Burmese Talks

Burmese Talks

Share

Welcome! On this page, you’ll find a variety of motivational speeches, short stories, and more.

25/12/2022

Merry Christmas 🎁🎁🎁

ခရစ်စမတ်နေ့လေးမှာ မိဘပြည်သူများအားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ အကုန်လုံး ပြည့်ဝကြပါစေလို့ Burmese Talks မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

23/12/2022

ဆရာလယ်တွင်းသားစောချစ် (ဟာသတို)

#လယ်တွင်းသားစောချစ်
#စာပေဟောပြောပွဲ

13/12/2022

ဆရာလယ်တွင်းသားစောချစ်၏ တန်ဖိုးရှိသော စကားများ

#လယ်တွင်းသားစောချစ်
#စာပေဟောပြောပွဲ

#အသိပညာ
#ဗဟုသုတ

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) စာမဖတ်ခြင်းရဲ့ အဓိက တရားခံ 29/11/2022

ဆရာမောင်စိန်ဝင်း (စာမဖတ်ခြင်းရဲ့အဓိကတရားခံ)

#မောင်စိန်ဝင်း
#စာပေဟောပြောပွဲ

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) စာမဖတ်ခြင်းရဲ့ အဓိက တရားခံ

29/11/2022

ဆရာမဂျူးရေးသားခဲ့သော ကဗျာလေးတစ်ပုဒ်ရဲ့ နောက်ဆုံးအပိုဒ် ကို သဘောကျနှစ်သက်၍ စာပေဟောပြောပွဲချစ်သူများ နားထောင်စေဖို့ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်

ဗဟုသုတရစရာ စာပေဟောပြောပွဲများ Short Videos များကို အမြဲတင်ပေးမှာဖြစ်လို့ Burmese Talks page လေးကို Like and Follow လုပ်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်

#ဂျူး
#စာပေဟောပြောပွဲ

#အသိပညာ
#ဗဟုသုတ

25/11/2022

ဆရာချစ်ဦးညို (မျက်မမြင်နှင့်အရူးတို့ကန်တဲ့ဘောလုံးပွဲ)

" ဘယ်လောက်ပင်ကျန်တာတွေ ပြည့်စုံနေကာမူ၊ သန်စွမ်းနေကာမူ အမှားအမှန်ခွဲခြားနိုင်စွမ်းအသိဉာဏ်ကန်းကွယ်ပြီဆိုရင်၊ဓမ္မအဓမ္မ ခွဲခြားနိုင်စွမ်းအသိဉာဏ်ကန်းကွယ်ပြီဆိုရင်၊အလင်းအမှောင် ခွဲခြားနိုင်စွမ်းအသိဉာဏ် ကန်းကွယ်ပြီဆိုရင် မည်သူမဆို၊မည်သည့်နေရာ၊မည်သည့်ဒေသမဆို ကိုယ့်ဂိုး(Goal)ကိုပြန်သွင်းပြီးတော့အရှုံးကြီးရှုံးတဲ့ဘဝရောက်သွားနိုင်တယ် "

#ချစ်ဦးညို
#စာပေဟောပြောပွဲ

#ဘောလုံးပွဲ
#အသိပညာ
#ဗဟုသုတ

24/11/2022

ဆရာအကြည်တော်(ချွန်စက်လိုလူနှင့်ခဲတံလိုလူ)

" ဘယ်တော့မှ ခဲတံချွန်စက်လိုလူဟာ သူ့သမိုင်းကိုသူ မရေးနိုင်ပါဘူး
ခဲတံလိုလူကဘဲ သူ့သမိုင်းကိုသူရေးနိုင်ပါတယ်
ကျွန်တော်တို့ကိုဖျက်နေတဲ့လူ ခဲတံချွန်စက်လိုလူကို ကျွန်တော်တို့ကရန်သူလို့မြင်တယ် မဟုတ်ပါဘူး ပါရမီဖြည့်ဖက်ပါ သူတို့ပါရမီဖြည့်လို့ ကျွန်တော်တို့ပိုပြီးတော့ ချွန်မြလာတာပါ "

#အကြည်တော်
#စာပေဟောပြောပွဲ

#ဗဟုသုတ
#အသိပညာ
#စောကြည်ဖြူ

24/11/2022

ဆရာအကြည်တော်ဟောကြားသော လမင်းဖမ်းပွဲ ပုံပြင်

“ အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာကျွန်တော်တို့ သံသရာခရီးကပိုတိုသွားပါပြီ
အများကြီးတိုသွားပါပြီ ပန်းတိုင်လဲတဖြည်းဖြည်းနဲ့နီးလာပါပြီ
ဒီလောက်တိုတဲ့ သံသရာမှာ ကျွန်​တော်တို့ အမြင့် မာနကနေပိုမြင့်ရင် ဘဝင်တဲ့ ဘဝင်မြင့်သွားပြီ
ရာဂ အပူ ပိုင်ဆိုင်လိုမှုတွေ အများကြီးများသွားတယ်။ ပြီးတော့ အအေးမေတ္တာတရားပျောက်သွားကြတယ်။
ကျွန်တော်တို့ဟာမေတ္တာတရားနဲ့ တစ်ယောက်ကိုတစ်ယောက် ဘာလို့မကြည့်နိုင်ကြတာလဲ ”

#အကြည်တော်
#စာပေဟောပြောပွဲ

#အသိပညာ
#ဗဟုသုတ
#လမင်း

22/11/2022

ဆရာလယ်တွင်းသားစောချစ် (ကျွန်တော်ဖတ်ခဲ့ဖူးသောအလွမ်းဝတ္ထု နှင့် သိမ်ငယ်စိတ်မှနိုးထလာပုံ)

ဒီ Video လေးမှာ ဆရာလယ်တွင်းသားစောချစ် ငယ်စဉ်ကဖတ်ခဲ့ဖူးသောစာအုပ်လေးတစ်အုပ်အကြောင်း နှင့် သိမ်ငယ်စိတ်မှ ပြန်လည်နိုးထလာပုံအကြောင်းကို ဟောကြားထားပါတယ်

ဗဟုသုတရစရာ စာပေဟောပြောပွဲတွေ Short Video တွေကို အမြဲဲတင်ပေးမှာဖြစ်လို့ Burmese Talks Facebook လေးကို Like And Follow လုပ်ထားဖို့မမေ့ပါနဲ့နော်

#လယ်တွင်းသားစောချစ်
#စာပေဟောပြောပွဲ

#အသိပညာ
#ဗဟုသုတ
#အလွမ်း
#ဝတ္ထု

22/11/2022

ဆရာမောင်သာချို (ဘဝတန်ဖိုး၃မျိုး)

ဆရာမောင်သာချိုကို ရန်ကုန်တိုင်းကွမ်း ခြံကုန်းမြို့ သုံးခွကျေးရွာတွင် ဦးဝင်းသိန်း နှင့် အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့ပါတယ်။ သားသုံးယောက် အနက် အကြီးဆုံးသား ဖြစ်ပြီး၊ အမည်ရင်းမှာ ဦးညွန့်သောင်း ဖြစ်ပါတယ်။

၁၉၈၁တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ တွင်ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင်မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပါတယ်။

၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာတာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် စသည်တို့တွင် အမှုထမ်း ခဲ့ဖူးပြီး ၂၀၁၀ တွင် ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ ပြောင်းရွေ့ပြီး မြန်မာစာဌာန တွင် ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ဆရာမောင်သာချို၏တခြား ကလောင်ခွဲ တခုမှာ ဂျက်ကွမ်းခြံကုန်း ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်ကအာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် အခြားသောတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနည်းတူ ဆရာမောင်သာချိုလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးက ဆရာမောင်သာချိုအား ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁နှစ်နှင့် ၂၂ရက်အကြာ မှ ယင်းအမိန့်ကို ချမှတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ထို့နောက်၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်လာခဲ့ပါတယ်။

ဗဟုသုတရစရာစာပေဟောပြောပွဲတွေ Short Videos တွေစုစည်းတင်ပေးမှာဖြစ်လို့ Burmese Talks Pageလေးကို like and follow လုပ်ခဲ့ဖို့ တောင်းဆိုချင်ပါတယ်

#မောင်သာချို
#စာပေဟောပြောပွဲ

#တန်ဖိုး

20/11/2022

စာရေးဆရာမ ဂျူး (ပညာသင်ရခြင်းအကြောင်းအရင်း၅ချက်)

#ဂျူး
#စာပေဟောပြောပွဲ

#ပညာ
#အသိပညာ
#ဗဟုသုတ

19/11/2022

ဆရာ ဦးဘုန်း (အချစ်ဆိုတာ)

#ဆရာဦးဘုန်း
#ဦးဘုန်း
#အချစ်
#စာပေဟောပြောပွဲ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon