Hopelessly Past
About of love.
မျက်၀န်းတစ်စုံကိုပဲ ဖြစ်ဖြစ်
တွဲလက်တစ်စုံကိုပဲ ဖြစ်ဖြစ်
ငေးကြည့်ကြည့် ဝေးကြည့်ကြည့်
အဆုံးသတ်ရယ်လို့ မရှိ။
#မှူးနွယ်
ဆူးပဲ ခင်းခင်း
ဆူးပဲ နင်းနင်း
ငါလျှောက်တဲ့လမ်း ငါဆင်မြန်းတယ်
နူးညံ့သာယာဖွယ်မရှိ တဲ့။
ဒါကြမ္မာပဲ။
#မှူးနွယ်
ချစ်တဲ့ အကြောင်း
ခေါင်းဆုံရှင်းရရင်
ငါတို့ အဖွဲ့က
လွဲခဲ့ကြသူတွေချည်းရယ်။
#မှူးနွယ်
အချိန်က
စကားပြောသွားမယ်တဲ့
ဟုတ်တာပေါ့ဗျာ သိပ်ပြောတတ်တာ
4 Years ago ဆိုတာတို့ ဘာတို့ပေါ့။
#မှူးနွယ်
တစ်ကြိမ် ကြုံခဲ့ဖူးတဲ့ အချစ်ဟာ
တစ်ချိန်ချိန် ဆုံလာရရင်လည်း အချစ်ပါပဲ
မပြောင်းလဲ သွားပဲ ၊ မပေါင်းခဲ့ရဘဲ။
#မှူးနွယ်
ဒုဓလီတို့ရေ
ငါ့တောင်းဆုတွေ သယ်ဆောင်ရင်း
တစ်ပါးသောသူရဲ့ ရင်ထဲ
ပြန်လည်ရှင်သန်နိုင်ပါစေ။
#မှူးနွယ်
ပျိုးထောင်ရတာခြင်း
တူနေရင်တောင်
နှင်းဆီရိုင်းတွေကတော့
ရင်ထဲထိ မဆူးနင့်ဘူးကွယ်။
#မှူးနွယ်
သတိရခြင်းကို ချနင်းရင်း
ငါတို့ နေတတ်ခဲ့ကြတယ်။
ဘူတာလွန်သွားတဲ့ ရထားတွေက
ပြန်မရပ်ပေးကြတော့ဘူးလေ။
#မှူးနွယ်
ဆရာ အောင်ချိမ့်ပြောတာ
"တစ်ယောက်တည်းပြေးကာ
ဒုတိယရသူများ ရှိပါသည်။ "တဲ့
ငါကတော့
ပြေးလမ်းတစ်ခုပေါ်တောင်
ရှိခဲ့ရဲ့လား မသိခဲ့ဖူးဘူး။
ကျပျောက်သွားတဲ့ ပန်းတိုင်နဲ့
ပြေးနေရမယ့် ငါ့ မျှော်လင့်ချက်တွေ။
ငါဟာ မပြည့်၀တဲ့
တောင်းဆုတစ်ခုပေါ့။
#မှူးနွယ်
တစ်ချိုးတစ်ကွေ့ပဲ အောက်မေ့ခဲ့တာ
တစ်ရေးနိုးမှ ပြန်မဆုံနိုင်တော့မှန်း
သတိရတယ်။
#မှူးနွယ်
တစ်ချိန်ချိန်မှာ
ပြန်တွေးမိလို့ နောင်တ
အများဆုံးရမယ့် အခိုက်အတန့်ဆိုလို့
မောင် နှင့် တွေ့ဆုံခြင်းပါပဲ
မောင်ရေ။
#နွေလွန်းငယ်
ညှိုးသွားတဲ့ ပန်းလေးတစ်ပွင့်
ပြန်လန်းအုံးမယ် အထင်နှင့်
အရိပ်တကြည့်ကြည့် စောင့်နေတုန်းပါပဲ
မောင်ရေ။
#နွေလွန်းငယ်
Click here to claim your Sponsored Listing.
Contact the public figure
Telephone
Website
Address
Yangon