May Grace
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Grace, Entrepreneur, Yangon.
15/12/2022
ရှုပ်ထွေး..ခက်ခဲနေတဲ့အခြေအနေ..Crisis တစ်ခုကိုကြုံဆုံရပြီဆိုတဲ့အခါ ..နာကျင်နေတဲ့..ဆောက်တည်ရာမရတဲ့..ကိုယ့်ရဲ့အတွေးတွေ..ခံစားချက်တွေကိုအရှိန်လျှော့လိုက်ပါ..အသက်ကို ပြင်းပြင်း
ရှူသွင်း ရှုထုတ်လုပ်ပါ ..Slow Down and Breathe.
ဘယ်အရာကိုမှအလွန်အကျူးခံစားပြီး..တုန့်ပြန်လိုက်ဖို့ Overract လုပ်ဖို့..မစဉ်းစားပါနဲ့ ..အခြေအနေတစ်ခုကိုကျော်လွန်သွားဖို့စိတ်ကိုရှည်ရှည်ထားလိုက်ပါ ..တရားထိုင်တာ ..ဝင်သက်ထွက်သက်မှတ်တာတွေဟာ စိတ်အာရုံတွေကိုပြန်ပြီး စုစည်း Refocus လုပ်နိုင်ဖို့အတွက်..အထောက်အကူပေးပါတယ်..
အခုကိုယ်နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကိုပဲ..အာရုံစူးစိုက်လိုက်ပါ..Be present in your surroundings and focus.
Dont lose it. ဘယ်အရာကိုမှလွတ်ထွက်မသွားပါစေနဲ့ ..အထူးသဖြင့် အမှားတွေ ဖြစ်တတ်တဲ့ ဒေါသကို သတိထားရပါမယ်..
ကြုံနေရတဲ့..ခက်ခဲတဲ့အခြေအနေတွေကိုနားလည်ပါ.. ဒါပေမဲ့ စိတ်ခံစားချက်တွေရဲ့နောက်ကိုလိုက်ပါမသွားဖို့က..အရေးကြီးပါတယ် ..နောက်ကို..နည်းနည်းဆုတ်..Step back လုပ်လိုက်ပြီး အနာဂတ်မှာရှိနိုင်တဲ့ကိုယ့်ရဲ့ဘဝအခြေအနေကို အကောင်းဘက်ကနေ မှန်းဆတွေးတောကြည့်ပါ ..
အခြေအနေတစ်ခုကို..အလွန်အကျူးတုန့်ပြန်ခံစားနေမယ်ဆိုရင် အဲဒီခံစားချက် Emotions တွေထဲမှာနစ်မွန်းသွားပြီး ရှေ့ဆက်ဘာမှလုပ်လို့ မရနိုင်အောင်ပိတ်မိသွားတတ်ပါတယ်..ဒါကြောင့် စိတ်ဖိစီးမှုတွေများတဲ့.. အခြေအနေ..Stressful Situation မှာကိုယ့်ကိုယ်ကိုယ်..လဲပြိုမသွားအောင်..Handle လုပ်နိုင်ဖို့အရေးကြီးပါတယ်
ဒီလို ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ကြုံရပြီဆိုရင်လူတွေဟာ.. ကြောက်လန့်တကြား ဖြစ်သွားတတ်ကြပါတယ် ..ခံစားချက်တွေထဲမှာနစ်ဝင်သွားတတ်ပါတယ်.. Freaked out ,Anxious and Fearful ဖြစ်တတ်ကြပါတယ်..
ရှိသင့်တဲ့ စိုးရိမ်ပူပန်မှုအဆင့် Resonable Concerned..ကိုကျော်လွန်သွားတဲ့အခါမှာ လဲပြိုသွားတဲ့ အဆင့်ထိကိုရောက်သွားနိုင်ပါတယ်.. ပြန်လည်တည်ဆောက်ရမယ့်အချိန်မှာ..လဲပြိုသွားခြင်းအတွက်..ကိုယ့်ကိုယ်ကိုခွင့်မပြုပါနဲ့ ..
Remove yourself from the Situation စိတ်ဆင်းရဲစရာတွေ ပုံနေတဲ့အခြေအနေထဲကနေ..ကိုယ့်ကိုယ်ကိုယ်ဖယ်ထုတ်နိုင်ဖို့ကြိုးစားပါ.. အတွေးတွေကိုရှင်းပစ်လိုက်ပါ..
တစ်ယောက်တည်းလမ်းလျှောက်ထွက်ပါ..အပြင်ဘက်မှာ ထိုင်ပါ..
ကိုယ့်စိတ်ကို..နှိပ်စက်နေတဲ့ အကြောင်းအရာတစ်ခုတည်းကိုပဲ..ထပ်ခါထပ်ခါတွေးမိနေတယ်ဆိုရင် ဒီအတွေးတွေကိုရပ်တန့်သွားစေနိုင်တဲ့..တခြားသောလုပ်ဆောင်ချက်..Activity တွေကို အမြန်ဆုံးလုပ်ဆောင်ပေးပါ.. ..
Try to find an activity that stops your mind from wandering. ပုံဆွဲတာ..အပင်စိုက်တာ..ဟင်းချက်တာ.. စသည်ဖြင့်ကိုယ်နှစ်ခြိုက်တဲ့..ဝါသနာပါရာလေးတွေကို.. လုပ်နိုင်ပါတယ်
နောက်ဆုံးပန်းတိုင်..Destination မှာ..ပျော်ရွှင်အေးချမ်းနေတယ် ဆိုတာကိုမြင်ယောင်ခံစားကြည့်လိုက်ပါ.. အဲဒီအတွက်..ယုံကြည်မှုထားပါ ..ခဏတဖြုတ်တော့စိတ်သက်သာရာရသွားပြီး.. အားတွေရှိလာပါလိမ့်မယ်
Limiting your exposure to news and information . သတင်းအချက်အလက်တွေကနေ..ဝေးအောင်ခဏနေလိုက်ပါ .. ကိစ္စ တစ်ခုကိုတစ်ခါလောက်သိလိုက်ရရင် လုံလောက်ပါပြီ.. ခဏခဏမကြည့်ပါနဲ့.. နားမထောင်ပါနဲ့ ..မဖတ်ပါနဲ့..လိုက်မရှာပါနဲ့...မမျှဝေပါနဲ့..
(ကျွန်မ အဲဒီလိုပဲနေပါတယ်..တချို့ အရာတွေက တစ်ခါလောက်သိလိုက်ရတာနဲ့ကို More than enough.. လုံလောက်တာထက်ပိုနေပါပြီ..ထပ်မသိချင်..သိဖို့မလိုတော့ပါ..)
ကိုယ့်ရဲ့ဦးနှောက်နဲ့ကိုယ်ခန္ဓာ..Brain and Body..စိတ်နဲ့နှလုံးသား..Mind and Spirit..ကိုအနားပေးပါ.. သူများရဲ့..အကုသိုလ်ကို ကိုယ့်ထဲကိုရောက်လာအောင်..ဝင်ခွင့်မပြုပါနဲ့ ..ကိုယ့်ရဲ့..Energy ကို..ကျမသွားအောင်..ကိုယ်တိုင်ကာကွယ်ထားရမှာပါ..
Take care of your physical body ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ရမှာဖြစ်ပါတယ်..
လုပ်နေကျလေ့ကျင့်ခန်းတွေလုပ်ပါ.. လေ့ကျင့်ခန်းလုပ်တဲ့အတွက်ကြောင့်
Stress hormone levels စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်း တွေကိုလျော့ကျစေပါတယ်.. Body Function ကိုယ်ခန္ဓာ ရဲ့လုပ်ဆောင်မှုတွေတိုးတက်လာတဲ့အခါမှာ ခံနိုင်ရည်စွမ်း Resilience လည်းရှိလာပါတယ် ..
အစားအစာကိုညီမျှအောင်စားဖို့... ရေများများသောက်ဖို့နဲ့..အိပ်ရေးဝနေဖို့ကလည်းအရေးကြီးပါတယ် .. ခက်ခဲနေတဲ့အခြေအနေကို.. ဖြတ်သန်းကျော်လွှားရာမှာ လိုအပ်တဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်တွေ..Emotional Intelligence မိမိကိုယ်မိမိထိန်းချုပ်နိုင်မှု.. Self-Control တွေတိုးတက်လာဖို့အတွက်ဖြစ်ပါတယ်
Ability to think clearly
ကြည်ကြည်လင်လင် တွေးတောနိုင်တဲ့စွမ်းရည်..
Ability to solve problems ပြသနာတွေကိုဖြေရှင်းနိုင်တဲ့စွမ်းရည်
Ability to manage emotions စိတ်ခံစားမှုတွေကိုစီမံနိုင်တဲ့ စွမ်းရည်
တွေ ပြည့်နေဖို့ လိုအပ်ပါတယ်
Call a trusted friend or mentor. ကိုယ်ယုံကြည့်ရတဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်...သို့မဟုတ်.. လေးစားအားကိုးရတဲ့သူတစ်ယောက်ကိုရင်ဖွင့်နိုင်ပါသေးတယ်
Understanding and reminding ourselves that were all going through something together.
တစ်ခုသိထားရမှာက..ကိုယ့်လိုပဲ..တခြားသူတွေလည်း..ဒီလို ခက်ခဲတဲ့အခြေအနေတွေကိုအတူဖြတ်ကျော်နေရတယ်ဆိုတဲ့အကြောင်းပါပဲ....ဘယ်လို..အကောင်းဆုံးနည်းနဲ့ကျော်ဖြတ်သွားမလဲဆိုတာဟာ ကျွန်မတို့ရွေးချယ်နိုင်တဲ့နည်းပဲဖြစ်ပါတယ် ..
Write it down ဘယ်သူ့ကိုမှပြောစရာမရှိဘူးဆိုရင်စိတ်ထဲမှာခံစားနေရသမျှကို စာတွေချရေးပစ်လိုက်ပါ.. ဒါဟာအကောင်းဆုံးသောစိတ်ထွက်ပေါက် ပဲဖြစ်ပါတယ်..
Getting your emotions out on paper helps you to better release .
It's not permanent
ခက်ခဲတဲ့အရာတွေဟာ..တစ်သက်လုံးဖြစ်နေမှာမဟုတ်ဘူး..
ဒီလိုပဲတစ်သက်လုံးဖြစ်နေတော့မှာပဲ..လို့တွေးပြီး..စိတ်ဓာတ်မကျပါနဲ့..ဖြစ်ပြီးရင်ပျက်တဲ့..သဘာဝအရ..အချိန်တန်ရင်..အရာရာဟာ.. ပြီးသွားမှာပါ..ပျက်သွားမှာပါ..ရပ်သွားမှာပါ.. ဒါဟာလုံးဝသေချာတယ်ဆိုတာယုံကြည်ပါ..
လူသားတွေအားလုံးဟာ..
အခက်အခဲတွေကြားထဲမှာ လှုပ်ရှားရှင်သန်နေကြရတာပါ.. ရေထဲမှာ..ပေါ်နေချင်တယ်ဆိုရင်ကူးခတ်နေဖို့အရေးကြီးပါတယ် ..
အတွေးတွေ..ခံစားမှုတွေထဲမှာ..အချိန်ပြည့်နစ်မွန်းပြီး ရေစုန်မျောမသွားဖို့လိုပါတယ်..ဝမ်းနည်းနိုင်ပါတယ်..ဒါပေမဲ့ ဝမ်းနည်းမှုတွေကို အကြာကြီးသိမ်းပိုက်မထားမိဖို့လိုပါတယ်..
အခြေအနေတွေဟာ..
ခက်ခဲနေသေးတယ်...လူတိုင်း...ရုန်းကန်နေရတယ်.. ဆိုတာကိုနားလည်လက်ခံပြီး အကောင်းဆုံးကျော်ဖြတ်သွားနိုင်အောင်ကြိုးစားကြရမှာပါ..
စိတ်ဖိစီးမှုတွေကနေ.. လွတ်မြောက်နိုင်ကြပါစေ..
မွန်ဟော်စီ
၂၀၂၁ ဒီဇင်ဘာ
#မနက်စာအာဟာရ
Photo
Internet
20/11/2022
“သူတော်ကောင်းမှန်ရင် ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်”
“သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား”ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ။ ကိုယ်ကျင့်တရားကို မစွန့်လွှတ်ဘူး၊ ဘာအကြောင်းနဲ့မှ မစွန့်လွှတ်ဘူး။
အသက်ကို စွန့်ချင်စွန့်ရပါစေ၊ ကိုယ်ကျင့်တရားကို မပျက်ပြားစေတာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။
ဒါကို စာပေမှာ ဆိုတာက ..
ပါဏံ စဇန်တိ သန်တာ နာပိ ဓမ်မံ တဲ့။
သန္တာ-သူတော်ကောင်းတွေဟာ၊ ပါဏံ-ကိုယ့်
အသက်ကို၊ စဇန္တိ - စွန့်ကြတယ်၊ ဓမ္မံ-ဓမ္မကိုတော့၊ န စဇန္တိ-မစွန့်ကြဘူး။
ဒါ သူတော်ကောင်းတို့ရဲ့ စိတ်နေသဘောထား။
ကိုယ်ကျင့်တရားကို ဘာနဲ့မှ မလဲဘူး။ ကိုယ်ကျင့်ရမယ့်တရားကို လွယ်လွယ်ကူကူနဲ့ မစွန့်လွှတ်ဘူး။
ဒါဖြင့် ဒါ လွယ်တဲ့ကိစ္စလားဆိုတော့ မလွယ်ဘူး။
အများလူတွေက လွယ်လွယ်ကူကူနဲ့ ကိုယ်ကျင့်
တရားကို စွန့်ကြတယ်။
ဆိုပါတော့ ဥပုသ်စောင့်ဖို့ သီလဆောက်တည်ထားတာ ထမင်းဆာတယ် မနေနိုင်တော့ဘူး၊ ဥပုသ်ချပြီး စားတော့တယ်၊ အစာနဲ့ဥပုသ် လဲလိုက်တာလေ၊ နေမကောင်းဘူး၊ ဒါကို အကြောင်းပြုပြီး ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်တယ်။
ဒါဟာ ကိုယ်ကျင့်တရားနဲ့ လဲတာပဲ။ တန်ဖိုးရှိတဲ့အရာနဲ့ တန်ဖိုးမရှိတဲ့အရာ လဲလေ့ရှိတယ်။ ဒါ သာမန်ပုဂ္ဂိုလ်တွေက အဲဒီလိုလဲလိုက်တာ။
နှစ်ခုရွေးစရာ ပေါ်လာပြီဆိုလို့ရှိရင် ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်ပြီး ကျန်တာကို ရွေးလိုက်ကြတယ်။ နောင်ခါလာ နောင်ခါဈေးဆိုပြီး စွန့်ကြတယ်။
အတ္ထဟေတု-ကိုယ့်အတွက်နဲ့လည်း ကိုယ်ကျင့်
တရားကိုစွန့်လွှတ်တယ်။
ပရဟေတု-သူများအတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်တယ်။
အာမိသကိဦက္ခ ဟေတု- လာဘ်လာဘလေးတစ်ခုအတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်။
ဒါ အများစုက တန်ဖိုးထားပုံချင်း မတူတဲ့အချက်ပဲ။
သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး၊
ကိုယ်ကျင့်တရားကို အသက်ထက် တန်ဖိုးထားတယ်။
ဘယ်လိုကိစ္စနဲ့မှ ကိုယ်ကျင့်တရားကို စွန့်လွှတ်မှာ
မဟုတ်ဘူးတဲ့။ အသက် သေသာခံမယ်။ ဒီလိုဆိုလိုတာပေါ့နော်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
Credit:
Click here to claim your Sponsored Listing.
Category
Website
Address
Yangon