စွမ်းကတော့ အထူးတလည်တောင်ပြောစရာမရှိတော့ပါဘူး။ အရင်ကတော့ entertainment ပေမယ့် အခုလို universe တွေအပြိုင်တည်ဆောက်ကြတဲ့ ခေတ်မှာတော့ သူ့ power က မနည်းမနောပါပဲ။

သူ့ရဲ့ Acorn လေးအပေါ် မြှုပ်နှံထားမှုက အတိုင်းထက်အလွန်ဖြစ်ပြီး ဆုံးဖြတ်ချက်ပြတ်သားမှူကလည်း အောချလောက်ပါတယ်။ ဒါလေးတွေအတွက် ပေးဆပ်မှူကတော့ သူ့အတွက်အဖြူထည်ပေမယ့် မမျှော်လင့်တဲ့ နောက်ဆက်တွဲတွေက ကမ္ဘာကြီးအတွက်တော့ အန္တရယ်များပါတယ်။

အကြိုက်ဆုံးတစ်ခုကတော့ ဆက်သွယ်ခြင်းပါ။ သူဘာလုပ်ချင်တယ် ဘာခံစားနေပြီး ဘာလုပ်တော့မယ်ဆိုတာကို ပြောနေစရာမလိုပဲ ဆက်သွယ်မိပြီး ခံစားရနေတာကိုပါ။ ဖြစ်တည်မှုတစ်ခုကို ခံစားမိတာပါ။ အဲ့ဖြစ်တည်မှုက ကိုသာဆိုရင်ထက်ကျော်လွန်တဲ့ အရာမျိုးဆိုပါတော့။ သူ့ဆီမှာအဲ့ဒါမျိုးတွေ့ရပါတယ်။ Minions လိုမျိုးချစ်ဖို့မကောင်းပေမယ့် သူ့သဘာဝနဲ့သူကတော့ အပိုလည်းမရှိအလိုလည်းမရှိပါဘူး။ IA ရဲ့ တိတ်ဆိတ်ပေမယ့် ဖော်ပြနိုင်စွမ်းအရှိ‌ဆုံးလို့တောင်ပြောလို့ရပါတယ်။

-သွားကြီးကြီး မျက်လုံးပြူးပြူး အမြှီးဖွာဖွာ အကောင်သေးသေး၊ အမြဲ motivated ဖြစ်နေတဲ့ကောင်ပါ။ ဆေးကွဲသလိုကို motivated ဖြစ်ပါတယ်။
-Acorn လေးကို အဆုံးစွန်စွဲလမ်းပြီး အချစ်တွေအားလုံးကို ပေးအပ်ထားတဲ့သူလေးပါ။ ကံကောင်းပါတယ်။ သူ့အချစ်တွေအတွက် ဘယ်တုန်းကမှ သစ္စာဖောက်မခံခဲ့ရပါဘူး။ သူကလည်း ဓါးတောင်လည်းကျော်ပြီး မီးပင်လယ်လည်းဖြတ်မယ့်သူပါ။
-ဘယ်လောက်အဆင်မပြေဖြစ်နေ မမှုပဲ လိုချင်တာအတွက် ရှေ့ဆက်ကြိုးစားတဲ့သူပါ။

Endearing, tenacious, comedic treasure

IA ရဲ့ကျက်သရေ

29/12/2023

အချစ်ဆုံးတစ်‌ယောက်ရဲ့အကြောင်း
လိ‌မ္မော်ရောင်မွှေးထူးကောင်ကြီးပါ။ ဝတာလည်းပြဲလို့ စားတာလည်းမဲလို့။ ကျတော်သိပ်ချစ်တဲ့ကောင်ကြီး။ Tabby လို့တော့ဖော်ပြထားပေမယ့် Garfield လို Tabby ကတော့ Garfield ပဲရှိမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျတော့ အသဲကြော် ပဲကြီးလှော် Garfield ဖြစ်ပါတယ်။

ပျင်းရိပြီး အေးဆေးနေတက်လွန်းပြီး တနင်္လာတွေ စိတ်ကုန်တက်တဲ့သူကြီးဖြစ်ပါတယ်။ သူစားစားနေတာတော့တွေ့ပါတယ် Lasagna ဆိုတာတော့ လိုက်ရှာရင်းမှတွေ့တာ။ Lasagna လည်းရှယ်ကြိုက်ပါတယ်။ ကိုယ့်ကိုကိုယ်ပဲ အလယ်ထား တွေးတောတက်တဲ့ ကွကိုယ်ဇာတ်လိုက်ပေါ့။ ရွဲ့တာစောင်းတာလည်း မျက်နှာပေးနဲ့တင် ‌သေသွားနိုင်ပါတယ်။ သူ့ကိုဆို မျက်စိတစ်ဖက်မှိတ်ပြီး ပြုံးနေတဲ့ပုံနဲ့တောင် တော်တော်တွဲမြင်ကြပါတယ်။ ကျတော်ကတော့ ကာတွန်းကားထက် LA မှာမှ စတွေ့ဖူးတာပါ။ ပြီးတော့ အဲ့ဒါကိုပဲပိုပြီးသဘောကျပါတယ်။ အသံကလည်း ပျဉ်းတွဲတွဲနဲ့သွက်သွက်ပြောရတဲ့ ပုံစံ သရုပ်ဆောင်ထားတော့ တော်တော်လေးလိုက်ဖက်ပါတယ်။ John နဲ့ Ordie ကတော့ သူ့ဒုက္ခပေးနေကြတွေပါပဲ။

ဉာဏ်ကိုကြောင်နဲ့လူတွဲထားပေးပြီး ရှုထောင့်နဲ့ဟာသတွေက တော်တော်လေးအတွေးပါပြီး ခွက်ထိုးခွက်လန်မဟုတ်ပေမယ့် လေရူးဝေ့သလို ဟပ်ခနဲ ပြုံးမိ ခွိခနဲ ‌လည်ချောင်းယားတာချောင်းခိုးဆိုးသလို မထင်မှတ်ပဲ ရောက်ရောက်လာတက်တာလေးကတော့ သူ့ကိုပိုမှတ်မိစေတယ်ပြောရပါမယ်။
ထူးခြားဆုံးစရိုက်အနေနဲ့က Ordie ကို ချစ်လိုက်မုန်းလိုက်ဖြစ်နေတာလေးပါ။
အပြင်ပန်းတော့ ဆိုးပြီး အကျင့်မကောင်းသလိုထင်ရပေမယ့် ရင်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်း John နဲ့ သူ့ သူငယ်ချင်းတွေကို သံယောဇဉ်ခိုင်ခိုင်မာမာရှိပြီး သစ္စာစောင့်သိတာကိုလည်းတွေ့ရပါတယ်။

I hate Monday နဲ့ Give me lasagna or give me death ကတော့ သူ့ရဲ့ မှော်spellလေးပါပဲ။

"Lasagna-loving, sarcastic tabby" ပုံ Garfield.

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon