FEEL

FEEL

Share

Feel Free

11/06/2023

ကျမ အလိုချင်ဆုံးကတော့ ကိုယ်နဲ့တူတူ ဘဝကပေးတဲ့ အဆိုးအကောင်းမှန်သမျှ လက်တွဲမဖြုတ်ပဲ ကျမပေါ်သစ္စာရှိပီး ကျမဘဝ သူ့ဘဝ ဆုံးသည်အထိ ကျမတစ်ယောက်ထဲအပေါ် သစ္စာရှိရှိ ကြင်ကြင်နာနာ နွေးနွေးထွေးထွေးနဲ့လက်တွဲမဖြုတ်မယ့် ချစ်သူပါပဲ ဒါဟာ မိန်းကလေးတွေအတွက် အဖိုးမဖြတ်နိုင်သော ဆု လေ 🙏

10/06/2023

မဆက်သွယ်ချင်တဲ့ လူတစ်ယောက်ကို အသည်းအသန်ပြန်ဆက်သွယ်နေမယ့်အစား သူဆက်သွယ်လာချိန်ကို ငြိမ်ငြိမ်လေးစောင့်နေပေးလိုက်ပါ... သင်စောင့်နိုင်သလောက်ပေါ့..

10/04/2023

လူတစ်ယောက်ကို တကယ်ချစ်ရင် ကိုယ့်အတွေးတွေကို အရင်သတ်ပါ 🤘

09/02/2023

ကျမစီကို အရင်လိုဖုန်းမဆက်တော့တဲ့ ချစ်ရသူလေးကို... ဖုန်းမဆက်ရကောင်းလားလို့အများကြီး အပစ်တင် ပြောမနေတော့ပါဘူး... သူ့မှာလဲ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့နော်လို့ပဲ ဖြည့်တွေးပေးလိုက်တယ်.. ကျမ အရင်လို ဟိုတွေးဒီတွေးလဲ တွေးမနေတော့ဘူး အတွေးတွေဝင်လာရင် အာရုံပြောင်းလိုက်တယ်... အချို့အတွေးတွေက relation တစ်ခုအတွက် toxic ဖြစ်စေတယ်လေ... သူဖုန်းစက်ပိတ်ထားတယ်.. တခါမှမလုပ်ဖူးတဲ့ပုံစံတွေလုပ်နေလဲ... ကျမလျှောက်မတွေးတော့ဘူး ကျမအတွေးက မှန်ချင်မှ မှန်မှာလေ ဒါကြောင့် သူ့ကိုလွမ်းလာရင် မေတ္တာပဲ ပို့လိုက်တယ် သူအေးချမ်းပါစေပေါ့.. မချစ်တာမဟုတ်ဖူးနော် ချစ်တတ်သွားတာ.. သူဖုန်းဆက်လာရင်ပြောလိုက်မယ်.. ကိုယ်လွမ်းလာရင် မေတ္တာပို့နေလိုက်မယ်..... အေးချမ်းပါတယ်.. မပူလောင်ချင်တော့ဘူး

09/02/2023

ကျမဆုတောင်း 🙏

ကျမချစ်သူလေး နေ့စဥ်နေ့တိုင်း အလုပ်အကိုင်အားလုံး အဆင်ပြေပါစေ ကိုယ်ကျန်းမာပါစေ စိတ်ချမ်းသာပါစေ သူတော်ကောင်းများနဲ့တွေ့ပိး သူယုတ်မာ များနှင့်ကင်းဝေးပါစေ 🥰

11/01/2023

ဘယ်အရာမှာမဆို balance ဆိုတာရှိတယ်... balance မညီရင် လိုရာခရီးမရောက်နိုင်တော့ဘူး ဆိုတာပါပဲ

03/11/2022

ဒီမှာ... မင်းချစ်သူကောင်မလေးကို အကြောင်းပြချက်တွေ ပုံပြင်တေ ထပ်အောင်ပေးပီး ပြစ်ထားရင်.. မင်းကောင်မလေးက မင်းရှိနေပါရက်နဲ့ သူ့စိတ်ထဲ အထီးကျန်နေသလိုခံစားရနေရတယ်ဆိုရင်..သူ့ချစ်ခြင်းတွေကို မင်းကပေါ့ပေါ့လေးသဘောထားနေတယ်ဆိုရင်... အစတော့သူ မင်းကိုချစ်တဲ့စိတ်တေနဲ့သည်းခံလိမ့်မယ်... သည်းခံချိန်ကျော်သွားလို့ အခြားသောသူက သူ့ကွက်လပ်တေဖြည့်ပေးနေမယ်ဆိုရင် သူအဲ့တစ်ယောက်နဲ့သာယာသွားတာဟာ သူဖောက်ပြန်တာလို့မခေါ်သလို သူ့အပစ်လဲ မဟုတ်ဖူး... တရားခံက မင်းပဲ ... မမေ့နဲ့

03/11/2022

ကိုယ့်ရင်ထဲမှာရှိနေတဲ့ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ... မင်းသိအောင်ဖွင့်ပြောပြပီးပီ.. ချစ်သူရှိနေပါရက်နဲ့ တစ်နေကုန်ပစ်ထား မနက်ခနလေး ဟဲလို နိုးပီနော် သင်တန်းသွားဖို့ပြင်တော့မယ်.. အရမ်းချစ်တယ် အာဘွားဆိုတဲ့စကားက ... ကိုယ့်ရင်ထဲကအလွမ်းတွေကို မချေဖျက်ပေးနိုင်ဘူး... ရန်ကုန်မြို့မှာ တူတူရှိနေပီး တစ်လ ၁ရက်တောင် အချိန်မပေးနိုင်နေရင်... နေ့နဲ့ ည ဖုန်းပြောချိန် ၅မိနစ်တောင်မပြည့်တာကိုတောင် ... မီးမလာလို့ ဖုန်းအားကုန်လို့ဆိုတဲ့ အကြောင်းပြချက်တေနဲ့ ညတောင်မှန်အောင် ဖုန်းမဆက်နိူင်ရင်... rs အခြေအနေက နောက်ပိုင်း ကောင်းလာမယ် မင်းထင်နေတာလား... strong rs ဖြစ်ချင်ပါတယ်ဆိုရင်တော့ မင်းဘက်က ပြင်ဖို့ လိုအပ်နေပီ ... ဒါလေးပဲ ပြောချင်တယ်

21/10/2022

ကိုယ့်ဘက်က 100% ချစ်နေပေးတာကို ... သူ့ဘက်က 20% လောက်ပဲ လက်ခံနိုင်တယ် ဆိုရင် အဲ့လောက်ပဲ ချစ်ပေးလိုက်ပါ.. ပိုနေတဲ့ 80% ကိုတော့ ကိုယ့်ကိုယ်ကို ပြန်ပေးလိုက်... မကြာခင်အဖြူ အမဲ ကွဲပြားသွားလိမ့်မယ်... ok

13/10/2022

ချစ်သူနှစ်ဥိးမှာ..ယောက်ကျား မိန်းမ လို့အခေါ်အဝေါ်လေးပြောင်းယုံနဲ့ လင်မယားစစ်စစ်တွေဖြစ်မသွားပါဘူး...တကယ်လင်မယားလို့ ခံယူရင် လင့်ကျင့်ဝတ် မယားကျင့်ဝတ်တွေကိုပါ တပါထဲ စောင့်ထိန်းကြရမှာပါ.... ကိုယ်ကိုယ်တိုင်လဲ တခါတလေ ဝေဝါးနေတာပါ.... မိန်းမရေလို့ခေါ်ခံလိုက်ရတာနဲ့ ကိုယ်တေမိန်းကလေးတွေက တကယ့်အိမ်ထောင်ရှင်မကြီးလိုပြုမူနေထိုင်ကြပေမယ့်... ယောကျ်ားတွေကတော့ပါးစပ်ဖျားမှာ...သာယာမှုတစ်ခုအတွက်ပဲ ခေါ်တယ်ဆိုရင်တော့ ကိုယ်တွေမိန်းကလေးတွေအတွက် အရမ်းနစ်နာပါတယ် ..... ကိုယ်တွေးမိတာပြောတာနော်...ရှင်တို့လဲ မှန်မမှန်သေချာ စဥ်းစားသုံးသပ်ပေါ့

03/10/2022

အရင်က နေ့တိုင်းနီးပါး မင်းအကြောင်း အိမ့်မက် မက်တယ်.... ငါခု မမက်တာ အတော် ကြာပီ...... မင်းကို မေ့သွားလို့ သတိမရ မလွမ်းတော့လို့ မဟုတ်ဖူးနော်......ငါ ညတွေ အိပ်လို့ မပျော်တော့လောက်အောင်ကို ..... နင့်ကို လွမ်းနေမိတာ..... 😔

20/09/2022

ကာမေသုမိစ္ဆာကံအား အသက်ထက် ချစ်သူအပေါ် ​ေစာင့်ထိန်းပါ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့်....🙏

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon