Power Flash Myanmar

Power Flash Myanmar

Share

"Myanmar's first Power Bank Rental Service"
Charge Easy, Keep Running

18/06/2026

Refund အကြောင်း တစေ့တစောင်း 💭

13/06/2026

🪫 Battery 1% ထိစောင့်ရင်း ဒီတိုင်းပဲ သင့်ရဲ့ တစ်နေ့တာကို လောက ကြီးနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး နေသွားမှာလား ❓

ဒါဆိုရင်တော့ သင်ဟာ (၁၀)နှစ်လောက် နောက်ကျကျန်ခဲ့ပါပြီ 🟢

ဖုန်းအားကုန်တော့မှာပဲဖြစ်ဖြစ် Type B , Type C , Lightning Connector ကြိုးနဲ့ အားသွင်းရတဲ့ ဘယ် Device ကိုမဆို Charge 🔋လုပ်နိုင်တဲ့ Power Flash ရဲ့ ပါဝါဘန့်ခ် တွေကို နီးစပ်ရာ Rental Station တိုင်းမှာ တစ်နာရီ 999 Kyat နဲ့ ငှါးရမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးအပ်လိုက်ပါတယ် ⚡️

08/06/2026

🪫 Solve Low Battery , Stay Powered ⚡️

02/06/2026

သွင်းခါနီးရင် ဘာပြောလဲ ?

25/05/2026

Low Power Mode (iPhone) / Battery Saver (Android) ကို အမြဲဖွင့်ထားတာက battery health ကို တိုက်ရိုက်မပျက်စီးစေပါဘူး။

အများအားဖြင့်တော့ battery usage ကိုလျှော့ပေးပြီး ဖုန်းအပူတက်တာလည်း နည်းစေတဲ့အတွက် battery lifespan အတွက်ကောင်းတဲ့ဘက်ပိုများပါတယ်။

ဒါပေမယ့် အမြဲဖွင့်ထားရင် ဒီလိုအကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်—

Background app refresh လျော့သွားမယ်

Notifications / mail sync နောက်ကျနိုင်တယ်

Screen refresh rate လျော့နိုင်တယ် (အချို့ဖုန်းတွေ) Performance ကို intentionally downclock လုပ်တဲ့အတွက် ဖုန်းနည်းနည်းနှေးသလိုခံစားရနိုင်တယ်

5G, animations, visual effects တချို့ပိတ်ထားနိုင်တယ်

Battery health အမြင်နဲ့ဆိုရင် —

Gaming မများ

Heat နည်း

CPU stress နည်း

ဖြစ်တာကြောင့် အမြဲဖွင့်ထားတာက မကောင်းဘူးဆိုတာမဟုတ်ပါဘူး။

တကယ် battery ကိုထိခိုက်စေတဲ့အရာတွေကတော့ —
အပူလွန်ကဲခြင်း

Fast charging ကို အမြဲသုံးခြင်း

0% ထိ discharge လုပ်တာများခြင်း

Charging လုပ်ရင်း gaming ကစားခြင်း
တို့ပါ။

အကယ်၍ performance ကိုအရေးမကြီးဘဲ battery ကြာကြာခံချင်ရင် Low Power Mode အမြဲဖွင့်ထားလို့ရပါတယ်။

14/05/2026

ဖုန်းအားသွင်းတာ နှေးနေပြီဆိုရင် ဘာတွေစစ်သင့်
လဲ❓

ဖုန်းအားသွင်းနှေးတာဟာ Battery ပျက်တာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး ⚠️
ဒီအချက်တွေကို အရင်စစ်ကြည့်ပါ👇

🔌 Charging Cable ပျက်နေလား?
Cable အတွင်းကြိုးပျက်နေရင် အားဝင်နှေးတတ်ပါတယ်။

⚡ Charger Adapter Original ဟုတ်ရဲ့လား?
Watt အားနည်းတဲ့ Charger သုံးရင် Fast Charging မရနိုင်ပါ။

🧹 Charging Port မှာ ဖုန်ဝင်နေလား?
Dust တွေကြောင့် Connection မကောင်းဘဲ Charging Slow ဖြစ်တတ်ပါတယ်။

📲 Background Apps များနေသလား?
Game / TikTok / Facebook တွေ run နေရင် Battery သုံးနေတာများပြီး အားဝင်နှေးနိုင်ပါတယ်။

🌡️ ဖုန်းအပူတက်နေလား?
အပူများရင် Battery Safety System က Charging Speed ကို လျှော့ချတတ်ပါတယ်။

💡 Tips:
✔ Original Charger သုံးပါ
✔ Airplane Mode ဖွင့်ပြီးအားသွင်းကြည့်ပါ
✔ Battery Health စစ်ဆေးပါ
✔ Cheap Cable မသုံးပါနဲ့

📌 ဖုန်းအားသွင်းနှေးနေတာ ကြာလာရင် Battery Damage ဖြစ်နိုင်တာကြောင့် စောစောစစ်ဆေးတာကောင်းပါတယ်။

04/05/2026

🔋 Battery Health ကျမှာစိုးပြီး အားတောင် မသွင်းရဲတဲ့ Psycho လေးတွေရှိလား 🧐

ကဲ ဒါဆိုရင် Battery Health မကျအောင် ဘယ်လိုထိန်းမလဲ ❓

1️⃣ 20% – 80% အတွင်းထားသုံးပါ�Battery ကို 0% ထိမကျစေနဲ့၊ 100% နာရီရှည်မထားပါနဲ့။
�အကောင်းဆုံး range 👉 20% – 80%

2️⃣ ဖုန်းပူမသွားအောင် ထိန်းပါ 🌡️�Charging လုပ်နေတုန်း game မကစားပါနဲ့။�နေပူထဲ မထားပါနဲ့။

3️⃣ Overnight charging မကြာခဏ မလုပ်ပါနဲ့ 🔌
�ညလုံး charge တင်ထားရင် battery stress ဖြစ်နိုင်ပါတယ်။

4️⃣ Fast charging အမြဲမသုံးပါနဲ့ ⚡
�Fast charge ကအပူတက်စေပြီး battery wear မြန်စေနိုင်ပါတယ်။

5️⃣ Original charger သုံးပါ ✔️
�Quality မကောင်းတဲ့ charger တွေက battery health ကို ထိခိုက်စေနိုင်ပါတယ်။

6️⃣ Background apps တွေကို လျှော့ပါ 📱
�Apps များလွန်းရင် charge cycle ပိုမြန်ပါတယ်။

အခုပြောပြပေးသွားတဲ့ Tips လေးတွေကို သုံးပြီး Battery health ကို ကာကွယ်လိုက်တော့နော် 🌟

20/04/2026

Talent Hiring ❗️

🎬 Tiktok Short Video နဲ့ အခြား Promo Video တွေ ရိုက်ကူးဖို့အတွက် Talent တွေကို Power Flash ကနေ ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါရစေ 🌟

What We Offer 🟢

ရွေးချယ်ခံရသူတွေအတွက် အနုပညာကြေး အပြင် နောက်ထပ် Project တွေအတွက်ပါ ပူးပေါင်းရိုက်ကူးခွင့်ရမယ့် အခွင့်အရေးကြီး 🚀

REQUIREMENTS :

Personal Detail ( Name , Age , Height , Ph number )
📸 ၆လ အတွင်းရိုက်ထားသော ဓာတ်ပုံ (၂)ပုံ
📸 ၁လအတွင်း ရိုက်ထားသော ဓာတ်ပုံ (၂) ပုံ

ပို့ပေးရန် Viber Phone Number : +959881288885

🔔 ရွေးချယ်ခံရပြီဆိုတာနဲ့ Power Flash Team ကနေ ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်

For more information 📞 : +959881288885 , +959881288886

13/04/2026

💦 နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့အတူ လိုအင်ဆန္ဒများအားလုံး ပြည့်ဝပါစေလို့ Power Flash ကနေ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် 🧡

11/04/2026

Power Flash ကို အစဉ်အမြဲအားပေးလာတဲ့ ညီကို မောင်နှမများအားလုံး မင်္ဂလာပါ 🧡

နှစ်သစ်သင်္ကြန်အခါလေးဖြစ်တဲ့ (၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) ထိ Power Flash Application ထဲတွင်ထည့်သွင်းထားသော Deposit လေးများကို ထုတ်ယူ၍ ရနိုင်မည်မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် 🙏🏼

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Banyardala Road
Yangon
11201