Next Level Learning

Next Level Learning

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Level Learning, Language school, Yangon.

Photos from Next Level Learning's post 09/10/2025

🌇ချင်းမိုင်🌇 မှာ 🇹🇭 Bristol Chiang Mai🇹🇭 ရှိနေပြီနော် 😍😍

အေးအေးချမ်းချမ်းနှင့် ချင်းမိုင် မှာ ED Visa နဲ့ Language School တက်ချင်တဲ့ ကျောင်းသူ/ကျောင်းသားများအတွက်
(အသက် ၁၅ နှစ်ကနေ ၅၀ ထိ တက်ရောက်လို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင့် 🙏)
___________________________________________
____________________________________________
🇹🇭 Bristol Language School BKK🇹🇭 အပြင်
🇹🇭 Bristol Language School Chiang Mai 🇹🇭 မှာဆိုရင်တော့
- English Language Program နှင့်
- Thai Language Program (၂)မျိုးရပါမယ်ရှင့်..

📕📚4 months/ 8 months/ 12 months
ရွေးချယ်၍ တက်ရောက်နိုင်ပါတယ် 📚📕

==================================
💸Update School Fees💸လေး တင်ပေးလိုက်ပါတယ်ရှင့်📢😍

🇹🇭English Program🇹🇭

✅(46600 THB for 1 year)
✅(36200 THB for 8 months)
✅(21600 THB for 4 months)
________________________________________

🇹🇭Thai Program🇹🇭

✅(34000 THB for 1 year)
✅(28500 THB for 8 months)
✅ (18200 THB for 4 months)
_________________________________________
_________________________________________
💸Payment Method 💸
1st Time - School Fees Payment at Register time
2nd Time - School Fees Payment at ED Visa Change Date

==================================
✍️Immigration Visa Fees@Immigration Office အတွက်က✍️
☑️Visa Exchange Fees = 14000 THB ရယ်

For 4 months ED Visa,
- Extend 1 = 3900THB

For 8 months ED Visa,
- Extend 1 = 3900THB
- Extend 2 = 3900THB

For 12 months ED Visa
- Extend 1 = 3900THB
- Extend 2 = 3900THB
- Extend 3 = 3900THB

====================================

🇲🇲မြန်မာပြည်က ကျောင်းသူ/ကျောင်းသားများအတွက်

- TR Visa ၂လ နဲ့ ချင်းမိုင်ကိုသွားပြီ ကျောင်းလျှောက်ရမယ်ဖြစ်ပါတယ်ရှင့်

(P.S 🇹🇭Bristol BKK 🇹🇭 ကျောင်းအတွက်ကအနည်းဆုံး Visa သက်တမ်း 35/40days ဝန်းကျင် ကျန်ရင် ကျောင်းလျှောက်လို့ရပါတယ်ရှင့်

🇹🇭 Bristol Chiang Mai🇹🇭 အတွက်က Visa သက်တမ်း 60 days ဝန်းကျင်ရှိမှသာ ED Visa Change လို့ရပါမယ်ရှင့်)

~~~~~~~~~~~~~~~~~~~~~~~~~~~~
For More Details;

📞09987990355

Viber-09987990355
Viber-09765442231
(သို့မဟုတ်) Next Level Learning Page သို့ဆတ်သွယ်စုံစမ်းနိူင်ပါတယ်ရှင့်

03/10/2025

Hello အားလုံးပဲ မင်္ဂလာပါရှင့် 🙏🥰

ထိုင်းနိူင်ငံကို Visa အတွက် စိတ်ပူစရာမလို
အသက် (၁၅)နှစ်ကနေ (၅၀)နှစ်ထိဆိုတော့
အသက်အရွယ်အတွက်လည်းစိတ်ပူစရာမလိုတဲ့
Language School တခု နဲ့မိတ်ဆတ်ပေးချင်ပါတယ် ဝင်ရောက်လေ့လာကြည့်ပေးပါရှင့် 🥰

13/05/2025

အင်းစိန်/မြောက်ဒဂုံ/မြောက်ဥက္ကလာ/Times City (ကမာရွတ်) တွေမှာ တည်ရှိတဲ့ International Preschool ကျောင်းခွဲတွေအတွက် တာဝန်ထမ်းဆောင်ရန် Preschool (Main Tr/Assistant Tr) များ အလိုရှိပါတယ်ခင်ဗျ..💙
~~~~~~~~~~~~~~~~~~~~~~~~~~~

✅Job Position : International Preschool Teacher(full time)
Plan, supervise, and implement child directed classroom programs that are in accordance with the policies of the school.
• Gear program to needs of individual children, as well as the whole group, with concern for their interests, abilities, talents and individual style, and pace of learning.
• Engage in ongoing evaluation and assessment procedures needed to assess children's developmental levels and support curriculum planning.
• Implement methods for effectively integrating the support, skills, and talents of the teaching team members in all areas of the classroom environment.
• Maintain a clean and tidy classroom consistent with health and safety standards
• Maintain ordered arrangement, appearance, decor, and learning environment of the classroom, with a clear focus on documentation of the children's work.
• Facilitate effective and constructive daily communication with families.
• Participate in recommended training programs, conferences, courses, and other aspects of professional growth.
• Facilitate effective and constructive weekly team meetings.

Requirements

• Bachelor's degree
• ECCD certification preferred
• Minimum of 2 year of class teacher positions experience with track record in preschool field
• Minimum intermediate level in English 4 skills
• Must have a positive attitude, a warm and friendly personality, and a passion for teaching child.
• Proficient computer skills.

Salary package: Basic pay + Incentive award allowance

Location: Insein Branch /
Time City Branch/North Okkalapa Branch

Please submit CV to 👇👇
[email protected]
📱Viber No :+959788765241📱
___________________________________________

✅Position: International Preschool Assistant teacher

Requirements
• Any Graduate/Final year(distance)/Pre- graduated, prefer majoring in English or education
• Love to work with preschool children with Minimum 1 year relevant experience
• Good in English 4 skills with intermediate level
• Excellent communication & good attitude for learning
• Able to use computer ( Excel, word , power point etc)
* Able to do multi- tasking and agility

Job description
- Assisting the class teacher with lesson preparation and classroom management
- Preparing lesson material with students individual or in small groups
- documenting student progress / class performance and communicating with parents to keep them informed
- Passionate about providing a high-quality for young children

Location: North Dagon , North Okkalapa , Insein , Time City .

⏰Working hours : Mon to Fri ( 8am - 4pm )⏰ 🗓️Sat (8am- 12pm)
Off Days : Sun & public holidays

Please submit CV to👇👇
[email protected]
📱Viber No:+959788765241📱

===================================

30/04/2025

သာကေတ မြို့နယ်တွင်ရှိသည့်🏫ကိုယ်ပိုင်အထက်တန်း ကျောင်း🏫 မှာ တာဝန်ထမ်းဆောင်ရန်

✅ IT(Computer အပိုင်း)(ကျား/မ - ၃ဦး)
အလိုရှိပါတယ်🏢

✔ Microsoft Office (Excel, Word, PowerPoint) ကျွမ်းကျင်ရပါမည်။
✔ Teamwork နှင့် တာဝန်ယူမှုရှိသူ/စာရိတ္တကောင်းမွန်သူ
- Computer အခြေခံပိုင်နိုင်ပြီး Microsoft Office ကျွမ်းကျင်သူများ လျှောက်ထားနိုင်ပါသည်။

- အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
(အတွေ့ကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်)
- လစာ = ညှိနှိုင်း
________________________________________
စိတ်ဝင်စားသူများကို ဖိတ်ခေါ်ပါရ‌စေဗျ
အလုပ်လျှောက်ရန်
📞09256160839(Viber) ကို ဆက်သွယ်ပြီး CV Form ပို့ထားလို့ရပါတယ်✍️😍

17/03/2025

အသည်းရောင်အသားဝါ အေ ကူးစက်ရောဂါ (ကျန်းမာရေးအသိပညာပေးဆောင်းပါး)

အသည်းရောင်အသားဝါ လို့ကြားလိုက်တာနဲ့ အားလုံးက သိကြတာမို့ ရင်းနှီးပြီးသား ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘီပိုး နဲ့ စီပိုး တို့က အသည်းရောင်အသားဝါရောဂါ ဖြစ်စေတယ်ဆိုတာကို သိထားကြ ပေမယ့် အသည်းရောင် အသားဝါ အေ ပိုး အကြောင်းကိုတော့သိထားတဲ့သူ နည်းပါးလှပါ‌တယ်။

မြန်မာနိုင်ငံမှာ အခုတစ်လော အဖြစ်များနေတဲ့ ရောဂါဟာ "အသည်းရောင်အသားဝါ အေ" ပဲ ဖြစ်ပါတယ်။

#အသည်းရောင်အသားဝါအေ (Hepatitis A virus-HAV)

အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးဟာ အသည်းကို ယောင်ရမ်းထိခိုက်စေတာကြောင့် မျက်လုံး‌ တွေ အရေပြားတွေ ဝါထိန်ပြီး အသားဝါခြင်းဖြစ်လာရပါတော့တယ်။

အေ ဗိုင်းရပ်စ်ပိုးဟာ ဝမ်းကနေတစ်ဆင့်ပျံ့နှံ့ကာ ရေနဲ့အစားအသောက်ကနေ တစ်ဆင့်ကူးစက်တက်ပြီး ရောဂါရှိသူနှင့် လက် ပွန်းတတီး ထိတွေ့ရာမှလည်း ကူးစက်တတ်ပါတယ်။

ရောဂါကူးစက်ခံရသူတိုင်းဟာ အသည်းရောင်အသားဝါ ဖြစ်သွားတတ်ပြီး အားလုံးနီးပါး ပြန်ကောင်း တတ်ပါတယ်။ ပြန်ကောင်းရင်လည်း ဘဝတစ်လျှောက် အသည်းအသားဝါ အေ ရောဂါအတွက် ကိုယ်ခံအားရရှိသွားပြီပဲ ဖြစ်ပါတယ်။

အသည်းအသားဝါ အေ ဟာ အသည်းရောင်အသားဝါ ဘီပိုး (HBV)နှင့် စီပိုး(HCV) လိုမျိုး အသည်းကို နာတာရှည်ရောဂါတစ်ခုအသွင် မဖြစ်နိုင်သော်လည်း ရှားရှားပါးပါး အသည်းရောင်အသားဝါ အေ (HAV) လူနာအချို့မှာ ရောဂါကူးစက်ပြီး အသားဝါသည့်အချိန်တွင် အသည်းထိခိုက်မှုဆိုးရွားလွန်းခြင်းကြောင့် အသက်သေဆုံးသွားတတ်ပါတယ်။

အသည်းရောင်အသားဝါ အေ ကူးစက်ရောဂါ ပျံ့နှံ့ရတဲ့အကြောင်းအရင်းတွေထဲမှာ သန့်ရှင်းတဲ့ ရေ မရရှိခြင်း၊ ပတ်ဝန်းကျင်က ကျန်းမာရေးနဲ့သန့်ရှင်းရေးလျော့တိလျော့ရဲဖြစ်လာခြင်း၊ လက်ဆေးတဲ့ အလေ့အထပျောက်ဆုံးခြင်း၊ ကျန်းကျန်းမာမာရှိနေစေတဲ့ အလေ့အထတွေကို လျှစ်လျူရှုခြင်းတွေဟာ ရောဂါကူးစက်ဖို့ကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါအတွက်စိတ်ချရတဲ့ ကာကွယ်ဆေးလည်းရှိနေပေမယ့် အသည်း ရောင်အသားဝါ အေ ဖြစ်နိုင်တယ်လို့ခန့်မှန်းရတဲ့ ဖွံ့ဖြိုးဆဲဆင်းရဲနိုင်ငံများကို ခရီးသွားလာတဲ့အခါ ကာကွယ်ဆေးထိုးနှံသင့်ကြောင်း ကမ္ဘာလှည့်ခရီးသွားများကို သတိပေးထားပါတယ်။

#အသည်းရောင်အသားဝါအေကူးစက်တဲ့နည်းလမ်းများ

virus ပိုး အဓိက ကိန်းအောင်းရာ လူနာရဲ့ (မစင်)ဝမ်းမှာဖြစ်တာ‌ကြောင့် အိမ်သာအသုံးပြုပြီးလက်ကို နည်းလမ်းမှန်မှန်စင်ကြယ်စွာဆေးဖို့က အရေးကြီးပါတယ်။

အစားအသောက်ပြင်ဆင်ပေးတဲ့သူတွေဟာ ကျန်းမာရေးအသိကြွယ်ဝဖို့လိုအပ်ပါတယ်။ ဝမ်းကနေ တစ်ဆင့် ရေ၊ အစား အသောက်၊ ယင် စတဲ့ နည်းလမ်းနေတွေကနေ ကူးစက်သွားပြီး နောက်ထပ် လူနာ အသစ်တွေအများကြီးဆီ ရောဂါတွေပို့ဆောင်လိုက်ပါတော့တယ်။

ကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါ အေ ရောဂါ အကြီးအကျယ် ဖြစ်ခဲ့သည်လည်း ကြုံခဲ့ရသလို ၁၉၈၈ က တရုတ်ပြည်ရှန်ဟိုင်းမြို့မှာလည်း လူသုံးသိန်း ကူးစက်ခဲ့ပြီး လနှင့်ချီပြီး ကူးစက်ရောဂါ အသွင်ပျံ့နှံ့ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ အဖြစ်များတဲ့ အသည်းရောင်အသားဝါ‌ အေ ရောဂါဟာ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေမှာ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။

နေ့ကလေးထိန်းကျောင်းများ၊ မူကြိုများ၊ သာသနာပြုအဖွဲ့ကျောင်းများ၊ တရားရိပ်သာများ၊ စာသင် ကျောင်းများနဲ့ သီလရှင်ကျောင်းများ စတဲ့ အစုအဖွဲ့လိုက်ရှိ‌နေသော နေရာတွေမှာ ရောဂါကူးစက် ပြန့်နှံရန် လွယ်ကူပါတယ်။

#ရောဂါကိုရင်ဆိုင်ဖြေရှင်းကြရန်

ရောဂါကူးစက်ပြီး ၁၄ရက်မှ ၂၈ရက်အတွင်း အသားဝါလာတတ်ပြီး ကိုယ့်အနီးအနားတစ်ဝိုက်မှာ အသည်းရောင်အသားဝါ အေ ရောဂါ လူနာတစ်ယောက် တွေ့ရှိပြီဆိုပါက လူနာကိုသီးသန့်ခွဲ ထားသင့် ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါလက္ခဏာတွေကတော့ အသားဝါခြင်း၊ ဖျားခြင်း၊ နုံးချိပင်ပန်းခြင်း၊ အစားမစားချင်ဖြစ်ခြင်း၊ ပါးစပ်ပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ အရောင်ရင့်ရင့်ဆီးသွားခြင်း တို့ဖြစ်ကြပါတယ်။

ကလေးငယ်တွေမှာ ဖြစ်ပါက ခံနိုင်ရည်ရှိပြီး လူငယ်လူငယ်များဖြစ်နေရင်တော့ ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး ဆိုးရွားတတ်ပါတယ်။

ကိုယ်ကိုယ်တိုင်ကျန်းမာရေးအတွက် ပြင်ဆင်ရန်မှာ မိမိတို့နေ့စဉ်သုံးနေတဲ့ ရေသန့်ရှင်းဖို့အတွက် ပြုလုပ်ရပါမယ်။ ရေကို ကလိုရင်းခတ် ပိုးသန့်ခြင်းတွေ လုပ်ဆောင်သင့်ပါတယ်။ အစားအသောက် ချက်ပြုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ တည်ခင်းခြင်း အဆင့်တိုင်းမှာလည်း သန့်ရှင်းရေးကိုအထူးဂရုပြုပြီး လက်ကိုစင်ကြယ်အောင်ဆေးကြောဖို့သာ အထူးလိုအပ်ပါတယ်။

ရောဂါကာကွယ်ဖို့အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဖြူးခြင်း၊ ကောင်းမွန်တဲ့ မိလ္လာစနစ်ထိန်းသိမ်းခြင်း၊ ပိုးသတ်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ လက်ဆေး ဆပ်ပြာများ ထောက်ပံ့ပေးခြင်းတို့ကလည်း ထိရောက်တဲ့ ကာကွယ်မှုတွေပဲ ဖြစ်ပါတယ်။

#ဆေးကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါ အတွက်တိကျသောကုသမှုမရှိပါ။ ဆေးရုံတင်ထားပြီး ကုသရန်လည်းမလိုအပ်ပါ။ လူနာကို အစာအာဟာရပြည့်ပြည့်ဝ၀ကျွေးမွေးပါ။ အရည်များများတိုက်ပြီး ရေဓာတ်လုံလုံလောက်လောက် ရရှိအောင်ဂရုစိုက်ပါ။ မလိုအပ်ဘဲ‌ဆေးများမသောက်ခိုင်းပါနှင့်။ ပြည့်ပြည့် ဝ၀အနားယူဖို့ အရေးကြီးပါတယ်။

ပါရာစီတမောကဲ့သို ဆေးဝါးတွေကလည်း အသည်းကိုထိခိုက်စေတာကြောင့် လုံးဝတိုက်ကျွေးခြင်း မပြုဘဲရှောင်ရှားသင့်ပြီး ဝမ်းလျောခြင်း၊ ပျို့အန်ခြင်းအတွက် ဓာတ်ဆားရည်သောက်သုံး ပေးနိုင် ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါကာကွယ်ဆေးကို ထိုးနှံပြီး ရောဂါကိုကာကွယ်နိုင်ပါတယ်။ ရောဂါ ကာကွယ်နိုင်စွမ်း ၉၅ ရာခိုင်နှုန်းရှိပြီး အသက်တစ်နှစ်နှင့် အထက်ကလေးတွေကနေစပြီး အသက် အရွယ်မရွေးထိုးနှံနိုင်ပါတယ်။ ဆေးကိုနှစ်ကြိမ်ထိုးဖို့ လိုအပ်ပြီး နှစ်၂ဝ သက်တမ်းအထိ ကာကွယ် ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ဆေး အလွယ်တကူမရရှိနိုင်တာကြောင့် ပြည်ပကနေ ယူသယ်ဆောင်၍ ထိုးနှံနေရကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ မိတ်ဆွေတွေရဲ့ ပြောပြချက်အရသိရတာမို့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ၊ တစ်ကိုယ်ရည်ကျန်းမာရေး၊ အစား အသောက်သန့်ရှင်းရေး၊ သုံးရေသောက်ရေသန့်ရှင်းစင်ကြယ်ရေးကို အထူးဂရုပြုကြပါ။ ရောဂါအားလုံး ကို ကျော်လွှားနိုင်ပြီး ကောင်းမွန်စွာ ရှင်သန်ကျော်ဖြတ်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #အသည်းရောင်အသားဝါအေ #ကူးစက်ရောဂါ #ကျန်းမာရေးဆောင်းပါး
ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ

11/03/2025

သာကေတ မြို့နယ်တွင်ရှိသည့်🏫ကိုယ်ပိုင်အထက်တန်း ကျောင်း🏫 မှာ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ အလိုရှိပါတယ်🏢 😍

အောက်ပါရာထူးနေရာများ လစ်လပ်လျက်ရှိသဖြင့် စိတ်ဝင်စားသူများကို ဖိတ်ခေါ်လိုပါသည်။
အလုပ်လျှောက်ရန်
📞09-256160839(Viber) ကို ဆက်သွယ်ပြီး CV Form ပို့ထားပေးပါနော်✍️😍
__________________________________________

1️⃣ Office Staff(ကျား/မ - ၃ ဦး)
- အနည်းဆုံးအထက်တန်းအောင်ထားသူဖြစ်ရမည်။
- အသက်(၂၅)နှစ်နှင့် (၃၅)အတွင်းဖြစ်ရမည်။
- သွက်လက်ဖျတ်လတ်ရမည်။
- တာဝန်ကျေပွန်သူဖြစ်ရမည်။
- မိမိအလုပ်အပေါ်အပြည့်အဝတာဝန်ယူနိုင်ရမည်။
- ကလေးချစ်တတ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်ရမည်။
- အသင်းအဖွဲ့နှင့် ကောင်းစွာ ပူးပေါင်းလုပ်ကိုင်နိုင်မည်။
- ပေးအပ်သောတာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်ပြီး ကြိုးစားသင်ယူလိုစိတ်ရှိရမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- လစာ = ညှိနှိုင်း
_______________________________________

2️⃣IT(Computer အပိုင်း)(ကျား/မ - ၃ ဦး)
📌 ခေါ်ယူနေသောရာထူး: ကွန်ပျူတာစာရင်းကိုင် (Computer Accountant)
📌 တာဝန်နှင့် ဝတ္တရားများ:
✅ စ စာရင်းများကို Accounting Software အသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ခြင်း
✅ C Cash, Bank, AR, AP စာရင်းများ မှန်ကန်စွာ မှတ်တမ်းတင်ခြင်း
✅ S Stock Balance နှင့် Financial Report များ ပြုစုတင်ပြခြင်း
✅ T Taxation, SSB, Payroll နှင့် သက်ဆိုင်ရာ အစိုးရစာရင်းများ ပေးပို့ခြင်း
✅ လုပ်ငန်းမှတ်တမ်းများကို မှန်ကန်သေချာစွာ ထိန်းသိမ်းခြင်း
📌 လိုအပ်သော အရည်အချင်းများ:
✔ B.Com / LCCI Level II (သို့) Level III အောင်မြင်ပြီးသူ
✔ Microsoft Office (Excel, Word, PowerPoint, Adobe Acrobat) ကျွမ်းကျင်သူ
✔ Accounting Software အသုံးပြုနိုင်သူ
✔ စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံ (1 နှစ် – 2 နှစ်) ရှိသူ ဦးစားပေးမည်
✔ Teamwork နှင့် တာဝန်ယူမှုရှိသူ
- Computer အခြေခံပိုင်နိုင်ပြီး Microsoft Word ကျွမ်းကျင်ရပါမည်။
- အတွေ့အကြုံရှိသူဦးစားပေးမည်။
- လစာ = ညှိနှိုင်း
_________________________________________

3️⃣ Page Admin (ကျား/မ - ၂ဦး)
လစာ = ညှိနှိုင်း
_________________________________________

4️⃣သန့်ရှင်းရေး (မ - ၃ ဦး)
- အသက် (၂၅)နှစ်နှင့် (၄၀)အတွင်းဖြစ်ရမည်။ - သန့်ရှင်းရေးအတွေ့အကြုံ (၁)နှစ် ရှိရမည်။
- ရိုးသားကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်ရမည်။
- ဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ ဝန်ဆောင်မှုကောင်းစွာပေးနိုင်သူ ဖြစ်ရပါမည်။ - အသင်းအဖွဲ့နှင့် ကောင်းစွာ ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
လစာ - (၂၀၀၀၀၀-၂၅၀၀၀၀)
__________________________________________

5️⃣ Security (ကျား - ၃ဦး)
လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများအနေဖြင့် CV Form ကို
📞09-256160839 (Viber) မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
Interview ရွေးချယ်ခံရသူ များအား ပြန်လည်ဆက်သွယ်ပေးသွားပါမည်။

Photos from Voice of Myanmar's post 15/09/2024

ရေကြီးရေလျှံဖြစ်လာနိုင်ရင် ကြိုတင်ပြင်ဆင်ရမည့် အစီအစဥ်များ⚠️

17/04/2024

မြန်မာနှစ်သစ်
အချိန်အခါသမယမှ စ၍🙏

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ🙏

စိိတ်နှလုံးအေးချမ်း လုပ်ငန်းများ အောင်မြင်တိုးတက်ပြီး ဘေးဘယာ ကင်းဝေးကြပါစေ🙏

အန္တရာယ် အပေါင်းကင်းဝေးပြီး ကြံစည်သမျှ အောင်ကြပါစေ 🙏

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ
🙏🙏🙏

Photos from Next Level Learning's post 15/02/2024

သားသား/မီးမီးတို့ရဲ့ နွေရာသီ ကျောင်းပိတ်ရက်အတွက်
S.M.S ရဲ့ 🌅 Summer Camp (Online Class)🌅
အတန်းတွေ လာပါပြီ‌ဗျာ 🎉🥳😍

~~~~~~~~~
Timetable
~~~~~~~~~

✍️ Grammar Class✍️
Ages - (10-13 yrs old)
စနေ & တနင်္ဂနွေ
4:00 to 5:30pm
Duration - March/April/May
--------------------------------------------

🅰️ Fun for Story🅰️ (Cambridge)
Ages - ( 7 to 9 yrs old)
စနေ & တနင်္ဂနွေ
3:00 to 4:30pm
Duration - March/April/May

----------------------------------------------------------------------
Starting Date - March 2/2024

=====================================

Let's begin with S.M.S Language Center for your Kids' dream in the future. 🤍
=====================================
ကျောင်းသား ဦးရေ ကန့်သတ်ထားတာမို့
အမြန်ဆုံး စာရင်းသွင်းဖို့တော့ လိုမယ်နော် ✍️

အသေးစိပ်စုံစမ်းလိုပါက
Page Messenger (သို့မဟုတ်)
📞 09 776767022
📞 09 987990355 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

15/02/2024

FYI 🎉😍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon