Food Box

Food Box

Share

Premium Quality Fruit Chips

13/08/2025

ဘယ်လောက်ကြွပ်ရွနေလဲ အသံလေးတချက်နားထောင်ကြည့်😎😍
ဘာတံဆိပ်လေးလဲဆို “Food Box”ပါရှင်
ငှက်ပျောခြောက်ကြွပ်ကြွပ်လေးကို ကျန်းမာရေးနဲ့သင့်လျော်အောင်၊ ဆီလုံးဝခြောက်နေအောင်ထုတ်ထားပါတယ်
ဆေးသကြား၊ကြာရှည်ခံဆေးမပါဝင်ပဲသဘာဝအသီးရဲ့ သဘာဝအချိုလေးအတိုင်းထုတ်ထားတာမို့
🌟🌟လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်နော်🌟🌟
Food Box Productsများကို
✅City Mart
✅g&g
✅Marketplaces by City Mart
✅Capital
✅Myanwen marketplace
✅City Mall online စသည်တို့မှာဝယ်ယူနိုင်ပါတယ်ရှင်

27/06/2025

Junလ26ရက်နေ့ကနေ July16ထိ Marketplace မှာ Special Promotionလေးရှိပါတယ်နော်
🎀Buy 1 SAVE 400Ks🎀

🤎မထင်မှတ်ထားလောက်အောင် အကြိုက်များတဲ့ ကိုကိုးငှက်ပျောခြောက်ရယ်

💛သဘာဝအတိုင်းလေးက Perfect အဖြစ်ဆုံးဆိုတဲ့ Original ငှက်ပျောခြောက်ရယ်

🧡Chemistry မိမှမိဆိုတဲ့ Cheese ငှက်ပျောခြောက်ရယ်

၃မျိုးလုံး Special Saleလေးတွေရှိလို့ ကြိုက်တတ်တာလေးဝယ်ယူထားဖို့ လက်တို့လိုက်ပါတယ်နော်

Food Box Banana Chipsလေးတွေစားရင်း
ချိုမြိန်တဲ့အချိန်လေးတွေပိုင်ဆိုင်နိုင်ပါစေရှင့်🥰

08/06/2025

Snack Time အတွက် Food Box ငှက်ပျောခြောက်ရှိပါတယ်🤗
Food Box ငှက်ပျောခြောက်တွေထဲမှာ ဆေးသကြားအရောအနှောလုံးဝမပါတဲ့ သဘာဝtaste၊သဘာဝ အချိုလေးကို အကြိုက်များသလို…
Cocoa (ကိုကိုး)ငှက်ပျောခြောက်
Cheese (ချိစ်)ငှက်ပျောခြောက်တွေကိုလဲ နေရာဒေသအလိုက် အကြိုက်တမျိုးစီနဲ့ အားပေးနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

ကြွပ်ကြွပ်ရွရွBanana Chipsအချပ်လေးတွေဟာ မိုးရာသီခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ဆောငိသွားနိုင်သလို
ကျောင်းဖွင့်ချိန် သားသားမီးမီးတို့အတွက် အဆာပြေစာလဲဖြစ်စေမှာပါ
အလုပ်များတတ်တဲ့သူတွေအတွက်လဲ မြန်မြန်ဖောက်စားလို့ရတာကြောင့် အိတ်ထဲဆောင်ထားသင့်ပါတယ်နော်

အဆာပြေစာဆိုပေမဲ့ အဟာရလဲပြည့်ဝပြီး ဆီပါဝင်မှုအလွန်နည်းတာကြောင့် ကိုယ့်အနားထားထားသင့်တဲ့ Banana Chipsလေးပါပဲ

Food Box Banana Chipsများကို
✅City Mart,
✅Market place by City Mart,
✅g&g ,
✅Capital နှင့်
✅City Mall onlineတို့မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်

ဒီနေ့အထိ Food Boxကို အားပေးနေကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ရှင်

Food Box
Product of Myanmar
09782405440,09797417705

11/05/2025

Happy Mother’s Day🌸
ကမ္ဘာပေါ်မှာရှိသမျှအမေတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ🙏🏼

Photos from Food Box's post 23/04/2025

‼️လာမည့်၄ ရက်အတွင်း မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းက မြို့အချို့မှာ ၄၀°C နှင့်အထက် အပူချိန်မြင့်တက်လာမည်ဖြစ်သောကြောင့်
ဒီဒေသမှာနေထိုင်ကြတဲ့ မိတ်ဆွေများ အထူးဂရုပြုကြစေလိုပါတယ်ရှင်

အပူချိန်မြင့်မားတဲ့နွေကာလမှာ အပူရှပ်ခြင်းအန္တရာယ်မှကင်းဝေးစေဖို့ နည်းလမ်းတချို့ကိုလဲ မျှဝေပေးလိုက်ပါတယ်ရှင်

✅ဆောင်ရန်
————————
-အပြင်ထွက်လျှင် ထီး၊ဦးထုပ်ဆောင်းပါ
-Suncream လိမ်းပါ
-ရေများများသောက်ပါ
-အရောင်ဖျော့၍ပေါ့ပါးသော ချည်ထည်၊စွပ်ကျယ်သားအဝတ်အစားများဝတ်ဆင်ပါ
-နေထိုင်ရာနေရာကို လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ပါ
-အရိပ်ရပြီးအေးမြသောနေရာတွင်နေထိုင်ပါ
-အရည်ရွှမ်းသောသစ်သီးနှင့် အဟာရပြည့်ဝသောအစားအသောက်များ စားသုံးပါ

❌ရှောင်ရန်
————————
-အရက်၊ဘီယာ၊ကဖင်းဓာတ်
-ဆီများသောအစားအစာများ
-နေပူထဲအချိန်ကြာမြင့်စွာထွက်ခြင်း
-မီးဖိုနားအချိန်ကြာမြင့်စွာအလုပ်လုပ်ခြင်း
-ပြင်းထန်သောကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း
-မလိုအပ်ပဲ မနက်၁၀နာရီမှ ညနေ၄နာရီကြား နေပူထဲထွက်ခြင်း
(မဖြစ်မနေထွက်ရမည့်သူများ ထီး၊ဦးထုပ်ဆောင်း၍ ပွသော ချည်ထည်အဝတ်စားများဝတ်ဆင်ပါ၊နေကာမျက်မှန်တပ်ပါ)
-နေပူထဲမှ အအေးခန်းသို့တန်းဝင်ခြင်း၊တန်းထွက်ခြင်းရှောင်ကျဉ်ပါ
-အလွန်အေးသောရေခဲရေ၊ရေနွေးသောက်သုံးခြင်းရှောင်ပါ

❗️❗️❗️အထူးဂရုစိုက်ရန်
—————————————-
-သက်ကြီးအရွယ်များ
-ကလေးသူငယ်များ
-ကိုယ်ဝန်ဆောင်များ
-ရောဂါအခံရှိသူများ
-တိရစ္ဆာန်လေးများကို ပိုမိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်

🌳🌳🌳ရှေ့လာမည့်နှစ်တွေမှာ ရာသီဥတုဖောက်ပြန်ခြင်းမှ ကာကွယ်ဖို့နဲ့စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင်လေးတွေ ဖန်တီးဖို့ တနိုင်တပိုင်သစ်ပင်စိုက်ကြဖို့လဲ ဒီကနေ remindလုပ်လိုက် ပါရစေနော်😊🌷🌿

နေရာဒေသ အသီးသီးမှ မိတ်ဆွေများအားလုံး အပူဒဏ်မှကင်းဝေးကြပါစေရှင်
Weather Data Credit to mmweather.org

17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊နှစ်ဆန်း ၁ရက်နေ့
ယနေ့ နှစ်သစ်အချိန်အခါမှစ၍ မြန်မာပြည်သူ၊ပြည်သားအပေါင်း ဘေးအမျိုးမျိုး၊ရန်အသွယ်သွယ်မှ ကင်းကွာကြပါစေ၊ရှေ့လာမဲ့နေ့ရက်တွေမှာ ချစ်ရတဲ့မိသားစုများနှင့်အတူ စိတ်အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်ပါစေလို့ Food Boxမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏🏼

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon