Unique Point

Unique Point

Share

��အားလုံးပဲ မင်္ဂလာပါ��
Unique Point Computer Training Center �� မှ နွေးထွေးစွာကြိုဆိုပါတယ်။��

05/12/2025

◼တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ် ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်

အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့

ခင်ဗျားစားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျားအိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့
လုပ်စရာအလုပ်တွေလည်း မယ်မယ်ရရသိပ်မရှိတော့ဘူး
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်

ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို ဘယ်သူကမှ
ကြာကြာအဖက်လုပ်ကြမှာမဟုတ်တော့ဘူး

ခင်ဗျားရှာထားခဲ့တဲ့တိုက်တွေကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်

အတူတူ အိုမင်းကြမယ်ဆိုတဲ့ လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်
( ဇာတ်ဆရာအလိုကျပေါ့လေ )

တချို့လည်း သေကုန်ပြီ
တချို့လည်း ပျောက်ကုန်ကြပြီ
တချို့လည်း ခပ်ယဲ့ယဲ့
တချို့က ခပ်မဲ့မဲ့

လူတချို့ကိုပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမယ့် သူတို့ မရှိကြတော့ဘူး

ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင်စိတ်တွေပေါ်လာလိမ့်မယ်
ဒါပေမယ့် ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး

ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ်ဆိုတာသိလာလိမ့်မယ်
တချိန်ထဲမှာပဲ အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်

နောက်ဆုံးတော့
ဘဝ ဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...

ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။

# Credit ~

20/11/2025

လူသေအလောင်းမီးရှို့နေတဲ့
ဝန်ထမ်းတွေ၊ သုဘရာဇာတွေဟာ
လူသေအလောင်းကို
မကြောက်တော့ဘူး။
မကြောက်တော့ လူသေအလောင်းနဲ့ ပတ်သက်ပြီး
ထူးတဲ့ အသိအမြင် ၊အတွေးအခေါ်မရနိုင်တော့ဘူး
သုဘရာဇာ ဝန်ထမ်းကို
လူသေအလောင်းနဲ့
ခြောက် လို့ မရဘူး။
ဒီနေ့ အလောင်း ဘယ်နှစ်လောင်း
သင်္ဂြိုဟ်စရာ ရှိတယ်လို့ပဲ တွက်တာ။
အရေအတွက်ပဲ သိတော့တယ်။
ဒါဟာ လူသေအလောင်း
သင်္ဂြိုဟ်ခြင်းမှာ
ရင့်ကျက်သွားတာ လေ။

အမြဲတမ်းတောင်းစား နေတဲ့
ဝါရင့် သူတောင်းစားတွေဟာ တောင်းစားရလို့
ရှက်ရမယ့် လူ့ဂုဏ်သိက္ခာ မရှိတော့ဘူး။
ဝါရင့် သူတောင်းစားကို
တောင်းစားတဲ့အလုပ်ဟာ
ရှက်စရာ ကောင်းတယ် လို့
တရားဟောမနေနဲ့
မျက်တောင်မခတ် ပင်
ပြန်ကြည့်နေလိမ့်မယ်။
ကိုယ်က ခပ်တည်တည်
ပြန်ကြည့်ရင်တောင်
ရှက်ရမှန်းမသိတော့ဘူး။
တောင်းစားခြင်းအလုပ်မှာ
ရင့်ကျက်သွားတာလေ။

လမ်းပြင်နေတဲ့
အလုပ်သမားတွေ တွေ့ဖူးကြမှာပါ။
သေချာစေ့စေ့ ကြည့်ပါအုံး။
အဲဒီအလုပ်သမား
အများစုက လမ်းကို မထီဘူး ဗျ။
တနည်းဖြင့်
လမ်းပြင်လျှက် ကားလာတယ်၊
ဆိုင်ကယ်လာတယ်
ဒါကို သူတို့ တွေ့နေတယ်။
ဘာလုပ်သလဲ ။
ကပ်ရှောင်တာပဲ။
လမ်းကို လမ်းလို့မထင်ကြဘူးဗျ။
လမ်းကို သူတို့အလုပ်ခွင်လို့့ပြောင်း မြင်တယ်။
အဲတော့ ကားတွေ၊ ဆိုင်ကယ်တွေ
သွားလာခြင်းဟာ ဧည့်သည်အဖြစ်
ခနသွားလာတယ်လို့ ထင်နေကြတာ။
သူတို့ ကြတော့ ထာဝရ
သမားတွေလို့မြင်နေတယ်ဆိုတာက
လမ်းပြင်နေတဲ့လူဟာလမ်းကို
မထီဘူးမထီတာက
လမ်းနဲ့ ပတ်သက်ပြီး
ရင်းနှီးကျွမ်းဝင်သွားတာ။
ဒါကို ရင့်ကျက်သွားတယ်လို့
ပြောလို့ရတယ်။
အစိမ်း သက်သက် မဟုတ်တော့ဘူး။

ဝါရင့်ပြည့်တန်ဆာမဟာ
လူထီးနဲ့ အတူနေရခြင်း
အတွက် တုန်လှုပ်ခြောက်ခြားမှု
မရှိတော့ဘူး။
လူထီးနဲ့ နေရတာ အရေအတွက်က
များလာတော့
လူလို့ တောင်မမြင်တော့ဘူး။ ကိန်းဂဏန်းတိုးတာပဲ။
လုပ်ငန်းပဲ လို့ မြင်တော့တယ်။
အဲဒီမှာ အစိမ်းသက်သက်
ငပိန်းကလေးက
ညီမလေးကို သနားလိုက်တာ။
ဒီအလုပ်ကို မလုပ်ပါနဲ့တော့။
တို့ အခြားနေရာ ပြောင်းပြီး
ဘဝသစ်ထူထောင်ရအောင်ပါလို့ အကြင်နာစကား ပြောလာရင်တောင်
ဝါရင့်ပြည့်တန်ဆာဟာ
ကြည်နူးကျေနပ်စိတ်
ပေါ်မလာတော့ဘူး။
သူ့ဘဝမှာ ခနခန ကြားခဲ့ရတာပဲလေ။
ဒီတော့
သူ့အတွက် ဒီစကားတွေဟာ
တုံးသွားတဲ့
စကားတွေ၊ စကားသေတွေ။
ထိုသို့ မဟုတ်
အကြင်နာကင်းလို့
ရက်စက်တဲ့ လူနဲ့တွေ့ပြီး
အယုတ္တအနတ္တတွေ
ဆဲဆို ကျိန်တွယ်
နှိပ်စက်သွားရင်လည်း
ကြီးကြီးကျယ်ကျယ်
ဝမ်းနည်းနေမှာ မဟုတ်ဘူး။
ဒါမျိုးတွေက ရိုးနေပြီ။

ကျွဲသတ်၊နွားသတ်၊ဝက်သတ်
အလုပ်တွေမှာလည်း
ဒီအတိုင်းပါပဲ။
ခနခန လုပ်ကိုင်လာတော့
အသက်ရှိတဲ့ သတ္တဝါ တို့လိုပဲ အာရုံခံစားတတ်တဲ့
သတ္တဝါလို့ မမြင်တော့ဘူး။
ငွေပဲ၊ အလုပ်ပဲ လို့
မြင်တော့တယ်။
ရင့်ကျက်သွားတာ။

ဆိုချင်တာက အချို့ လူတွေက
ရင့်ကျက်သွားကြပြီ။
ပုံစံပြောင်းလို့ မရတော့ဘူး။
ရွံ့ပျော့လေးတွေ မဟုတ်တော့ဘူး။
ဖုတ်ပြီးသား အိုးတွေ ဖြစ်ကုန်ပြီ။
ပြင်လိုက်တာနဲ့ ကွဲမယ်။
ပျက်မယ် ဒါပဲ ရှိတယ်။
လိုချင်တဲ့ ပုံစံတော့ မရနိုင်တော့ဘူး။

ပြုပြင်ရေးသမားတွေ
သိစေချင်ပါတယ်။
အချို့ လူတွေက ဆေးယဉ်နေတဲ့
ရောဂါသည်တွေနဲ့တူတယ်။
ကုစားမရတော့ဘူး။
သာမန်စကားလုံးတွေ မတိုးတော့ဘူး။
ပြု့ပြင်ပြောင်းလဲလို့ မရတော့ဘူး။
သန်ရာ သန်ရာအခြေအနေအတိုင်း
သူတို့ရဲ့ နှလုံးသားတွေဟာမာကျော
သွားကြတယ်။
ရင့်ကျက်လွန်းသွားတာပေါ့ဗျာ။

အင်း...
ရင့်ကျက်တယ် ဆိုတာမှာ
သောက်တလွဲအလုပ်တွေမှာ
ရင့်ကျက်နေရင်
ဘယ်ကောင်းတော့မလဲ။
လူသတ်ခြင်း၌ ရင့်ကျက်နေတာ၊
လာဘ်စားခြင်း၌
ရင့်ကျက်နေတာမျိုးဆို
ထို ရင့်ကျက်သူ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်းဟာ
အနှေးနဲ့ အမြန်ဆိုသလို
ပျက်စီးခြင်းငါးပါး
ဆိုက်ဖို့ရာသာ ရှိတယ်။
ကောင်းစားလာဖို့က မရှိဘူး။

Credit : ဆရာကြီးဦးအောင်သင်း

17/09/2025

အေးခဲတဲ့ မြောက်၀င်ရိုးစွန်းမှာ
ပိုလာ၀က်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက
ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီ၀က်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက
ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။

အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို
သွေးထဲမှာ စိုက်ထားလိုက်တယ်။
အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။

အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို
ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ
ရောက်စေခဲ့တယ်။

အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို
အဝေးကြီးကတောင် ရနိုင်ပါတယ်။

အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို
ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ
လျှာနဲ့ စတင်လျက်ပါတော့တယ်။

လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း
အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။

အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို
သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ
အရသာရှိလေ လျက်လေနဲ့
သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင်
မသိကြတော့ပါဘူး။

အကြောင်းက .....
သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက
လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။

အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက
နာကျင်တာကို မခံစားမိတော့ဘူး။

အနံ့ခံကောင်းတဲ့ နှာခေါင်းက
လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်
ပြန်သောက်နေမိတော့တယ်။

နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။

အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

- ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင်
ကိုယ်တွေဟာလည်း ပိုလာ၀က်ဝံနဲ့ တူသွားနိုင်တယ်။

- တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ
ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့
ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

- ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း
တစ်ချို့အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။

- လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့
မိသားစုနဲ့အတူနေတဲ့ အချိန်တွေ
နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့
သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်
သူတို့မေ့နေခဲ့ကြတယ်။

- အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။

- မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။

- ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။

- အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

- တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။
ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။

- ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့
ရှာလေလေ ရလေလေ လိုချင်လေလေ

- နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။

- ကိုယ်တွေကရော ပိုလာ၀က်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား.... ?

- တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

26/08/2025

လွန်ခဲ့တဲ့ ခြောက်လလောက်က
ကျွန်တော့်အိမ်နီးချင်းက ကျွန်တော့်ရဲ့wifi password ကိုမေးလာတယ်
ကျွန်တော်ပေးလိုက်တယ် ဘာလို့လဲဆိုတော့ ပိုက်ဆံအပိုတပြားမှမကုန်လို့
ပြီးတော့ သူနဲ့လဲ အဆင်ပြေလို့

မနေ့က အိမ်ကိုလမ်းလျှောက်ပြန်လာတယ်
အိမ်နီးချင်းက သူ့အိမ်ပေါက်ဝမှာရပ်နေတော့
ပုံမှန်အတိုင်းရပ်ပြီး အလာဘ သလာဘပြောကြရော
သူက ဝမ်းသာအားရပြောပြတယ် နောက်ဆုံးတော့
သူနက်ဖလစ်ဝယ်ကြည့်နေပီတဲ့

အဲ့တာနဲ့ ကျွန်တော်လဲ စသလိုနောက်သလိုနဲ့ ငါအလုပ်တွေတော့များတယ် TV လဲ ကောင်းကောင်းမကြည့်ဖြစ်ဘူး
ဒါပေမယ့် နက်ဖလစ် password ကို ငှားပီး ပေးသုံးပြီး Show တွေ တခါတလေကြည့်ရရင်တော့ ငါ့မင်းကို ကျေးဇူးတင်မှာပါလို့ပြောလိုက်တယ်

အဝေးကနေ လှမ်းအော်တဲ့အသံတခုကြားလိုက်ရတယ်ဗျ
အဲ့တာသူ့ရဲ့ မိန်းမ ကားထဲကနေထိုင်ပြီးလှမ်းအော်တာ
ငါတို့သူ့ကို password ပေးလို့မရဘူး
အဲ့ နက်ဖလစ် အကောင့်က ငါတို့ပိုက်ဆံပေးထားရတာ Share မပေးနိုင်ဘူး လို့ လှမ်းအော်တယ်

ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်

အိမ်နီးချင်း ယောကျာ်းက အားတုံ့အားနာနဲ့တောင်းပန်တယ်
ကျွန်တော်ကပြန်ပြောလိုက်တယ် ရပါတယ် အေးဆေးပါလို့ ပြဿနာမရှိပါဘူးဆိုပြီး တခြားအကြောင်းအရာတွေဘက်ကိုပြောကြပီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ် အိမ်နီးချင်းယောကျာ်းကတော့ လုပ်စရာရှိတာ လုပ်နေခဲ့တာပေါ့
မကြာမှီ သူ့မိန်းမကအပြင်ထွက်လာပြီး
သူ့ယောကျာ်းကို စိုးရိမ်တကြီး အသံနဲ့ ပြောလိုက်တယ်
TV ကြည့်လို့မရတော့ဘူး အိမ်နီးချင်းယောကျာ်းကလဲ အိမ်ထဲဝင်ပြီး TV ကိုသေချာစစ်ဆေးကြည့်တယ်

မိနစ်အနည်းငယ်ကြာတော့ အိမ်နီးချင်းယောကျာ်းနဲ့ မိန်းမရောက်လာပြီး အော်ခေါ်ပီး WiFi က သုံးလို့မရတော့ဘူး Password ထည့်တာလဲ မရတော့ဘူးဆိုတာ
လာပြောကြတယ်

ကျွန်တော်သူတို့ကိုကြည့်ပြီးပြောလိုက်တယ်
Wifi password ချိန်းလိုက်တာ Wifi ဖိုးက
ကျွန်တော်ပေးရတာ Share မပေးနိုင်ဘူးဆိုပြီး
အိမ်နီးချင်းရဲ့ မိန်းမက ဒေါသတွေထွက် မျက်နှာတွေ နီရဲလာပြီး တခုခုပြောဖို့ကြိုးစားတယ်

သူမပြောခင် ကျွန်တော်က ဦးအောင်ပြောလိုက်တယ်
ဒီမယ် ညီမ ကျွန်တော့်မှာလဲ ကျွန်တော့်ရဲ့ Wifi ရှိသလို
ညီမမှာလဲ ညီမရဲ့ Netflix ရှိတယ် အားလုံးပျော်ရွှင်ရပါတယ် အကုန်အဆင်ပြေပါတယ်လို့
သူတို့နှစ်ယောက် လှည့်ထွက်သွားကြပြီး တသက်လုံး ဒီဘက်အိမ်ကိုမလာကြသလို စကားလဲ မပြောကြတော့ပါဘူး

ဒီအကြောင်းအရာက ကျွန်တော့်ရဲ့ဖြစ်ရပ်မှန်မဟုတ်ပါဘူး

ဒါပေမယ့် အဲ့ထဲကနေ သင်ယူရတဲ့သင်ခန်းစာကတော့

သူငယ်ချင်းဆက်ဆံရေး အသွားအပြန်ရှိကိုရှိရမယ်

အချစ် အသွားအပြန်ရှိကိုရှိရမယ်

ကိုယ်ချင်းစာမှု အသွားအပြန်ရှိကိုရှိရမယ်

စေတနာ အသွားအပြန် ရှိကိုရှိရမယ်

Sharing (ဝေမျှခြင်း) အသွားအပြန်ရှိကိုရှိရမယ်

Credit . Original writer.

13/08/2025

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ..... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။

ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး။
အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်။

ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ အများကြီးထဲကနေ နည်းနည်းလေးကို ရွေးချယ်လိုက်ပါတယ်။

အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြား​နေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။

သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ။

အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ စတင်ပါတော့တယ်။

ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး။
ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ။

ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင် ဖြစ်လာပါတယ်။

ပျားဘုရင်မကို သူတို့ မွေးဖွားတာမဟုတ်ပါဘူး။ ဖန်တီးလိုက်တာပါ။

သူမဟာ သာမန်ပျားတွေထက် ပိုပြီး အသက်ရှည်လာပါမယ်။
ပျားအုံရဲ့ စည်းကမ်းနဲ့ အစီအစဉ်တွေကို သူမက ပြန်လည်တည်ဆောက်ပါလိမ့်မယ်။

အရင်က တိတ်ဆိတ်နေတဲ့ နေရာမှာ ဘုရင်မရဲ့ လှုပ်ရှားမှုတွေနဲ့ အသံတွေ ပြန်လည်ပေါ်လာမယ်။

ပျားအုံတစ်ခုမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ ပရမ်းပတာတွေ မဖန်တီးပါဘူး။ ဦးဆောင်နိုင်တဲ့သူပေါ်ပေါက်လာဖို့ တည်ဆောက်ကြပါတယ်။

ဒါကြောင့် ဒီအချက်တွေထဲမှာ ကျွန်တော်တို့ လူသားတွေအတွက်လည်း သင်ခန်းစာတစ်ခု ရနိုင်ပါတယ်။

ကြီးမြတ်ခြင်းဆိုတာ အမြဲတမ်း မွေးရာပါ အရည်အချင်းမဟုတ်သလို ရာထူးအာဏာကြောင့် ရတာမျိုးလည်း မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကို ထူးခြားတဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ ပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရာတစ်ခုပါ။

ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ဘို့ လိုပါတယ်။

ကျွန်​တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးဘို့ လိုပါတယ်။

Credit Saya U Khin Zaw ( ဘာသာပြန် )

Jobs4U

KBS Consulting Group

KBS International College
KBS International Consultancy, Coaching & Training Services

11/08/2025

သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘူး၊
ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊
ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊
ဆင်းရဲနွမ်းပါးပြီး အသိပညာမရှိသူထံ တွယ်ဝင်ခွင့်ရသူကရပါပဲ…..
ဒီနေရာမှာတော့ သူ့ကံနဲ့သူ လာတယ်လို့ ဆိုရမှာပါ…..
အများအားဖြင့် ဦးဆောင်သူ မိဘတွေရဲ့လက်ငုlတ်လက်ရင်း အလုပ်ကို ဆက်ခံကြတာများပါတယ်…..
အနီးစပ်ဆုံး ဥပမာပြရရင် အဖေလုပ်သူက စာရေးဆရာ ဒါရိုက်တာဆိုရင် သားတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊သုမောင်၊မင်းလူ၊အာယုတို့က ဒါရိုက်တာတွေ စာရေးဆရာတွေဖြစ်ကုန်တယ်…..
အဖေလုပ်သူ ရင်ဂိုက အဆိုတော်ဆိုတော့ သားကလည်း အဆိုတော် ကျားပေါက်ဖြစ်လာတယ်…..
ကိုယ့်ဆီမှာ ကားလာမောင်းဖူးတဲ့ ဒရိုင်ဘာလေးကိုတစ်ခါက မေးဖူးတယ် မင်းအဖေ ဘာလုပ်လဲ မင်းတို့ မောင်နှမဘယ်နှယောက်ရှိသလဲဆိုတော့ အဖေဖြစ်သူက လိုင်းကားမောင်းတယ်၊သူတို့ညီအစ်ကိုလေးယောက်လုံးလည်း လိုင်းကားမောင်းတယ်တဲ့ ခုဆရာ့ဆီမှာ အိမ်ကားတစ်လှည့်လာမောင်းကြည့်တာတဲ့….
မြောင်းမြဒေါ်ချို မုန့်ဟင်းခါးအောင်မြင်လာတော့ သားစဉ်မြေးဆက် ဆိုင်ခွဲ အလီလီဖွင့်ပြီး မုန့်ဟင်း ခါးပဲရောင်းကြတယ်…..
အမှိုက်လှည်းတွန်းတဲ့ မိဘကမွေးတော့ သားသမီးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အမှိုက်လှည်းတွန်းနေတာကိုမြင်တော့ စိတ်မကောင်းတောင်ဖြစ်မိတယ်၊
ဘာအပြစ်မှ မရှိတဲ့ကလေးတွေရဲ့ အနာဂတ်က
မိဘပုံသွင်းပေးထားတဲ့ အမှောင်အတိ….
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးဖတ်မိတော့ သားသမီးတွေကို ပျိုး​ထောင်တာ ဘယ်လောက်အရေးပါတယ် ပိုသေချာသွားတယ်….
အဖေဆရာဝန် အမေဆရာဝန် မွေးလာတဲ့ သားသမီးငါးယောက်လုံးဆရာဝန် ဒါတွေဟာ ကံမဟုတ်ဘူး အလကားနေ ကံကိုပုံချချင်တဲ့ သူတွေကိုလည်း အံ့ဩမိတယ်
မိဘတွေရဲ့ အရိပ်ဟာ သားသမီးတွေ တဘဝလုံးအတွက် အုပ်မိုးထားတယ်ဆိုတာ သိစေချင်တယ်…..
တာဝန်ယူချင်စိတ်မရှိရင် အစကတည်းက သားသမီးမယူတာ အကောင်းဆုံ:ပဲ……
မွေးပြီးသွားပြီဆိုရင်တော့ သားသမီးတွေကို သူ့ကံနဲ့သူလာတာတို့၊ကံ ကံ၏အကျိုးတို့ တာဝန်မဲ့စကားမပြောနဲ့ မိဘ သောက်သုံးမကျရင် သားသမီးခံရမှာပဲ….
သူတို့ဘဝ သာယာဖြောင့်ဖြူးအောင် ထုဆစ်လမ်းခင်းပေးဖို့က မိဘတွေရဲ့တာဝန်၊သားသမီးတွေ ဘဝအသိရှိအောင် သွန်သင်ဆုံlးမဖို့က မိဘဝတ္တရား၊ကျောင်းထားပေးရုံမကဘဲ အဆင့်ဆင့်ပျိုးထောင်ပေးနိူင်မှ သူတို့ဘဝလန်းဆန်းမှာ….
Credit to Kyaw Win(စာရေးဆရာဗျူး)

08/08/2025

😢 #မင်္ဂလာပါဆရာမ😢

၇ တန်းသင်္ချာဆရာမဟာ
သိပ်အရိုက်ကြမ်းတယ်တဲ့။
အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး
၈ တန်းရောက်သွားတဲ့ စီနီယာတွေ
အဆက်ဆက်က အဲ့လိုချည်းပြောသွားကြတာပဲ။
သူတို့လို ၆ တန်းအောင်ပြီး ၇ တန်းတက်ရမယ့်ကောင်တွေအတွက် သတင်းဆိုးပေါ့။
ကောင်မလေးတွေဆို ၇ တန်း
ဆက်တက်ရမှာ ကြောက်လွန်းလို့
မျက်နှာလေးတွေ ငယ်နေကြတယ်။
ကျောင်းတောင် ဆက်မတက်ချင်တော့ဘူးလို့ ညည်းတဲ့သူတွေကလည်း ညည်းကြရဲ့။
သင်္ချာအားနည်းတဲ့ခင်ချိုဝင်းဆိုရင်
မျက်ရည်လေးတွေတောင် ဝဲလို့...။

၇ တန်း ပထမဆုံး ကျောင်းတက်ရက်မှာ
သင်္ချာချိန်ပါတယ်။မုန့်စားဆင်းပြီး
ပြန်တက်ရတဲ့အချိန်ပေါ့။
သူတို့မှာ မုန့်တောင် ဖြောင့်ဖြောင့်မစားနိုင်ကြဘူး။အရင်ကလို ခေါင်းလောင်းထိုးမှ အတန်းထဲ
ပြန်ပြေးဝင်တာမျိုးလည်း မလုပ်နိုင်ကြဘူး။
သင်္ချာဆရာမက သူ့အချိန်ဆိုရင်
ငါးမိနစ်လောက်စောရောက်နေတတ်ပြီး
သူဝင်ပြီး နောက်မှ အတန်းထဲ
ဝင်လာတဲ့လူတွေကို မှတ်သွားတတ်တယ်တဲ့။

မှတ်သွားပြီး ဘာလုပ်လဲဆိုရင်
သင်္ချာသင်တဲ့အခါ အဲ့မှတ်ထားတဲ့
ကျောင်းသားတွေကိုစာမေးတာပေါ့။
White Board မှာလည်း တပုဒ်လုံး
ထွက်တွက်ခိုင်းသေးတယ်တဲ့။
တတန်းလုံးရှေ့မှာရော၊သင်္ချာဆရာမ
ရှေ့မှာပါ စာထွက်တွက်ရမှာဆိုတော့
တော်ရုံသတ္တိရှိတဲ့လူတွေအတွက်တောင်
ဒူးတုန်စရာမဟုတ်လား။
ဒီတော့ သူတို့မှာ သင်္ချာချိန်ဆို ဆယ်မိနစ်
လောက် အလိုတည်းက အိမ်သာတောင်
မသွားကြတော့ဘူး။
ဆရာမမရောက်ခင် အတန်းထဲမှာရှိနေမှ အန္တရာယ်ကင်းမယ် မဟုတ်လား။

သင်္ချာဆရာမဟာ ဆံပင်တွေဖြူနေပြီ။
မျက်မှန်ကလည်း အထူကြီးပဲ။
စာတွက်ပြတာရော၊ရှင်းပြတာရော
အရမ်းမြန်တယ်။ဆရာမက သူ
ရှင်းပြပြီးရင် ‘ရသလားဟေ့’ လို့
အတန်းကို ‌ပြန်မေးတတ်တယ်။
ကျောင်းသားတွေရဲ့ ‘ရပါတယ်’ဆိုတဲ့
ပြန်ဖြေသံက အားပျော့နေရင်
ဆရာမ မျက်နှာက မာတင်းသွားတာပဲ။ကျောင်းသား တယောက်ချင်းရဲ့မျက်နှာကို ဖြည်းဖြည်းချင်း လိုက်ကြည့်ပြီး ရသလားဟေ့
လို့နောက်တစ်ခါ ထပ်မေးတတ်တယ်။
ဒီလိုဆို အတန်းက အထာပေါက်ပြီလေ။
ရပါတယ်လို့ အသံကုန်အော်ကြရတာပေါ့။

ရရင် ကိုယ့်ဖာသာတွက်၊ဘောကနေ
ကူးမယ်မကြံနဲ့‌နော်၊ကူးချတဲ့ကောင်
ရှေ့မှာ လာတွက်ရမယ်၊ကဲ...တွက်ကြ။

နောက်ဆုံးတန်းမှာထိုင်တဲ့ ဇေယျာတို့
မြတ်မိုးတို့ တိုင်ပတ်ကုန်တာပေါ့။
ဒီကောင်တွေက သင်္ချာအခြေခံ
မကောင်းခဲ့ကြတော့ ဆရာမ တခါလောက်
ရှင်းပြရုံနဲ့ ဘယ်ရကြမလဲသူများတွေက
ရပါတယ်ဆိုလို့လိုက်ပြီး ‘ရပါတယ်’
အော်လိုက်ရတာ၊အခုလည်း
White Board ကနေ မကူးနဲ့၊
ကိုယ့်ဖာသာတွက်ဆိုတော့ သေပြီပေါ့။
ဟိုဟာရေးသလို၊ဒီဟာရေးသလိုနဲ့
ရှေ့ခုံကကောင်တွေ ပြီးအောင်စောင့်နေရတယ်။

ဆရာမကလည်း ကြိမ်လုံးတကိုင်ကိုင်နဲ့
တတန်းလုံး စာတွက်နေတာကို
လိုက်ကြည့်နေတယ်။
ဒီလိုနဲ့ ဇေယျာတို့ ခုံ ရောက်လာတာပေါ့။
အဲ့မှာဆရာမက တွေ့ပြီ။
ဒီကောင်တွေ မေးခွန်းပဲကူးပြီး
တလုံးမှ ဆက်မတွက်ရသေးဘူး။

ဆရာမဟာ ဇေယျာတို့ထိုင်နေတဲ့ ခုံကို
ကြိမ်လုံးနဲ့တဖြန်းဖြန်းရိုက်လိုက်တယ်။
တတန်းလုံး စာတွက်နေတာ ရပ်သွားပြီး
နောက်ဆုံးတန်းကို ဝိုင်းကြည့်ကြတယ်။
ဆရာမက ဇေယျာတို့
တခုံလုံးကို မတ်တပ်ရပ်ခိုင်းတယ်။
ဇေယျာ၊မြတ်မိုး၊လွင်မင်း၊ကျော်‌အောင်
လေးကောင်လုံး လက်‌လေးတွေးပိုက်
မတ်တပ်လေးတွေ ရပ်၊ခေါင်းလေးတွေ ငုံ့ပေါ့။ကြောက်တတ်တဲ့ လွင်မင်းဆို မတ်တပ်ရပ်ရင်း
သူ့တကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။

ဆရာမက ဘာလို့
မတွက်ထားတာလဲလို့ မေးတယ်။
တယောက်မှ ပြန်မဖြေဘူး။
ခေါင်းတွေပဲ ငုံ့ထားကြတယ်။
ဆရာမက ပိုဒေါသထွက်သွားပြီ။
ခေါင်းတွေ မော့စမ်းလို့ အော်လိုက်တယ်။

တတန်းလုံး တိတ်ဆိတ်နေတဲ့အချိန်မို့
ဆရာမ အသံဟာ စာသင်ခန်း
အပြင်ဘက်ထိ ဟိန်းထွက်သွားတယ်။
အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်တယ်ဆိုတာမျိုးပဲ။
အသက်ရှူသံတောင် မကြားကြရဘူး။
လွင်မင်း က ခေါင်းငုံ့ထားရင်းက
ကြောက်လွန်းလို့ မျက်ရည်တွေပါ ကျနေပြီ။
ဒါပေမယ့် အသံထွက်ပြီးမငိုရဲဘူး။

အဲ့အချိန် သတ္တိနည်းနည်းရှိတဲ့ ဇေယျာက
‘နားမလည်လို့’ဆိုတဲ့ အကြောင်း အထစ်ထစ်
အငေါ့ငေါ့နဲ့ ဆရာမကို ရှင်းပြလိုက်တယ်။
ဆရာမက ‘ခုနကတော့ နင်တို့ပဲ ရပါတယ်လို့ အကျယ်ကြီး အော်ကြတာ
မဟုတ်လား’ လို့ ပြန်မေးတယ်။
ဇေယျာ မျက်နှာ ပြန်ငုံ့သွားတယ်။
‘ထိုင်၊ထိုင် သေချာပြန်လိုက်ကြည့်’ လို့
ဆရာမက ပြောပြီး အတန်းရှေ့
ပြန်လျှောက်သွားတယ်။

ဇေယျာတို့ ထိုင်ပြီးတော့ ဆရာမက White
Board မှာ တွက်ထားတဲ့အပုဒ်ကို
အကုန်ပြန်ဖျက်ပြီး အစက ပြန်တွက်ပြတယ်။
ဇေယျာတို့‌လေးယောက်နဲ့ တွက်နေရင်း
အမေးအဖြေလုပ်တယ်။
လွင်မင်း ကို မေးတဲ့အချိန်ဆို လွင်မင်း
ပြန်ဖြေတော့ ရှိုက်သံလေးတွေပါ ပါတယ်။
ပါးပြင်မှာလည်း လောလောလတ်လတ်
ကျထားတဲ့ မျက်ရည်စီးကြောင်းက အတိုင်းသား။တတန်းလုံးက လွင်မင်းကိုသနားကြတယ်။
ဆရာမ နောက်တခါ ရှင်းပြပြီးတဲ့အခါ
ဇေယျာတို့အကုန်လုံး ပုဒ်စာကိုနားလည်သွားပြီး ကိုယ်တိုင်တွက်နိုင်သွားကြတယ်။

ဆရာမလည်း သူတို့ကို ဒီလေ့ကျင့်ခန်းက
ကျန်တဲ့ပုစ္ဆာတွေ အိမ်စာတွက်ခဲ့ကြလို့
ပြောပြီး အတန်းထဲက ထွက်သွားတယ်။
သင်္ချာဆရာမက တခြားဆရာမတွေလို
‘မင်္ဂလာပါ ကလေးတို့လို့' ဘယ်တော့မှ
နှုတ်မဆက်ဘူး။
သူတို့ကလည်း ဆရာမကို
“မင်္ဂလာပါ ဆရာမ”လို့နှုတ်မဆက်ချင်ကြပါဘူး။

‘ချစ်၊ကြောက်၊ရိုသေ’ ဆိုတဲ့ သုံးခုမှာ
သင်္ချာဆရာမကို ကြောက်တာပဲ
အလေးသာနေကြတယ်။
ချစ်လည်းမချစ်ဘူး။
ရိုသေတာကတော့ရိုသေကြတယ်ထင်တာပါပဲ။
ဒါပေမယ့် သင်္ချာဆရာမလို့ပြောရင်
သူတို့ကေတာ့
ကြောက်လိုက်တာဆိုတာပဲ သိတယ်။
ဒီတော့ “မင်္ဂလာပါ”လို့
နှုတ်မဆက်နိုင်ကြတာ သိပ်မဆန်းဘူးပေါ့။

ဆရာမကလည်း ပြောပါတယ်။
မင်္ဂလာရှိလာတဲ့ တစ်ရက်ကျမှ
နှုတ်ဆက်ချင် နှုတ်ဆက်ကြပေါ့၊
အခုလို ဆူနေ၊ရိုက်နေရရင်တော့
မင်္ဂလာမရှိဘူး ငါ့ကို
နှုတ်ဆက်စရာလည်းမလိုဘူး တဲ့။

လပတ်စာမေးပွဲမှာ သင်္ချာကလွဲပြီး
ကျန်တဲ့ဘာသာတွေအားလုံး အမှတ်ကောင်းကြတယ်။မကောင်းဘဲ ဘယ်နေမလဲ။
တခြားဆရာမတွေက သဘောကောင်းတော့ စာမေးပွဲမှာ မေးမယ့် ပုစ္ဆာတွေကို
မေးခွန်းသုံးစုံထဲ ထည့်ပေးတာကိုး။
ဒါပေမယ့် သင်္ချာကတော့
မေးခွန်းသုံးစုံလည်းမပေးဘူး။
မေးခွန်း အစုံသုံးဆယ်လည်းမပေးဘူး။
သင်ထားသမျှ အကုန်လုပ်ပဲ။
စာမေးပွဲမှာလည်း မေးခွန်းကို
နည်းနည်းလေး လှည့်ထားလိုက်သေးတယ်။
အတန်းထဲမှာ မြင့်မြတ်မိုး ဆိုတဲ့ ကောင်မလေး
တစ်ယောက်ပဲ သင်္ချာ အမှတ်ပြည့်ရတယ်။
အတန်းထဲက လူ ၇၀ လောက်မှာ
၅၀ လောက်ပဲ သင်္ချာအောင်တယ်။
ကျန်တဲ့ ၂၀ က ကျတယ်။
ဇေယျာတို့ လေးယောက်လုံးလည်း
ကျတဲ့ အထဲပါတာပေါ့။
သင်္ချာဆရာမက သူ့ သင်္ချာ အကျရှိလိမ့်မယ်။
ကျရင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ပေးမယ်၊ဒဏ်ပေးမခံချင်ရင်သူ့သင်္ချာကို
သေချာတွက်ထားကြလို့ လပတ်စာမေးပွဲ
မတိုင်ခင်တည်းက သတိပေးထားပြီးသား။
အခုတော့ သတိပေးထားရက်နဲ့ ကျကြပြီ။

Report Card ရတဲ့နေ့က သင်္ချာချိန်မပါဘူး။
ရပြီး နောက်တရက်ကျမှသင်္ချာချိန်ပါတယ်။
အတန်းထဲက မော်နီတာက Report Card တွေ
ပြန်လိုက်သိမ်းတဲ့အချိန် စာရွက်တရွက်နဲ့
စာရင်းလိုက်မှတ်နေတယ်။
ဘာလုပ်နေတာလဲဆိုတော့ သင်္ချာဆရာမက
ကျတဲ့လူတွေကို မှတ်ခိုင်းထားလို့တဲ့။
လာမယ့်သင်္ချာချိန်မှာ
ပွဲကြီးပွဲကောင်းတွေ့ရပြီပေါ့။
လွင်မင်းဟာ စာရေးခုံပေါ်မျက်နှာကြီးအပ်ပြီး
တအီအီနဲ့ ငိုနေတယ်။

ကျော်အောင်က ဆရာမ မလာခင်
ကျောင်းပြေးကြရင် ကောင်းမလား
ဆိုပြီး ဇေယျာနဲ့ မြတ်မိုးကို တိုင်ပင်တယ်။
မြတ်မိုးက ‘စောက်ပေါရာ၊
မင်းပါးစပ်ပိတ်ထားစမ်းပါ၊ဒီနေ့ပြေးတော့ရော မနက်ဖြန် ဆရာမနဲ့တွေ့ရမှာပဲ မဟုတ်ဘူးလား”လို့ ပြောလိုက်တော့ ကျော်အောင် ပါးစပ်
ပိတ်သွားတယ်‘လာမယ့်ဘေး ပြေးတွေ့’ ဆိုတဲ့ စကားအတိုင်း မကြာခင်လာတော့မယ့် သင်္ချာဆရာမကိုတော့ သူတို့ ပြေးမတွေ့ကြပါဘူး။
အတန်းထဲမှာပဲ ဆရာမ အလာကို
ထိုင်စောင့်နေကြတယ်။

ဆရာမက အရင်အတိုင်းပဲ ငါးမိနစ်လောက်
အလိုမှာ အတန်းထဲဝင်လာတယ်။
တတန်းလုံး တိတ်ဆိတ်နေကြတယ်။
ဆရာမကသူ့ခြင်းတောင်း အစိမ်းလေးကို
ဆရာမစားပွဲခုံပေါ်တင်လိုက်ပြီး
‘ကျတဲ့လူတွေ မတ်တပ်ရပ်စမ်း’ လို့
အသံပြတ်နဲ့ ပြောလိုက်တယ်။

ဆရာမဟာ သင်္ချာကျတဲ့လူ
တစ်ယောက်ချင်းကို အတန်းရှေ့ထွက်ခိုင်းပြီး
ဘာလို့ကျတာလဲ လို့ မေးတယ်။
ဘယ်ဖြေတတ်ကြမလဲ။
နားမလည်လို့ပါ ဆိုရင် ဆရာမ
စိတ်ဆိုးသွားမှာကြောက်ရတယ်။
သေချာမတွက်ထားလို့ပါဆိုရင်လည်း
အတီးခံရမှာပဲ တခြားဖြေစရာလည်း
သူတို့ရှာမတွေ့ကြဘူး။

ဒီလိုနဲ့ တယောက်ပြီးတယောက်ကိုသာ
မေးသွားတယ် ဘယ်သူ့ဆီကမှ အဖြေမရဘူး။ဆရာမကလည်း အတော်လေး
ဒေါသထွက်သွားတဲ့ပုံပဲ။
အကုန်လုံးကို လက်ဝါးဖြန့်ခိုင်းပြီး
တယောက်ကို ဆယ်ချက်စီ ရိုက်သွားတယ်။
ဒေါသလည်းပါနေတော့ ရိုက်ချက်ကပြင်းတယ်။

ဇေယျာ့ကို ရိုက်တဲ့အချိန်မှာ လက်သန်းကို မတော်တဆ ရိုက်မိသွားတယ်။
ရိုက်တဲ့ ဆရာမက မသိလိုက်ဘူး။
အရိုက်ခံလိုက်ရတဲ့ ဇေယျာကတော့ သိတာပေါ့။
ဇေယျာ့လက်သန်းဟာ ချက်ချင်းပဲ နီရဲပြီး
ဖောင်းတက်လာတယ်။
နောက် သုံးလေးရက်လောက်ထိ
လက်သန်းဟာအယောင်မကျဘူး။
ဇေယျာဟာ ဆေးလည်းမလိမ်းဘူး။
ပတ်တီးလည်းမစည်းဘူး။
ယောင်ကိုင်းနေတဲ့ လက်သန်းကို
တစိမ့်စိမ့်တော့ထိုင်ကြည့်တယ်။

ဇေယျာဟာ ဒီလိုအရိုက်ခံရတာကို မမေ့ဘူး။
နောက် လပတ်စာမေးပွဲမှာ အရိုက်မခံရအောင်
ဇေယျာ အရွဲ့တိုက်ပြီးသင်္ချာကို ပိုကြိုးစားတယ်။ဆရာမက ‘ရသလားဟေ့’လို့မေးတဲ့အခါ
တတန်းလုံးက ရပါတယ်လို့အော်ကြလည်း
ဇေယျာက သူနားမလည်သေးရင်
‘မရပါဘူးဆရာမ၊နောက်တခါလောက်
ရှင်းပြပါဦး’လို့ လက်ထောင်ပြီး
ခွင့်တောင်းတတ်လာတယ်။
ဆရာမကလည်း ထပ်ရှင်းပြတာပဲ။

ဇေယျာက သင်္ချာအားနည်းတော့ ဆရာမက ထပ်ခါထပ်ခါရှင်းပြရတယ်။
ဇေယျာကလည်း
သူနားမလည်မချင်း မေးတယ်။
အသက် ၆၀ နားကပ်နေပြီဖြစ်တဲ့ ဆရာမဟာ
ရှင်းပြရင်း ရှင်းပြရင်း မောသံပါလာတယ်။
နောက်ဆုံး ဇေယျာက ‘ရပါပြီဆရာမ၊
နားလည်ပါပြီဆရာမ’ လို့
ပြောတဲ့အချိန်မှာ ဆရာမရဲ့ နှုတ်ခမ်းတဝိုက် တံတွေးစက်တွေ သီးနေတာကို
ရှေ့ဆုံးမှာထိုင်တဲ့ မြင့်မြတ်မိုးတို့
ခုံတန်းကပဲ တွေ့လိုက်ကြရတယ်။
ဇေယျာတို့ကတော့ နောက်ဆုံးတန်းမှာ
ထိုင်တာဆိုတော့အဲ့ဒါကို မတွေ့လိုက်ကြရပါဘူး။ဇေယျာက သူနားလည်သွားပြီဖြစ်တဲ့
ပုစ္ဆာကို မျက်မှောင်ကြီးကုတ်ပြီး
ကုန်းတွက်နေတယ်။

ဆရာမဟာသူ့တပည့် စာတွက်နေတာကို
ကြည့်ပြီးတဲ့နောက် White Board
ဘက်လှည့်ပြီး ပြုံးတယ်။
တတန်းလုံးက ဆရာမ ပြုံးတာကို
မမြင်လိုက်ကြရဘူးပေါ့။
ဒါပေမယ့် အဖွားကြီးအိုပေါက်စ ဆရာမရဲ့
တဟွတ်ဟွတ် ချောင်းဆိုးသံကိုတော့
တတန်းလုံး ပီပီသသ ကြားလိုက်ကြရပါတယ်။

နောက် လပတ်တွေ လပတ်တွေမှာ
သူတို့ တတန်းလုံး သင်္ချာမှာ အမှတ်တွေ
ကောင်းလာကြတယ်။
ဆရာမက စာမေးပွဲကျရင် ရိုက်တော့
ကြောက် လန့်ပြီး ဖိတွက်ကြရင်း
သင်္ချာကို နိုင်လာကြတယ်။
သင်္ချာတွက်ရတာမကြောက်တော့ဘူး။
သင်္ချာအားနည်းတဲ့ ခင်ချိုဝင်းတို့၊
လွင်မင်းတို့တောင် လပတ်တခုမှာ
သင်္ချာကို အမှတ်ပြည့်တွေ ဘာတွေ
ရသွားကြသေးတယ်။
ဒါပေမယ့် သူတို့အမှတ်ပြည့်ရတာက
သိပ်တော့မထူးဆန်းပါဘူး။

အဲ့လပတ်မှာ သူတို့ တတန်းလုံးနီးပါး
သင်္ချာအမှတ်ပြည့်ရကြပါတယ်။
အကျလည်း မရှိကြတော့ဘူး။
ဆရာမက ပါမယ့်အပုဒ်တွေ
ရွေးပေးလို့တော့ ဘယ်ဟုတ်ပါ့မလဲ။
ဆရာမက အရင် လိုပဲ သင်ထားသမျှ
အကုန်လုပ်ခိုင်းပြီး မေးခွန်းကိုလည်း
နည်းနည်း လှည့်ထားတာပါပဲ။
သူတို့ကိုက သင်္ချာကို နိုင်လို့ အမှတ်ပြည့်ရကြတာ။အောင်ကြတာ ဒီလိုမျိုးက ဒါကျက်၊ဒါဖြေပြီး
အမှတ်ပြည့်ရတာထက် အများကြီး
ပိုပျော်စရာ ကောင်းတယ် မဟုတ်လား။

နောက်ဆုံးအတန်းတင်စာမေးပွဲကြီး
နီးလာတဲ့အခါ သူတို့ဟာ သင်္ချာချိန်ကိုရော
သင်္ချာဆရာမကိုပါ မကြောက်ကြတော့ပါဘူး။
မကြောက်ကြတော့ဘူးဆိုလို့ ရိုင်းရိုင်စိုင်းစိုင်းဆက်ဆံကြတယ်လို့လည်း မထင်ပါနဲ့။
သူတို့ဟာ သင်္ချာချိန်ဆိုရင်
မြူးထူးတက်ကြွနေကြပြီ။

ဒါပေမယ့် ဆရာမ ဝင်လာတဲ့အခါမှာရော
ပြန်ထွက်သွားတဲ့အချိန်မှာပါ
“မဂၤလာပါ ဆရာမ” လို့ သူတို့
နှုတ်မဆက်ဖြစ်ကြသေးဘူး။
“အားလုံး မတ်တပ်ရပ်၊ဆရာမကို
နှုတ်ဆက်” လို့ တိုင်ပေးရတဲ့
မော်နီတာကလည်း သင်္ချာချိန်ဆို
အရင်အတိုင်းပဲ ထိုင်နေတာပဲ။
ဘယ်သူမှ ဆရာမကို နှုတ်ဆက်ဖို့
စိတ်ကူးမရှိကြဘူး။

ဒီလိုနဲ့အချိန်တွေ
တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။
သင်ခန်းစာတွေဟာ
နောက်ဆုံးပိုင်းကို ရောက်လာကြပြီ။
မကြာခင် အတန်းတင်
စာမေးပွဲဖြေကြရတော့မယ်။
၇ တန်းမှာ သူတို့ဒူးတုန်အောင် ကြောက်ကြရတဲ့
သင်္ချာချိန်ဆိုတာကိုရော၊အသံကြားရုံနဲ့
တုန်နေအောင် ကြောက်ရတဲ့သင်္ချာဆရာမကိုပါ
သူတို့ ကျော်ဖြတ်နိုင်ကြတော့မယ်။
အတန်းဟာစာမေးပွဲကြီးဖြေပြီး
ကျောင်းပိတ်ရက်ရှည်မှာ
အနားယူဖို့ အားခဲနေကြပြီ။

သင်္ချာချိန်တွေမှာဆိုရင် သူတို့ဟာ
အရင်ကလို ကြောက်ရွံ့နေတာ၊
တုန်လှုပ်နေတာ၊မျက်နှာတွေ
ထိုင်းမှိုင်းနေတာမျိုးတွေလည်း မရှိကြတော့ဘူး။ဆရာမ စာရှင်းပြတဲ့အခါ
ဆရာမနဲ့ထပ်ကြပ်မကွာ လိုက်အော်နိုင်ကြပြီ။ဆရာမကလည်း သူတို့ကို ဆူစရာ
ရိုက်စရာမလိုတော့တဲ့အတွက်အရင်လို
မောဟိုက်နေတာမျိုး မရှိတော့ဘူး။
ဒီလိုနဲ့...ဒီလိုနဲ့...၇ တန်းနှစ်ရဲ့
နောက်ဆုံး သင်္ချာချိန်ကို ရောက်လာပါတယ်။

ကဲ...ဒါဆိုရင်တော့ ငါ့ သင်္ချာမှာ
သင်စရာကုန်ပြီ၊နောက် ဆယ်ရက်ဆို
စာမေးပွဲကြီး ဖြေရတော့မယ်။
ငါ့ သင်္ချာမှာ မေးစရာရောရှိကြသေးလား၊
မေးစရာရှိရင် တခါတည်းမေးထားနော်။

တတန်းလုံးငြိမ်နေကြတယ်။
ဆရာမက အားလုံးရဲ့ မျက်နှာကို
လိုက်ကြည့်တယ်။ကလေးတွေရဲ့
မျက်နှာမှာ သင်္ချာနဲ့ပတ်သက်ပြီး
အားရ‌ကျေနပ်မှုကိုပဲ မြင်ရတယ်။
ဆရာမဟာ သူ့သင်္ချာကို ကလေးတွေ
ကောင်းကောင်းရကြမယ်ဆိုတာ ယုံကြည်ပါတယ်။သူတို့လေးတွေ ကောင်းကောင်းရအောင်လည်း
သူ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီမဟုတ်လား။

ကဲ...ဒီလိုဆို အားလုံး မေးစရာ
မရှိတော့ဘူးပေါ့” လို့ပြောရင်း
ဆရာမဟာ သူ့ခြင်းတောင်းလေးကို
လက်ကိုင်ကနေ မ,လိုက်တယ်။
ဆရာမ ပြန်ထွက်သွားတော့မယ်။
နောက် ဘယ်တော့မှ ဆရာမဟာ
သူတို့ရဲ့ သင်္ချာ ဆရာမအဖြစ် သူတို့ကို
သင်တော့မှာ မဟုတ်ဘူး။
၇တန်းမှာ ဆရာမက စာသင်ရင်း ကျန်ခဲ့မယ်။
သူတို့က နောက်အတန်းတွေ ဆက်တက်သွားရမယ်။

ဆရာမဟာ ခြင်းတောင်းလေးကိုဆွဲပြီး
အတန်းပြင်ကို ထွက်တယ်။
ဆရာမ အတန်းပြင်ကို မရောက်ခင်
ဇေယျာဟာ မတ်တပ်ရပ်တယ်။
အဲ့ဒီနောက်....

“အားလုံးမတ်တပ်ရပ်...” လို့
အတန်းကို အမိန့်ပေးလိုက်တယ်။

ဇေယျာ့အသံကိုကြားတဲ့ဆရာမဟာ
လှမ်းလက်စ
ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်တယ်။

ဇေယျာဟာ မော်နီတာ မဟုတ်ဘူး။
ဇေယျာ့မှာ အတန်းကို အမိန့်ပေးဖို့
တာဝန်မရှိဘူး။
ဒါပေမယ့် တတန်းလုံးဟာ
ဇေယျာ ဘာလုပ်တယ်ဆိုတာ
သဘောပေါက်လိုက်ကြပြီ။
သူတို့အကုန်လုံး မတ်တပ်ထရပ်လိုက်ကြတယ်။
ပြီးတော့ အတန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
ဆရာမဆီကို မျက်နှာမူပြီး
လက်အုပ်လေးတွေ ချီထားလိုက်ကြတယ်။

“ ဆရာမကို....နှုတ်ဆက်...”

နောက်ဆုံးနားလေးမှာ
ဇေယျာ့အသံဟာ တုန်ခါသွားတယ်။
ဇေယျာဟာ သတ္တိရှိတဲ့လူဖြစ်တယ်။
စိတ်မာတယ်။
ဒါပေမယ့် အခု
ဇေယျာ့ အသံဟာ တုန်ခါနေတယ်။
သူကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူဘာဖြစ်နေသလဲ။

“မင်္ဂလာပါ ဆရာမ၊ပဉ္စဂုဏံ အဟံဝန္ဒာမိ၊
အာစရိယဂုဏံ၊အဟံဝနဒှာမိ ပါဆရာမ။ ”

သူတို့အသံတွေဟာ တုန်နေကြတယ်။
သူတို့ဟာ ဆရာမကို နှစ်စတည်းကနေစပြီး
ကျောင်းတက်တဲ့ တစ်နှစ်လုံး
နှုတ်မဆက်ခဲ့ကြဖူးဘူး။
သူတို့ အသံတွေ တုန်နေကြတယ်။
သူတို့ ဆရာမကို ကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူတို့ဘာဖြစ်နေကြသလဲ။
ဘာလို့ အသံတွေ တုန်နေကြသလဲ။

ဆရာမကပြောဖူးတယ်။
မင်္ဂလာရှိတဲ့အချိန်ကျမှ
မင်္ဂလာပါလို့ နှုတ်ဆက်ပါတဲ့။
အခုက ဆရာမပြောတဲ့
မင်္ဂလာရှိတဲ့အချိန်ဟုတ်ရဲ့လား။
ဆရာမက သူတို့
နှုတ်ဆက်တာကို လက်ခံပါ့မလား။
ပြန်တုံ့ပြန် နှုတ်ဆက်ပါ့မလား။

သူတို့လေးတွေရဲ့ မျက်ဝန်းမှာ
မငိုပါဘဲနဲ့မျက်ရည်တွေ ဝဲနေကြတယ်။
ဆရာမကို မျှော်လင့်ချက်မျက်ဝန်းတွေနဲ့
ငေးစိုက်ကြည့်နေမိကြတယ်။
သူတို့မျက်ဝန်းလေးတွေဟာ အရောင်တွေ လဲ့လို့...။
ဆရာမဟာ အတန်းဘက်ကို ချာခနဲလှည့်တယ်။
တနှစ်ပတ်လုံး စာသင်ခန်းထဲမှာ တခါပဲလုပ်ခဲ့ဖူးတဲ့
အပြုအမူတခုကို ဆရာမက လုပ်လိုက်တယ်။

ဆရာမ ပြုံးလိုက်တာပဲ။☺
ဒီတခါတော့အတန်းက မမြင်အောင်
White Board ဘက်လှည့်ပြီး
ကြိတ်ပြုံးတာမဟုတ်တော့ဘူး။
တတန်းလုံးမြင်အောင်
ဆရာမက ပြုံးပြလိုက်တာ။

ကလေးတွေဟာ တခါမှ မမြင်ခဲ့ဖူးတဲ့
ဆရာမရဲ့ အပြုံးကို
ကြည့်မဝအောင်ဖြစ်နေကြတယ်။
ခင်ချိုဝင်းဟာ လက်အုပ်လေး
ချီထားရင်းကနေ ‘အိ’ခနဲ ငိုချလိုက်တယ်။
ဖွင့်ထားတဲ့ သင်္ချာလေ့ကျင့်ခန်းစာအုပ်ပေါ်ကို မျက်ရည်တစက်ကျသွားတယ်။

မင်စိုနဲ့ရေးထားတာမို့ သင်္ချာစာလုံးတချို့
မျက်ရည်နဲ့ထိပြီးမင်တွေပျက်ကုန်တယ်။
ဒါပေမယ့် တခါက သင်္ချာအားနည်းခဲ့တဲ့
ခင်ချိုဝင်းဟာ ပုစ္ဆာ မင်ပျက်သွားလည်း‌
မကြောက်တော့ဘူး။
ဆရာမသင်ပေးထားလို့ သင်္ချာကို
ကောင်းကောင်းရနေပြီ။

ခင်ချိုဝင်းဟာ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျတဲ့အထိ
အားပါးတရငိုချလိုက်တယ်။
သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးဟာ
မင်တွေ ပျက်ယွင်းကုန်တယ်။
ခင်ချိုဝင်း ဘာလို့ ငိုရသလဲ။
သူစာမရလို့လား။
ဝမ်းနည်းလို့လား။
ခင်ချိုဝင်း မသိဘူး။

“မင်္ဂလာပါ ကလေးတို့”
ဆရာမဟာ ပြုံးပြီး နှုတ်ဆက်တယ်။😢
ဆရာမဆီက တခါမှ မကြားဖူးတဲ့
မင်္ဂလာပါဆိုတဲ့ အသံကို
သူတို့ကြားလိုက်ရတယ်။
ခုနက မငိုတဲ့လူတချို့တောင်
ဆရာမအသံကြားပြီး ငိုကြတယ်။
သူတို့ ဘာလို့ ငိုရသလဲ။
သူတို့ စာမရလို့လား။
သူတို့ ဝမ်းနည်းလို့လား။
သူတို့ ဝမ္းသာလို့လား။
သူတို့ သေချာ မသိဘူး။

အားလုံးနီးပါး ငိုနေကြတဲ့ အချိန်မှာ
ဇေယျာဟာမျက်ရည်တွေဝဲနေပေမယ့်
အံကိုတင်းတင်းကြိတ်ပြီး
ဆရာမ ရိုက်လို့ ယောင်ကိုင်းခဲ့ဖူးတဲ့
လက်သန်းလေးကိုငေးစိုက်ကြည့်နေခဲ့တယ်။
သူ့ခေါင်းထဲမှာ
“မင်္ဂလာပါ ကလေးတို့” ဆိုတဲ့ ဆရာမရဲ့
အသံဟာ ပဲ့တင်ထပ်နေပါတော့တယ်။ ။

ဘဝတလျှောက်
ပညာသင်ကြားပေးခဲ့ကြပါသော
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ
အားလုံးကို ရှိခိုးကန်တော့ပါ၏။🙏

မူရင်း ရေးသူအား
လေးစားစွာဖြင့် Credit ပေးပါသည်။

😢😢😢😢😢😥😥😥😥😥😥😥😥😢

17/07/2025

အလုပ်မှာ တအား လုပ်မပြပါနဲ့...
======================

တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။

သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်

လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။

သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။

သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။

သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။

အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။

လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။

တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။

၃ / ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့
ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။

ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊ အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။
သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။

မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း
အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။
အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့

အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊

ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊

သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။

Credit;

17/07/2025

15.7.2025 က စပြီး Facebook နဲ့ Messenger ပေါ်မှာ မြန်မာဘာသာ အသုံးပြုသူများအတွက်မြန်မာဘာသာ Unicode(ယူနီကုတ်) နှင့် မြန်မာဘာသာ ZawGyi(ဇော်ဂျီ) တို့အကြား အလိုအလျောက် ဖောင့်စာသား ပြောင်းလဲခြင်းကိုရပ်လိုက်ပါပြီ။

ယူနီကုတ်မသုံးပါက တင်ထားတဲ့ပို့စ်တွေကလည်း အခြားသူတွေမှာ မှန်မှန်ကန်ကန် မပေါ်နိုင်တော့ပါဘူး၊မြန်မာဘာသာ (ဇော်ဂျီ) နဲ့ ထည့်သွင်းထားတဲ့ အကောင့်နာမည်များလည်း မှန်ကန်စွာမပေါ်တော့ပါဘူး...။

______________________________________________________________________________________

မင်္ဂလာပါရေးနည်း
ယူနီကုတ်သုံးသူများအတွတ်ပါ
"မင်"​ရေးပြီး ပုံမှာပါတဲ့(+)
အပေါင်းလက္ခဏာကိုနှိပ်ပါ ပြီးမှ ဂလာကို ဆက်ရိုက်ရင် မင်္ဂလာဖြစ်ပါပြီ။

မင်+မင်္ ဒီဖြစ်ပြီးမှ ဂလာကိုရိုက်။

အင်္ဂါ၊ သင်္ကြန်၊ သင်္ကန်း၊ အင်္ကျီစသည်တို့
ကိုလည်း ထိုနည်းအတိုင်း ရေးရုံပါပဲ။

______________________________________________________________________________________________

Unicode အက္ခရာ အဆင့်ထပ် ရေးနည်း
------------------
Unicode မှာ (္) ဒါလေးက အရေးအကြီးဆုံးပါပဲ။ အဆင့်ထပ်ရင် (္) ဒါလေးပဲ သုံးရတာပါ။

မင်္ဂလာပါ ၊ ပစ္စည်း ၊ ကမ္ဘာကြီး ၊ အင်္ဂါ ၊ တနင်္ဂနွေ ၊ တနင်္လာ ၊ ဉာဏ်ကြီးရှင် ၊ အင်္ကျီ ၊ အခန်းကဏ္ဍတစ်ခု ၊ ဗုဒ္ဓဟူး ၊ အက္ခရာ ၊ မြန်မာပြက္ခဒိန် - ဘာရေးပြရဦးမလဲ။

မင်္ဂလာပါ - ရေးမယ်ဆိုရင်
မင် + ္ + ဂ + လာပါ - အဲ့လိုရေးရတယ်။

ပစ္စည်း - ရေးမယ်ဆိုရင်
ပစ + ္ + စ + ည်း - အဲ့လိုရေးရတယ်။

ကမ္ဘာကြီး - ရေးမယ်ဆိုရင်
ကမ + ္ + ဘ + ာ + ကြီး - အဲ့လိုရေးရတယ်။

အင်္ဂါ - ရေးမယ်ဆိုရင်
အင် + ္ + ဂါ - အဲ့လိုရေးရတယ်။

တနင်္ဂနွေ - ရေးမယ်ဆိုရင်
တနင် + ္ + ဂ + နွေ - အဲ့လိုရေးရတယ်။

တနင်္လာ - ရေးမယ်ဆိုရင်
တနင် + ္ + လာ - အဲ့လိုရေးရတယ်။

ဉာဏ်ကြီးရှင် - ရေးမယ်ဆိုရင်
ဉ + ာ + ဏ်ကြီးရှင် - အဲ့လိုရေးရတယ်။

အင်္ကျီ - ရေးမယ်ဆိုရင်
အင် + ္ + ကျီ - အဲ့လိုရေးလို့ရတယ်။

အခန်းကဏ္ဍတစ်ခု - ရေးမယ်ဆိုရင်
အခန်း + ကဏ + ္ + ဍ + တစ်ခု - အဲ့လိုရေးလို့ရတယ်။

ဗုဒ္ဓဟူး - ရေးမယ်ဆိုရင်
ဗုဒ + ္ + ဓ + ဟူး - အဲ့လိုရေးလို့ရတယ်။

အက္ခရာ - ရေးမယ်ဆိုရင်
အက + ္ + ခ + ရာ - အဲ့လိုရေးလို့ရတယ်။

မြန်မာပြက္ခဒိန် - ရေးမယ်ဆိုရင်
မြန်မာ + ပြက + ္ + ခ + ဒိန် - အဲ့လိုရေးလို့ရတယ်။

လိုက်ရေးကြည့်ပါ။ Unicode က အဲ့လိုပါ။ အဆင်ပြေပါစေ။ Unicode သုံးပါ။ ကမ္ဘာသုံးမို့ပါဗျ။ Unicode သုံးခြင်းက English ကို မြန်မာလို ပြန်ဖတ်လို့ရပါတယ်။

မင်္ဂလာပါ / ပစ္စည်း / ကမ္ဘာကြီး - အဲ့ (3) မျိုးရေးတတ်ရင် အကုန်ရေးတတ်သွားပါလိမ့်မယ်။

Credit - EJ

ရွှင်လန်းချမ်းမြေ့​ကြပါစေ။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11181