LUMOS Lite
Lighten your luxury world with LUMOS Lite
12/06/2026
အရင် Post မှာ CCT က အိမ်တစ်လုံးရဲ့ Luxury Vibe ကို ဘယ်လောက်လွှမ်းမိုးထားသလဲ ဆိုတာ ပြောပြခဲ့ပြီးပါပြီ။
ဒီတစ်ခါမှာတော့ CCT ကို သိပ္ပံနည်းကျ ဘယ်လိုသတ်မှတ်လဲဆိုတာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်ရအောင်။
CCT ကို Kelvin (K) Scale နဲ့ တိုင်းတာပါတယ်။ ဒီစံနှုန်းဟာ လင်းမပြန်တဲ့ အနက်ရောင်အရာဝတ္ထု Black-body Radiator ကို အပူပေးလိုက်တဲ့အခါ အပူချိန်ပြောင်းလဲမှုအလိုက် ထွက်ပေါ်လာတဲ့ Light Spectrum ပြောင်းလဲမှု သီအိုရီပေါ်မှာ အခြေခံထားတာပါ။
Technical အရ CCT Range တွေကို အခုလို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
2700K ကနေ 3000K အထိကို Warm White လို့ ခေါ်ပြီး Black-body ကို အပူချိန် နည်းနည်းလောက်ပေးလိုက်တဲ့အခါ ထွက်လာတဲ့ အလင်းဖြစ်ပါတယ်။ Electromagnetic Spectrum မှာ အနီရောင်နဲ့ အဝါရောင် Wavelengths တွေ ပိုမိုပါဝင်ပါတာကြောင့် လူရဲ့ အာရုံကြောကို ပြေလျော့စေပြီး ဇိမ်ခံအိမ်ရာတွေနဲ့ High-end ဟိုတယ်တွေမှာ Ambient Lighting အဖြစ် အဓိက အသုံးပြုကြပါတယ်။
4000K ကိုတော့ Natural (ဝါ) Neutral White ဖြစ်ပြီး အပူချိန်ကို ပထမထက် အနည်းငယ် ပိုမြှင့်လိုက်တဲ့အခါ အလင်းလှိုင်းတွေ မျှတလာတာကြောင့် မျက်စိအတွက် အကောင်းနဲ့ အကြည်လင်ဆုံး High Visual Acuity အခြေအနေကို ရောက်ရှိလာပါတယ်။ အရာဝတ္ထုတွေရဲ့ မူလအရောင်ကို အမှန်ကန်ဆုံး ပြသပေးနိုင်တဲ့အတွက် အလုပ်ခန်းတွေ၊ Gallery တွေနဲ့ Task Lighting နေရာတွေမှာ အများဆုံး မြင်တွေ့ရတက်ပါတယ်။
5000K ကနေ 6500K အထိကတော့ Daylight ပါ။ ဒါဟာ Black-body ရဲ့ အပူချိန် အမြင့်ဆုံးအခြေအနေဖြစ်ပြီး Shorter Wavelengths တွေ လွှမ်းမိုးလာပါတယ်။ ဒီ CCT ဟာ နေ့ခင်းဘက် နေရောင်ခြည်နဲ့ အနီးစပ်ဆုံးဖြစ်တာကြောင့် လူရဲ့ Circadian Rhythm အရ Melatonin ထွက်ရှိမှုကို ဟန့်တားပေးနိုင်တဲ့အတွက် နိုးကြားတက်ကြွစေပါတယ်။ ဒါကြောင့် အိပ်ခန်းတွေမှာ လုံးဝ မသုံးသင့် ပါဘူး။
High-end Lighting လောကမှာ တကယ်တမ်း စံနှုန်းမီတဲ့ Lighting Products တွေကို ထုတ်လုပ်တဲ့အခါ CCT အတိအကျရဖို့ Chromaticity Diagram ပေါ်မှာ အခြေခံတွက်ချက်ပြီး "LED Binning Process" ကို အသေအချာ လုပ်ဆောင်ရပါတယ်။
Lumos Lite ရဲ့ Lighting Products တွေဟာ ဒီလိုအဆင့်မြင့် Binning Technology ကို အသုံးပြုထားပြီး CCT တန်ဖိုးတွေကို အတိကျဆုံးဖြစ်အောင် ထုတ်လုပ်ထားတာကြောင့် Lighting Design တွေကို စိတ်ကူးထဲကအတိုင်း Technical ကျကျ ပြီးပြည့်စုံစွာ ဖန်တီးပေးနိုင်ပါတယ်။
📞Hotline: 09 400 200 808
📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905
📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
စိတ်ကူးထဲက ဒီဇိုင်းတိုင်းကို လက်တွေ့ အကောင်အထည် ဖော်ပေးမယ့် 3D Bendable Flexible Neon Strip
Light spots လုံးဝမမြင်ရဘဲ သိပ်ကိုနူးညံ့လှပတဲ့ Soft Light တွေကို ဖန်တီးပေးနိုင်တာကတော့ 3D Bendable Flexible Top-view Neon Strip ပဲ ဖြစ်ပါတယ်။
Circular-arc shape အဝိုင်းပုံစံ ဖန်တီးထားတဲ့အတွက် မျက်စိပသာဒဖြစ်စေမယ့်အပြင် Uniform & Soft Light ကို ရရှိစေမှာဖြစ်ပြီး အောက်ပါ Premium Feature တွေဖြစ်တဲ့ -
Arbitrary Bending ကြောင့် သင့်ရဲ့ စိတ်ကူးထဲက ပုံစံတိုင်း လွတ်လပ်စွာ ကွေးညွှတ် ပုံဖော်နိုင်ခြင်း။
ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အပြည့်အဝခံနိုင်တဲ့ (UV resistant) High-quality Silicone ကို အသုံးပြုထားခြင်း။
မိမိလိုအပ်သလို စိတ်ကြိက်ဖြတ်တောက်နိုင်ခြင်း၊ ဖြတ်ထားသမျှကိုလည်း ပြန်ဆက်တဲ့အခါ (Quality နိမ့် Strip Light တွေလို မဟုတ်ဘဲ) ဘယ်လောက်ရှည်ရှည် မီးအလင်း ညီညာမှုကို ရာနှုန်းပြည့် ထိန်းထားနိုင်ခြင်း တို့ကြောင့် သင့်ရဲ့ Decoration တွေကို ပိုမို ပြီးပြည့်စုံသွားစေမှာပါ။
DALI, 0-10V, PWM စတဲ့ Smart Dimming စနစ်တွေနဲ့ပါ တွဲဖက်အသုံးပြုနိုင်တာဖြစ်တဲ့အတွက် အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းကို အဆိုပါ Lighting Decoration တွေကပဲ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
📞Hotline: 09 400 200 808
📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905
📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
02/06/2026
𝐋𝐔𝐌𝐎𝐒 𝐋𝐢𝐭𝐞 မှာ သင့်ရဲ့ အရည်အချင်းတွေကို ပြသဖို့ အချိန်တန်ပြီ❗
မရိုးအီဘဲ ဆန်းသစ်တဲ့ စိန်ခေါ်မှုတွေနဲ့အတူ အောင်မြင်တဲ့ Career တစ်ခုကို ကိုယ်တိုင်ထုဆစ်ချင်ပါသလား❓
Lighting Solution လောကရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ 𝐋𝐔𝐌𝐎𝐒 𝐋𝐢𝐭𝐞 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှာ အတူတူ လက်တွဲပြီး သိပ်ကောင်းတဲ့ Future တစ်ခုကို တည်ဆောက်ဖို့အတွက် အောက်ပါ Position တွေကို အမြန်လိုအပ်နေပါတယ်။
🔥𝙐𝙍𝙂𝙀𝙉𝙏𝙇𝙔 𝙃𝙄𝙍𝙄𝙉𝙂❗
✨ 1. 𝘉𝘶𝘴𝘪𝘯𝘦𝘴𝘴 𝘋𝘦𝘷𝘦𝘭𝘰𝘱𝘮𝘦𝘯𝘵 𝘌𝘹𝘦𝘤𝘶𝘵𝘪𝘷𝘦 - 1 Post
✨ 2. 𝘉𝘶𝘴𝘪𝘯𝘦𝘴𝘴 𝘋𝘦𝘷𝘦𝘭𝘰𝘱𝘮𝘦𝘯𝘵 𝘈𝘴𝘴𝘪𝘴𝘵𝘢𝘯𝘵 - 1 Post
𝐇𝐞𝐚𝐝 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကို ကူညီ၍ အရောင်း၊ စျေးကွက်ရှာဖွေရေး၊ အလားအလာရှိသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ ရှာဖွေခြင်း၊ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 ပြုလုပ်ခြင်း၊ စျေးကွက်သုတေသန ပြုလုပ်ခြင်း၊ 𝐏𝐫𝐨𝐩𝐨𝐬𝐚𝐥 များ ပြင်ဆင်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆိုင်ရာ 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 များကို ဆောင်ရွက်ကာ ကုမ္ပဏီ၏ တိုးတက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးကို အထောက်အကူပြုရန််❗
💼 Apply Now❗ လက်မနှေးတမ်း အခုပဲ လျှောက်လိုက်ပါ 👇
📞 Phone: +959 960 793 777
📧 Email:[email protected]
📍 Address: No.4A/10A, Mindama Road, East Gyogone Qtr, Insein Township, Yangon.
💡 အခွင့်အလမ်းဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲ ဖြစ်ပါတယ်❗
သင့်ရဲ့ အကောင်းဆုံး 𝐂𝐕 𝐅𝐨𝐫𝐦 ကို အခုပဲ 𝐄𝐦𝐚𝐢𝐥 ကနေဖြစ်စေ၊ 𝐏𝐡𝐨𝐧𝐞 𝐕𝐢𝐛𝐞𝐫 က ဖြစ်စေ တိုက်ရိုက်ပေးပို့နိုင်ပါပြီ။
29/05/2026
Restaurant ဒါမှမဟုတ် အိမ်တစ်လုံးရဲ့ Luxury Vibe ကို အသက်သွင်းဖို့ဆိုရင် Color Temperature ကတော့ အရေးကြီးဆုံးတွေထဲက တစ်ခုပါ။
ဒီနေရာမှာ Correlated Color Temperature က အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ CCT ဆိုတာ Lighting ရဲ့ အပူ၊ အအေးကို တိုင်းတာတာဖြစ်ပြီး -
(ဥပမာ - Warm White, Cool White, Daylight တို့ပဲ ဖြစ်ပါတယ်။)
ဒါတွေကပဲ မိမိအိမ်ရဲ့ နေရာအလိုက် အသင့်တော်ဆုံး Mood ကို ဖန်တီးပေးနိုင်တာပါ။
ပြဿနာက သာမန် Lighting တွေ သုံးတဲ့အခါ အစပိုင်းမှာ CCT မှန်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အရောင်တွေပြောင်းသွားပြီး တချို့က ဝါသွားတာ၊ မှိန်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။
အထူးသဖြင့် မီးလုံးတွေ အများကြီးပါတဲ့ Chandelier တွေမှာ CCT က မညီညာတော့ဘူးဆိုရင် အိမ်ရဲ့ Decoration ကို အများကြီး ထိခိုက်တက်တာကြောင့် -
ဒီလိုပြဿနာတွေအတွက် အင်ဂျင်နီယာတွေရဲ့ အတိကျဆုံး အာမခံချက်တစ်ခုကတော့ "LED lifetime: L90 / B10 > 50,000 h" ဆိုတဲ့ စံနှုန်းပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ရှင်းပြရရင် မီးလုံးကို နာရီပေါင်း ၅၀,၀၀၀ သုံးပြီးသွားတဲ့အထိ တိုင်အောင် မီးလုံးအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်း (B10) ဟာ မူလအလင်းအားရဲ့ ၉၀ ရာခိုင်နှုန်း (L90) အောက်ကို လုံးဝ ကျဆင်းမသွားဘဲ မူလအတိုင်း ဆက်လက်လင်းထိန်နေမယ်လို့ ဆိုလိုတာပါ။
ဒါကြောင့် အချိန်ကြာလို့ မှိန်သွားတာမျိုး လုံးဝ မရှိနိုင်တော့ပါဘူး။
Lighting ရွေးချယ်တော့မယ်ဆိုရင် အမြဲတမ်း တည်ငြိမ်လှပနေမယ့် Lumos Lite ရဲ့ High-end Lighting တွေကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
📞 Hotline: 09 400 200 808
📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905
📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
28/05/2026
Wishing you and your loved ones a blessed Eid al-Adha filled with the spirit of sacrifice, the warmth of togetherness, and the radiant glow of peace that illuminates every corner of your heart and home. Eid Mubarak from all of us at Lumos Lite!
25/05/2026
ခေတ်မီ ဇိမ်ခံအိမ်ရာတွေနဲ့ Smart Home တွေမှာ အလင်းအမှောင်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်တဲ့ Dimming စနစ်က မပါမဖြစ်ပါပဲ။
ဒါပေမယ့် Lighting တွေ ဝယ်တဲ့အခါ ကိုယ့်အိမ်ရဲ့ Smart Automation စနစ်နဲ့ ကိုက်ညီတဲ့ နည်းပညာဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဓိကအနေနဲ့ စျေးကွက်ထဲမှာ TRIAC နဲ့ DALI ဆိုပြီး နှစ်မျိုးရှိပါတယ်။
TRIAC က လျှပ်စစ်စီးကြောင်းကို ဖြတ်တောက်ပြီး အလင်းကို လျှော့ချတဲ့ စနစ်ဟောင်းဖြစ်ပါတယ်။ တပ်ဆင်ရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာပေမဲ့၊ Lumen ကို အရမ်းလျှော့ချလိုက်တဲ့အခါ Flickering တွေ ဖြစ်ပေါ်တက်ပြီး အလင်းအမှောင် ပြောင်းလဲမှုက ချောမွေ့မနေတော့ပါဘူး။
DALI က ကျတော့ Digital Addressable Lighting Interface လို့ခေါ်ပြီး မီးလုံးတစ်လုံးချင်းစီကို Digital စနစ်နဲ့ အတိအကျ ထိန်းချုပ်နိုင်ပါတယ်။ အလင်းကို 1% အထိ Smooth Dimming ဖြစ်အောင် လျှော့ချနိုင်ပြီး Flicker ထတာမျိုးလည်း လုံးဝမရှိပါဘူး။ Control4, KNX လိုမျိုး High-end Smart Home System တွေမှာတောင် အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်ပါတယ်။
ဒါကြောင့် သင့်အိမ်မှာ အဆင့်မြင့် Smart Home System တွေ တပ်ဆင်ထားတယ်ဆိုရင်တော့ Lighting အပြောင်းအလဲကို Smooth ဖြစ်ဖြစ် ကစားနိုင်မယ့် Lumos Lite ရဲ့ DALI Compatible Premium Lighting တွေကိုသာ ရွေးချယ်သင့်ပါတယ်ခင်ဗျာ။
📞 Hotline: 09 400 200 808
📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905
📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
𝐀𝐫𝐭 𝐭𝐨 𝐀𝐫𝐜𝐡 နဲ့ 𝐋𝐮𝐦𝐨𝐬 𝐋𝐢𝐭𝐞 တို့ စီစဉ်ကျင်းပခဲ့တဲ့ Knowledge Sharing ပွဲလေးမှာ 𝐋𝐮𝐦𝐨𝐬 𝐋𝐢𝐭𝐞 ရဲ့ 𝐒𝐩𝐞𝐚𝐤𝐞𝐫 တွေဖြစ်ကြတဲ့ 𝐃𝐚𝐰 𝐙𝐚𝐫 𝐋𝐢 𝐍𝐚𝐢𝐧𝐠 (𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐃𝐞𝐬𝐢𝐠𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐫) နဲ့ 𝐔 𝐙𝐚𝐰 𝐘𝐞 𝐇𝐭𝐢𝐤𝐞 (𝐇𝐞𝐚𝐝 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭) တို့ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 4A/10A, Mindama Road, East Gyogone Qtr, Insein Township
Yangon
11011
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |