Vinculum
Vinculum Math classes.
27/04/2024
02/02/2024
New Classes for 2024
16/04/2023
"Wishing you an exponential increase in happiness and positive integers in the new year!"
14/03/2023
နွေရာသီသင်္ချာသင်တန်းများ (Extra mathematics classes) သည် ကျောင်းသားအားလုံးအတွက်မလိုအပ်ပါ။ သင်္ချာဘာသာရပ်နှင့် ရုန်းကန်နေရသော ကျောင်းသားများအတွက် အထူးသဖြင့် ၎င်းတို့၏ ရွယ်တူများနှင့် လိုက်လျောညီထွေရှိရန် အပိုပံ့ပိုးမှု လိုအပ်သော ကျောင်းသားများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
Extra mathematics classes သည် ကျောင်းသားများ သင်္ချာဘာသာရပ်အား ပိုမိုနားလည်လာစေရန် နှင့် သင်္ချာသဘောတရားများကို ကျွမ်းကျင်လာစေရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။
Increased practice (လေ့ကျင့်မှုများခြင်း)
သင်္ချာဘာသာရပ်ဖြင့် ရုန်းကန်နေရသော ကျောင်းသားများအတွက် သင်္ချာသဘောတရားများကို အပြည့်အဝနားလည်အောင် ပိုမိုလေ့ကျင့်ရန် လိုအပ်သည်။ Extra mathematics classes သည် ကျောင်းသားများအတွက် သင်္ချာပြဿနာများကို လေ့ကျင့်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို ယုံကြည်မှုရရှိစေရန် ထပ်လောင်းအခွင့်အလမ်းများကို ပေးနိုင်သည်။
Personalized attention (သီးသန့်ဂရုစိုက်ပေးနိုင်ခြင်း)
ပုံမှန်စာသင်ခန်းထဲတွင်၊ ကျောင်းသားတစ်ဦးစီအား တစ်ဦးချင်းအာရုံစိုက်မှုပေးရန် ဆရာများအတွက် ခက်ခဲနိုင်သည်။ Extra mathematics classes သည် ဆရာနှင့်ကျောင်းသားများကြား အချင်းချင်းအပြန်အလှန်အပြန်အလှန်ဆက်သွယ်မှုပိုမိုရရှိစေသည့် သင်ကြားမှုတစ်ရပ်ဖြစ်သည်။
Reinforcement of learning (သင်ယူမှုကို အားဖြည့်ပေးခြင်း)
Extra mathematics classes သည် ပုံမှန်အတန်းများတွင် သင်ကြားသည့် သင်ခန်းစာများကို အားဖြည့်ပေးနိုင်ပါသည်။ ၎င်းသည် ပုံမှန်အတန်းအတွင်း တစ်ခုခုလွဲချော်သွားသော သို့မဟုတ် အယူအဆတစ်ခုကို အပြည့်အဝနားလည်ရန် အချိန်ပိုလိုအပ်သော ကျောင်းသားများအတွက် အထူးအထောက်အကူဖြစ်စေနိုင်သည်။
Improved grades (အကဲဖြတ်မှုအမှတ်များပိုမိုကောင်းမွန်လာခြင်း)
အလေ့အကျင့်တိုးမြင့်လာမှုနှင့် စိတ်ကြိုက်အာရုံစူးစိုက်မှုနှင့်အတူ၊ Extra mathematics classes တက်သော ကျောင်းသားများသည် ၎င်းတို့၏အဆင့်များတွင် တိုးတက်မှုကို မြင်တွေ့နိုင်ပါသည်။
03/03/2023
Congratulations on this incredible achievement. It is no small feat to be recognized as an outstanding student, and you have certainly earned this honor. Your achievement is a reflection of your unwavering commitment to learning and growth, and it is an inspiration to others who aspire to achieve greatness.
You have made us all very proud.
Sincerely,
Teachers from Vinculum Maths Classes
02/03/2023
Keeping Your Mind Sharp
Math Quiz 1
01/03/2023
ခေတ်စားလာတဲ့ AEIS
🎃 AEIS ဆိုတာ ဘာလဲ။
AEIS (Admission Exercise for International Students) ဆိုသည်မှာ နိုင်ငံတကာမှ Primary နှင့် Secondary ကျောင်းသားများအတွက် စင်္ကာပူနိုင်ငံအစိုးရကျောင်းများသို့ တက်ရောက်ပညာသင်ခွင့်ရအောင် ဖြေဆိုသည့် ဝင်ခွင့်စာမေးပွဲတစ်ခု ဖြစ်ပါသည်။
MOE (Ministry of Education of Singapore) မှစစ်ဆေးသော အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်သည်။
🎃 AEIS နဲ့ S-AEIS ဘာကွာသလဲ။
AEIS (Admission Exercise for International Students) သည် July လတွင် ဝင်ခွင့်လျှောက်ထားပြီး September လတွင် ဖြေဆိုရလေ့ရှိသည်။
S-AEIS (Supplementary Admission Exercise for International Students) သည် January လတွင် ဝင်ခွင့်လျှောက်ထားရပြီး February လတွင် ဖြေဆိုရလေ့ရှိသည်။
AEIS ပထမအသုတ်တွင် မအောင်မြင်သူများအတွက် S-AEIS တွင်ထပ်မံဖြေဆိုခြင်းဖြင့် စာသင်နှစ်နောက်မကျသွားစေရန် ပြန်လည်စစ်ဆေးသောစာမေးပွဲဟု ဆိုနိုင်သည်။
သို့ရာတွင် စာမေးပွဲဖြေဆိုခတော့ ထပ်မံသွင်းရသည်။
ကျောင်းတတ်သော စာသင်နှစ်မှာ September လတွင်ဖြေဆိုခဲ့သော AEIS အောင်မြင်ထားသူများနှင့် အတူတူပင်ဖြစ်သည်။ အကြမ်းအားဖြင့် စာသင်နှစ်တစ်နှစ်စာအတွက် AEIS နှင့် S-AEIS ဟူ၍ နှစ်ခါခွဲစစ်သည်ဟု ဆိုနိုင်သည်။
🎃 ဘယ်အသက်အရွယ်မှာ ဘယ်အတန်းကို ဖြေသင့်သလဲ။
အသက်အရွယ်အလိုက် ဖြေဆိုနိုင်သည့် အတန်းများကို အောက်တွင် ပြသထားပါသည်။
အကြမ်းအားဖြင့် အသက် 7 to 7+ အရွယ်အတွက် Primary 2 Entry (Primary 2 အတွက် ဝင်ခွင့်) ကို ဖြေဆိုရန်လျှောက်လွှာတင်ရမည်ဖြစ်ပြီး Primary 1 တွင်သင်ကြားတတ်မြောက်ခဲ့သော English နှင့် Maths ကို ဖြေဆိုရမည်ဖြစ်သည်။
🎃 ဘယ်ဘာသာတွေ ဖြေရမလဲ?
English နှင့် Math နှစ်ဘာသာကို ဖြေဆိုရသည်။
Primary တန်းများအတွက် ယခင်နှစ်မှစ၍ CEQ (Cambridge English Qualification) အမှတ်များပြသ၍ ဝင်ခွင့်လျှောက်လွှာတစ်ခါတည်း တွဲတင်ရပြီး AEIS စာမေးပွဲတွင် သင်္ချာဘာသာတစ်မျိုးတည်းကိုသာ Singapore တွင်သွားရောက်ဖြေဆိုရန်လိုအပ်တော့သည်။ CEQ အမှတ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် လူသိများသော KET, PET, FCE, CAE အမှတ်များကို ဆိုလိုခြင်းဖြစ်သည်။
ဝင်ခွင့်ရလိုသောအတန်းအလိုက် လိုအပ်သော CEQ level များနှင့် သွားရောက်ဖြေဆိုရမည့် Math level များကို အောက်တွင် ဖော်ပြထားသည်။ ဥပမာ Primary 2 Entry ဖြေဆိုလိုသောကျောင်းသားများအတွက် english level လိုအပ်ချက်မှာ A2 key or KET (100 scores and above) ကို ဝင်ခွင့်လျှောက်စဉ်တွဲတင်ရမည်ဖြစ်ပြီး math level လိုအပ်ချက်မှာ primary 1 သင်္ချာကို Singapore တွင်သွားရောက်ဖြေဆိုရမည် ဖြစ်သည်။
Secondary ဝင်ခွင့်အတွက်ဖြေဆိုသူများမှာမူ Singapore တွင် English နှင့် Math ဘာသာနှစ်မျိုးစလုံးကို သွားရောက်ဖြေဆိုရမည် ဖြစ်သည်။
🎃 သတိထားရမည့် အတန်းနှင့်အသက်
AEIS တွင် Primary 6 နှင့် Secondary 4 အတွက် ဝင်ခွင့်ဖြေဆိုခွင့်မရှိပါ။
အကြောင်းမှာ Singaporean ကျောင်းသားများ Primary မှ Secondary ကူးပြောင်းသော စာမေးပွဲများနှင့် Secondary မှ Collage သို့ကူးပြောင်းသော စာမေးပွဲများနှင့် အတန်းတူကိုက်ညီနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် international ကျောင်းသားများအနေဖြင့် အတန်းမနာစေရေးအတွက် ကြိုတင်သိရှိထားသင့်ပါသည်။
အသေးစိတ်သိရှိလိုပါက MOE website https://www.moe.gov.sg/international-students/aeis တွင် လေ့လာနိုင်ပါသည်။
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000
26/02/2023
🎯Singapore Math ကို ဘာကြောင့်သင်သင့်သလဲ။
၁။ နိုင်ငံတကာသင်္ချာစွမ်းရည်စစ် စာမေးပွဲများဖြစ်ကြသည့် TIMSS (Trends in International Mathematics and Science Study) and PISA (Programme for International Student Assessment) ၏ ရလဒ်များအရ Singapore ကျောင်းသားများသည် သင်္ချာစွမ်းရည်တွင် ထိပ်တန်းသုံးနိုင်ငံ၌ ရပ်တည်နေသောကြောင့်ဖြစ်ခြင်း၊
၂။ Singapore သင်္ချာသင်ရိုးညွှန်းတမ်းများသည် စာမေးပွဲရလဒ်ထက် သင်္ချာစွမ်းရည်တိုးတက် တတ်မြောက်မှုကို အဓိကထားသင်ကြားနိုင်ရန် ရေးဆွဲထားခြင်း
၃။ အက္ခရာဂဏန်းအတွက်အချက်များသာမက သဘောပေါက်လွယ်စေရန် ရုပ်ပုံများ၊ block အတုံးများ၊ လက်တွေ့ပြင်ပ ကလေးများနှင့်ရင်းနှီးသော ပစ္စည်းများကို ရေးဆွဲတွက်ချက်စေခြင်း
၄။ Lego အတုံးများ အောက်အဆင့်မှစ၍ တစ်လွှာချင်းဆက်သကဲ့သို့ သင်ခန်းစာအမျိုးအစားတစ်ခုချင်းစီအား အခြေခံမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ပုစ္ဆာပေါင်းများစွာဖြင့် ကျေညက်အောင်လေ့ကျင့်နိုင်ရန် ရေးဆွဲထားခြင်း
၅။ အတန်း Grade ချင်းတူသော်လည်း Singapore သင်ရိုးဖြင့်သင်ကြားထားသောကျောင်းသားများသည် အခြားသော နိုင်ငံများ၏သင်ရိုးစာအုပ်များအား အခက်အခဲမရှိ လွယ်ကူစွာတွက်ချက်နိုင်ခြင်း
🎯Singapore math ကိုသင်ကြားထားခြင်းဖြင့် မည်သည့်အကျိုးများရရှိနိုင်သလဲ။
၁။ IGCSE စာမေးပွဲဖြေဆိုမည့်ကျောင်းသားများအတွက် လွယ်ကူစွာပြောင်းလဲဖြေဆိုနိုင်ခြင်း
၂။ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းများနှင့်လည်း ကိုက်ညီခြင်းသောကြောင့် တက္ကသိုလ်ဝင်တန်းများအတွက် အထောက်အကူ ဖြစ်စေခြင်း
၃။ Singapore မှခေါ်ဆိုသော Scholar များ၊ AEIS (Admission Exercise for International Students) စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ခြင်း
🎯မည်သည့်အတန်းများတတ်ရောက်သင်ကြားနိုင်သလဲ။
Vinculum Maths Classes တွင် Singapore Math - Primary 4, Primary 5, Primary 6, Secondary 1 နှင့် Secondary 2 သင်တန်းများဖွင့်လစ် သင်ကြားပေးလျှက်ရှိပါသည်။
တတ်ရောက်ရမည့်အတန်းသတ်မှတ်ချက်အား Placement Test ဖြင့်သာ ဆုံးဖြတ်ပါသည်။
အတန်းကာလသတ်မှတ်ချက်မှာ regular class (အတန်းတစ်တန်းကြာမြင့်ချိန် ၁၂လ ဝန်းကျင်) နှင့် summer class (၃လ) ဖြစ်ပါသည်။
🎯အခြားမည်သည့်အတန်းများ သင်ယူနိုင်ပါသလဲ။
- Preparation for AEIS Exam
- Preparation for Singapore Scholarship
(Primary, Secondary and IGCSE O level)
- Preparation for IGCSE O level တို့ကို သင်ယူနိုင်ပါသည်။
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000
26/02/2023
🧧Around the world, the Singapore method of teaching math is highly regarded because it is very effective. It is a different approach to learning math. Instead of a teacher discussing how to solve a problem on the board, students are invited to take part in the process.
🧧In two international tests, TIMSS (Trends in International Mathematics and Science Study) and PISA (Programme for International Student Assessment) – which assess math and science competency in countries worldwide – Singapore is named as one of the top three rated countries for maths.
🧧Singapore Math is more advanced in terms of grade level than just about every other math program used in the U.S public school system.
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000
26/02/2023
✍When you practice mathematics, you are not only reinforcing your knowledge of concepts and formulas, but you are also improving your problem-solving skills.
✍Through practice, you can learn to apply mathematical concepts to real-world situations and solve complex problems.
✍Practice also helps you to develop your mathematical intuition and to become more comfortable working with numbers and equations.
✍Practicing mathematics is crucial for developing a deep understanding of the subject and for mastering its various concepts and techniques.
✍So, it's always a good idea to set aside regular practice time to improve your mathematical skills.
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000
26/02/2023
Mathematics itself isn't truth, but all its results can be said to be true👌👌👌 .
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Nawaday Street, Yamingyi, Dagon Township
Yangon