GAINZ

GAINZ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GAINZ, Sports & Fitness Instruction, Yangon.

Photos from GAINZ 's post 14/02/2025

V Day မှာ မင်မင်တော့ရခဲ့ပြီနော်

14/02/2025

တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာ
သက်သေပြသွားတဲ့ ညီလေး

နောက်ပွဲတွက် ဖိုက်တင်း 💪💪💪

23/12/2024

🤝အပြင် pt တွေရော online pt တွေပါပြန်စပါပြီဗျ ဆော့လက်စလူတွေ ဆော့နေကျအချိန်တိုင်းပြန်ပြပါမယ် နောက်ထပ်အသစ်လက်ခံဖို့လဲရှိပါတယ် pt ငှားလိုသူများ နေရာနဲ့အချိန်လာရောက်ညှိနိုင်းလို့ရပါမယ် 🤝

🤝လှိုင်အနီးတဝိုက် ဆိုရင် တလ 250000ks gym ဖိုးကို client ဘက်မှသွင်းပေးရပါမယ်🤝

🤝တခြားမြို့နယ်ဆိုရင် တလ 300000ks gym ဖိုး ကိုClient ဘက်မှသွင်းပေးရပါမယ်🤝

🤝Online pt ဆိုရင် 150000ks 🤝

🥦Meals plan ကို သေချာတွက်ချက်ပေးပါမယ်
သေချာလိုက်နာမယ်ဆိုရင် body transformation ကို ၃ လနဲ့ပြောင်းလဲ မှုရမယ်လို့အာမခံပါတယ်🥦

✅လိုက်နာရမှာကတော့ အစားအသောက်အနေအထိုင် နှင့် အိပ်ချိန် တိကျဖို့လိုအပ်ပါမယ်✅

အမှန်တကယ်ပြောင်းလဲမှုလိုချင်လို့ pt ငှားရမ်းမယ်ဆိုရင် တကယ်ပြောင်းလဲချင်စိတ်ရှိပြီး လမ်းညွှန်မှုလိုက်နာနိုင်မှ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ




ဆက်သွယ်ရန်
09444277899

18/09/2024

မနက်ဖြန်ကစပြီး အပြင် pt တွေရော online pt တွေပါပြန်စပါပြီဗျ ဆော့လက်စလူတွေ ဆော့နေကျအချိန်တိုင်းပြန်ပြပါမယ် နောက်ထပ်အသစ်လက်ခံဖို့လဲရှိပါတယ် pt ငှားလိုသူများ နေရာနဲ့အချိန်လာရောက်ညှိနိုင်းလို့ရပါမယ်

🤝လှိုင်အနီးတဝိုက် ဆိုရင် တလ 250000ks gym ဖိုးကို client ဘက်မှသွင်းပေးရပါမယ်🤝

🤝တခြားမြို့နယ်ဆိုရင် တလ 300000ks gym ဖိုး ကိုClient ဘက်မှသွင်းပေးရပါမယ်🤝

🤝Online pt ဆိုရင် 150000ks 🤝

🥦Meals plan ကို သေချာတွက်ချက်ပေးပါမယ်
သေချာလိုက်နာမယ်ဆိုရင် body transformation ကို ၃ လနဲ့ပြောင်းလဲ မှုရမယ်လို့အာမခံပါတယ်🥦

✅လိုက်နာရမှာကတော့ အစားအသောက်အနေအထိုင် နှင့် အိပ်ချိန် တိကျဖို့လိုအပ်ပါမယ်✅

အမှန်တကယ်ပြောင်းလဲမှုလိုချင်လို့ pt ငှားရမ်းမယ်ဆိုရင် တကယ်ပြောင်းလဲချင်စိတ်ရှိပြီး လမ်းညွှန်မှုလိုက်နာနိုင်မှ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ


ဆက်သွယ်ရန်
09444277899

10/07/2024

အာလုံးပဲ ကျမ္မာအောင်နေကြရဲ့လား❓

လေ့ကျင့်ခန်းရော တပတ်၅ရက်လောက်လုပ်ဖြစ်ကြလား❓

ကိုယ့်အတွက်အကျိုးမရှိတဲ့အစားသောက်တွေ
ရှောင်ဖြစ်ကြလား❓

အိပ်ချိန်ရော တရက် ၆ နာရီနဲ့ ၈နာရီကြား အိပ်ဖြစ်ကြလား❓

🔴တကယ်အရေးကြီးတဲ့အချက်လေးတွေကို ဂရုစိုက်နိုင်ကြပါစေဗျ🔴

programs
plan

guideline
pt
by one pt
#အချိန်တွေဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျ

အားလုံးကိုလေးစားလျှက်

17/02/2024

Gym ထဲမှာ ကစားတဲ့အခါ ကျန်းမာရေးကို ဦးစားပေးပါ
ကြွက်သားတွေကြီးဖို့လည်းကစားတတ်ပါစေ.......
အဆီကျ ကျစ်လစ်ဖို့လည်း ကစားတတ်ပါစေ......
အချိုးအစားကျ လှပဖို့လည်း ကစားတတ်ပါစေ
ဦးဏှောက်ကြီးဖို့လည်းကစားတတ်ပါစေ
လက်တွေ့မပါတဲ့ သီအိုရီတွေကြားထဲမှာ
စိတ်မော လူမော အချိန်ကုန်မခံပါနဲ့

လမ်းပြသူကလည်း မှန်ကန်ဖို့လိုပါတယ်
နောက်ကလိုက်သူကလည်း လိုက်လျှောက်နိုင်ဖို့လိုပါတယ်
ဆရာတွေများလွန်းတဲ့ ခေတ်ပျက်ကြီးထဲမှာ
မိမိခန္ဓာကိုယ်နဲ့ ငွေကြေးကို အကျိုးရှိရှိ အသုံးချတတ်ပါစေ
လမ်းကမပျောက်ပါဘူး များနေလွန်းလို့ခက်တာ
ရွေးချယ်တဲ့ လမ်း မမှားပါစေနဲ့💪💪💪

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ
ထည့်ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့


✍️✍️✍️✍️✍️✍️✍️✍️✍️

12/01/2024

ပထမဆုံးခံစားဘူးတဲ့ ပီတိလေး

ဒီနေ့ကျွန်တော့်အတွေ့အကြုံလေးတခုကိုမျှဝေပေမဲ့အကြောင်းအရာတခုရှိပါတယ် တချိန်က ကျွန်တော် trainer လုပ်သက်၆လပဲရှိသေးတဲ့ကာလတခုမှာပေါ့
gym လာအပ်တယ်ဗျ သူအရပ်က၅ပေ၂လက္မ လောက်ပဲ့ရှိမယ် သူ့ကိုယ်အလေးချိန်က ၈၈ပေါင် ရှိတယ် အဲဒီအချိန်ထိ ပြဿနာမရှိခဲ့သေးဘူးဗျ ဘယ်ချိန်ပြဿနာစလဲဆိုတော့ ကျွန်တော်ရဲ့အကျင့်တခုရှိတယ် gymလာအပ်သူတွေကိုဘာကြောင့်လာဆော့တာလဲးလို့မေးတတ်တာပဲ

အဲအချိန်မှာလာအပ်တဲ့ကျွန်တော့်မိတ်ဆွေရဲ့ဖြေလိုက်တာက ရဲသားတယောက်ဖြစ်ချင်လို့လျှောက်တာတဲ့
သူကိုယ်အလေးချိန် ၁၁၀ပေါင်မပြည့်လို့လာဆော့တာတဲ့
(လွန်ခဲ့သေားယ၂၀၁၄ကပါနော်😁)
အချိန်က၂လရတယ်ဆရာတဲ့ ပြည့်အောင်လုပ်ပေးပါတဲ့
ကိုယ်ကလဲလုပ်သက်၆လဆိုတော့ ဆရာပေါ့ဗျာ😁
တခုတော့တောင်းဆိုလိုက်တယ် ငါ့ညီအကိုပြေားတဲ့တိုင်းစားနိုင်ရင်ရပါတယ်လို့(ဆရာကြီးလေသံနဲ့😁)ပြေားလိုက်တယ် သူကလဲးစားမယ်ဆရာတဲ့ အဲဒါဆို တနေ့ကို
ထမင်း၄နပ်စားရမယ် ကြက်ဥ ၅လုံးစားရမယ် ငှက်ပျောသီး၃လုံးစားရမယ် နွားနို့တခွက် ညတိုင်းသောက်လို့ပြေားလိုက်တယ်

training ကိုတော့ကိုယ်ကလဲအရင်က သင်ခဲ့ရသလို
ရင်ဘတ်နဲ့လက်မောင်းရှေ့
နောက်ကျေားနဲ့လက်မောင်းနောက်
ဆုံနဲ့ဂုတ်
အောက်ပိုင်းဆိုပြီး တပတ်ကို၆ရက်လုံးလာဆော့ခိုင်ခဲ့တာ
၁ လခွဲလောက်ကြာတော့မောင်မင်းကြီးသားမလာတော့ဘူးဗျာ ၂လပြည့်တော့ မှလာတယ်
ဆရာ့ကိုလာနှုတ်ဆက်တာတဲ့ပေါင်ချိန်မှီလို့သင်တန်းသွားရတော့မယ်တဲ့ အဲဒီအချိန်မှာ ကိုယ်ခံစားလိုက်ရတဲ့အရာက ကိုယ့်ရဲ့ကူညီဖေးမမှုနဲ့သူပျော်သွားပါလားဆိုတဲ့
ပီတိ ရဲ့ခံစားမှုကိုကြုံရပြီး ခုချိန်ထိ ဒီtrainer ဆိုတဲ့
လေားကထဲမှာဆက်လက်ရပ်တည်နေခဲ့မိတာပဲဗျာ

ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါတယ်💪🤝

အားလုံးကိုလေးစားလျှက်

Photos from GAINZ 's post 12/01/2024

ဒီနေ့အားလုံးကိုဝေမျှပေးချင်တဲ့အကြောင်းအရာလေးတစ်ခုက ကျွန်တော် 2013 မှာပထမဆုံး
ရန်ကုန်ကိုအရဲစွန့် လာခဲ့ရတဲ့အကြောင်းလေးပြေားပြပေးပါရစေ ကျွန်တော့်ညီဝမ်းကွဲလေးတစ်ယောက်က ဆယ်တန်းအောင်ပြီးရန်ကုန်ကိုအလုပ်လုပ် ဆြိထွက်သွားခဲ့ပြီး Gym အားကစားရုံ တစ်ခုမှာ Trainer အကူလုပ်ပြီး ၆ လအကြာမှာ သူလုပ်ရည်ကိုင်ရည်သဘေားကျလို့ သူသဌေးက သူ့ကို Main Trainer အဖြစ်လွှဲပြောင်းခဲ့ချိန်မှာ ကျွန်တော့်ကို စပြီးရန်ကုန်လာဖို့ခေါ်ခဲ့တဲ့အတွက် ရန်ကုန်ဆိုတာကျွန်တော့်အတွက်အိမ်နဲ့အဝေးဆုံးနေရာကိုပထမဆုံးအရဲစွန့်လာခဲ့ရတာပါ အဲအချိန်မှာ Gym ဆိုတာမကြားဘူးပါဘူး သူခေါ်လို့ ဘုရားဖူပြီးပြန်မယ်ဆိုတဲ့စိတ်နဲ့လာခဲ့တာပါ သူဆီရောက်မှာအလိုတွေ လေ့ကျင့်ရတယ်အလိုလုပ်ရတယ်ဆိုတာသိခဲ့ရတာ ကျွန်တော်ပျော်ခဲ့ပါတယ် ကျွန်တော်အကောင်သေးသေးလေး ၉၃ပေါင်ပဲရှိခဲ့တော့အကောင်ကြီးအောင်လုပ်လို့ရတယ်ဆိုပြီး ပျော်ခဲ့တာပါ ကျွန်တော်ညီလေးက တကယ်အကောင်ကြီးချင်ရင်သူပြောသလိုလုပ်ဆိုပြီး ည၉နာရီအိပ်ခိုင်းတယ်မနက် ၆ထခိုင်တယ် ၇နာရီမှာ ပဲပြုတ်ထမင်းဆီဆမ်းကြက်ဥပြုတ်တလုံးစားခိုင်းတယ် ၉နာရီဆော့ခိုင်းတယ် ၁၁နာရီ အသားဟင်းနဲ့ထမင်းစားခိုင်းတယ် ၁၂ ပြန်အိပ်ခိုင်းတယ် ၃နာရီထတယ် ရေချိုးထမင်းထပ်စားတယ် ရောက်ခါစဆိုတော့ဘာမှမလုပ်ရပဲဆော့ပြီးတဲ့လူမှန်သမျှကို နောက်ကျောကနေတွန်းပြီး အကျောလျော့ပေးရတယ် ည၈နာရီမှအလုပ်ပြီးတာနဲ့ရေချိုးထမင်းထပ်စား ၉နာရီအိပ်တယ် အလိုနဲ့ ၃လပြည့်တော့ လူကအရင်ထက်ပြောင်းလဲလာပြီး ပေါင်၁၂၀ထိဖြစ်လာခဲ့တယ်ဗျာ
👇ပြောချင်တာက ခုလူတွေလို စားချင်တဲ့အချိန်စားအိပ်ချင်တဲ့အချိန်အိပ် မလုပ်ခဲ့ရဘူး သူ့အချိန်နဲ့သူနေ့စဉ်လုပ်လိုက်တာကို ၃လနဲ့အလိုပြောင်းလဲလာတယ်ဆိုတာပဲ
🤌အဲအချိန်တုန်းကဆို Ped မပြောနဲ့ protein တောင်ဘယ်လိုဟာမှန်းမသိခဲ့ဘူး
👌ကျွန်တော် ဒီ page ကနေပြီနောက်ဆို Weight gain သီးသန့်အတွက် Sharing တွေလုပ်ပေးမယ် cb မှာမေးမြန်းတာတွေလဲ အားလုံးကိုပြန်ဖြေပေးပါမယ်ဗျ

ပုံကတော့ ၂၀၁၃ ရန်ကုန်ရောက်ခါစကပုံနဲ့ ၃လပြည့်ပုံလေးတွေပါ💪

အားလုံးကိုလေးစားလျှက်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon