U Aung Insurance Agency

U Aung Insurance Agency

Share

Peace of Mind

18/03/2026

နွေရာသီ မီးဘေးအန္တရာယ်နှင့် စနစ်တကျ ပြင်ဆင်ခြင်း

"အပူရှိန်ပြင်းတဲ့ နွေရာသီမှာ သင့်မိသားစုနဲ့ ပိုင်ဆိုင်မှုတွေကို မီးဘေးကင်းဝေးအောင် ဘယ်လိုကာကွယ်မလဲ?"

နွေရာသီကို ရောက်လာတာနဲ့အမျှ အပူရှိန်ကလည်း သိသိသာသာ မြင့်တက်လာပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မီးဘေးအန္တရာယ်ဟာ ပိုပြီးနီးကပ်လာသလို၊ စိုးရိမ်ပူပန်မှုတွေလည်း တိုးလာတတ်ပါတယ်။ မီးဘေးအန္တရာယ်ဟာ ကျွန်တော်တို့ တစ်သက်တာလုံး စုဆောင်းထားသမျှကို မိနစ်ပိုင်းအတွင်း ပြာဖြစ်သွားစေနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုဟာ အင်မတန် အရေးကြီးပါတယ်။

ကျွန်တော်အနေနဲ့ အာမခံကိုယ်စားလှယ်တစ်ယောက်ထက်၊ သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ရေရှည်ကာကွယ်ပေးချင်တဲ့ အကြံပေးတစ်ယောက်အနေနဲ့ ဒီအချက်တွေကို သတိပြုစေချင်ပါတယ် -

💡 နွေရာသီအတွက် မီးဘေးကင်းဝေးရေး ပညာပေးမှတ်ချက် (၅) ချက်

၁။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ။
နွေရာသီမှာ Aircon၊ ပန်ကာနဲ့ အအေးခန်းသုံးပစ္စည်းတွေကို ပိုပြီး အသုံးပြုရတဲ့အတွက် လျှပ်စစ်ဝန်အား (Overload) ဖြစ်တတ်ပါတယ်။ မီးကြိုးတွေဟာ ဒီဝန်အားကို ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကျွမ်းကျင်တဲ့ လျှပ်စစ်ဆရာနဲ့ ပုံမှန်စစ်ဆေးပါ။

၂။ နေရောင်ခြည်နှင့် မှန်ချပ်များ။
နေရောင်ခြည် တိုက်ရိုက်ကျရောက်တဲ့ နေရာတွေမှာ မှန်ချပ်တွေ၊ ရေဘူးတွေ သို့မဟုတ် မှန်ဘီလူးလို ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို မထားပါနဲ့။ အပူရှိန်ကြောင့် မီးစတင်လောင်ကျွမ်းနိုင်ပါတယ်။

၃။ ဂတ်စ်အိုးနှင့် မီးဖိုချောင်။
ဟင်းချက်ပြီးတိုင်း ဂတ်စ်အိုးခေါင်းကို သေချာပိတ်ဖို့ မမေ့ပါနဲ့။ ဂတ်စ်ယိုစိမ့်မှုရှိမရှိကို ဆပ်ပြာရေနဲ့ ပုံမှန်စမ်းသပ်ပါ။ မီးဖိုချောင်အနီးမှာ လွယ်လွယ်ကူကူ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားထားပါ။

၄။ မီးသတ်ဆေးဘူး ဆောင်ထားပါ။
အိမ်တိုင်း၊ ဆိုင်တိုင်းမှာ မီးသတ်ဆေးဘူး တစ်ဘူးရှိနေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အသုံးပြုပုံကိုလည်း မိသားစုဝင်အားလုံး သိထားဖို့ လိုအပ်ပါတယ်။

၅။ မီးအာမခံဖြင့် အကာအကွယ်ယူပါ။
ကျွန်တော်တို့ ကြိုတင်ကာကွယ်မှုတွေ ဘယ်လောက်လုပ်လုပ်၊ မတော်တဆဆိုတာ ရှိနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေ ကြုံလာရရင်တောင် သင့်ရဲ့ ပိုင်ဆိုင်မှုတွေ ပြာမဖြစ်သွားစေဖို့နဲ့ လုပ်ငန်းတွေ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် မီးအာမခံဟာ အရေးကြီးဆုံးသော နောက်ဆုံးခံစစ် (Safety Net) ဖြစ်ပါတယ်။

မီးအာမခံထားတဲ့အခါ အဆောက်အဦးတစ်ခုတည်းတင်မကဘဲ အတွင်းက ပရိဘောဂ၊ စက်ကိရိယာနဲ့ ကုန်ပစ္စည်း (Stocks) တွေကိုပါ ထည့်သွင်းထားမှသာ ဆုံးရှုံးမှုအားလုံးကို ပြန်လည်ကုစားနိုင်မှာ ဖြစ်ပါတယ်။ အာမခံထားတဲ့ ပမာဏဟာလည်း လက်ရှိပေါက်စျေးနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

နွေရာသီမှာ သင့်အိမ်၊ ဆိုင်ခန်း ဒါမှမဟုတ် စက်ရုံအတွက် မီးဘေးကင်းဝေးဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ဒါမှမဟုတ် မီးအာမခံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိရင် အားမနာတမ်း မေးမြန်းနိုင်ပါတယ်။ အခမဲ့ တိုင်ပင်ဆွေးနွေးပေးဖို့ အမြဲအသင့်ရှိနေပါတယ်။

U Aung
09250668043
UAung insurance

04/08/2024

ခေတ်ကြီးက သိတဲ့အတိုင်းပဲ...

ကားထဲ မှာ Wheel Tax က အစ တန်ဖိုးကြီး ပစ္စည်း ဘာမှ မထားကြပါနဲ့...

ဒီနေ့ customer ကားတစ်စီး မှန်ခွဲခံလိုက်ရတယ်...

မိုးတွင်းမို့ နေချင်းပြီး မှန်တပ်ဆင်နိုင်အောင် KBZMS နဲ့ ပူပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်...

မိတ်ဆွေများ အားလုံး ဂရုစိုက်ကြပါ ခင်ဗျ...

16/07/2024

ကုန်တင် တွဲကားတွေမှာ တွဲပတ်ပြီး မတော်တဆ ထိခိုက်ပျက်စီးမှု တွေဖြစ်တတ်ပါတယ်...

အာမခံထားပါ...

U Aung Insurance Service
09250668043

03/06/2024

အာမခံကို customer recommendation နဲ့ ၀န်ဆောင်မှုပေးတာ များပါတယ်...

အပြင် Marketing မဆင်းပါဘူး....

လူတချို့က အာမခံကိုယ်စားလှယ်ကို တလေးတစား ဆက်ဆံကြပေမယ့် လူတချို့က တော့ ပွဲစားသာသာ ဆက်ဆံ ပြောဆိုတာ ကြုံဖူးပါတယ်...

ဒါကလည်း အဆန်းကြီးတော့ မဟုတ်ပါဘူး...

အာမခံရဲ့ အကျိုးကျေးဇူး.... အာမခံကိုယ်စားလှယ်ရဲ့ အရေးပါမှုကို မသိသေးသ၍ပေါ့...

U Aung

16/05/2024

ဆီပွတ်ကျည်ပွေ့ စကားပြောနည်း...

Customer တစ်ယောက် ဘယ်အာမခံ ကုမ္ပဏီနဲ့ အာမခံ ထားရင် ကောင်းမလဲ အကြံတောင်းသောအခါ...

KBZMS က အဆင်ပြေလား?
KBZMS က အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

GGI ကော အဆင်ပြေလား?
GGI လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

AYA ကော အဆင်ပြေလား?
AYA လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

FNI ကော အဆင်ပြေလား?
FNI လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

GWI ကော အဆင်ပြေလား?
GWI လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

Yong ကော အဆင်ပြေလား?
Young လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...

A ကော အဆင်ပြေလား?
A လည်း အဆင်ပြေပါတယ်... U Aung နဲ့ ထားရင် ပိုအဆင်ပြေပါတယ်...
......

ဒါဆို U Aung နဲ့ အာမခံ ထားရင် ဘယ်မှာထားထား အဆင်ပြေတယ် ပေါ. 😀

အော် ဆီပွတ် ကျည်ပွေ့....

ဆီလည်းပွတ်ရသေး ကျည်လည်းပွေ့ရသေး မလွယ်ပါလားနော်...

Photos from U Aung Insurance Agency's post 29/04/2024

နယ်က မိတ်ဆွေက မီးအာမခံ ထားချင်တယ် ဆိုလို့ KBZMS နဲ့ ဆောင်ရွက်ပေးလိုက်တယ်...

အာမခံ ဆို U Aung ကို သတိရပေးနော်...
09250668043, 09770954449, 09457772991

22/03/2024

ဒီနေ့အတွက် EV ကား အာမခံ ၀န်ဆောင်မှု...

03/03/2024

AIA ရဲ့ One Health Solution အကြောင်း မိတ်ဆွေတို့ သိပြီးပြီးလား?

ကျနော်တို့ ဆီမှာ ဆေးကုသ စရိတ်က ကြီးမြှင့်လာတော့ ကျန်းမာရေးအတွက် အကာအကွယ်ယူဖို့ လိုအပ်လာပါတယ်...

OHS က တစ်ယူနစ် ကို ဆေးကုသစရိတ် မြန်မာငွေ ၁ သောင်း ပြန်ရတဲ့ ကျန်းမာရေး အာမခံ မဟုတ်ပါဘူး...

OHS က အသက်အရွယ်ပေါ် မူတည်ပြီး ဆေးကုသစရိတ်ကို Plan နဲ့ ဝယ်ယူရတဲ့ အာမခံ အမျိုးအစားပဲ ဖြစ်ပါတယ်...

ဆေးကုသစရိတ် ကို အနည်းဆုံး Plan မှ အများဆုံး Plan သိန်းထောင်ကျော်ထိ အကာအကွယ်ယူထားလို့ ရပါတယ်..

OHS ရဲ့ ထူးခြားချက်က AIA နှင့် ချိတ်ဆက်ထားတဲ့ အထင်ကရ အထူးကု ဆေးရုံကြီးတွေမှာ ငွေတိုက်ရိုက်ပေးချေစရာမလိုဘဲ ဆေးရုံ တက်ရောက် ကုသလို့ရပါတယ်...

ဒီထက် ထူးခြားချက်က မြန်မာနိုင်ငံ ပြင်ပမှာ ကုသချင်သူတွေအတွက်လည်း နိုင်ငံတကာ ချိတ်ဆက်ထားတဲ့ ဆေးရုံကြီးတွေမှာ တက်ရောက် ဆေးကုသလို့ရပါတယ်...

OHS ရဲ့ အကာအကွယ်တွေက...
၁) အတွင်းလူနာအဖြစ် ကုသမှုခံယူခြင်း
ဆေးရုံတက်ခြင်းနှင့် ပတ်သက်သည့် ဆေးရုံအခန်းခနှင့် ဆေးရုံစရိတ်၊ အထူးကြပ်မတ်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် အခြားဆက်စပ်ကုန်ကျစရိတ်များ စသည့်ဆေးရုံစရိတ်များပါဝင်ပါတယ်..

၂) ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း
‌ဆေးရုံမတက်ရောက်မီ အထူးကုဆရာဝန်နှင့် ဆွေးနွေးခြင်း၊ အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ နေ့ပိုင်းစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသမှုစရိတ်၊ ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာရောဂါကုသခြင်းစသော စရိတ်များအား ကာကွယ်ပေးပါတယ်...

၃) မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်
မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် ငွေကြေးဆိုင်ရာအကာအကွယ်များ ပံ့ပိုးပေးပါတယ်....

၄) ကျန်းမာရေးဆုကြေး
အာမခံအကျိုးခံစားခွင့်များမရယူဘဲ ကျန်းမာအောင်နေထိုင်ခြင်းအတွက် ပရီမီယံသက်သာခွင့်ဆုကြေးများ ရရှိနိုင်ပါတယ်...

လူကြီးမင်းတို့ အနေနဲ့ OHS နဲ့ ပတ်သက်လို့ အသေးစိတ် သိရှိလိုပါက အာ;မနာတမ်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်...

U Aung Insurance Service
09250668043, 09770954449
[email protected]

Photos from U Aung Insurance Agency's post 24/02/2024

မိတ်ဆွေလုပ်ငန်းရှင်များ၏ အာမခံ လုပ်ငန်းများ ဆောင်ရွက်ခွင့်များ ရရှိတဲ့အတွက် ၂၀၂၄ ခုနှစ်မှာ U Aung ရဲ့ Milestone တစ်ခုကို စိုက်ထူနိုင်ခဲ့ပါပြီ...

မိတ်ဆွေများ အားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပိုမိုကောင်းမွန်တဲ့ အာမခံ ၀န်ဆောင်မှုများ ပေးရန် အသင့်ရှိနေပါတယ် ခင်ဗျား...

New Motor Policy 09/02/2024

Motor insurance က မနှစ်ကထက် များလာတယ်နော်...

ဟုတ်တယ် ခင်ဗျ... ကျနော်တို့လည်း လုပ်ရကိုင်ရ အဆင်မပြေပါဘူး...

ပရီမီယံ များလာတဲ့ အကြောင်းလေး

ကျနော် လင့် လေး ရှယ်ပေးလိုက်မယ်နော်..... အာမခံဆိုတာ မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုတွေကို ကြိုတင် ကာကွယ်တဲ့ စနစ်ဖြစ်တဲ့အတွက် ဆက်လက် သက်တမ်းတိုး ကာကွယ်နိုင်ကြပါစေလို့သာ ဆုတောင်းရင်း...

ဟင်း.... လို့သာ သက်ပြင်းချ လျက်....

U Aung

New Motor Policy New Motor Policy နဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက် တချို့ကို မျှဝေထားတာပဲ ဖြစ်ပါတယ်... အသေးစိတ် သိချင်တာများရှိရင် ဆက.....

29/01/2024

အသက်အာမခံထားဖို့ ရုံးထိသွားစရာမလိုဘူး...

U Aung နဲ့ တွေ့ဖို့ပဲလိုတယ်...

Internet ရှိတဲ့ ဘယ်နေရာမဆို အချိန် ၅ မိနစ်အတွင်း အာမခံ အကာအကွယ် ယူပေးလို့ရပြီ...

U Aung Insurance Service
AIA Myanmar
09250668043, 09770954449

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Htantapin Street, In Front Of Shwe Htan Pin Condo
Yangon