Mr. Muscle
Nothing Is Impossible
Never Give Up
13/12/2023
Motivation 🦾
Body ဆိုတာ ခန္ဓာကိုယ်၊Mass ဆိုတာ အလေးချိန်၊Index ဆိုတာ စံသတ်မှတ်ချက် တစ်ခုဖြစ်တယ်။ဒါ့ကြောင့် BMI ဆိုတာ လူတယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို စံနှုန်းသတ်မှတ်ပြီး တိုင်းတာခြင်း ဖြစ်ပါတယ်။
ဥပမာ-အရပ် ၅ပေ ရှိတဲ့ လူတယောက်ရဲ့ ခါးဆိုဒ်က၃၂ဆိုပါစို့။ဘေးကကြည့်ရင် အရပ်ပုပု၊ဗိုက်စူစူ နဲ့ သူ့ကို ဝ တဲ့အမျိုးအစားထဲ ထည့်ရမှာပါ။ဒါပေမဲ့ ခါးဆိုဒ် ၃၂ရှိတဲ့ လူတယောက်ရဲ့ အရပ်က ၆ပေ ရှိရင်တော့ သူ့ကို ဝ တယ်မဆိုနိုင်တော့ပါဘူး။ဘာကြောင့်ဆို အရပ်နဲ့ ခန္ဓာကိုယ် အချိုးအဆက ကိုက်ညီနေလို့ ဖြစ်ပါတယ်။တကယ်တော့ BMI ဆိုတာ အရပိအမောင်း နဲ့ အလေးချိန်ကို စံနှုန်း သတ်မှတ်ထားတဲ့ unit တခုနဲ့ အချိုးချတိုင်းတာခြင်း ဖြစ်တယ်။
BMI တွက်ချက်တော့မယ်ဆိုရင် အလေးချိန်နဲ့ အရပ်အမောင်းကို အရင် သိရမယ်။ အလေးချိန်ကို
ကီလိုဂရမ်(kg)နဲ့ တွက်တယ်။အရပ်အမောင်းကို မီတာ(m)
နဲ့ တွက်ရတယ်။(စင်တီမီတာကို တစ်ရာနဲ့ စားရင် မီတာရတယ်။)
အရပ် ၅ပေမြင့်တဲ့ အမျိုးသမီးဟာ သတ်မှတ်ချက်အရ ပေါင်၁၀၀ ရှိသင့်ပါတယ်။အမျိုးသမီးတွေမှာ ၅ပေထက်၁လက်မစီ ပိုတိုင်း ၅ပေါင် ထည့်ပေါင်းပေးရတယ်။
ဥပမာ- ၅ပေ=၁၀၀ပေါင်
၅ပေ ၁လက်မ=၁၀၀+(၅x၁)=၁၀၅ပေါင်
၅ပေ၃လက်မ=၁၀၀+(၅x ၃)=၁၁၅ပေါင်
အမျိုးသားတွေမှာ တွက်ချက်တဲ့အခါ အရပ်၅ပေမြင့်တဲ့သူဟာ၁၀၆ပေါင်ရှိတယ်တာ အရင်မှတ်ထားသင့်တယ်။အမျိုးသားတွေမှာ၅ပေထက်၁လက်မမြင့်တိုင်း၆ပေါင်ထည့်ပေါင်းပေးရတယ်။
ဥပမာ- ၅ပေ=၁၀၆ပေါင်
၅ပေ ၁လက်မ=၁၀၆+(၆x၁)= ၁၁၂ပေါင်
၅ပေ ၃လက်မ=၁၀၆+(၆x၃)= ၁၂၄ပေါင်
ဒီနည်းက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးတွက်တဲ့နည်း၁ခုဖြစ်တယ်။အရပ်အမောင်းအလိုက် ခန့်မှန်းအလေးချိန်ကိုတွက်ပြီးတဲ့အခါ ဆက်လုပ်ရမှာက မိမိရဲ့လက်ရှိခန္ဓာကိုယ်အချိုးအဆ BMIကို သိဖို့ ဖြစ်ပါတယ်။
စနစ်တကျ ဝိတ်ချမဲ့လူ၁ယောက်ဟာ မိမိBMI အချိုးအဆကို သိဖို့လိုပါတယ်။ဒီလိုသိမှ ဝိတ်ချတဲ့အခါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
BMI တွက်နည်း
ဆေးပညာမှာ လူ၁ယောက်ဟာ ခန္ဓာကိုယ်အရွယ်အစား နဲ့ အလေးချိန် အတိုင်းအတာကို BMI(Body Mass Index)ခေါ်တဲ့ စံသတ်မှတ်ချက်နှုန်းထားနဲ့ တွက်ချက်ကြပါတယ်။……..
Planဆွဲခြင်း
ဝိတ်မချခင် မိမိဝိတ်ကို အရင်ချိန်ပါ။ပြီးရင် ရှိသင့်တဲ့ အလေးချိန်ကို ခန့်မှန်းပါ။ခန္ဓာကိုယ်အချိုးအစား BMI ကိုဆက်တွက်ပါ။အားလုံးတွက်ပြီးရင် ကိုယ်လိုချင်တဲ့ Ideal weight တစ်ခုကို သတ်မှတ်ပါ။
ခန္ဓာကိုယ်အလေးချိန်
ဝိတ်ချမဲ့သူ၁ယောက်ဟာ မိမိမှာရှိသင့်တဲ့အလေးချိန်ကို အရင် သိရမှာဖြစ်တယ်။အဲ့ဒီအတွက် အလွယ်ဆုံးနည်းက အရပ်အမောင်းကြည့်ပြီး ခန့်မှန်းတာ ဖြစ်တယ်။ဒီနည်းနဲ့တွက်မယ်ဆိုရင် အရပ်အမြင့် ၅ပေကို စံအဖြစ် သတ်မှတ်ရပါတယ်။
(၂)ဝိတ်ချခြင်း
Plan ဆွဲပြီးတာနဲ့ ဝိတ်ကျဖို့ အစားအသောက် အနေအထိုင်ဆင်ခြင်ရတယ်။လက်တွေ့လုပ်ဆောင်ချက် ပါလာသလို စိတ်ထိန်းရမှာတွေလည်းရှိတယ်။တကယ်စိတ်ထိန်းချုပ်နိုင်ရင် ဝိတ်ချဖို့မခက်ဘူး။ဘာကြောင့်လဲဆိုတော့ အလွယ်နည်းလမ်းတွေ/Diet Planတွေရှိနေတာကို။အဆိုပါနည်းတွေအတိုင်းလုပ်ရင် ကိုယ်လိုချင်တဲ့အတိုင်းအတာ၁ခုထိ ဝိတ်ကျသွားပါလိမ့်မယ်။ဝိတ်ကျပြီဆိုတာနဲ့ ဝိတ်ထိန်းဖို့ ဆက်လက်ကြိုးစားသင့်ပါတယ်။
(၃)ဝိတ်ထိန်းခြင်း
ဝိတ်ကျနေပေမဲ့ ဝိတ်ချတဲ့ဖြစ်စဉ်ကတော့မပြီးသေးဘူး။ဝိတ်ထိန်းတဲ့အဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မှ ဝိတ်တကယ်ကျပြီလို့ပြောနိုင်တယ်။ဝိတ်ချတဲ့အဆင့်မှာတင် ရပ်လိုက်ရင် ဝိတ်ကခပ်မြန်မြန်ပြန်တက်လာပါလိမ့်မယ်။လူတိုင်းကြံုတွေ့ရတယ်။ဝိတ်ထိန်းတဲ့အခါ အနည်းဆုံး၆လလောက် ထိန်းထားနိုင်မှ ဝိတ်ပြန်မတက်မှာ ဖြစ်ပါတယ်။ဒါကြောင့် ဝိတ်ချတဲ့ လူ၁ယောက်ဟာ ၆လလောက် ဝိတ်ထိန်းနိုင်မှ ဝိတ်ချခြင်း ပြီးဆုံးပါတယ်။
ဝိတ်ချနည်း အဆင့်(၃)ဆင့်
(၁)Plan ဆွဲခြင်း
ပထမအဆင့်က Planဆွဲပြီး လုပ်ဆောင်တဲ့အဆင့်ပါ။Plan ဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ Ideal Weight တစ်ခု သတ်မှတ်ရမယ်။ဥပမာ ပေါင်(၃၀၀)ရှိသူ၁ယောက်ပေါင်(၂၀၀)ထိချမယ်ဆိုရင်ပေါင်(၂၀၀)ဟာ သူ့Ideal Weight ပဲ။အဲ့လောက်ကျဖို့အချိန်ဘယ်လောက်ယူမလဲ။၁ယောက်နဲ့၁ယောက်တော့တူချင်မှတူလိမ့်မယ်။ပေါင်(၁၀၀)ကို တစ်နှစ်အတွင်းချမယ်ဆိုပါစို့။တစ်လကို(၈)ပေါင်နှုန်းနဲ့ ဝိတ်ချရမယ်။ ဒါမှမဟုတ် ၆လအတွင်း ပေါင်(၁၀၀)ချမယ်ဆံုးဖြတ်ရင်တစ်လကို(၁၆)ပေါင်နှုန်းနဲ့ချရမယ်။တစ်လ(၈)ပေါင်ကျဖို့မခက်ပေမဲ့ (၁၆)ပေါင်ကျဖို့တော့နည်းနည်းခက်ပါတယ်။မဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူး။သို့သော် ပေါင်(၁၀၀)ကို တစ်လအတွင်းချမယ် စိတ်ကူးရင်တော့ ဒါဟာလုံးဝ မဖြစ်နိုင်တော့ပါဘူး။လက်တွေ့လည်းမကျဘူး။ဒီတော့ ကိုယ်ချမယ့် ဝိတ်၁ခုဟာ လက်တွေ့ကျဖို့ လိုသလို ကိုယ်တကယ် လုပ်နိုင်တဲ့ အတိုင်းအတာ ဖြစ်ရမယ်။
(၂)ဝိတ်ချခြင်း
ရေတိုစီမံကိန်း
၁ပတ်အတွင်း ဘယ်လောက် ဝိတ်ကျရမယ်ဆိုတဲ့ ရည်မှန်းချက်၁ခုထားပြီး အကောင်အထည်ဖော်တာဖြစ်တယ်။စိတ်ပညာသဘောတရားအရ ဝိတ်ချမဲ့သူဟာ ဝိတ်ကျတာကို အရင်ဆုံး လိုလားကြတယ်။ဒါမှန်တယ်။ကိုယ့်ကိုယ်ကို အားပေးနိုင်အောင် ဝိတ်အမြန်ဆုံးကျအောင်လုပ်ရမယ်။ပြီးရင် ဘာဆက်လုပ်မလဲ။ဝိတ်တကယ်ကျပြီဆိုတာနဲ့ ဝိတ်ထပိကျဖို့နဲ့ ကျနေတဲ့ဝိတ်ကို ပြန်တက်မလာအောင် လုပ်ရမှာက ရေရှည်စီမံကိန်းဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Zayar 17
Yangon