Perfect Teaching & Guide Service
We aim our students to get quality education.
08/05/2026
🌟 ထူးချွန်တဲ့ပညာရေးအတွက် မှန်ကန်တဲ့ရွေးချယ်မှု (Perfect Teaching & Guide Service) 🌟
ကလေးရဲ့ပညာရေးမှာ အချိန်ကုန်၊ ငွေကုန်ပြီး ထိရောက်မှုမရှိဖြစ်မှာကို စိုးရိမ်နေပါသလား? သင်ကြားမှုပိုင်းမှာ "အပြောတင်မဟုတ်ဘဲ အလုပ်နဲ့သက်သေပြမယ့်" အတွေ့အကြုံ17နှစ်ကျော် ၀ါရင့် ဆရာမရှိပါတယ်။
✨ ကျွန်မဆီမှာ သင်ယူရင် ဘာတွေထူးခြားမလဲ?
စာကို လွယ်လွယ်ကူကူနဲ့နားလည်လွယ်မယ်။
5ရက်သင်ရတဲ့ စာတွေဆို ကျွန်မ 3ရက်သင်တာနဲ့နားလည်လွယ်မယ်(ထိထိမိမိသင်နိုင်တာကိုဆိုလိုပါတယ်)ဘာသာရပ်အပေါ် ကျွမ်းကျင်မှုဆိုင်ရာ100% confidence ရှိမှလက်ခံပါတယ်
ငွေနဲ့ဝယ်လို့မရတဲ့ နှစ်ပေါင်းများစွာက အတွေ့အကြုံတွေကို အခြေခံပြီး အကောင်းဆုံး လမ်းညွှန်ပေးမှာပါ။
📝 သင်တန်းအသေးစိတ်
One-on-One စနစ်: ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို အနီးကပ်ပြုပြင်ပေးပါတယ်။
⚠️ လက်ရှိမှာ တပတ်မှာ ၃ချိန်စာအတွက်ပဲ ကျန်ပါတော့တယ်ရှင်။ ကျွန်မနဲ့သင်ခွင့်ရတဲ့ကလေးတွေက ပညာပါရမီအတော်ကောင်းတယ်ပြောရလောက်အောင် အထိ သင်ပြမှုကောင်းပါတယ်။ အစကောင်းမှအနှောင်းသေချာတာမို့ မိမိကလေးကို တကယ်ထူးချွန်စေချင်တဲ့ မိဘများအနေနဲ့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ old questions များဖြင့် ပိုင်နိုင်မှုရှိအောင်လေ့ကျင့်ပေးပါတယ်။ အတန်းငယ်ရင်လဲ text လောက်ပဲ မဟုတ်ဘဲ အခြေခံအတွက် လိုအပ်တာများပါဖြည့်သင်ပေးရပါတယ်။ ပညာရေးအတွက် တစ်ခါဆက်ဆံ ရာသက်ပန်စိတ်ချမ်းသာချင်မှ ဆက်သွယ်ပါ။
Perfect Teaching & Guide Service
10/04/2026
ကိုယ့်ယုံကြည်ပြီးတစ်နှစ်လုံးအပ်နှံသော၊အပ်နှံခဲ့သော မိဘနဲ့ကလေးတွေအတွက်သီးသန့်လှုပေးတာပါ (အပိုဆောင်းဆုပေါ့😊)
ကိုယ့်နာမည်နဲ့လှူတာတွေအတွက်ပါ ကုသိုလ်ထပ်တူရဖို့ သာဓုခေါ်ပါရှင်
Thitsarသိပြီးမြင်ပြီးမှ လှူတာမို့ အားကြီးတဲ့ကုသိုလ်အထောက်အပံ့ရမှာပါ
02/04/2026
April 9 ရက်နေ့မှ 18 ရက်နေ့ ထိတရားစခန်း၀င်မှာမို့ ဖုန်းကိုင်မယ့်သူမရှိပါရှင် ၁နှစ်လုံးမျှော်ခဲ့ရတဲ့အချိန်မို့ပါ
cbမှာပဲစုံစမ်းအပ်နှံလို့ရပါမယ်ရှင် ခွင့်လာတိုင်တာပါ လက်ရှိသင်နေတဲ့ကလေးတွေကိုthingyan မပိတ်ဘဲကြိုအစားထိုးရက်များ၀င်ခဲ့ပါတယ်
အေဂျင်စီမဟုတ်သော တစ်ဦးချင်း သီးသန့်သင်ပြမှု 📚
ကလေးတွေရဲ့ ပညာရေးမှာ တိုးတက်မှုတကယ်ရှိစေဖို့ အနီးကပ်လမ်းညွှန်ပေးမယ့် ဆရာ/ဆရာမတွေကို ရှာနေပါသလား?
🔹 သင်ကြားမှုပုံစံ: အိမ်အရောက် (ရန်ကုန်) / Online (တစ်ပြည်လုံး)
🔹 အတန်းများ: Grade 6 to 12
🔹 အားသာချက်:
• အသင်အပြ ကောင်းမွန်ခြင်း
• တာဝန်ယူမှု အပြည့်ရှိခြင်း
• လစဉ် တိုးတက်မှုကို အစီရင်ခံခြင်း
• အဖိုးအခ သင့်တင့်ခြင်း
"အရည်အသွေးတူရင် စေတနာပိုမယ်၊ စေတနာတူရင် ဈေးနှုန်းသက်သာမယ်"
စိတ်ချမ်းသာမှုရှိရှိနဲ့ ပညာသင်ယူချင်တယ်ဆိုရင် အခုပဲ Perfect Teaching & Guide Service ကိုဆက်သွယ်လိုက်ပါ
အကောင်းဆုံးကိုမျှော်လင့်မှ ဆက်သွယ်ပါ
18/03/2026
၂၀၂၇ ခုနှစ်မှာ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား/သူတွေအတွက်
ကြိုတင်ပြင်ဆင်ပါ: သူများတွေက စာမေးပွဲမေးခွန်းတွေ လွယ်တယ်၊ ခက်တယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့အချိန်မှာ ကိုယ်ကတော့ အချိန်ကို အကျိုးရှိရှိ သုံးပြီး ကြိုတင်လေ့ကျင့်ထားဖို့ လိုပါတယ်။
အခြေခံပိုင်နိုင်ပါစေ: ဥပမာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီး Basic တွေကို သေသေချာချာ ပိုင်နိုင်အောင် ပြန်လုပ်ထားဖို့ အရေးကြီးပါတယ်။
လေ့ကျင့်ခန်းများများလုပ်ပါ: မေးခွန်းဟောင်းတွေနဲ့ Test တွေကို ထပ်ခါတလဲလဲ များများလေ့ကျင့်ထားရင် မေးခွန်းက ဘယ်လိုပဲလာလာ အေးအေးဆေးဆေး ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
ခေတ်နောက်မကျပါစေနဲ့: တခြားသူတွေက အချိန်နဲ့တစ်ပြေးညီ ကြိုးစားနေကြတဲ့အတွက် ကိုယ်က နောက်ကောက်ကျမကျန်ခဲ့ဖို့ အခုကတည်းက စတင်ပြင်ဆင်သင့်ပါတယ်။
မေးခွန်းခက်တာကို မစိုးရိမ်ပါနဲ့: အခြေခံကောင်းပြီး လေ့ကျင့်မှု များထားတဲ့သူအတွက် မေးခွန်းက ဘယ်လောက်ခက်ခက် တခြားသူတွေထက် ပိုမိုကောင်းမွန်စွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
စာမေးပွဲမေးခွန်း လွယ်ခြင်း၊ ခက်ခြင်းထက် ကိုယ်တိုင်က အဆင်သင့်ဖြစ်နေဖို့ ပိုအရေးကြီးတာမို့ နွေရာသီကာလကိုအကျိုးရှိရှိဖြတ်သန်းဖို့ Trကတိုက်တွန်းလိုက်ပါတယ်။
Perfect Teaching & Guide Service
17/03/2026
2026 biology👍
16/03/2026
Phy ကျေနပ်အားရစရာပါပဲ မခက်ပါ အသင့်အတင့်မေးခွန်းမျိုး
Photos credit
15/03/2026
မတောင်းဆိုရဘဲ review ရေးပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မှတ်မိပါတယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်
ကျေးဇူးဆပ်ခြင်းတစ်မျိုးပါပဲ ခွန်အားဖြစ်ရပါတယ် ဒီထက်မက တိုးတက်ကြီးပွားပြီး အောင်မြင်မှုများဆင့်ကဲဆင့်ကဲ ရပါစေလို့ဆုတောင်းပေးပါတယ်ရှင်
15/03/2026
Credit ပါရှင် ခံစားချက်တူလို့ပါ
အထက်တန်းမှာ စာသင်ရ အခက်ဆုံးက G11 ပဲ။
မိဖတွေက G12 အခြေခံ ရပါစေဆိုပြီး စာသင်စေတယ်။
စာကို တစိုက်မတ်မတ် လုပ်လာသူတွေဆို သင်လို့ ကောင်းတယ်။
သင်သလောက် ယူတယ်။ ဆွဲသလောက် ပါတယ်။
G10 ကို အောင်ဖို့ လွယ်တယ် မှတ်လာသူတွေက
G11 လည်း ဒီလိုပဲ ရမယ်ပဲ ယုံကြည်နေကြတယ်။
ပုံမှန်ပဲ ဖြတ်သန်းလိုကြတယ်။
G11 အောင်မှာပဲ ထင်နေသူတွေကို
G12 အတွက် မျှော်မြင် စာသင်ရတာ မလွယ်ဘူး။
G10 စာလည်း မသိလာသလို
G11 စာလည်း စိတ်မဝင်စားဘူး။
စာကို မလေးစားတော့၊ ဆရာကိုလည်း မလေးစားချင်ဘူး။
G10 က ကိုယ့်ကျောင်းသားပဲ ကိုယ်ဆက်သင်ရတာ ကောင်းတယ်။
ဘယ်နှစ်ယောက် ရှိရှိ ပုံမှန်သွားသူတွေပဲ သင်လို့ ကောင်းတယ်။
Credit*
Review လေးရတော့၀မ်းသာလုံး ဆို့သွားပီ
ကိုယ့်ကလေးတွေMath che ဖြေကောင်းကြတော့ ပျော်လို့ 20% off ပေးပါမယ် (ရာသက်ပန် သင်တန်းကြေး 4သောင်း)
17.3.2026 ရက်နေ့ထိသာ
ဥပမာ Chapter 7,8 တို့ဆို အတော်များများ ချာနေကြတယ် ထိထိမိမိ စာရချင်သူများ/ကလေးကို ရှင်းလင်းစွာသင်ချင်သောဆရာ/မ များအတွက် အထူးသင့်တော်ပါတယ်
14/03/2026
2026 G12 ဓာတုဗေဒ မေးခွန်းလွှာ
ကိုယ့်သမီးက 90 ဖိုးလောက်တော့ကျန်ပါသတဲ့
ကြေးမုံထဲကလဲ နည်း"ပါသွားတယ်
ကျွန်မသုံးသပ်ချက်ကတော့ မေးခွန်းလှတယ် သေချာထုတ်ထားတယ် တစ်နှစ်လုံး အားစိုက်ကြိုးစားသူမှ Dရမယ်
သက်တောင့်သက်သာနဲ့တော့ ဒီမေးခွန်းမျိုးက ဂုဏ်ထူးမရနိုင်
01/12/2025
G 9 ကလေးတွေ final exam အတွက်
နမူနာ ၁စုံရပီ
မူရင်းphotos credit ပေးပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon