Knowledge For U
နည်းပညာနှင့်သက်ဆိုင်သော ဗဟုသုတများ
20/04/2023
KFU Pageက အမျိုးတို့ရေ ဒီPageက ကျွန်တော်နောက်ပိုင်း သုံးမှာမဟုတ်တော့လို့ ကျွန်တော့ရဲ့ Pageအသစ်လေးကို လာပေးကြပါအုံးနော်😪
New Page
https://www.facebook.com/100087303182416/
YouTube Channel
https://www.youtube.com/
20/01/2022
Free vpn outline keys
ဒီနေ့မှာတော့ မိတ်ဆွေတို့အတွက် outline keysတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။
commentမှာ သွားယူပေးပါ
❗❗❗မှတ်ချက်
အသည်းပုံ♥️emojiပါတဲ့Keysကို သုံးမယ်ဆိုပါက keysကို copyကူးပြီး မိမိဖုန်းရဲ့notepadထဲမှာ pasteအရင်ချပါ။ပြီးရင်အသည်း♥️ကို ဖျက်လိုက်ပါ။
ပြီးတာနဲ့ copyကူးပြီး Outline Appထဲမှာ အသုံးပြုနိုင်ပြီဖြစ်တယ်။ အဆင်မပြေတာရှိပါက Page Messenger or commentsမှာ လာရောက်မေးမြန်းခဲ့နိုင်ပါတယ်။ အဆင်ပြေကြပါစေ။🥰
02/01/2022
၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓
ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။
ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။
စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?
အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။
စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။
(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။
နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။
စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။
စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။
အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)
ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။
စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
#စာပေကြိုက်သူများ
10/12/2021
ကိုယ်၀ယ်တဲ့ပစ္စည်းတစ်ခုကို
ဘယ်နိုင်ငံကပြုလုပ်သလဲဆိုတာကိုသိချင်ရင်
ပထမရှေ့ဆုံး(၃)လုံးကိုဖတ်ကြည့်တာနဲ့
သိနိုင်ပါတယ်။
စင်ကာပူကလာတဲ့ပစ္စည်းရဲ့ကုဒ်ဟာ ၈၈၈ဖြစ်ပြီး
ထိုင်၀မ်ကလာတဲ့ပစ္စည်းဆိုရင်ကုဒ်က ၄၇၁
ဖြစ်နေ ပါလိမ့်မယ်။
သိထားသင့်တဲ့နိုင်ငံတစ်ချို့ရဲ့ manufacturer
ကုဒ်တွေကိုဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်
ပါတယ်။ 💙
000 - 019 GS1 US
020 - 029 Restricted distribution (MO defined)
030 - 039 GS1 US
040 - 049 Restricted distribution (MO defined)
050 - 059 Coupons
060 - 139 GS1 US
200 - 299 Restricted distribution (MO defined)
300 - 379 GS1 France
380 GS1 Bulgaria
383 GS1 Slovenija
385 GS1 Croatia
387 GS1 BIH (Bosnia-Herzegovina)
400 - 440 GS1 Germany
450 - 459 & 490 - 499 GS1 Japan
460 - 469 GS1 Russia
470 GS1 Kyrgyzstan
471 GS1 Taiwan
474 GS1 Estonia
475 GS1 Latvia
476 GS1 Azerbaijan
477 GS1 Lithuania
478 GS1 Uzbekistan
479 GS1 Sri Lanka
480 GS1 Philippines
481 GS1 Belarus
482 GS1 Ukraine
484 GS1 Moldova
485 GS1 Armenia
486 GS1 Georgia
487 GS1 Kazakstan
489 GS1 Hong Kong
500 - 509 GS1 UK
520 GS1 Greece
528 GS1 Lebanon
529 GS1 Cyprus
530 GS1 Albania
531 GS1 MAC (FYR Macedonia)
535 GS1 Malta
539 GS1 Ireland
540 - 549 GS1 Belgium & Luxembourg
560 GS1 Portugal
569 GS1 Iceland
570 - 579 GS1 Denmark
590 GS1 Poland
594 GS1 Romania
599 GS1 Hungary
600 - 601 GS1 South Africa
603 GS1 Ghana
608 GS1 Bahrain
609 GS1 Mauritius
611 GS1 Morocco
613 GS1 Algeria
616 GS1 Kenya
618 GS1 Ivory Coast
619 GS1 Tunisia
621 GS1 Syria
622 GS1 Egypt
624 GS1 Libya
625 GS1 Jordan
626 GS1 Iran
627 GS1 Kuwait
628 GS1 Saudi Arabia
629 GS1 Emirates
640 - 649 GS1 Finland
690 - 695 GS1 China
700 - 709 GS1 Norway
729 GS1 Israel
730 - 739 GS1 Sweden
740 GS1 Guatemala
741 GS1 El Salvador
742 GS1 Honduras
743 GS1 Nicaragua
744 GS1 Costa Rica
745 GS1 Panama
746 GS1 Republica Dominicana
750 GS1 Mexico
754 - 755 GS1 Canada
759 GS1 Venezuela
760 - 769 GS1 Schweiz, Suisse, Svizzera
770 GS1 Colombia
773 GS1 Uruguay
775 GS1 Peru
777 GS1 Bolivia
779 GS1 Argentina
780 GS1 Chile
784 GS1 Paraguay
786 GS1 Ecuador
789 - 790 GS1 Brasil
800 - 839 GS1 Italy
840 - 849 GS1 Spain
850 GS1 Cuba
858 GS1 Slovakia
859 GS1 Czech
860 GS1 YU (Serbia & Montenegro)
865 GS1 Mongolia
867 GS1 North Korea
868 - 869 GS1 Turkey
870 - 879 GS1 Netherlands
880 GS1 South Korea
884 GS1 Cambodia
885 GS1 Thailand
888 GS1 Singapore
890 GS1 India
893 GS1 Vietnam
899 GS1 Indonesia
900 - 919 GS1 Austria
930 - 939 GS1 Australia
940 - 949 GS1 New Zealand
950 GS1 Global Office
955 GS1 Malaysia
958 GS1 Macau
977 Serial publications (ISSN)
978 - 979 Bookland (ISBN)
980 Refund receipts
981 - 982 Common Currency Coupons
990 - 999 Coupons
06/12/2021
Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ💻
Laptop တစ်လုံးဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ သွက်လက်မြန်ဆန်မှုတွေ လျော့ကျ ပြီး နှေးကွေး လာတတ်ပါတယ်။ အဲလိုဖြစ်လာတဲ့အခါ ဘယ်သူမဆို စိတ်အနှောင့်ဖြစ်မှာသေချာပါတယ်။ Laptop အသစ်ဝယ်ဖို့ အဆင်မပြေသေးတဲ့ user တွေကတော့ လက်ရှိအသုံးပြုနေတဲ့ နှေးကွေးနေတဲ့ Laptop ကိုပဲ သည်းခံပြီး အသုံးပြုရပါလိမ့်မယ်။ ဒါ့ကြောင့် Laptop အဟောင်းကို အသစ်တုန်းကလို ပြန်လည်မြန်ဆန် လာဖို့အတွက် နှေးကွေးစေတဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
🔸Spinning Hard Drive
ပထမဦးဆုံးအချက်ကတော့ Laptop တွေမှာ သုံးထားတဲ့ Spinning Hard Drive တွေကြောင့်ပါပဲ။ Spinning Hard Drive အစား မြန်ဆန်တဲ့ solid-state drive (SSD) ကိုအစားထိုးလိုက်မယ်ဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ Macbook pro ရဲ့ Spinning Hard Drive ကိုဖြုတ်ပြီး Samsung ကထုတ်တဲ့ 850 EVO SSD နဲ့ အစားထိုးလိုက်တဲ့အခါ Macbook pro ဟာ အသစ်အတိုင်းမြန်ဆန်သွားကြောင်း CNET ရဲ့ နည်းပညာ စာရေးဆရာတစ်ဦးဖြစ်တဲ့ Matt Elliott ကရေးသားဖော်ပြထားပါတယ်။ Samsung ရဲ့ 850 EVO SSD 256GB ကို ဒေါ်လာ(၁၀၀) အောက်စျေးနှုန်းနဲ့ ရရှိနိုင်ပြီး 2TB အထိထွက်ရှိထားပါတယ်။ ကိုယ်တိုင် လဲလှယ်တပ်ဆင်မယ်ဆိုရင်တော့ Tutorial တွေသေချာလေ့လာပြီးမှ လဲလှယ်စေချင်ပါတယ်။
🔸Hard Drive နေရာလွတ်နည်းလာခြင်း
Spinning Hard Drive ကို SSD နဲ့ လဲလှယ်စရာမလိုဘဲဖြေရှင်းနိုင်မယ့်နည်းလမ်း တစ်ခုကတော့ အသုံးမဝင်တော့တဲ့ Data တွေကို ဖျက်ပစ်ဖို့ပါပဲ။ သုံးတာကြာလာတာနဲ့အမျှ သီချင်းတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ App တွေနဲ့ အခြားသော File တွေကို သိမ်းဆည်းမှု များလာတဲ့အတွက် Hard Drive ထဲမှာ နေရာလွတ် နည်းသထက်နည်းလာပြီး စက်ကိုလေးလံ စေပါတယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့ Data တွေနဲ့ မသုံးတာကြာပြီး အသုံးမဝင်တော့တဲ့ Application တွေကို uninstall ပြုလုပ်ပေးချင်က စက်ရဲ့ နှေးကွေးမှုကိုလျော့ကျစေပြီး ပြန်လည်မြန်ဆန်လာစေပါတယ်။ Windows laptop တွေမှာ Control Panel ကိုဝင်ပြီး Programs and Features အောက်က Uninstall a program ကိုရွေးပြီး အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့ Mac တွေမှာဆိုရင်တော့ Uninstaller program မပါဝင်တဲ့အတွက် AppCleaner နဲ့ AppZapper တို့လို third-party app တစ်ခုခု လိုအပ်ပါတယ်။
🔸RAM ပမာဏ
Laptop တွေရဲ့ CPU တွေက သူတို့မှာနဂိုပါဝင်ထားတဲ့ ပမာဏထက် ပိုများတဲ့ RAM တွေနဲ့ Hard Drive တွေကို လက်ခံနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် Laptop ကို ပိုမိုမြန်ဆက်လာဖို့အတွက် RAM ထပ်စိုက်တာကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
🔸Multitasking
Multitasking တွေအရမ်းများလွန်းရင်လည်း Laptop ကိုလေးလံစေပါတယ်။ လုပ်ဆောင်ချက်တွေ အများကြီး ကိုတစ်ချိန်တည်းမှာ တစ်ပြိုင်နက် လုပ်ခိုင်းတဲ့အခါ မျိုးမှာ စက်ကို မနိုင်ဝန် အတင်းထမ်းခိုင်းသလို ဖြစ်စေ လို့ပါပဲ။ User အများတစ်ခုက ပထမတစ်ခုကို မပိတ်မိဘဲ နောက်တစ်ခုကို ဖွင့်မိတာမျိုး အမြဲ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Multitasking ကို အတတ်နိုင်ဆုံး အနည်းဆုံးသုံးစွဲခြင်းက စက်ရဲ့ နှေးကွေးခြင်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
🔸Current ဖြစ်ဖို့
Mac မှာပဲဖြစ်ဖြစ် Windows မှာပဲဖြစ်ဖြစ် update အသစ်ထွက်တိုင်းမှာ feature အသစ်တွေနဲ့အတူ security ပိုင်းနဲ့ preformance ပိုင်းမှာ ပိုမို ကောင်းမွန်လာတတ်ပါတယ်။ ဒါ့ကြောင့် current ဖြစ်ဖို့အတွက် OS update ဖြစ်နေဖို့ လိုအပ်ပါတယ်။
Ref: CNET
Credit : digitaltimes.com.mm
ှေးကွေးရခြင်းအကြောင်းပြချက်များ
06/11/2021
မင်္ဂလာပါ
SERVER အကြောင်းပြောရအောင်
________________________
ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ် ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။
အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။
အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။
"Server အဓိပ္ပါယ်"
ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသူကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။
ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
"Server မှာ OS လိုအပ်ခြင်း
သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့များကလည်း Server Operating System မသုံးပါဘူး။
သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။
"Server အမျိုးအစားများ"
Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက် အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။
အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါ တယ်။ Web Server အနေနဲ့ Website ရဲ့ အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။
Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server
Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server
Communication Server - တယ်လီဖုန်း တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server
Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server
Fax server – Fax ဝန်ဆောင်မှု ပေးသော Server
File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server
Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server
Home Server - အိမ်များအတွက် Server
Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server
Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သုိ့ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့ ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။
"Server မှာ ဘာတွေ ပါလဲ"
Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။
"Server တို့ ဘယ်လို အလုပ်လုပ်လဲ"
သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆို တာ သေသေ ချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့ Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။
Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ ဝဘ်ဆိုဒ်တစ်ခုအနေနဲ့ လူဘယ်နှစ်ယောက် ကြည့်ပြီးရင် ဒေါင်းတယ် ဆိုတာ Server ကိုယ်ရတဲ့ memory နဲ့ဆိုင်ပါတယ်။ IP ဘယ်လောက်ပဲ ဝင်သုံးလို့ရမယ်လို့ ကန့်သတ် ထားပါတယ်။ user များရဲ့ဝင်ရောက်ကြည့်ရှု အသုံးပြုမှု အရေအတွက် တစ်ခု ရောက်လို့ Memory ကျော်သွားရင် server အလုပ်လုပ်မှု ရပ်ပါတယ်။ ပြီးတော့ မိမိ ဝဘ်ဆိုဒ်မှာ အချက် အလက်တွေ တင်တာ သတ်မှတ်ချက်ထက် ကျော်လွန်သွား ရင်လည်း ဒေါင်းပါတယ်။ အချက်လက် ဘယ်လောက်ပဲ ထည့်ဖို့ Server မှာ memory space ဘယ်လောက်ဝယ်ထားတယ် ဆိုတာမျိုးပေါ့။
Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ် ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။
Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက် များစွာ ကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။
"နိဂုံးချုပ်"
ဒီလောက်ဆိုရင် Server ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိပြီလို့ ယုံကြည် ပါတယ်။ နောက်မှပဲ လိုအပ်ရင် အချက်တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြသွားပါမယ်။
That is ကီပေါ်
မှုရင်း ပို့စ်အား ပြုပြင်ရေးသားသည်။
လေးစားစွာဖြင့်
ြောင်း
02/11/2021
အလုပ်တစ်ခုကိုစလုပ်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
မလုပ်ခင်မှာသာလုပ်ဖို့ခတ်တာ
အစပြုလုပ်pဆိုတာနဲ့ကိုထင်သလောက်
ခတ်ခဲးတဲ့အရာမဟုတ်မှန်းသိပါလိမ့်မယ်
တန်ဖိုးရှိတယ့်စာသားတွေပါ
~~~~~~~~~~~~~~~~
👉" မင်း ထက်တော်တဲ့သူ မရှိဘူး "👈
======================
လောကကြီးမှာ....
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။
မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာ မရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင် ကြိုးစားနေသူတွေပဲရှိတယ်။
မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊ ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲ ရှိတယ်။
မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာသဘာဝပဲ။
မင်း တစ်ယောက်တည်း ကျရူံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရူံးနိမ့်ခြင်းဆိုတာ ကို လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။
မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ မဟုတ်ဘူးလူသားတိုင်း ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။
👉 မင်းဘာကြောင့် အားငယ်နေမှာလဲ …
👉 မင်းဘာကြောင့်တွေဝေနေမှာလဲ …
👉 မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ …
👉 မင်းဘာကြောင့် စိတ်ဓါတ်ကျနေမှာလဲ…
👉 မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ …
👉 ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့
မင်းအမေကမင်းကို ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။
ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက် ။
မနက်ဖန်တိုင်းမှာ မင်းအတွက် ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။
မင်း လည်း လူပဲ
အခြားသူတွေလည်း လူတွေပဲ ။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ့ဖြစ်အောင် လုပ်နိူင်သူရယ်.....
မလုပ်နိုင်သူရယ်ပဲရှိတယ်။
အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့ မင်း"မဖြစ်စေနဲ့ ။
♦👉 "မိတ်ဆွေ" 👈♦
#👉သင့်အတွက် စိတ်ခွန်အား ၊ အားဆေး🍶တစ်ခွက် ဖြစ်ခဲ့လျှင်ပြန်လည် ၊🔄ဝေမျှပေးပါ🙏
အားလုံးပဲ မင်္ဂလာပါခင်ဗျ။Knowledge For Uမှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ လိုင်းဆွဲအားကောင်းတဲ့ Express Vpn Keysတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။Express Vpnကို Computerအတွက်ရော Androidဖုန်းတွေရော အသုံးပြုလို့ရအောင် Keysတွေ Activation codeတွေကို ပေးသွားပါမယ်။မရှင်းတာ နားမလည်တာရှိရင် commentsမှာမေးခဲ့နိုင်ပါတယ်။ KeysတွေကိုCommentမှာ ယူပါ။
&_Android
Vpn
28/08/2021
ရှင်သန်နိုင်ရမယ်💯
ဘဝက ပင်လယ်ဆိုရင်
ကိုယ်က လှေငယ်တစ်စင်းဘဲလေ။
တက်ကျိုးရင် လက်နဲ့လှော်ရမယ်ပေါ့။
လောကဓံ မှုန်တိုင်းဆိုတာမျိုးက
ကိုယ် တစ် ယောက် ထဲ စီ ကို
ကွက်ပြီးရွာနေတဲ့ မိုး,မဟုတ်ဘူး။
ပင်လယ်ကျယ်တာကြည့်ပြီး
စိတ် ဓာတ် ကျ နေ ရင် တော့
ဘယ်တော့မှ ကမ်းရောက်မှာမဟုတ်ဘူး။
အဆင်မပြေမူ့တွေလဲ ရှိမယ်
ခါးသီးမူ့တွေနဲ့လဲ ကြုံရမယ်
ဒါကိုဘဲ ဘဝလို့ခေါ်ရင်း
ဒုက္ခတွေကို ဆေးဖက်ဝင်အောင်
သောက်သုံးတတ်ရမယ်။
တစ်ခါမက ပြိုလဲခြင်းတွေကဘဲ
ကိုယ့်ကို နောက်တစ်ခါ သန်မာစေတယ်။
အ ရွုံး ဆို တာ ဘ ဝ ရဲ့
အ ဆုံး သတ် မ ဟုတ် ဘူး လေ။
အောင်မြင်မူ့အတွက် ရှင်သန်ရာ
တွန်းအားတစ်ခုဘဲ မဟုတ်ပါလား။
စဉ်ဆက်မပြတ် ကြိုးစားနေရမယ်။
အိမ်မတ်တွေက စျေးကြီးတယ်
ဆုတောင်းနေရုံနဲ့တော့
ဘာ မှ ဖြစ် လာ မှာ မ ဟုတ် ဘူး။
ကျရှုံးမူ့ဆိုတာ
လူတိုင်းမလိုချင်တဲ့ ဒုက္ခတစ်မျိုး
ဒါပေမယ့် လူတိုင်းကျရှုံးဖူးတယ်
လဲကျရင် ပြန်ထနိင်ရမယ်
ဒါကိုဘဲ ဘဝလို့အမည်ပေးမယ်။
လောကဓံ မြစ်ရေစီးမှာ
ပြုသမျှ စုန် ဆန် စီးပေးနေရအောင်
ကိုယ်က ဗေဒါမှမဟုတ်တာ။
ဆယ် ခါ လဲ ရင်
ဆယ့် တစ် ခါ ပြန် ထ မယ်
ခါး သီး မှု တွေ က နေ ဘဲ
ချို မြိန် ခြင်း ကို ရှာ ဖွေ ကြ မယ်။
ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့
ဘဝက တစ်ယောက်ချင်းစီတိုင်းကို
မတူညီတဲ့ ပန်းတိုင်တစ်ခု
ပုစ္ဆာတစ်ခုစီပေးထားတယ်
ကိုယ့်ရဲ့ လုပ်ဆောင်ချက်က
ကိုယ့်ဘဝအဆုံးဖြတ်ဘဲ။
ခက်ခဲတဲ့ ဒုက္ခ ဧရိယာဆိုတာ
ကိုယ်တစ်ယောက်မှ အပ
အပြင်လူမဝင်ရ,ဆိုပြီး
ဆိုင်းပုဒ်တတ်ထားတာလဲ မဟုတ်ပါဘူး။
အားလုံးကျင်လည်နေရတဲ့
လောကဓံ တရားတွေပါ
ရုန်းထွက်နိုင်မှသာ
အောင်မြင်မှုကို ရရှိနိုင်လိမ့်မယ်။
အ ခက် အ ခဲ တွေ လဲ ရှိ မယ်
ပြ ဿ နာ တွေ လဲ ရှိ မယ်
အ ဆင် မ ပြေ မှု တွေ လဲ ရှိ မယ်
ဒုက္ခ တွေ လဲ ရှိ မယ်။
ပျော် ရွင် ခြင်း , ဝမ်း နည်း ခြင်း
ဒါတွေကို အချိုးအစားလိုက်
ပေါင်းစပ် ဖွဲ့စည်းထားခြင်းကိုဘဲ
ဘ ဝ လို့ ခေါ် တယ်။
ကိုယ်မလိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
အကောင်ဆုံး ရဲရင့်စွာ ရှင်သန်တတ်ရမယ်။
ကိုယ်လိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
တည် တည် ငြိမ် ငြိမ် နဲ့ အေးချမ်းတတ်ရမယ်။
ဘာအတွက်နဲ့မှ ဘဝကိုအရှုံးမပေးပါနဲ့
ချိုမြိန်ခြင်းကို လို့ချင်တဲ့အခါ
ခါးသီးခြင်းတွေကို ကျော်ဖြတ်နိုင်ရမယ်။
အောင်မြင်မှုကို လိုချင်တဲ့အခါ
ကျရှုံးမှုတွေကို ကျော်ဖြတ်နိုင်ရမယ်။
လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့
မလိုချင်တဲ့ ခရီးကြမ်းတွေကို
နင်းလျှောက်ရင်း အိမ်မက်တွေကို
အကောင်ထည်ဖော်ဖို့ ဘဝကို
ရဲရင့်စွာ ရှင်သန်သွားကြမယ်🆗️
Crd:Original Author
26/08/2021
ကွန်ပျူတာ ဆိုင်ရာ ဂရုတွေမှာ အမေးများဆုံး Error များ
**************************************************
ကျွန်တော်လည်း ဝါသနာရှင် တစ်ယောက်ပါ မေးတတ်သော Error များကို သိသလောက် ဖြေရှင်းပေးပါမယ်
************************************************
မေး - Laptop မှာ စာရိုက်တဲ့ အခါ ဂဏန်းတွေ ပေါ်နေတယ်။
ဖြေ - Laptop တွေမှာ စာရိုက်တဲ့ အခါ ဂဏန်းပေါ်နေတာက Num Lock ပွင့်နေလို့ပါ။ Num Lock ပိတ် စာရိုက်ကြည့်ပါ။ အဆင်ပြေပါလိမ့်မည်။
************************************************
မေး - Adobe PageMaker မှာ မြန်မာစာ ရိုက်တဲ့အခါ ဒ , ဓ ရိုက်မရဘူး။
ဖြေ - Adobe PageMaker မှာ ဒ , ဓ ရိုက်မရပါက
- Ctrl + K ကို နှိပ်ပါ
- More ကို နှိပ်ပါ
- Use typographer's quotes မှာ အမှန်ခြစ် ဖြုတ်ပါ
- OK >>> OK နှိပ်ပါ
************************************************
မေး - Computer Screen က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါတယ်။
ဖြေ - Computer Screen က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါက
- Ctrl + Alt + Up နဲ့ ပြန်ပြောင်းပါ
နောက်ထပ် လုံးဝ မဖြစ်ချင်ပါက
ကွန်ပျူတာ Screen ရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ
Graphics Options >>> Hot Keys >>> Enable ကို Disable ပြောင်းပါ
************************************************
မေး - Keyboard ခလုတ် တစ်ချို့ မကောင်းတော့လို့ပါ။
ဖြေ - Keyboard ခလုတ် မကောင်းပါက
Start >>> Control Panel >>> Ease of Access Center >>> Use the computer Without a mouse or keyboard >>> Use On-Screen keyboard မှာ အမှန်ခြစ်ပြပါ
************************************************
မေး - Taskbar icon လေးတွေက အရမ်း သေးနေပါတယ်။
ဖြေ - Taskbar icon လေးတွေ သေးငယ်နေပါက
Taskbar အပေါ် Right Click နှိပ်ပါ
Properties >>> Taskbar အောက်က Use Small icons ကို အမှန်ခြစ် ဖြုတ်ပါ။
************************************************
မေး - Window တင်ဖို့ CD / DVD ကို First boot ထားပြီးပြီ။ ခွေလည်း ကောင်းတယ်။ Drive လည်း ကောင်းတယ်။ Boot မတတ်ဘူး။
ဖြေ - Window တင်ဖို့ရန် CD / DVD ကို First boot ထားပြီးပြီ။ Boot မတတ်ပါက
BIOS ထဲ ဝင်ပါ
Boot Menu ထဲက Boot Mode မှာ UEFI ဖြစ်နေပါက Legacy BIOS Mode ပြောင်းပေးပါ။
************************************************
မေး - Adobe Photoshop CS3 ထည့်ထားပါတယ်။ ဖွင့်မရပါ။
ဖြေ - Adobe Photoshop CS3 ထည့်ထားပေးမယ့် စဖွင့်တဲ့ အခါ Right Click >>> Run as administrator နဲ့ အရင် ဖွင့်ရပါသည်။
***********************************************
မေး - Command Prompt မှာ Date , Time ပြောင်းရင် ပြောင်းမသွားပါ။
ဖြေ - Command Prompt မှာ Date , Time ပြောင်းရင်
Start ကနေ cmd အပေါ် Right Click >>> Run as administrator ဖွင့်ပါ။ Date , Time ပြောင်းပါသည်။
( မှတ်ချက် - cmd ကို Run as administrator နဲ့ ဖွင့်ပါက Windows\system 32 အောက် ရောက်လို့ပါ )
***********************************************
အဆင်ပြေကြပါစေ
:Original Author
Knowledge For Uမှ လေးစားစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်။
26.8.2021
22/08/2021
ကွန်ပျူတာဟန်းနေရင် ဘယ်လိုဖြေရှင်းရမလဲ?
========================
ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့်
ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။
Temp file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart
ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေ
မှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ်
အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်
ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင်
စက်က အဆင်မပြေသေးဘူးဆိုရင် စက်ကို ဘာ program
တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။
အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက
အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်
အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စက်က i3, 6 Gen(U),
RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ
အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း
တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop
တို့Engineering Software တို့စတာတွေလည်းသုံးနေတယ်။
ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။
တစ်ချို့စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က
Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့
program တွေ မတွေ့ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့
program တွေ ရှိပါတယ်။
မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး
အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။
Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။
အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU,
RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေ
တာတွေ တွေ့ရမှာပါ။ CPU, RAM, Harddisk တွေရဲ့Usage က
10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်
ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က
အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံး
နေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး
ဆက်သုံးနေရင်တော့ စက်ပျက်ဖို့မဝေးတော့ပါဘူး။ အဲ့ဒီလို
မဖြစ်စေဖို့ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို
အောက်မှာ ဖော်ပြပေးသွားပါမယ်။
(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။
ကျွန်တော်တို့ program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ
programs တွေရဲ့ Temp Files တွေ ကျွန်တော်တို့မမြင်နိုင်တဲ့
နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။
Windows Key နဲ့R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ
(recent, temp, %temp%, prefetch ) command တွေကို
တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး
Shift Delete နဲ့ဖျက်လိုက်ပါ။ ဖျက်လို့မရတာတွေကို Skip
လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန်
Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr)
လို့ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui)
ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။
(2) Background Running Program မလိုအပ်တဲ့
Program တွေပိတ်ပါ။
မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်း
ကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့
Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး
မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့Default App တွေ၊
Store ထဲက App တွေကိုတော့ program and Features ကနေ
ဖြုတ်လို့မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့
location ထဲမှာ uninstall.exe နဲ့ဖြုတ်လို့ရသလို့Registry ထဲမှာ
သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို
ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့ All Settings\App
အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို
click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့်
Background running program တွေဖြုတ်ပါ။ All Setting\
Privacy အောက်က Background Apps မှာ မလိုအပ်ရင်
အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က
Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager
ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။
System တွေကိုတော့ မလုပ်မိစေနဲ့နော်။ မိမိစက်မှာ CCleaner
ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ရတယ်။
(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။
ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်
တော့ Virus ရှိလို့လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner
တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း
update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့တိုင်း စက်ဖွင့်တိုင်း Virus Scan
run ပေးပါ။ တစ်ချို့Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာ
တွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်
ကိုအဆင့်မြင့်ပါတယ်။
(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။
Windows Search ကလည်း မိမိမျက်စိနဲ့မမြင်နိုင်ပေမယ့်
နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့နိုင်စေဖို့
အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာ
လိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ပတ်သက်တာတွေကို ရှိသမျှ
နေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows
Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ
(services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး
Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။
CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။
(net.exe stop “Windows Search”) လို့ရိုက်ထည့်ပြီး Enter
နှိပ်ပါ။ The Windows Search Service was stopped successfully လို့
ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို
Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို
admin နဲ့run ပါ။ (net.exe stop superfetch) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။
The Superfetch Service was stopped successfully လို့ပြလာရင် ရပါပြီ။
Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic
ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ
Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။
System တွေကိုတော့ မလုပ်မိပါစေနဲ့။ Run box မှာ (msconfig)လို့
ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို
အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။
အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။
သုံးချင်ရင် ပြန်ဖွင့်ပါလို့ message တက်လာပါမယ်။
ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။
(5) Power Options ကို High Performance ပြောင်းပါ။
ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့
default plan ဖြစ်နေရင် တစ်ချို့ဘက်ထရီအားအရမ်းစားတဲ့
program တွေနဲ့တွေ့ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့
high performance ပြောင်းထားရမယ်။
Control Panel\All Control Panel Items\Power Options\
Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance
plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ
High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High
Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော
Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced
နေရာမှာ High Performance plan ကို ရွေးထားပေးပြီး
Save Change လုပ်ပေးပါ။
(6) Disk Check လုပ်ပါ။
CMD ကို admin နဲ့run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။
စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် 👍 လို့
ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ပြလာပါလိမ့်မယ်။
(7) Flash Player တွေကို Uninstall လုပ်ပါ။
Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။
အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။
(8) Diagnostic Tracking ကို Disable လုပ်ထားပါ။
CMD ကို admin နဲ့run ပါ။ (sc config “DiagTrack” start=disabled) လို့
ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့
ပြန်ရိုိက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို
ပိတ်လို့ရပါပြီ။
(9) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။
Control Panel\All Control Panel Items\Administrative Tools
အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကို
ချဲ့လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ
သွားပါ။ RunFullMemoryDiagnostic ကို Right click နှိပ်ပြီး
Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။
တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁
နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉
Credit....မူရင်းရေးသားသူ
Knowledge For Uမှ လေးစားစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်။
22.8.2021
15/08/2021
ပင်တိုင်သုံးမယ့် Facebook Account ဆိုရင်
Name -
ကဗျာလိုလို စာလိုလို Name တွေ၊
ပေါက်ကရ Name တွေ မဖွင့်ပါနဲ့၊
မှတ်ပုံတင်ထဲက နာမည်၊
ယာဉ်မောင်းလိုင်စင်ကတ်ထဲက နာမည်ပဲ အသုံးပြုပါ။
Phone or Email -
Phone နံပါတ်နဲ့ Facebook Account မဖွင့်ပါနဲ့၊
Sim Card ပျောက်တဲ့အခါမျိုးတွေ၊
ဖုံးပျောက်တဲ့အခါမျိုးတွေ၊
ID လော့ ကျတဲ့ အခါမျိုးတွေမှာ အခက်ကြုံရတတ်ပါတယ်၊
ဒါကြောင့် ဖုန်းနံပါတ်နဲ့ Facebook Account လုံးဝ မဖွင့်ပါနဲ့၊
Facebook Account ထဲ ဖုန်းနံပါတ် ထည့်ထားချင် ထည့်ထားပါ၊
ကိုယ်ပင်တိုင်သုံးတဲ့ ဖုန်းနံပါတ်ကိုလည်း
ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ Facebook Account ဖွင့်တဲ့အခါမျိုး၊
Security Check Lock ဖြည်တဲ့နေရာမျိုးတွေမှာလည်း ပေးမသုံးပါနဲ့၊
Email
Facebook Account ဖွင့်ဖို့ အသုံးပြုလို့ အကောင်းဆုံးက gmail ပါ၊
Facebook Account ဖွင့်ဖို့ gmail account ကို အသုံးပြုတဲ့အခါမျိုးမှာ
Bank Account ထဲမှာ
Youtube Account ထဲမှာ တခြားအလုပ်အကိုင်တွေမှာ အသုံးပြုနေတဲ့ gmail account ကို မသုံးပါနဲ့၊
Facebook Account အတွက် သီးသန့် ဖွင့်ထားတဲ့ gmail ပဲ အသုံးပြုပါ။
Birthday -
မွေးနေ့ထည့်နဲ့အခါမှာလည်း
မှတ်ပုံတင်ကတ်၊ယာဉ်မောင်းလိုင်စင်ကတ်ထဲက မွေးနေ့ကိုပဲ ထည့်သွင်းအသုံးပြုပါ။
မွေးနေ့အမှန်ကို အသုံးမပြုရင် ID လော့ ကျတဲ့အခါ ပြန်ရနိုင်ခြေ နည်းပါးပါတယ်၊
Password -
Password ထားတဲ့အခါမှာလည်း အလွယ်တကူသိနိုင်တဲ့ Password မျိုးတွေ၊ခန့်မှန်းရလွယ်ကူတဲ့ Password မျိုးတွေ၊
မိမိ Facebook Account Name အတိုင်းထားတာမျိုး၊မိမိဖုန်းနံပါတ်ကို Password ထားတာမျိုး မလုပ်မိဖို့ အထူးအရေးကြီးပါတယ်။
အဲလိုတွေ ပြုလုပ်ပြီးလို့ Facebook Account တစ်ခု ရပြီဆိုရင်
မိမိရဲ့ Facebook Account လုံခြုံရေးအတွက်
Facebook Account ထဲက Email တွေ၊
Birthday တွေ စတဲ့ Information တွေကို Only Me လုပ်ထားဖို့ လိုအပ်ပါတယ်။
gmail & facebook account ကို 2-Step ခံပြီး အသုံးပြုတာမျိုး၊
ရင်းနှီးယုံကြည်ရသူတွေရဲ့ Account 5-ခုကို ထည့်သွင်းအသုံးပြုတဲ့ Tc ခံတာမျိုးတွေ လုပ်ထားသင့်ပါတယ်။
မိမိအကောင့်ကို ခိုးယူဖို့အတွက် မြူဆွယ်ဖြားယောင်းလာတဲ့ Like & Follower တွေ တိုးစေတယ်ဆိုတဲ့
Link တွေထဲ mail & password ထည့်ပြီး မဝင်မိအောင်လည်း သတိထားအသုံးပြုဖို့ လိုပါတယ်။
Facebook Account ကို စတင်အသုံးပြုနေပြီဆိုရင် မည်သူမဆို မိမိရဲ့ Facebook Account လုံခြုံရေးအတွက်
gmail account ဖွင့်တတ်အောင်
gmail password ပြောင်းတတ်အောင်
facebook account password ပြောင်းတတ်အောင် Device တွေကို ရှင်းထုတ်တတ်အောင် information တွေကို Only Me လုပ်တတ်အောင်လောက်တော့ လေ့လာတတ်မြောက်ထားသင့်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော်အသိပေးအပ်ပါတယ်။
ဦးဇင်းသိသလောက်လေး မျှဝေရေးသားထားခြင်းဖြစ်ပါတယ်။
လိုအပ်တာများကို ဆရာများက ဖြည့်စွက်အကြံပြုပေးကြပါ။
အခြားဆက်စပ် Post များ ဖတ်ရှုလေ့လာရန်
Facebook Account မှ ပိုစ့်တွေကို အမြန် ဖျက်ရန် ❎❎❎
https://m.facebook.com/story.php?story_fbid=1737041259790780&id=100004547686229
Facebook မှာ Friend မဟုတ်သေးတဲ့သူတွေ Wall ထဲ ဝင်ကြည့်ရင် ဘာမှမမြင်အောင်လုပ်ထားနည်း
https://m.facebook.com/story.php?story_fbid=1303413279820249&id=100004547686229
Facebook မှာ Comment ပိတ်နည်း
https://m.facebook.com/story.php?story_fbid=1480354015459507&id=100004547686229
လိုအပ်သောမိတ်ဆွေများအတွက်
Facebook ဆိုင်ရာ Link များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1193408070820771&id=100004547686229
Facebook ဆိုင်ရာ Link များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1712998875528352&id=100004547686229
Admin ခန့်တော့မယ်ဆိုရင်
https://m.facebook.com/story.php?story_fbid=623623401132577&id=100004547686229
လိုအပ်သူများအတွက်
မိမိ၏ Facebook Account လုံခြုံရေးအတွက်
ဖေ့ဘုတ်အကောင့်ထဲရှိ Mail ကို Only Me လုပ်နည်း
Info များကို Only Me လုပ်နည်း
Login Approvlas ခံနည်း
Trusted Contacts ထားနည်း စသည်
https://www.facebook.com/media/set/?set=a.620064744821776&type=3
Add friend , Follower , Comment , Like
ဖွင့်နည်း / ပိတ်နည်းပြုလုပ်ပုံအကြောင်း
https://m.facebook.com/story.php?story_fbid=525753414252910&id=100004547686229
မိမိ Messenger မှာ အာရုံနောက်နေတဲ့သူကို Unfriend မလုပ်၊ Block လည်း မလုပ်၊ Chat Head လည်း မတက်အောင် ပိတ်နည်း
💌💌💌💌💌
Messenger Block ထားသူအား
စာပြန်ပို့လို့ရအောင် Unblock ပြန်ဖြည်နည်း
https://m.facebook.com/story.php?story_fbid=1500318833463025&id=100004547686229
Facebook Account ဖျက်နည်း
https://m.facebook.com/story.php?story_fbid=1500467440114831&id=100004547686229
Facebook စတင်အသုံးပြုတဲ့နေ့ကိုကြည့်ရှုနည်း
https://m.facebook.com/story.php?story_fbid=1455437524617823&id=100004547686229
မိမိ Fb Account ကို တန်ဖိုးထားတယ်ဆိုရင်
ဒါလေးတွေတော့ လုပ်ထားဖို့လိုပါတယ်။
https://m.facebook.com/story.php?story_fbid=1416376508523925&id=100004547686229
Facebook Account ဖွင့်တော့မယ်ဆိုရင်
https://www.facebook.com/100004547686229/posts/602446206583630/
Facebook Password ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=1633449733483267&id=100004547686229
mail ချိန်းနည်း (mail change)
https://www.facebook.com/100004547686229/posts/527545654073686/
Public or Only Me
https://m.facebook.com/story.php?story_fbid=1760118064149766&id=100004547686229
Facebook Lock ကျခြင်းနှင့် account block ခံရခြင်း အဓိက အကြောင်းအရင်းများ
https://m.facebook.com/photo.php?fbid=444773342350918&id=100004547686229&set=a.307212756106978
သင်တို့ရဲ့ Facebook ကို နေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်
https://m.facebook.com/photo.php?fbid=511887445639507&id=100004547686229&set=a.307212756106978
Facebook မှာ Poke တယ် ဆိုတာ
https://m.facebook.com/photo.php?fbid=499547896873462&id=100004547686229&set=a.307212756106978
လိုအပ်သောမိတ်ဆွေများအတွက်
Gmil Apk ကနေ Gmail Account သစ် ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1706123042882602&id=100004547686229
Gmail Password ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=1500751936753048&id=100004547686229
Login ၀င်ထားပြီး Password မေ့နေသော Gmail အား Password အသစ် ပြန်ယူနည်း
https://m.facebook.com/story.php?story_fbid=1500310846797157&id=100004547686229
Gmail Account ဖျက်နည်း
https://m.facebook.com/story.php?story_fbid=1500679580093617&id=100004547686229
Gmail အသုံးပြုနည်း
https://m.facebook.com/story.php?story_fbid=1500879170073658&id=100004547686229
မိမိအသုံးပြုနေတဲ့ Gmail ထဲမှာ Label လေးတွေ
ထည့်သွင်းအသုံးပြုခြင်း
https://m.facebook.com/story.php?story_fbid=525937734234478&id=100004547686229
လိုအပ်သူများအတွက်
ဖုံးနံပါတ်ထည့်စရာမလိုတဲ့
mail.ee mail account ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1272755872885990&id=100004547686229
Page ဖွင့်ထားတဲ့ မိတ်ဆွေများအတွက်
မိမိ facebook fan page မှာ
အခြားသူ Post တင်မရအောင် နှင့်
Page ရဲ့ message box ကို ပိတ်ထားနည်း
https://m.facebook.com/story.php?story_fbid=526050194223232&id=100004547686229
Page General Setting
https://m.facebook.com/story.php?story_fbid=1520500674778174&id=100004547686229
အရေးကြီးတဲ့ Page Roles အကြောင်း
https://m.facebook.com/story.php?story_fbid=1520496204778621&id=100004547686229
* 𝐏𝐚𝐠𝐞 မှာတင်ခဲ့တဲ့ 𝐏𝐨𝐬𝐭 အားလုံးကို တစ်ပြိုင်နက်တည်း ဖျက်နည်း *
https://m.facebook.com/story.php?story_fbid=1520488818112693&id=100004547686229
Facebook မှာ Video တင်တဲ့အခါ ကိုယ်မြင်စေချင်တဲ့အပိုင်းကို ရှေ့ဆုံးမှာ မြင်နိင်အောင်ပြုလုပ်နည်း
https://m.facebook.com/story.php?story_fbid=1520486231446285&id=100004547686229
* မိမိ Facebook Account မှာရှိတဲ့ Freind များ Followers များ Auto Like လုပ်ပြီးသော Page တစ်ခုဖွင့်နည်း *
https://m.facebook.com/story.php?story_fbid=1498850383609870&id=100004547686229
Click တစ်ချက်နှိပ်ရုံနဲ့ Page တစ်ခု ရအောင် ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1449660498528859&id=100004547686229
page ဆိုင်ရာ Video များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1442266855934890&id=100004547686229
Unpublish ဖြစ်နေတဲ့ Page ကို
Publish ဖြစ်အောင် ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=847939008701014&id=100004547686229
Group ထောင်လိုသူများအတွက်
https://m.facebook.com/story.php?story_fbid=846232482205000&id=100004547686229
https://www.facebook.com/dhammaschoolchitthu/
_________________________________
မေတ္တာဖြင့် ဘုန်းဘုန်းမျိုးချစ်သူ
Crd: Original Author
Knowledge For Uမှ လေးစားစွာဖြင့် ပြန်လည်မျှဝေအပ်ပါသည်။😇
15.8.2021
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon