First Five Media

First Five Media

Share

သတင်းစုံလင် First Five တခွင်
အမှီအခိုကင်းသည့်မီဒီယာဖြစ်သည်

13/04/2026

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရေကစားမဏ္ဌပ်ကို အကြိုနေ့ညနေ ၃ နာရီ ၃၀ အချိန်စတင်ဖွင့်လှစ်ခဲ့ပြီးအကြိုနေ့ရေကစားသူများမြင်ကွင်း

13/04/2026

ရုပ်ရှင်နှင့် ဗီဒီယို ဟာသ သရုပ်ဆောင် ဦးသိန်းဇံ ကွယ်လွန်
===========

ရန်ကုန်။ ဧပြီ ၁၃။

ရုပ်ရှင်နှင့် ဗီဒီယိုဟာသ သရုပ်ဆောင် လူရွှင်တော် ကိုသိန်းဇံသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသက်ြန် အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် ယနေ့ နံက် ၄ နာရီတွင် ကွယ်လွန်သွားကြောင်း အနုပညာအသိုင်း အဝိုင်းကသိရပါတယ်။

Photo: U Kaung Kyaw fb

Photos from First Five Media's post 07/04/2026

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းထွက်ပေါ်လာ

07/04/2026

YBS ဒလ - ဗိုလ်တ​ထောင် ယာဥ်လိုင်းအား ​ပျော်ဘွယ်ကြီးသို့ခရီးစဥ်လမ်း​ကြောင်းတိုးချဲ့​ပြေးဆွဲ
===========

ရန်ကုန်။ ‌ဧပြီ ၇။

YUPT စီမံမှုလက်​အောက်တွင်​ပြေးဆွဲလျက်ရှိ​သော YBS ဒလ - ဗိုလ်တ​ထောင် ယာဥ်လိုင်းအား​ ​ဒလမြို့မှ ပျော်ဘွယ်ကြီး​ကျေးရွာထိ ခရီးစဥ်လမ်း​ကြောင်းတိုးချဲ့​ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ပြေးဆွဲရာတွင် ဂိတ်ရင်း ပျော်ဘွယ်ကြီးမှ နံနက် ၆
နာရီ​ကျော်ဝန်းကျင်စတင်ထွက်ခွာမည်ဖြစ်ပြီး ဂိတ်ဖျား ဗိုလ်တ​ထောင်ဘုရားမှ ည​နေ၆နာရီ၀န်းကျင်ထိ​ ပြေးဆွဲ၀န်​ဆောင်မှု​ပေး​နေပြီဖြစ်​ကြောင်း YUPT ကအသိ​ပေးထားသည်။

YBS ဒလ - ဗိုလ်တ​ထောင် ခရီးစဥ်လမ်း​ကြာင်း
များမှာ​ပျော်ဘွယ်ကြီး - သ​ပြေကုန်း - ဒလ(ကြိုဆိုပါ၏) - ပန်ဝါလမ်းထိပ် - ဒလတံတား - ဘုန်းကြီးလမ်း > ဗိုလ်ချုပ်​စျေး > လမ်း၅၀(ဗိုလ်ချုပ်​အောင်ဆန်းလမ်း) > ဗိုလ်တ​ထောင်ဘုရား(ဂိတ်ဖျား) > ကုန်သည်လမ်း > ဘိုက​လေး​စျေး > လသာ > ​မော်တင် > သခင်မြပန်းခြံ > ဗဟိုရ်စည် > ဒလတံတား > ပန်ဝါလမ်းထိပ် > ဒလ(ကြိုဆိုပါ၏) > သ​ပြေကုန်း > ​ပျော်ဘွယ်ကြီး(ဂိတ်ရင်း) ဖြစ်ကြောင်း သိရသည်။

Crd
်းညွှန်

Photos from First Five Media's post 06/04/2026

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်
တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ် အခမဲ့စီးနင်းခွင့်ပြု
===========

နေပြည်တော်။ ဧပြီ ၅။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်
ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုသည်ဟု အမျိုးသားကာကွယ်
ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် "အောင်ဆန်းသူရိယ"ဘွဲ့၊ "သီဟသူရ"ဘွဲ့နှင့် "သူရ"ဘွဲ့ ရရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် "ရဲသီဟ" တံဆိပ်၊ "ရဲသူရ"တံဆိပ်ရရှိသူများ အခမဲ့စီးနင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခံစားခွင့်ရှိသူများအနေဖြင့် မြန်မာ့မီးရ
ထားဘူတာရုံများတွင်ဂုဏ်ထူးဆောင်ဘွဲ့နှင့်ဂုဏ်ထူး
ဆောင်တံဆိပ်ရရှိထားကြောင်း အထောက်အထားပြသ၍ မှတ်ပုံတင်စာရင်းသွင်းရမည်ဖြစ်ကာ မြန်မာ့မီးရထားမှ Smart Card များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Smart Card များကို ခရီးသွားလာရာ၌ သက် ဆိုင်ရာဌာနများတွင်ပြသ၍ မီးရထားလက်
မှတ်၊ လေယာဉ်လက်မှတ်များထုတ်ယူရမည်ဖြစ်ကာ စတင်မှတ် ပုံတင်စာရင်းသွင်းရမည့်နေ့ရက်ကို အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများ၏ ဇနီး(သို့)ခင်ပွန်းများ၊ သား၊ သမီးများကိုလည်း မြန်မာ့မီးရထားအထက်တန်းအခမဲ့စီးနင်းခွင့်နှင့် မြန်မာ့မီးရထားစီးနင်းခြင်းမပြုနိုင်သောဒေသများအ တွက် နိုင်ငံပိုင်လေကြောင်းလိုင်းအား တစ်နှစ်လျှင် အသွား/အပြန် နှစ်ကြိမ် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။

Photos from First Five Media's post 03/04/2026

ပထမအချီမှာပဲ ထိုင်းဖိုက်တာကို သန့်ဇင်ရှုံးနိမ့်
===========

အေပြီ ၃။

ထိုင်းနိုင်ငံစံတော်ချိန် ညနေ ၆ နာရီ ၃၀ က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲမှာ သန့်ဇင်အနေနဲ့ ထိုင်းဖိုက်တာကို ပထမအချီမှာပဲ အလဲထိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ပြိုင်ဖက် Jaradchai က အရပ်လည်းရှည်၊ PK Saenchai Gym ကလည်းဖြစ်နေတော့ ခြေကန်ချက်အပိုင်းမှာ ပိုမိုကောင်မွန်ဆာကိုတွေ့ရပါတယ်။

သန့်ဇင်ကိုလည်း အမြင့်ကန်ချက်နဲ့ပဲ အမှောက်သိပ်ခဲ့တာဖြစ်ပါတယ်။ ပထမ အမြင့်ကန်ချက်ထိပြီး သန့်ဇင် ပြာသွားချိန်မှာ ဒူးတိုက်ချက်တွေနဲ့တောက်
လျှောက်လိုက်ရင်းနဲ့ နောက်ထပ်အမြင့်ကန်ချက်နဲ့ပဲ ပွဲကိုအဆုံးသတ်လိုက်တာဖြစ်ပါတယ်။

Photos from First Five Media's post 03/04/2026

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်
‎============

နေပြည်တော်။ ဧပြီ ၃။

‎တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံ
တော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ဧပြီ ၃ ရက်ယ‌ေန့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

‎ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေး
ချယ်တင်မြှောက်ပွဲကို ရွေးကောက်ခံ ပြည်သူ့လွှတ်
တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၄၂၀ဦးနဲ့တပ်မတော်သားပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း လွှတ်
တော်ကိုယ်စားလှယ် ၅၈၆ ဦး တက်ရောက် ခွင့်ရှိရာမှာ ၅၈၄ ဦး တက်ရောက်ပြီး ဆန္ဒမဲပေးခဲ့ကြပါတယ်။

‎ဆန္ဒမဲလက်မှတ်နဲ့ လျှိဝှက်ဆန္ဒမဲပေးရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲ၊ ဦးညိုစောက ၁၂၆ မဲ၊ ဒေါ်နန်းနီနီအေးက ၂၉ မဲ အသီးသီးရရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

ဒုတိယမဲအများဆုံးရတဲ့ ဦးညိုစောကဒုတိယသမ္မတ
(၁)အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ဒေါ်နန်းနီနီအေးက ဒုတိယသမ္မတ(၂)အဖြစ် ရွေးချယ်တင်
မြှောက်ခံရတာပါ။

‎နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း (၁၅)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ
နိုင်ငံရဲ့ ၁၁ဦးမြောက်သမ္မတလည်း ဖြစ်ပါတယ်။
ဒုတိယသမ္မတ(၁)အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးညိုစောကလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ကိုကိုး ကျွန်းမဲဆန္ဒနယ် ပြည်
သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။

ဒုတိယသမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒေါ်နန်းနီနီအေးကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

Photos from First Five Media's post 30/03/2026

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်အား ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူ
===========

နေပြည်တော်။ မတ် ၃၀။

မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲ
ပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်
ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့သည် အလေးပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်
ခွဲ၏ အလေးပြုခြင်းကိုခံယူစဥ် ဂုဏ်ပြုအမြောက်
တပ်ဖွဲ့မှလည်း အမြောက် (၁၉) ချက်ကို စစ်ရေးပြ အခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့သည်။

ထို့နောက် စစ်ရာထူးခန့်ချုပ် ဒု-ဗိုလ်ချုပ်ကြီး ထိန်
ဝင်းက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ တပ်
မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအားဖတ်ကြားတင်ပြပြီး ဗိုလ်
ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်
ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့်ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အလံတို့ကိုလွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာ
ကွယ်ရေး ဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှု တံဆိပ်ကို တပ်ဆင်ပေးခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်
ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တာဝန်လွှဲ
ပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်
ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဂုဏ်ပြုအဆောင်အယောင်ဓါးကို ဂါရဝပြုပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာ
ဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်လက်ခံထမ်းဆောင်သူ ဗိုလ်
ချုပ်ကြီးရဲဝင်းဦးတို့သည် ဂုဏ်ပြုတပ်ခွဲ၏ အလေး
ပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြု ချီတက်အလေးပြုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာ
ဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်လက်ခံထမ်းဆောင်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့သည်တက်ရောက်
လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ
တော်အဆင့်မြင့် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် မြန်မာ့တပ်မတော်၊တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲ
ပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာစဥ် ဂုဏ်ပြုစစ်တီးဝိုင်းက ဂုဏ်ပြုတီးခတ်သီဆိုကာ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှလည်း လိုက်ပါချီတက်၍ စစ်ရေးပြအခမ်းအနားဖြင့် ပို့
ဆောင်နှုတ်ဆက်ခဲ့ကြသည်။

Crd: Popular News Journal

26/03/2026

ပန်းဆိုးတန်း-ဒလ ချယ်ရီရေယာဉ် နောက်ဆုံး ပြေးဆွဲချိန်ပြာင်းလဲသတ်မှတ်
===========

ရန်ကုန်၊ မတ် ၂၆။

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့ကို ခရီးသည်ပို့ ဆောင်ပြေးဆွဲပေးနေသည့် ချယ်ရီရေယာဉ်များ၏ နောက်ဆုံပြေးဆွဲချိန်ကိုမတ်လ ၂၈ ရက်မှစ၍ ပြောင်းလဲ ပြေးဆွဲမည်ဟု သိရသည်။

ယခင်က ချယ်ရီရေယာဉ်များ၏နောက်ဆုံးပြေးဆွဲချိန်များသည် ဒလမှ ည ၇ နာရီ ၃၀ မိနစ်နှင့် ပန်းဆိုးတန်းမှ ည ၈ နာရီဖြစ်ပြီး ယခုပြောင်းလဲ သတ်မှတ်မည့် နောက်ဆုံးပြေးဆွဲချိန်သည် ဒလမှ ည ၇ နာရီဖြစ်ပြီး ပန်းဆိုးတန်းမှ ည ၇ နာရီ ၄၅ မိနစ်ဖြစ်
ကြောင်းသိရသည်။

ချယ်ရီရေယာဉ်များ၏ နံနက်ပိုင်းစတင်ထွက်ခွာ ချိန်များသည် ပြောင်းလဲမှုမရှိဘဲ ဒလမှ နံနက် ၅ နာရီ ၃၀ မိနစ်နှင့် ပန်းဆိုးတန်းမှ နံနက် ၆ နာရီ ဖြစ်သည်။

ပြောင်းလဲ ပြေးဆွဲချိန်သည် နောက်ဆုံးအချိန်ကိုသာ သတ်မှတ်ခြင်းဖြစ်ပြီး တစ်နေ့တာ ပြေးဆွဲချိန်များ
သည် မူလအတိုင်းဖြစ်ကြာင်း သိရသည်။

23/03/2026

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရေးပေါ်ခွဲစိတ်မှု အောင်မြင်
‎===========

နေပြည်တော်။ မတ် ၂၃။

‎နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြော
ညပ်တဲ့ ဝေဒနာခံစားခဲ့ရတဲ့ အတွက် အရေးပေါ်ခွဲ
စိတ်ကုသမှုကို ၂ နာရီကြာပြုလုပ်ခဲ့တယ်လို့ အမျိုး
သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

‎ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အရေးပေါ် ခွဲစိတ်ကုသမှုကို မတ် ၂၀ ရက်က အမှတ်(၂) တပ်မ
တော် ဆေးရုံကြီး(ခုတင် ၁၀၀၀) နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‎ခွဲစိတ်ကုသမှုကိုတော့ အိန္ဒိယနိုင်ငံက ပါရဂူတွေနဲ့ မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အရေးပေါ် ခွဲစိတ် ကုသမှု ၂ နာရီကြာ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ‎

လက်ရှိမှာတော့ ခွဲစိတ်ကုသမှုအောင်မြင်ပြီး နိုင်ငံ့တာဝန်နဲ့ တပ်မတော် တာဝန် တွေကို ကျန်းမာစွာ ထမ်းဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

23/03/2026

အပတ်စဉ် ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ရန်သတ်မှတ်ကြေညာ၊
============

နေပြည်တော် မတ် ၂၃

Photos from First Five Media's post 22/03/2026

ပဲခူးမြို့ရှောင်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံး
===========

ပဲခူး။ မတ် ၂၂။

ပဲခူးမြို့၊ ထားဝယ်အင်းကျေးရွာအနီး ပဲခူးအနောက် မြို့ရှောင်ကားလမ်း မိုင်တိုင်အမှတ်(၃၅/၃)နှင့် (၃၅/၄) ကြားတွင် ယနေ့နံနက် ၅ နာရီ ၃၀ အချိန်ခန့် က ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဆေသုံးခဲ့တယ်လို့သိရပ်တယ်။

ရန်ကုန်ဘက့်နေ ကလိကျေးရွာဘက်ကိုယာဉ်မောင်း ဖြိုးဇော်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မစုလှိုင်၊ မသီတာ၊ မျိုးအောင် တို့လိုက်ပါလာသော KYN-4 CC/5283 TOYOTA PROBOX အမျိုးအစား အနက်ရောင်ယာဉ်သည် အရှိန်ဖြင့် မောင်းနှင်နေစဉ် ရုတ်တရက် အိပ်
ငိုက်မှုဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်
ကြောကို ဝင်ရောက်ပြီး အနက်(၈)ပေခန့်ရှိတဲ့ လမ်းဘေးကို ထိုးကျတိမ်းမှောက်ခဲ့တယ်လို့သိရပ်တယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြိုးဇော်မှာ ေ-သဆုံးကာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ မစုလှိုင်၊ မသီတာနှင့် မျိုးအောင်တို့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

Photo: Kyaw Thu Maw fb

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon