Memory Book Haven
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Memory Book Haven, Book shop, Yangon.
27/05/2025
ကျွန်မ လဲကျခဲ့ဖူးတယ်
စုတ်ပြတ်သတ်နေအောင်ပါပဲ
ကြိုးစား ပြန်ရပ်ခဲ့ရတယ်
ကိုယ့်ကိုကိုယ် ပြောခဲ့တဲ့စကားက
ဘယ်သူမှ လာမထူနဲ့
ရအောင် ပြန်ထမယ်လို့ ..
ကြိုးစားပြီး ပြန်ထနေချိန်မှာပဲ
လူငယ်တွေ အတွက်
စိတ်ဓာတ် ခွန်အားဖြည့်စာတွေ
ဘဝနေနည်း အတွေ့အကြုံမျှဝေစာတွေ
အတွေးအမြင်စာတွေ ရေးဖြစ်လာတယ် ..
ဘာကြောင့်ဆို
အရင်က ကျွန်မလဲကျခဲ့သလိုမျိုး
လဲကျတဲ့လူငယ်တွေ များလာလို့ပဲ ..
ပြန်ရပ်တည်ပြလိုက်စမ်းပါ
လူတွေ အံ့သြ ဆွံ့အ သွားအောင်လို့
ကြုံးဝါးလိုက်စမ်းပါ
ဘယ်သူမှ လာမထူနဲ့
ပြန်ထနိုင်တယ်လို့ ..
Noble Thway
တန်ဖိုး=၈၅၀၀ ကျပ်
#လာမထူနဲ့ပြန်ထနိုင်တယ်
27/05/2025
ဦးကုလား // ရာဇဝင်လတ်
တန်ဖိုး=၃၀၀၀၀ ကျပ်
#ရာဇဝင်လတ်
#ဦးကုလား
27/05/2025
အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊
အသ တ်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊
တိုးတက်မှုနဲ့ အမှန်တရားဘက်က
ရပ်တည်ပေးမယ့်သူတွေသာ
သမိုင်းတလျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင်
လူ့လောကဟာ
တိရစ္ဆာန်လောကသာသာလောက်ပဲ
ရှိနေဦးတော့မှာပေါ့ မြိုင်ရယ် ...
#ဗန်းမော်တင်အောင်
#မြိုင်
29/04/2025
ဒီတစ်ပတ် ရုံးပိတ်ရက်က
တော်တော်သာယာမယ်ဆိုပဲ
အားလုံးက ပြောနေကြတယ်
နေသာမယ်၊ တိမ်ကင်းစင်မယ်တဲ့။
နေသာလည်း၊ တိမ်ကင်းစင်နေလည်း
ကျွန်မဘေးမှာ ဘယ်သူမှ မရှိဘူး။
ဘာမှ လုပ်စရာ မရှိဘူး။
ကျွန်မအတွက် ဒီလိုနေရတာ.. အခုလို ဖြစ်နေရတာ..
နွေရာသီမှာ ပိုခက်တယ်။
လင်းနေတဲ့ နေရောင်ကြောင့်
ပြေးပုန်းစရာ အမှောင် မရှိဘူး။
လူတွေအားလုံး အပြင်ကိုထွက်
ပိုးစိုးပက်စက် ပျော်နေကြ။
ကြည့်ရတာ မောလိုက်တာ။
ပျော်တဲ့အထဲ ကိုယ်မပါတော့ ပိုဆိုးတယ်။
တန်ဖိုး=၁၈၀၀၀ ကျပ်
📚 အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#ရထားပေါ်ကမိန်းကလေး
#ချမ်းမြေ့ဝင်း
29/04/2025
လူကြီးတွေ အကြောင်း ကိုယ်မပြောချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးတွေကို ကိုယ်မုန်းလို့ပဲ၊ သူတို့ဟာ မေတ္တာတရားနဲ့ မထိုက်တန်လို့ပဲ၊ သူတို့ဟာ မေတ္တာတရားကို အစားထိုးစရာ ရှိနေကြတယ်၊ သူတို့ဟာ ပန်းသီးကို စားခဲ့ကြပြီ၊ ကောင်းတာဆိုးတာ သိခဲ့ကြပြီ၊ သူတို့ဟာ အခုထိ ဆက်စားနေကြတုန်းပဲ။
တန်ဖိုး=၂၇၀၀၀ ကျပ်
📚 အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#ကာရာမာဇော့ညီအစ်ကိုများ
#နတ်နွယ်
29/04/2025
မှန်ပါသည်။ ကျွန်တော်သည် ကျောင်းမှပညာအချို့ကိုရခဲ့ပါသည်။ ဆရာများထံမှလည်း ပညာရခဲ့ပါသည်။ သို့ရာတွင် ချုပ်၍ပြောရလျှင်မူ ကျောင်းမှရသောပညာသည် များများစားစားမဟုတ်ပါ။ စာအုပ်များသည် ပို၍ကောင်းသောကျောင်းဖြစ်ပါသည်။ ကျောင်းဝင်းတံတိုင်း အပြင်ဘက်တွင် တွေ့ရသည့် လူများသည်လည်း ပို၍ကောင်းသောကျောင်းဖြစ်ပါသည်။
(၅) အုပ်ပေါင်း တန်ဖိုး=၅၃၅၀၀ ကျပ်
တအုပ်ချင်း ခွဲဝယ်လို့လည်း ရပါတယ်နော်။
📚 အိမ်ရောက်ငွေချေနဲ့ မှာယူလို့ ရပါတယ်ရှင့်။
#အီလျာအာရင်ဘတ်
#လူများ_သက္ကရာဇ်များ_ဘဝ
27/04/2025
"လွှင့်ပစ်လိုက်စမ်း"
လွှင့်ပစ်လိုက်စမ်း
တိမ်တိုက်အပြာ၊ သည်နီလာတွေ
ဝါရည်နို့ခဲ၊ သည်ပုလဲတွေ
ခဲသားရင့်ရင့်၊ သည်စိန်ပွင့်တွေ...။
လွှင့်ပစ်လိုက်လေ
မြေပြင်ဟိုဘက်၊ လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ်၊ ကြဲချပစ်လိုက် ။
မျက်ရည်စိုနှင့်
ငိုတော့မေရယ်
တွယ်တာစရာ
မေတ္တာကင်းမှ၊ သည်ဘဝမှာ
ဘာကို မက်မောပျော်မလဲ။ ။
-ကြည်အေး
(နွမ်းလျအိမ်ပြန် ဝတ္ထုမှ)
တန်ဖိုး=၃၅၀၀ ကျပ်
📚 အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#နွမ်းလျအိမ်ပြန်
#ကြည်အေး
27/04/2025
"မန္တလေး ကျုံးရေသောက်မိရင်
မန္တလေးက မပြန်ရဘူးတဲ့"
"ကျုံးရေသောက်တဲ့လူ ဖမ်းလို့လား"
"ဝေးပါ့ဟယ်... မန္တလေးသားနဲ့
အိမ်ထောင်ကျရတတ် တယ်လို့ပြောတာဟဲ့"
"မနက်တော့ ကျုံးဘက်သွားပြီး
ပုံးနဲ့ ခပ်သောက်ရအုံးမယ်"
တန်ဖိုး=၂၀၀၀၀ ကျပ်
📚အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#ပန်းကြာဝတ်မှုန်
#ခင်ခင်ထူး
27/04/2025
ကျွန်တော် မပန်သာသော ပန်းတော်ဝင်သည်
ထိုက်တန်သူ၏ ဦးခေါင်းထက်၌ စံရသည်ကို
ကျွန်တော့်အတွက် ဝမ်းသာရန်မှ လွဲ၍ အခြား
အကြောင်းမရှိ။
တန်ဖိုး=၈၀၀၀ ကျပ်
📚အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
တက္ကသိုလ်ဘုန်းနိုင်
မောင့်ဘဝညအလားကွယ်
27/04/2025
"ကျွန်တော်ဟာ လမ်းပေါ်က အစာငတ်နေတဲ့ ခပ်ပိန်ပိန် ခွေးလေခွေးလွင့်တစ်ကောင်ပဲ။ မာနကလည်း ကြီးသေးတယ်။ ရန်ကလည်း လိုလိုက်သေး။ ခုတော့ အဲ့ဒီခွေးကို အစာကျွေးမိတဲ့ ကောင်မလေးတစ်ယောက် ထိရှနာကျင်နေရပြီတဲ့လေ"
တန်ဖိုး=၇၀၀၀ ကျပ်
📚အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#ပါပီယွန်
#ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး
27/04/2025
ခင်ဗျားဘဝမှာ အရာများစွာကိုပြောင်းလဲဖို့ ကြိုးစားဖူးခဲ့ပါလိမ့်မယ်။ ဘယ်နှခါများအောင်မြင်ခဲ့ဖူးပါသလဲ။
ခင်ဗျား နောက်တစ်ကြိမ်ဒေါသမထွက်တော့ဘူးလို့ ဆုံးဖြတ်မိလိမ့်မယ်။ ဒါပေမယ့် ဖြစ်စရာကြုံတဲ့အခါ ဒေါသကထွက်လာတာပါပဲ။ ပြီးတော့ ဒေါသထွက်တာကို နောင်တရမယ်။ ပြီးရင်ဒေါသထွက်မယ်။ ဒီလိုနဲ့အဆိုးကျော့သံသရာကြီးက လည်နေပါ လိမ့်မယ်။ ဒေါသဖြစ်တိုင်းဟာ ခင်ဗျား ပစ္စုပ္ပန်တည့်တည့်မှာနိုးကြားမနေလို့ ဖြစ်ရတာပဲဆိုတာကို သတိပြုပါ။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့သံန္နိဋ္ဌာန်တွေ အများအပြားချပြီး အပြင်းအထန်ကြိုးစားခဲ့ပေမယ့်လည်း ဘာမှထူးထူးခြားခြား ပြောင်းလဲမလာခဲ့ပါဘူး။ ဒါဟာ ခင်ဗျားမကြိုးစားလို့ လုံ့လလျှော့နည်းလို့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကြိုးစားအားထုတ်မှုနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘဲ နိုးကြားမှုနဲ့သာဆိုင်တဲ့ကိစ္စဖြစ်လို့ပါပဲ။
ခင်ဗျားနိုးကြားနေရင် ကိစ္စတွေအတော်များများပြုတ်ကျပါတယ်။ ခင်ဗျားလိုက် ဖြုတ်ချနေစရာမလိုပါဘူး။ ခင်ဗျားသာနိုးကြား နေရင် ချစ်မိသွားတယ်ဆိုတာမရှိပါဘူး။ ချစ်ခြင်းပဲ ရှိနေပါလိမ့်မယ်။ ချစ်မိသွားတယ်ဆိုတာက အပြစ်တစ်ခုဖြစ်ပါတယ်။ ချစ်ပါ။ ချစ်မိမသွားပါစေနဲ့။
တန်ဖိုး=၁၉၀၀၀ ကျပ်
📚အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#ပုန်းကွယ်နေတဲ့သဟဇာတဖြစ်မှု
#ကက်စပါဇော်
26/04/2025
အချစ်နဲ့ ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မီမလဲ
မြို့တွေ ရွာတွေ
တစ်မြို့ပြီးတစ်မြို့ ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖမ်းဆီးတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ... ။
ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေ ရွာတွေ
အကုန်လုံး ပုံပေးထားတဲ့ကောင်
ဘယ်ကောင်ယှဉ်ရဲသလဲ ... ။
ညည အိပ်မရဘူးကွယ်
အိပ်ခန်း ခန်းဆီးလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကို မော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် ... ။
တန်ဖိုး=၂၅၀၀၀ ကျပ်
📚အိမ်ရောက်ငွေချေဖြင့် မှာယူလို့ ရပါတယ်ရှင့်။
#မောင်ချောနွယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon